← Chapters

ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်း လျှို့ဝှက်ချက်။

Vol. 8 Ch. 113

ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်း လျှို့ဝှက်ချက်။

Vol. 8 Ch. 113

အခန်း (၁၁၃)- ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းလျှို့ဝှက်ချက်။

အသက်သစ်ပင်သည် မြေကြီးထဲသို့ တူး၀င်သွားခဲ့ပြီ။ အသက်သစ်သီးသုံးလုံးထဲက တစ်လုံးကို ဧကရာဇ်မင်းမြတ်ဒါယန်းက သိမ်းယူသွားပြီး တစ်လုံးကို ဘိုင်ယွန် ကျောင်းတော်၏ အကြီးအကဲတစ်ယောက်က ယူဆောင်သွားခဲ့ကာ ကျန်တစ်လုံးက တော့ ချင်ယွင်နှင့်အတူ မြေကြီးထဲကို ဆွဲချခံရပြီး သဘာဝအတိုင်း ပျောက်ကွယ် သွားခဲ့သည်။

အသက်သစ်ပင်၏ ချည်နှောင်ခြင်းကိုခံရသော ချင်ယွင်သည် အသက်ပြန်ရှင်လာ မည်ဟု မည်သူမျှ မထင်ထားပေ။ သူ့အတွက် အသက်ရှင်လွတ်မြောက်ရန် အခွင့်အလမ်းများစွာမရှိ။ထိုကြောင့် ဤတိုက်ပွဲအပြီးတွင် လူအများအပြားသည် ဆုတ်ခွာရန် ရွေးချယ်ခဲ့ကြသည်။

တချို့လူများသည် မျှော်လင့်ချက်နည်းနည်းပါးပါးထားပြီး ဤနေရာမှာ တစ်ရက်ခန့် စောင့်ကြသေးသည်။ ချင်ယွင်သည် မြေကြီးထဲမှ ထွက်မလာကြောင်း တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းရင်း အရှုံးပေး လက်လျှော့ရန်အတွက် ရွေးချယ်ခဲ့ကြသည်။

ကျန်းရွန်ရှင်းသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်များနောက်သို့ လိုက်ရန် မရွေးချယ်ခဲ့ ပေ။ ယင်းအစား၊ သူမသည် ချင်ယွင် အသက်သစ်ပင် ဆွဲငင်ခံရသည့်နေရာတွင် ထွက်ခွာချင်စိတ်မရှိဘဲ ကျန်ရစ်နေခဲ့သည်။

လင်းယွင်ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကိုတော့ ကျန်းရွန်ရှင်းသည် လင်းယွင်၏ ဒဏ်ရာများကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။ သူသည် ဒဏ်ရာများကိုပြန်လည်ကုသရန် ဂိုဏ်းသို့ ပြန်ရောက်နေပြီဟု ရှင်းပြထားသည်။

ဘိုင်ရှီဟန်နှင့်တခြားသူများသည် သံသယဖြစ်ခဲ့ကြသော်လည်း လေးလေးနက်နက် မစုံစမ်းခဲ့ကြပေ။

ရှီကန်ဟိုင်တစ်ယောက်သာ သံသယဖြစ်စရာရှိနေဟန်ဖြင့် သူ၏မျက်လုံးများကို အနည်းငယ်မှေးကျဉ်းထား၏

သို့သော်၊ သူ၏ညီငယ်ကို သတ်ဖြတ်ခဲ့သော လူသတ်သမားကို အသက်သစ်ပင်က မြေအောက်သို့ ဆွဲခေါ်သွားခြင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီးနောက် သေချာပေါက် သေလိမ့်မည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် ဤလူသည် လင်းယွင်ဟုတ်မဟုတ် သူ ဂရုမစိုက်တော့ဘဲ အခြားတပည့်များနှင့်အတူ ထွက်သွားခဲ့သည်။

ဇောင်ယုသည်လည်း သူ၏ဆရာသေဆုံးသွားသည်ကို မယုံသဖြင့် ကျန်းရွန်ရှင်းနှင့် အတူ ထိုနေရာတွင် နေခဲ့သည်။

ချင်ဘာတန်သည် မိုးကြိုး၀ိညာဥ်မြို့ကို ဤအတိုင်း ပစ်ထားရန် မဖြစ်နိုင်သည့်အတွက် အရင်ပြန်သွားခဲ့သည်။

