ဧကရာဇ်မင်းမြတ် ဒါယန်း
Vol. 8 Ch. 111
အခန်း (၁၁၁) ဧကရာဇ်မင်းမြတ် ဒါယန်း
အသက်သစ်သီး၏ ရနံ့ဖြင့် သွေးဆောင်ခံရပြီးနောက် အသက်သစ်ပင်၏ ဧရိယာတွင်းသို့ ချိုးဖျက်၀င်ရောက်ခဲ့သူ အားလုံးသည် နောက်ဆုံးတွင်၊ သူတို့၏ အသက်သည် အသက်သစ်ပင် ၏ ဝါးမျိုခြင်းခံခဲ့ရပြီး ၎င်းတို့ထဲတွင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူအချို့လည်း ပါရှိသည်။
သနားစရာကောင်းသော အော်ဟစ်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။ ပိန်ချောက်ကပ်နေသော အလောင်းများသည် မြေပြင်အနှံ့ ဖုံးလွှမ်းသွားသည်။ ထိုအထဲတွင် ဆိတ်သုဉ်းခြင်းသားရဲများနှင့် လူသားများလည်း ပါ၀င်ခဲ့သည်။ ချင်ယွင်နှင့် အခြားသူများသည် အမြင့် မီတာနှစ်ဆယ်ကျော် အလျားမီတာငါးဆယ် ကျော်ရှိသော နဂါးဦးချို ဆင်တစ်ကောင်ကို အသက်သစ်ပင်၏ အကိုင်း အခက်များဖြင့် ချည်နှောင်ထားသည်ကိုပင် မြင်တွေ့ခဲ့ရသည်။ ထို့နောက် ပကတိမျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရှုံ့တွသွားကာ နောက်ဆုံးတွင် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကို သူမမြင်လိုက်ရသောအခါ ကျန်းရွန်ရှင်း၏ မျက်နှာတစ်ခုလုံးသည် ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားခဲ့သည်။ ဤအရာအားလုံးကို သူမမျှော်လင့်ထားပေမယ့် သူမရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်နေရဆဲဖြစ်သည်။
သေချာသည်မှာ၊ လူတိုင်းသည် အသက်သစ်သီး၏ ထူးဆန်းသောရနံ့ကို မခံနိုင်ကြသူများ မဟုတ်ကြပါဘူး။ နေရာတိုင်းတွင် လူသေအလောင်းများကို မြင်လိုက်ရသောအခါ စိတ်ဓာတ်ပြင်းထန်သော လူအချို့သည် အသိအာရုံများ ပြန်ဝင်လာကြသည်။ သူတို့သည် လျင်မြန်စွာ ဆုတ်ခွာပြီး အသက်သစ်ပင်၏ အကိုင်းအခက်များမှ လွတ်မြောက်ခဲ့ကြသည်။
တစ်နာရီကြာပြီးနောက် လူတစ်ထောင်နီးပါးနှင့် ရာနှင့်ချီသော ဆိတ်သုဉ်းခြင်း သားရဲများ သေဆုံးခဲ့ရသည်။ ယင်းသည် ရိုးရိုးရှင်းရှင်း ကြောက်စရာကောင်းသည့် အရေတွက်ဖြစ်၏။ ဝင်ရောက်လာသူဦးရေက စတင်လျော့နည်းလာသော်လည်း သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားခဲ့သည်။
"ဘုန်း!"
