← Chapters

အသက်သစ်သီးအတွက် တိုက်ခိုက်ခြင်း

Vol. 8 Ch. 112

အသက်သစ်သီးအတွက် တိုက်ခိုက်ခြင်း

Vol. 8 Ch. 112

အခန်း (၁၁၂) အသက်သစ်သီးအတွက် တိုက်ခိုက်ခြင်း။

ချင်ယွင်၏ဝင်ရောက်လာမှုသည် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများနှင့် အနီးနားရှိ လူများ၏အာရုံကိုချက်ချင်းဆွဲဆောင်ခဲ့သည်။ ချင်ယွင်သည် သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသည်ကို သူတို့မြင်သော အခါတွင် သူတို့၏ မျက်နှာများသည် အထင်အမြင်သေးသည့် အမူအရာများ ထွက်ပေါ်လာသည်။

"ဒီကလေးက ဘယ်သူလဲ၊ သူက သေချင်နေတာလား။ သူက တကယ်ပဲ သိုင်းမြို့စားတွေဆီက ရတနာတွေကို လုယူဝံ့တယ်ပေါ့။

ပတ်ဝန်းကျင်မှ လူများသည် ချင်ယွင်ကို ထောက်ပြပြီး ဆွေးနွေးကြသည်။ ချင်ယွင် သည် သူ၏ မူလရုပ်အသွင်အပြင်ကို ပြန်လည်ရရှိနေပြီဖြစ်သောကြောင့် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်များသည်ပင် သူ့ကို မမှတ်မိနိုင်ပေ။

သို့သော်လည်း သိုင်းမြို့စားထဲတွင်၊ ခါးကုန်း အဘိုးအိုတစ်ဦးသည် ချင်ယွင်ကို မြင်လိုက်ရသည့်အခိုက်တွင် သူ၏မျက်လုံးများသည် ချက်ချင်းလင်းလက်လာသည်။ ဤလူသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်၀င်အကြီးအကဲမှလွဲ၍ အခြားသူမဟုတ်ပေ။

"ဟဲ့ မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာပဲ!" လင်းတန်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်က ချင်ယွင်သည် သူတို့ထံမှ အသက်သစ်သီးကို လုယူဝံ့သည်ကို မြင်လိုက်ရ‌သောအခါ အော်ပြောလိုက်၏။ သူသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ချင်ယွင်ဆီသို့ ဝိညာဉ်ချီစီးကြောင်းကို ပစ်လွှင့်လိုက်သည်။

ချင်ယွင်၏အမူအရာသည်လည်း အေးစက်သွားခဲ့သည်။ သူသည် လုံးဝ ရှောင်မသွားပေ။ ယင်းအစား သူသည် ရှေ့ကို ဆက်သွားခဲ့သည်။ သို့သော်၊ ဝိညာဉ်ချီသည် ချင်ယွင်ကို ထိမှန်ခါနီးတွင် ချင်းယွင်ရှေ့တွင် အဖြူရောင်ကြီးမား သောအရာကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး ဝိညာဥ်ချီကို ပါးစပ်ထဲ မျိုချလိုက်သည်။

"အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ၊ ခရမ်းရွှေဖြူ‌ရောင်စပါးအုံးမြွေလား?

ဤမြင်ကွင်းကို တွေ့လိုက်ရလျှင် အားလုံးက ထိတ်လန့်သွားကြသည်။ ယင်းအခိုက်တန့်မှာ သူတို့သည် တိုင်ယွန်ကုန်သည်ကြီးများအသင်းက ဖမ်းဝရမ်း ထုတ်ထားသော ဖမ်းဝရမ်းစာကို သတိရလိုက်ကြသည်။ ထို၀ရမ်းစာအထဲမှာ လူငယ်တစ်ယောက်ရှိ၏။ သူ၏ဘေးမှာ အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ ခရမ်းရွှေ‌ရောင်စပါးအုံးဖြူတစ်ကောင်ရှိ၏။ ထိုသူသည် သူတို့ရှေ့က လူငယ် မဟုတ်ပေဘူးလား ?