တစ်ရက် နှစ်ရက်၊ သုံးရက်ကုန်ဆုံးသွားခဲ့ပြီ။

ကျန်းရွန်ရှင်း၏မျက်နှာသည် ဖြူဖျော့လာပြီး နက်ရှိုင်းသောတွင်းဝဘေးတွင် သေလုမျောပါးမျက်နှာဖြင့် ထိုင်နေလေသည်။

ဇောင်ယု၏ အမူအရာမှာလည်း မှုန်မှိုင်းနေပြီး သူ၏ခန္ဓာကိုယ်ကို ရက်စက်လုနီးပါး ပုံစံဖြင့် ဆက်လက် သန့်စင်နေခဲ့သည်။ သူသည် မလှုပ်ရှားနိုင်တော့သည့်အထိ နာကျင်မှုကို ခံစားလိုက်ရတိုင်း၊ အင်မော်တယ် ရွှေကိုယ်ထည်ခန္ဓာကို လှည့်ပတ် လိုက်သည်။

အမှန်တကယ်တော့ သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေသော အခြားလူတစ်ယောက်လည်း ရှိခဲ့ပါသည်။ ထိုလူသည် တွင်းနက်ကြီးဘေးရှိ ပိုမိုပိန်ပါးလာသောပုံရိပ်‌လေးကို တိတ် တဆိတ် ကြည့်နေခဲ့ပြီး သူ၏ နှလုံးသားသည် ပြင်းပြင်းထန်ထန် နာကျင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုလူကတော့ ချောင်ရွှန်းဂျန် ဖြစ်သည်။

ကျန်းရွန်ရှင်းနှင့် ရှီကန်ဟိုင်တို့ တိုက်ခိုက်ကြသောအခါ လင်းယွင်သည် ချင်ယွင်ဖြစ် ကြောင်း သူသိခဲ့သည်။ ပထမတော့ ချင်ယွင်ကို အသက်သစ်ပင်က ဆွဲခေါ်သွားစဉ် သူ အရမ်းပျော်သွားခဲ့သည်။ ကျန်းရွန်ရှင်းရရှိရန် သူ နောက်တစ်ကြိမ် အခွင့်အရေးရပြီဟု ထင်ခဲ့သည်။ သို့သော်လည်း ကျန်းရွန်ရှင်းသည် လင်းယွက်အတွက် သုံးရက်နှင့် သုံးညတိုင်တိုင် တွင်းနက်ကြီးဘေးမှာ အမှန်တကယ် စောင့်နေခဲ့သည်ကို မြင်သောအခါ သူမှားမှန်း သိလိုက်သည် ။

ရှီကန်ဟိုင်က သူ့ကို လင်းယွင်ကိုသတ်ပစ်ရန် တောင်းဆိုခဲ့သည်ကို သူသတိရမိသည် ။ ယခု လုံးဝ မလိုအပ်တော့သလိုပင် ။ လင်းယွင် အသက်ရှင်လျက် ပြန်လာနိုင်လျှင်ပင် လင်းယွင်ကို သတ်ရန် နောက်တစ်ကြိမ် သူမရွေးချယ်တော့ပေ။ ချင်ယွင် သေဆုံးသွားသည်နှင့် ကျန်းရွန်ရှင်း၏ နှလုံးသားသည်လည်း သေဆုံးသွားပါလိမ့်မည်။

ချောင်ရွှန်းဂျန်သည် တစ်ခုခုကို နားလည်သွားပုံရသည်။ သူသည် ကောင်းကင်ယံကို မော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ နောက်ဆုံးတွင် သူ၏မျက်နှာမှာ မျက်ရည်များသာ ကျန်ရစ်ခဲ့သည်။

ယခုအချိန်တွင် ကျန်းရွန်ရှင်း လွမ်းဆွတ်တမ်းတနေသော ချင်ယွင်သည် အလွန် အံ့သြဖွယ်ကောင်းသော အခြေအနေတွင် နှစ်မြုပ်နေပါသည်။ သူသည် မြေကြီးအောက် မီတာသုံးထောင် ကျယ်ဝန်းသော မြေအောက်လိုဏ်ဂူထဲတွင် လွင့်မျောနေပြီး သူ၏ဘေးတွင် အသက်သစ်ပင်၏ သဲလွန်စပင် မရှိချေ။