ဤအခိုက်တန့်တွင် သိုင်းမြို့အစားအဆင့်ကျွမ်းကျင်သူတစ်ဦးက တိုက်ခိုက်ခဲ့သည်။
အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦး ထွက်လာပြီး အသက်သစ်ပင် ဆီသို့ ဦးတည်သွားခဲ့သည်။ အစောပိုင်းလေးက ကျယ်လောင်သော ပေါက်ကွဲမှုသည် အသက်သစ်ပင်၏ အကိုင်းအခက်များကို ချိုးဖျက်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အသက်သစ်ပင်၏အကိုင်းအခက်သည် ကြေမွသွားပြီး ၎င်းသည် ဒေါသ ဖြစ်သွားပုံရ သည်။ ၎င်းသည် အကိုင်းအခက်တစ်ဒါဇင်ကို ဆန့်ထုတ်ကာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့သည်။
"မင်းတို့ ဘယ်တော့မှ မလှုပ်ရှားတော့ဘူးလား"
ထိုသိုင်းမြို့စားအဆင့်ကျွမ်းကျင်သူက ထိပ်တိုက် ရင်မဆိုင်ဘဲ ကောင်းကင်ယံကို လှမ်းအော်လိုက်သည်။
ဟုတ်ပါသည်၊ သူ၏အသံထွက်ပေါ်လာသည်နှင့် ပုံရိပ်ရှစ်ခု ထပ်မံပေါ်လာပြန်သည်။ ၎င်းတို့အထဲတွင် ချင်ယွင်သိခဲ့သော မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်၀င် အကြီးအကဲကြီး သည် အံ့သြဖွယ်ကောင်းစွာ ပါ၀င်နေသည်။
"အတူတူ လှုပ်ရှားကြရအောင်။ ဒီစိတ်အနှောက်အယှက် ဖြစ်စေမယ့် အကိုင်းအခက်တွေကို အရင်ဖယ်ရှားပြီးမှ အသက်သစ်သီးအတွက် တိုက်ပွဲဝင်ဖို့ ငါတို့ရဲ့ အစွမ်းအစတွေကို အသုံးချလိုက်ကြရအောင်။" အနက်ရောင်ဝတ် ကျွမ်းကျင်သူက ကျယ်လောင်စွာ ပြောသည်။
သေချာသည်မှာ၊ နောက်ပိုင်းမှပေါ်လာသော သိုင်းမြို့စားရှစ်ယောက်သည် သူနှင့် တူညီသောလမ်းကြောင်းပေါ်တွင်ရှိမနေသည်မှာ ထင်ရှားသည်။ သူတို့သည် ယခုလောလော ဆယ်တွင် အတူတူအလုပ်လုပ်နေကြသည်။
သိုင်းမြို့စားရှစ်ယောက်သည် အနက်ရောင်ဝတ် ကျွမ်းကျင်သူနှင့် သဘောတူဟန်ရပြီး အသက်သစ်ပင်၏အကိုင်းအခက်များဆီသို့ ဦးတည်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သိုင်းမြို့စားကိုးယောက်သည် အသက်သစ်ပင်နှင့် တိုက်ခိုက်ကြသည်။ လှပသော ဝိညာဉ်စွမ်းအင် အမျိုးမျိုးတို့သည် ရောယှက်လျက်ရှိကာ လေထဲတွင် ကခုန်နေပြီး ကောင်းကင်ယင်ကိုပင် တုန်လှုပ်စေသော အသံများ ထွက်ပေါ်လာသည်။ အသက်သစ်ပင်သည် အရှုံးပေးလိုစိတ်မရှိခဲ့ပေ။ ၎င်းသည် အကိုင်းအခက် ဒါဇင်နှင့်ချီကို ချက်ချင်းပင် စေလွှတ်လိုက်ပြီး သိုင်းမြို့စားကိုးယောက်ကို လုံးဝ အားအင်ကုန်ခမ်းပြီး သေဆုံးသွားစေချင်ပုံရသည်။
ပတ်ဝန်းကျင်မှ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူများသည် ဤမြင်ကွင်းကို မြင်သောအခါ အားလုံး အံသြသွားကြသည်။ သာမာန်အားဖြင့် သိုင်းမြို့စားများ တိုက်ခိုက်မှုကို မြင်တွေ့ရရန် သူတို့အတွက် ခက်ခဲလိမ့်မည်။ ယခု သိုင်းမြို့စား ကိုးယောက်သည် တစ်ပြိုင်နက်တည်း ပူးပေါင်းကာ အသက်သစ်ပင်ကို တိုက်ခိုက် လိုက်တဲ့အတွက် ဤမြင်ကွင်းက သူတို့ကို မည်ကဲ့သို့ မထိတ်လန့်စေဘဲ နေမည်နည်း။
"ရွှပ်!"