လူအုပ်ထဲမှာ အသက်လတ်ပိုင်းအရွယ် မိန်းမဆန်ဆန် အမျိုးသားတစ်ယောက်သည် ဤမြင်ကွင်းကို မြင်ပြီး ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များက သူ၏ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ဤသူသည် မိုးကြိုး၀ိညာဥ်မြို့၊ တိုင်ယွန် ကုန်သည်ကြီးများအသင်း၏ ခေါင်းဆောင် ရှီဂျီဖြစ်သည်။

မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်များဘက်တွင် ရှီကန်ဟိုင်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။ ဤအချိန်တောအတွင်းမှာ သူသည် သူ၏ ညီလေးကိုသတ် ဖြတ်သွားခဲ့သောလူသတ်သမားကို ရှာဖွေနေခဲ့၏။ သို့သော် ဤလူသတ်သမားသည် ဤကမ္ဘာမှ ပျောက်ကွယ်သွားပုံရသည်။ သူမည်မျှပင် ရှာဖွေနေပါစေ မတွေ့နိုင်ခဲ့ပေ။ ထိုအချိန်တွင် သူသည် ချင်ယွင်ကို မြင်လိုက်ရသော အခါ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကထွက်ပေါ်လာခဲ့သည်။

ကျန်းရွန်ရှင်းသည်လည်း ချင်ယွင်၏မူလရုပ်ရည် ပြန်ပေါ်လာချိန် တုန်လှုပ်သွားခဲ့သည် ။ ချင်ယွင်က မြွေဖြူကို ဆင့်ခေါ်ထားသည်ကို တွေ့လိုက်ရလျှင် ချင်းယွန်း၏ ကိုယ်ရေးအချက်လက်အစစ်မှန် ချက်ချင်းသိသွားခဲ့သည်။

"ဒါဆို နင့်နာမည်အရင်းက ချင်ယွင်လား?" ကျန်းရွန်ရှင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အမှန်တကယ်တော့ သူမသည် ချင်ယွင်၏ နာမည်ကို ဂရုမစိုက်ပါဘူး။

သူမအမြင်မှာ သူမချစ်ခဲ့သည့်အရာက သူ့ကိုပဲဖြစ်သည်။

"ကောင်စုတ်၊ ငါ့သားရဲ့ အသက်ကို ပြန်ပေးစမ်း။" ချင်ယွင်၏ သွေးကဲ့သို့နီရဲနေသော မျက်လုံးများကို မြင်လိုက်ရလျှင် ရှီဂျီသည်ဒေါသတကြီး ဟောက်လိုက်သည်။ န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦး၏စွမ်းအားက တခဏချင်း ပေါက်ကွဲလာသည်။ ထို့နောက် သူသည် ပြေး၀င်တိုက်ခိုက်တော့မည်။

သို့သော် သူနှင့်မလှမ်းမကမ်းမှာရှိနေသော ချင်ဘာတန်က ရုတ်တရက် ရှေ့ကို ခြေတလှမ်းတိုးကာ ရှီဂျီရှေ့မှာ ရပ်တန့်လိုက်သည်။

"ချင်ဘာတန် ၊ မင်းက ဘာသဘောလဲ။ မင်းကငါ့ကို တားချင်တာလား။" ရှီဂျီက ဒေါသတကြီး ပြောသည်။

"မှန်တယ်။ မင်း သူ့ကို ဒုက္ခပေးချင်ရင် အရင်ဆုံး ငါ့ရဲ့စမ်းသပ်မူကို ဖြတ်ကျော်ရမယ်။" ချင်ဘာတန်က ပြောရင်း ရယ်သည်။

"မင်းက သေချင်နေတာဘဲ !" ရှီဂျီက ဟိန်း ဟောက်ပြီး ချင်ဘာတန်ကို အရူးအမူး တိုက်ခိုက်သည်။

ချင်ဘာတန်သည်လည်း ပြုံးပြီး ရှီဂျီကို ပြန်လည်တိုက်ခိုက်သည်။

သူတို့နှစ်ဦးစလုံးသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင်ရှိကြပြီး အချိန်အတိုင်းအတာတစ်ခုအထိ လက်ရည်တူညီ ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်များဘက်မှ တိုက်ပွဲတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။ ရှီကန်ဟိုင်သည် ချင်ယွင်ကိုမြင်သည့်အခိုက်အတန့်တွင် အပြေးအလွှား ပြေးထွက်ရန် ရည်ရွယ်ခဲ့သော်လည်း သူ့ကို သတိပြုမိပြီးသွားသော ကျန်းရွန်ရှင်းက တားဆီးခဲ့သည်။