ချင်ယွင်၏ ဒန်တန်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ချင်ယွင်၏ ဒန်တန်ထဲတွင် သူ၏ချီရေကန်တ၀က်ကျော်လောက်ကို သိမ်းပိုက်ထားကာနက်ရှိုင်းစွာ အမြစ်တွယ်နေသော သူ့ဒန်တန်၏ အလယ်ဗဟိုတွင် အထိုင်ချ နေထိုင်သည့် အချင်း မီတာငါးရာရှိသော မြင့်မားလှသော သစ်ပင်ကြီး တစ်ပင်ကို သူမြင်လိုက်ရသည်။

ယင်းသည် အသက်သစ်ပင်မဟုတ်လျှင် မည်သည့်အရာဖြစ်မည်နည်း။

ဒါက ဘယ်လိုအခြေအနေမျိုး ဖြစ်ခဲ့တာလဲ?။

ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျသွားသည်။ အသက်သစ်ပင်၏ ဆွဲငင်ခြင်းကို ခံရကြောင်း သူ သတိရမိသည်။ ထို့နောက် သူ၏ရင်ဘတ်မှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ဘာမှမသိဘဲ သူ မူးလဲသွားသည်။

"ကောင်စုတ်လေး၊ မင်းတော့ ကံကောင်းတာပဲ‌။" ချင်ယွင်သည် စိတ်ဓာတ်ကျနေချိန်မှာ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက တဖန်ထွက် ပေါ်လာခဲ့သည်။

"ကံကောင်းသွားတာလား?" ချင်ယွင်သည် ဝေခွဲမရဖြစ်သွားရသည်။

"သေချာပေါက် မင်းကံကောင်းတာပေါ့ကွ။ အခု အသက်သစ်ပင်ဟာ မင်းရဲ့ ကိုယ်ပွားဖြစ်နေပြီလို့ မင်း မခံစားနိုင်ဘူးလား" ‌ရှေးဟောင်းတာအိုက ကျိန်ဆဲလိုက် သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အသက်သစ်ပင်က သူ့ကိုယ်ပွား ဖြစ်လာသလား။

သို့သော် ဤအခိုက်အတန့်တွင် သူသည် အသက်သစ်ပင်နှင့် ရင်းရင်းနှီးနှီး ချိတ်ဆက်မိ ကြောင်း ရုတ်တရက် သိလိုက်ရသည်။ အသက်သစ်ပင်သည် သူဖြစ်သလို သူသည် လည်း အသက်သစ်ပင်ဖြစ်သွားသကဲ့သို့ပင်။

အတွေးတချက်ဖြင့် သူသည် အသက်သစ်ပင်၏ အကိုင်းအခက်များနှင့် ပင်စည် ကိုယ်ထည်အားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

ပို၍ အရေးကြီးသည်မှာ၊ အသက်သစ်ပင်သည် သူ့အား ကျင့်ကြံနိုင်စေသည့် လွတ်လပ်သော အတွေးအမြင်များကိုလည်း ပိုင်ဆိုင်နိုင်သည်။

"ငါ့လခွမ်း ၊ ငါ အသက်သစ်ပင်ကိုယ်ပွားကို တကယ်ကြီး ပိုင်ဆိုင်ခဲ့ပြီလား" ချင်ယွင်သည် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ အသက်သစ်ပင်၌ရှိသော အသိစိတ်သည် သူနောက်တ‌စ်ယောက်ဟုပင် ခံစားနိုင်သည်။

သူတို့သည် အပြန်အလှန် ချိတ်ဆက်ထားကြပါသည်။ သူတို့မှာ အမှီအခိုကင်းသည့် ကိုယ်ပိုင် အတွေးအမြင်များရှိသော်လည်း သူတို့၏အသိဉာဏ်၊ အမြင်နှင့်မှတ်ဉာဏ် များကို မျှဝေခံစားနိုင်ကြသည်။ ထို့ကြောင့်၊ အသက်သစ်ပင်သည် အခြားလူတစ်ဦး လုံးလုံးဖြစ်သွားသည်ဟုဆိုနိုင်သည်။

"ဒါပေမယ့် ဒီအသက်သစ်ပင်က ငါ့ကိုယ်ပွား ဘယ်လိုလုပ် ဖြစ်လာရတာလဲ" ချင်ယွင်က သံသယစိတ်ဖြင့် ထပ်မေးသည်။