ပိတ်ချော၀တ်စုံကို ၀တ်ဆင်ထားသော ဆံပင်ဖြူအဘိုးကြီးသည် အသက်သစ်ပင်၏ ပိတ်ဆို့ထားခြင်းကို အမှန်တကယ် ဖြတ်ကျော်သွားသည်။ သူ၏ဓားသည် အသက်သစ်ပင်၏ ပင်စည်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အနီရောင် တောက်တောက် သွေးများ ထွက်ကျလာသည်။
"အသက်သစ်ပင်က သွေးထွက်နေတာလား?"
ပတ်ဝန်းကျင်ရှိ သိုင်းဂိုဏ်းချုပ်များ အားလုံး ထိတ်လန့်သွားကြသည်။
စိတ်ဝိညာဥ်ဖြစ်တည်လာတဲ့ သစ်ပင်တစ်ပင်ဟာ သားရဲများလိုဘဲ သွေးထွက်နိုင် တယ်လို့ ငါကြားဖူးတယ်။ ဒီကောလဟာလတွေက အမှန်ဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ တကယ်တော့၊ အသက်သစ်ပင်သာ ဆက်လက်ကြီးထွားနေပါက၊ နောက်ဆုံး လူသားအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်လို့ ဆိုလိုတာမဟုတ်လား။
ချင်ယွင်သည်လည်း ထိတ်လန့်သွားသည်။ အသက်သစ်ပင်သည် လူသားအသွင်သို့ ပြောင်းလဲသောအခါ မည်မျှ အစွမ်းထက်မည်ကို သူမသိခဲ့ပေ။
ဓားဖြင့်ထိုးခံလိုက်ရသည့်အခါ အသက်သစ်ပင်သည် ဒေါသဖြစ်သွားပုံရပြီး သားရဲတစ်ကောင်ကဲ့သို့ ဟောက်သံထွက်လာသည်။
ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများအားလုံးသည် ဆံပင်ဖြူ အဘိုးကြီးဆီသို့ အရူးအမူး ပြေးသွားကြသည်။
ဆံပင်ဖြူ အဘိုးကြီးလည်း ထိတ်လန့်သွားသည်။ မူလက သူသည် အသက်အသီးကို လုယူရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားချင်သော်လည်း ယခုတွင် သူ နောက်ဆုတ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
သူ ဆုတ်ခွာသွားသည်နှင့် အသက်သစ်ပင်၏ အကိုင်းအခက်သည် သူ့ကို ထိမှန်ပြီး နောက်သို့ အလျင်အမြန် လွင့်ထွက်သွားခဲ့၏။
ပတ်ဝန်းကျင်ရှိ သိုင်းမြို့စားကျွမ်းကျင်သူများသည်လည်း အရူးအမူး တိုက်ခိုက် ကြရသည်။ ရာပေါင်းများစွာသော အကိုင်းအခက်များသည် သူတို့ကို ထောင်ချောက်ဆင် တိုက်ခိုက်ခြင်းများ မဟုတ်ပေ။ ယင်းအစား အကိုင်းအခက်များ သည် သူတို့ကို တိုက်ရိုက်ပင် ရိုက်နှက်ကြသည်။ ၎င်းတို့၏ လည်ပင်းလောက် ထူထဲသော ရာပေါင်းများစွာသော အကိုင်းအခက်များ သည် သူတို့အပေါ် တိုက်ရိုက်ထိမှန်သွားကြသည်။ သူတို့ကို ကြည့်ပြီး လူတယောက်၏ ဦးရေပြားကိုပင် ထုံကျင်စေသည်။
သိုင်းမြို့စားကျွမ်းကျင်သူများသည် သူတို့၏ စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ကြပြီး ရွေးချယ်စရာမရှိဘဲ စစ်မြေပြင်မှ နောက်တစ်ကြိမ် ဆုတ်ခွာသွားခဲ့ရသည်။
သို့သော်၊ အသက်သစ်ပင်တစ်ပင်လုံးသည်မြေပြင်မှကြွတက်ကာ စတင်လှုပ်ရှားလာပြီး
သေဆုံးသွားခြင်းမရှိသော ထိုသိုင်းမြို့စားများကို နောက်မှ လိုက်လံတိုက်ခိုက်လိမ့်မည် ဟု မျှော်လင့်မထားခဲ့ပေ။
ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများကို ထိတ်လန့်စေ သည်။ သူတို့၏မျက်နှာများသည် သေလုမတတ် ဖြူဖျော့သွားကြသည်။ ဤဘေးဆိုးကြီးတွင် အပြစ်ကင်းစင်ပါလျက်ဖြင့် ရိုက်ခတ်မူဒဏ်ကို ခံရမှာစိုးပြီး လွန်စွာကြောက်လန့်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