ရလာဘ်အနေဖြင့် သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲတခု စတင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တပည့်များသည် စိတ်ဓာတ်ကျသွားကြသည်။ သူတို့သည် ကျန်းရွန်ရှင်းက အဘယ်ကြောင့် ရှီကန်ဟိုင်ကို ရုတ်တရက် တိုက်ခိုက်ရ သည်ကို နားမလည်ခဲ့ကြပေ။

ကျန်းရွန်ရှင်း၏ အဓိကပန်းတိုင်မှာ ရှီကန်ဟိုင်ကို တားဆီးရန် ဖြစ်သည်။

ရှောင်ဘိုင်၏ အသွင်အပြင်ကြီးသည် ကွင်းပြင်တစ်ခုလုံးကို လုံးလုံးလျားလျား လောင်ကျွမ်းစေသော စနက်တံတစ်ခုကဲ့သို့ပင်။

ချင်ယွင်ကို တိုက်ခိုက်သော လင်းတန်ဂိုဏ်းမှ တော်၀င်အကြီးကဲသည် မျက်လုံးများကို မှေးကျဉ်းထားသည်။ သူ၏ရှေ့ရှိ အဆင့်သုံး ခရမ်းရွှေ‌ရောင်စပါးအုံးဖြူကြီးသည် သူ၏ဝိညာဉ်စွမ်းအင်များကို ဘာပြဿနာမှ မရှိဘဲ မျိုချသွားတာကို သူ နားမလည်နိုင်ပေ။

အမှန်တကယ်တော့ ရှောင်ဘိုင်သည် ကောင်း ကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နဲ့မြေကြီးကိုပင် ဝါးမြိုနိုင်စွမ်းရှိသည်ကို သူမသိခဲ့ပေ။ ထိုကြောင့် သူ၏ဝိညာဉ်စွမ်းအင်အမျှင်တန်း သာသာလောက်ကို မည်ကဲ့သို့ မျိုမချနိုင်ဘဲ ရှိမည်နည်း။

ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြောင်းလဲပြီး အသက်သစ်ပင်ဆီသို့ ပြေးသွားခဲ့သည်။ သူသည် ၎င်းတို့အနက်မှ အမြန်ဆုံး သိုင်းမြို့စားတဦးနှင့် တစ်ချိန် တည်းနီးပါး ရောက်ရှိလာခဲ့သည်။

အသက်သစ်ပင်သည် မြေအောက်မှ ထွက်ပြေး လွတ်မြောက်လိုစိတ်ဖြင့် အရှိန်အဟုန်ပြင်းစွာ စတင်နစ်မြုပ်လာခဲ့သည်။

ချင်ယွင်နှင့် လင်းတန်ဂိုဏ်းမှ သိုင်းမြို့စားတို့သည် အသက်သစ်သီးများဆီသို့ ပြေးလွှားပြီး တပြိုင်နက် ဆုပ်ကိုင်လိုက်ကြသည်။

လင်းတန်ဂိုဏ်းမှ သိုင်းမြို့စားသည် ချက်ချင်းပင် ဒေါသဖြစ်ထွက်သွားသည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်ရှိ လူငယ်လေးကပင် သူ့ထံမှပစ္စည်းကို လုယူဝံ့သည်။ ဤလူသည် သေခြင်းတရားကို ရိုးရှင်းစွာ တောင်းခံနေခြင်း ဖြစ်သည်။

"ဖယ်စမ်း! ထိုသိုင်းမြို့စားသည် ကျယ်လောင် သောအော်ငေါက်သံဖြင့် အော်ငေါက် လိုက်သည်။ ယင်းနောက် သူ၏တကိုယ်လုံး တုန်ခါသွားပြီး ချင်ယွင်ဆီသို့ လက်ဖဝါး တချက် ရိုက်လွှတ်လိုက်သည်။

ချင်ယွင်သည် သူ့လက်ထဲတွင်ရှိသည့် အသက်သစ်သီးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်တွင် ဒိုင်းတစ်ခုပေါ်လာသည်။

သိုင်းမြို့စားသည် သူ၏ဒိုင်းကို ရိုက်မိလိုက်သည်။ ချင်ယွင်သည် သိုင်းမြို့စား၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပေမယ့် ယင်းလက်ဖဝါးကြောင့် သူသည် ထိတ်လန့်သွားပြီး သူ၏ခန္ဓာကိုယ်က တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် မည်မျှပင် သန်မာစေကာမူ သိုင်းမြို့စားအဆင့်တစ်ဦး၏ တိုက်ခိုက်မှုကိုတော့ သူ မခံနိုင်သေးပါဘူး။