"ဒါက မင်းရဲ့ရင်ဘတ်ပေါ်က အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကြောင့်ပဲပေါ့ကွာ ။ အဲဒီစည်းတံဆိပ်က အသက်သစ်ပင်ကို မင်းရဲ့ခန္ဓာကိုယ်ထဲကို အရင်စုပ်ယူပြီး အသက်သစ်ပင်မှာရှိတဲ့ အသိစိတ်အားလုံးကို ရှင်းထုတ်ပစ်လိုက်တယ်။ အဲဒီနောက် မင်းရဲ့စိတ်၀ိညာဥ်ကို တိုက်ရိုက် နှစ်ခြမ်းခွဲပြီး တစ်ဝက်ကို အဲဒီအသက်သစ်ပင်ထဲ ထည့်လိုက်တာပဲ"

ချင်ယွင်သည် မယုံနိုင်လောက်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူနိုးလာသောအခါ သူ၏ခေါင်းသည် အလွန်နာကျင်နေသည်မှာ အံ့သြစရာ မရှိတော့ပေ။ သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်ခြင်း၏ကျန်ရစ်ခဲ့သော နောက်ဆက်တွဲ အကျိုးဆက်တစ်ခုဖြစ် ကြောင်း ပေါ်လွင်လာပြီး ယင်းအရာအားလုံး

သည် အမှန်တကယ်ပင် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းအမှတ်သားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့သော် အသက်သစ်ပင်၏ကိုယ်ပွားသည် ချင်ယွင်အတွက် များစွာအကျိုးရှိမည် ဖြစ်သည်။

"ဒါပေမယ့် ကျွန်တော် ရှင်းရှင်းလင်းလင်းပြောရရင် စိတ်ဝိညာဥ်ပုလဲကို မသုံးခဲ့ပါဘူး၊ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကျန်တစ်ဝက်လောက်က အသက်သစ်ပင်ရဲ့ ခန္ဓာကိုယ်ကို ဘာကြောင့် သိမ်းပိုက်နိုင်ရတာလဲ" ချင်ယွင်သည် နောက်တစ်ကြိမ် အံ့သြသွားပြန် သည်။ ယုတ္တိဗေဒအရပြောရလျှင် စိတ်ဝိညာဉ်တစ်ခုခွဲထုတ်၍ ကိုယ်ပွားတစ်ခု ပိုင်ဆိုင်ရန်၊ စိတ်ဝိညာဉ်ပုလဲတစ်လုံး လိုအပ်သည်။

စိတ်ဝိညာဥ်ပုလဲသည်သာလျှင် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရာမှာ ခြွင်းချက်မရှိ အဆင်ပြေနိုင်သည်။ မဟုတ်ပါက အခြားစိတ်၀ိဉာဥ်တစ်ဝက်သည် အခြားကိုယ်ပွားခန္ဓာကိုယ်ထဲသို့ ဝင်သွားသော်လည်း၊ ၎င်းသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိစေဘဲ ပြင်းထန်သောဖယ်ထုတ်မှုကို ဆက်လက် ဖြစ်ပေါ်စေမည်ဖြစ်သည်။

ယခုမူ ချင်ယွင်သည် အသက်သစ်ပင်၏ ငြင်းပယ်ခြင်းကို နည်းနည်းလေးမျှ မခံစားနိုင်တော့ပေ။ သူ၏အခြားစိတ်ဝိညာဉ်သည် အသက်သစ်ပင်၏ကိုယ်ခန္ဓာကို အပြည့်အဝနီးပါး ထိန်းချုပ်ထားသည်။

‌ရှေးဟောင်းတာအိုက အေးစက်စွာ အော်ငေါက်ရင်း ပြောသည်"စိတ်ဝိညာဥ်ပုလဲက အကြီးမြတ်ဆုံးအင်မော်တယ်ပစ္စည်း စိတ်ဝိညာဉ်အမျိုးအစား ပစ္စည်းတစ်ခုမျှသာ ဖြစ်တယ်လေ။ ခွဲထုတ်ထားသောစိတ်ဝိညာဉ်ကို ၎င်းရဲ့ ကိုယ်ပွားအဖြစ် ထိန်းချုပ် နိုင်ရခြင်းရဲ့ အကြောင်းရင်းကလည်း ၎င်းစိတ်၀ိညာဥ်ပုလဲကသာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းရဲ့ လုပ်ဆောင်ချက်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်ပြီး မင်းရဲ့ခန္ဓာကိုယ်ကိုထိန်း ချုပ်နိုင်ဖို့အတွက် မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သောကြောင့်ဖြစ်တယ်။"