သိုင်းမြို့စားများသည် ဤမြင်ကွင်းကိုမြင်သောအခါ သူတို့အားလုံး စိတ်ဓာတ်ကျပြီး သွေးပင်အန်ချင်လာကြသည်။ အသက်သစ်ပင်သည် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေတုန်းပင်။ ကံကောင်းထောက်မစွာ၊ အသက်သစ်ပင်သည် အပင်တစ်ပင်သာ ဖြစ်သည်။၎င်းမှာခြေထောက်များ လက်များ မရှိပေ။ ၎င်းသည် အလွန်နှေးကွေးစွာ ရွေ့လျားနေသည်။ ယင်းအတွက်ကြောင့်လည်း လူတိုင်းလွတ်မြောက်ရန် အချိန်ရသည်။ မဟုတ်လျှင် လူတိုင်း သေဆုံးရနိုင်သည်။
သို့သော် အသက်ပင်ကို ဓားဖြင့်ထိုးခဲ့သော လျှော်တေအဝတ်နှင့် အဘိုးအိုသည် လွတ် မြောက်ခြင်းမရှိခဲ့။ သူသည် အသက်သစ်ပင် ၏ ရာနှင့်ချီသော အကိုင်းအခက်များဖြင့် ဝန်းရံခံထားရသည်။ အဆုံးတွင်၊ သူသည် အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆုံးပါးသွားသော ပထမဆုံး သိုင်းမြို့အစားအဆင့်ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။
ဤမြင်ကွင်းကြောင့် ငြိမ်သက် တိတ်ဆိတ်သွားခဲ့သည်။ အခြား သိုင်းမြို့စား ရှစ်ယောက်သည် အသက်သစ်ပင်၏ ကာကွယ်မူကို မဖြတ်ကျော်နိုင်ခဲ့ သောကြောင့် အသက်သစ်သီးကို ရရှိရန် မလွယ်ကူခဲ့ပေ။
ဝှီး!
ထိုအချိန်တွင် ဓားအော်သံသည် ကောင်းကင်နှင့် မြေကြီးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ဓားတစ်စင်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး အသကါသစ်ပင်ဆီသို့ ထိုးစိုက်လာသည်။
အသက်သစ်ပင်သည်လည်း ခြိမ်းခြောက်မှုကို ခံစားခဲ့ရပုံရသည်။ အကိုင်းအခက် ရာပေါင်းများစွာကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ပျံသန်းနေသောဓားကို ဟန့်တားလိုဟန်ရကာ ပျံသန်းနေသော ဓားဆီသို့ ရိုက်ချလိုက်သည်။
သို့သော် ပျံသန်းနေသောဓားသည် ဝါးတစ်ပင်ကဲ့သို့ အစွမ်းထက်ကာ ပိတ်ဆို့နေသော အကိုင်းအခက် ရာနှင့်ချီကို တိုက်ရိုက်ဖြတ်တောက်ပြီးနောက် အသက်သစ်ပင်၏ ပင်စည်ကို ထိမှန်သွားခဲ့သည်။
အသက်သစ်ပင်သည် ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သွေးများ အဆက်မပြတ် စီးကျလာကာ နာကျင်စွာ အော်ဟစ်နေလေသည်။ ထို့နောက်တွင်၊ အချိန်မီ မြေကြီးထဲသို့ ပြေးဝင်ရန် ကြံရွယ်ထားသကဲ့သို့ မြေအောက်သို့ အမှန်တကယ် ခုန်ဆင်းသွားခဲ့သည်။
"အသုံးမကျတဲ့ကောင်၊ မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ"
ထိုအချိန်တွင် ကောင်းကင်ယင်ံမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသောအငွေ့သက်က ချက်ချင်းပင် လေထုထဲသို့ ပြည့်နှက်သွားသည်။
ရွှေရောင်၀တ်စုံဝတ်ထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏မျက်နှာတွင် ဆုံးဖြတ်ချက်ပြတ်သားသောအမူအရာရှိပြီး ဒေါသအရိပ်ယောင်လုံးဝမရှိပေ။ သူသည် တန်ခိုးကြီးသောအငွေ့သက်ကို သယ်ဆောင်လာသည်။ ရွှေရောင်ဝတ်ရုံ၏အထက်တွင် ကြီးမားသော နဂါးကြီးတစ်ကောင်ရှိသည်။
"ဧကရာဇ်မင်းမြတ် ဒါယန်း!"