ချင်ယွင်သည် အသက်သစ်သီးကို အမှန်ပင် ခူးယူခဲ့သည်ကို တွေ့လိုက်ရသဖြင့် ထိုသိုင်းမြို့စားအဆင့် ကျွမ်းကျင်သူသည် အခြားသစ်သီးတစ်ခုကို အမြန်ရွေးချင် သော်လည်း ဘိုင်ယွန်ကျောင်းတော်မှ အစွမ်းထက်သော အကြီးအကဲတစ်ဦးသည် အခြားသစ်သီးကို ခူးဆွတ်သွားပြီးဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် ဒေါသထွက်ကာ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

သို့သော် ယခုအချိန်တွင်၊

"မကောင်းဆိုးဝါး သားရဲကောင်၊ မင်း သေချင်နေတာဘဲ! လင်းတန်ဂိုဏ်း၏ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူသည် ဒေါသဖြစ်နေပြီဖြစ်သော်လည်း ယခုအချိန်တွင် အဖြူလေး(ရှောင်ဘိုင်)၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဒေါသပိုထွက်နေသည်။ သူသည် သူ၏လက်ထဲမှ ဓားတစ်ချောင်းကို တိုက်ရိုက်ထုတ်ကာ ခရမ်းရွှေ‌ရောင်စပါးအုံးဖြူကို ခုတ်ပိုင်းလိုက်သည်။

ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ခွဲထွက်သွားသကဲ့သို့ ရှောင်ဘိုင်၏ နဖူးပေါ်ကို ပေါက်ကွဲသွားစေသည် ။ ချက်ချင်းပင် ရှောင်ဘိုင်၏ အရေပြားနှင့် အသားများစုတ်ပြဲသွားပြီး သူ၏ကျောရိုးပေါ်မှာ သွေးများ စီးကျလာသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီသားရဲရဲ့ အကြေးခွံတွေက ဘယ်လောက်တောင် မာ ကြောနိုင်မှာလဲ" လင်းတန်ဂိုဏ်း၏ သိုင်းမြို့စားသည် ထိတ်လန့်သွားသည်။

မူလက သူ၏ဓားသည် ရှောင်ဘိုင်ကို တစ်ဝက် လောက် ဖြတ်ပစ်နိုင်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ရှောင်ဘိုင်၏အကြေးခွံများကိုသာ ထိခိုက်ဒဏ်ရာရရှိပြီး ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပေ။

ချင်ယွင်သည် သူ၏ရင်ဘတ်ပေါ်တွင် နံရိုးလေး‌ချောင်းကျိုးလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူ၏ အတွင်းအင်္ဂါများ ကွဲလုမတတ် ဖြစ်သွားခဲ့ရသည် ။ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်ဟု ဆိုနိုင်သည်။ သူ၏ခန္ဓာကိုယ်သည် မည်မျပင် သန်မာနေစေကာမူ လင်းတန်ဂိုဏ်း သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ၏ လက်ဖဝါး ရိုက်ချက်ကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူ၏လက်ထဲရှိ အသက်သစ်သီးကို မြင်လိုက်ရသည်နှင့် ဒဏ်ရာ အားလုံးသည် ထိုက်တန်သည်ဟု သူ ခံစားလိုက်ရသည်။

ယခုအချိန်တွင် အရေးကြီးဆုံးအချက်မှာ ဤနေရာမှ လွတ်မြောက်ရန် မည်ကဲ့သို့ ထွက်ပြေးရမည်ကို စဉ်းစားရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူအား လင်းတန်ဂိုဏ်း က စောင်ြကြည့်နေရုံသာမက၊ အခြားသော သိုင်းမြို့စား များသည်လည်း သူ့ကိုလောဘကြီးစွာ စိုက်ကြည့်နေကြသည်ကို သူ တွေ့ရှိရသော ကြောင့် ဖြစ်သည်။

တကယ်မှာလည်း ဘိုင်ယွန်ကျောင်းတော်၏ တော်၀င်အကြီးကဲနှင့်ယှဉ်ရင် ချင်ယွင်၏

လက်ထဲက အသက်သစ်သီးကို ရိတ်သိမ်းရတာက ပို၍လွယ်ကူပုံရသည်။

ဝှီ!