'"အခုဆို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ပိုပြီးအစွမ်း ထက်တဲ့ စိတ်ဝိညာဉ်အမျိုးအစား ရတနာတမျိုးရှိနေ‌တာကြောင့် မင်းက စိတ်ဝိညာဉ်ပုလဲကိုမသုံးဘဲ အသက်သစ်ပင်ရဲ့ ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်ပြီမို့ မင်းရဲ့ခွဲထုတ်စိတ်ဝိညာဉ်ကို အသက်သစ်ပင်ရဲ့ ကိုယ်ခန္ဓာနဲ့ အပြီးအပိုင် အံဝင်ခွင်ကျဖြစ်အောင် ထိန်းချုပ် နိုင်တော့မှာလေ ။ စိတ်ဝိညာဥ်ပုလဲက ဘာလုပ်ဖို့လိုတော့မှာလဲ?"

"ပိုအစွမ်းထက်တဲ့ စိတ်ဝိညာဉ်အမျိုးစားရတနာလား?" ချင်ယွင် အံ့ဩသွားသည်။

"ဟမ့်၊ မင်းဆိုတဲ့ခွေးကောင်လေးမှာ ဘယ်လိုကံကောင်းခြင်းမျိုးတွေရှိနေရတာလဲ ငါ တကယ်မသိဘူး၊ မင်းဟာ ရှေးဟောင်းခေတ် ဖရိုဖရဲ ရတနာတခုကို တကယ် ပိုင်ဆိုင်ထားတာလား ငါမသိဘူး။ မင်းရင်ဘတ်ပေါ်က အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ရဲ့ မူလဇစ်မြစ်ကို မင်းသိလား။ “ ‌ရှေးဟောင်းတာအိုက မနာလိုတဲ့အရိပ် အမြွက်နဲ့ ပြောလိုက်သာ်။

"အဲဒါလား။ ဒီ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က စိတ်ဝိညာဉ်အမျိုးအစား ရှေးဟောင်းခေတ် ဖရိုဖရဲရတနာ တစ်ခုလား။" ချင်ယွင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ ဤအစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် မည်သည့်အရာ ဖြစ်သနည်း ဤမေးခွန်းက သူ့ကို အမြဲတမ်း ပူပန်စေခဲ့သည်။ ဤ

အခိုက်အတန့်တွင် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းအမှတ်သား၏လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် သိလာလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

"ဒီထက်ဘာများရှိသေးမှာလဲ၊အဲဒါက ကောင်းကင်နဲ့ မြေကြီးကြားကသဘာ၀အတိုင်း မွေးဖွားလာတဲ့ တန်ခိုးအကြီးဆုံး ရတနာသုံးပါးထဲက တစ်ခုပဲလေ။ ပန်ဂုပုဆိန်နဲ့ ဖရိုဖရဲခေါင်းလောင်းတို့လိုပဲ နာမည်ကြီးတယ်။ သူ့ရဲ့ နာမည်က ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ဖြစ်တယ်။ မိုးပြာဧကရာဇ်ရဲ့ ဒဏ္ဍာရီကို မင်းကြားဖူးသလား။ ?" ‌ရှေးဟောင်းတာအိုက ပြောသည်။

"ကျွန်တော်သိပါတယ်!" ချင်ယွင် အကြိမ်ကြိမ် ခေါင်းညိတ်သည်။

"ဒဏ္ဍာရီလာ မိုးပြာဧကရာဇ်ဟာ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းရဲ့ စိတ်ဝိညာဉ်ပစ္စည်း တခုဖြစ်တယ်။" ‌ရှေးဟောင်းတာအိုက ပြောသည်။

ချင်ယွင်သည် ချက်ချင်းဆိုသလို သူ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး " ဒီပြိုင်ဘက်ကင်း ဒဏ္ဍာရီဆန်ဆန် မယုံကြည်နိုင်လောက်တဲ့ မိုးပြာဧကရာဇ်ဟာ တကယ်ပဲ စိတ်ဝိညာဥ်ပစ္စည်းတခုလား"

All Chapters