ချက်ခြင်းပင်၊ တစ်စုံတစ်ယောက်သည် ဤပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်လက်ကို မှတ်မိပြီး အံ့သြစွာ အော်ပြောလာသည်။
ချင်ယွင်သည်လည်း ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဒါဆို သူက တော်၀င်ရန်အင်ပါယာရဲ့ ဧကရာဇ်မင်းမြတ်ပေါ့။ သူက သိုင်းဧကရာဇ် နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှာ ရှိနေတယ်။ သူက တကယ့်ကို ထူးထူးခြားခြားပဲ။" ချင်ယွင်သည် သူ၏စိတ်ထဲမှ အော်ပြော လိုက်သည်။ သူ၏စိတ်ဝိညာဉ်သည် အစစ်မှန်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ့ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်နိုင်သည်။
ဧကရာဇ်မင်းမြတ်ဒါယန်း လှုပ်ရှားလိုက်သည့်အခိုက် ကောင်းကင်နှင့်မြေကြီး၏ တိမ်တိုက်များသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဧကရာဇ်မင်းမြတ်ဒါယန်းက လက်ဖဝါးကို ရိုက်ထုတ်လိုက်ပြီးနောက် မြေပြင်ဟာ တိုက်ရိုက်ပေါက် ကွဲသွားသည်။ မူလကမြေကြီးထဲ နစ်မြုပ်သွားခဲ့သော အသက်သစ်ပင်၏ အစိတ်အပိုင်းသည် အမှန်တကယ် ပေါ်လာပြန်သည်။ ထို့အပြင်၊ အသက်သစ်ပင်၏အကိုင်းအခက်အများစုသည် ဖျက်ဆီးခံခဲ့ရပြီး အနည်းငယ်သာ ကျန်ရှိတော့သည်။
မကြာခင်မှာပင် ဧကရာဇ်မင်းမြတ်ဒါယန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လေထုထဲ တဖန်ပြန်ပေါ်လာသောအခါ သူ၏လက်ထဲတွင် အသက်သစ်သီးတစ်ခု ရှိနေပြီ။
"အသက်သစ်ပင်ရဲ့ အသီးအနှံတစ်လုံး ငါယူလိုက်မယ်။ နောက်ကျန်တဲ့နှစ်ခုက မင်းတို့ရဲ့ အစွမ်းအစပေါ်မှာ မူတည်လိမ့်မယ်။" ဧကရာဇ်မင်းမြတ် ဒါယန်း၏ ဂုဏ်သိက္ခာရှိသောအသံ ထွက်ပေါ်လာသည်။
သေချာပါသည်၊ သူစကားပြောပြီးသည်နှင့် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများသည် အသက်သစ်ပင်ဆီကို ပြေးသွားကြတော့သည်။
ကျန်သည့် အသက်သစ်ပင်၏ အကိုင်းအခက်များကို ဖျက်ဆီးခြင်းသည် သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့။
ဤမြင်ကွင်းကို ချင်ယွင်မြင်လိုက်သည့်အခါ သူ၏မျက်လုံးထဲတွင် တောက်ပသော အလင်း တန်းတစ်ခု ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံး တုန်ခါသွားပြီးနောက် သူ၏မူ လရုပ်အသွင် အပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် လျှပ်စီးလက်သလို ဖြစ်သွားပြီး အသက်သစ်ပင်၏ ဦးတည်ရာဆီသို့ ပြေးသွားလေသည်။