သို့သော် ဤအခိုက်အတန့်တွင် အသက်သစ်ပင်သည် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကို ထုက်ဖေါ်လာပြီး မြေကြီးထဲသို့ စိမ့်ဝင်သွားခဲ့သည်။

အသက်သစ်သီးသည် လုယူခံရပြီးဖြစ်သောကြောင့် မြေကြီးထဲနစ်၀င်နေသော အသက်သစ်ပင်ကို မည်သူမျှ ဂရုမစိုက်ကြတော့‌ပေ။ သို့သော်၊ အသက်သစ်ပင်သည် မြေကြီးထဲသို့ မြုပ်၀င်ခါနီးတွင် သစ်ကိုင်းတစ်ကိုင်းသည် ရုတ်တရက် ဆန့်ထွက်လာ ကာ ချင်ယွင်၏ခြေထောက်ကို ရစ်ပတ်ပြီး သူ့ကိုပါ မြေကြီးထဲသို့ ဆွဲခေါ်သွား လေသည်။

ဤအဖြစ်ပျက်က ချက်ချင်းဆိုသလို ဖြစ်ပျက်သွားခဲ့ပြီး လူတိုင်းပင် သတိမထားမိ လိုက်ကြပေ။

ချင်ယွင် ဆွဲခေါ်ခံရသည်ကိုမြင်လျှင် ရှောင်ဘိုင်သည် ချက်ခြင်း အော်လိုက်ပြီး အပြေး အလွှား တားဆီးချင်လာသည်။

ထိုအခိုက် ချင်ယွင်၏အသံက ရှောင်ဘိုင်ဆီသို့ ရောက်ရှိလာပြီး "ရှောင်ဘိုင်၊ ငါ အဆင်ပြေတယ်။ မင်း မြန်မြန်ထွက်သွားလိုက်တော့။ မင်း ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ မင်းကို ငါလာရှာတဲ့အထိ စောင့်ပါ"

ရှောင်ဘိုင်သည် ချင်ယွင်၏ စကားကို ကြားသောအခါ သူသည် လုံး၀ တုန့်ဆိုင်ခြင်းမရှိဘဲ အဝေးသို့ ပြေးသွားခဲ့သည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်ကို အသက်သစ်ပင်မှ ဆွဲချ ခေါ်ဆောင်သွားသည်ကို မြင်ရသော အခါ သူမ၏မျက်နှာသည် ချက်ချင်းပင် ဖျော့တော့သွားခဲ့သည်။

ရှီကန်ဟိုင်နှင့် ရှီဂျီတို့သည် ဤမြင်ကွင်းကို အဝေးကမြင်လိုက်သောအခါတွင် သူတို့သည် ဟက်ဟက်ပက်ပက် ရယ်မောကြပြီး ချင်ယွင်သည် သံသယဖြစ်ဖွယ်မရှိ သေဆုံးလိမ့်မည်ဟု ခံစားလိုက်ရသည်။

တိုက်ပွဲက ဤအတိုင်းပင် ပြီးဆုံးသွားရသည်။ အသက်သစ်သီး နှစ်လုံးတွင် ဘိုင်ယွန် ကျောင်းတော်မှ တစ်လုံးကိုရရှိသွားခဲ့သည်။

ချင်ယွင်၏လက်ထဲရှိ တစ်လုံးသည် ချင်ယွင် နှင့်အတူ မြေကြီးထဲ ဆွဲငင်ခံရပြီး ပျောက်သွားခဲ့သည်။

ယင်းကြောင့် လူတိုင်းသည် အထူးသဖြင့် ချင်ယွင်ထံမှ အသက်သစ်သီးကို အစောပိုင်းက လုယူခဲ့သော လင်းတန်ဂိုဏ်း၏ တော်၀င်အကြီးအကဲသည် နောင်တ ရစေခဲ့သည်။ သူသည် ဒေါသတကြီး ကျိန်ဆဲရင်း အဝေးကိုထွက်ပြေးသွားနေသော ရှောင်ဘိုင်၏ နောက်သို့ လိုက်သွားခဲ့သည်။

မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်၀င်အကြီးအကဲတစ်ဦးတည်းသာ အတွေးနက်နေသည့် အလားချင်ယွင်ကို မြေအောက်တွင်းနက်ကြီးထဲသို့ ဆွဲငင်သွားသည့်နေရာကိုကြည့်ရင်း မျက်မှောင် ကြုတ်နေမိသည်။

All Chapters