← Chapters

လျှို့ဝှက် ဆန်းကြယ်သော လီချင်း

Vol. 8 Ch. 114

လျှို့ဝှက် ဆန်းကြယ်သော လီချင်း

Vol. 8 Ch. 114

အခန်း (၁၁၄) လျှို့ဝှက် ဆန်းကြယ်သော လီချင်း

ချင်ယွင်သည် မိုးပြာဧကရာဇ်သည် အမှန်တကယ် စိတ်ဝိညာဥ်ပစ္စည်း တစ်ခု ဖြစ်သည် ဟူသောအချက်ကြောင့်အလွန်တုန်လှုပ်သွားခဲ့သည်။ သူ၏ရင်ဘတ်ပေါ်ရှိအစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ထိုအချိန်တုန်းက မိုးပြာ ဧကရာဇ်ဖြစ်သည်ဟု မဆိုလိုပေ။

"လက်နက်စိတ်ဝိညာဉ်တွေကလည်း ကျင့်ကြံနိုင်တာပဲလား ၊ မိုးပြာဧကရာဇ်က ဘာလို့ ထပ်ပြီး ပျောက်ကွယ်သွားရတာလဲ။" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

'"ဟုတ်တယ်၊ သာမန်လက်နက်စိတ်ဝိညာဉ်တွေက မကျင့်ကြံနိုင်ပေမယ့် ဖရိုဖရဲ ရတနာတွေကတော့ မတူဘူး။ သူတို့ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရကနေ မွေးဖွားလာကြတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ ထူးခြားတဲ့ သက်ရှိ အမျိုးအစားတစ်ခု အဖြစ် ထည့်တွက်နိုင်တာကြောင့် သဘာဝအတိုင်း ကျင့်ကြံနိုင်ကြ တယ်။ ဘာကြောင့် နောက်ပိုင်းမှာ ပျောက်ကွယ်သွားသလဲ ဆိုတာကတော့ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကောင်းကင်တုန်ခါလောက်တဲ့ တိုက်ပွဲကြောင့် ဖြစ်လိမ့်မယ်။ အခြေအနေ အတိအကျကိုတော့ မသိနိုင်ဘူး။" ‌ရှေးဟောင်းတာအိုက ဒီကိစ္စကို ပြောချင်ပုံမပေါ်ပါဘူး။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဆက်မမေးတော့ပေ။ သို့သော် ချင်ယွင်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ လျှို့ဝှက်ချက်ကို သိလိုက်ရသည့် အတွက် အလွန်ကျေနပ်သွားခဲ့သည်။

ယခုတော့ သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း အမှတ်အသားသည် ရှောင်ဘိုင်နှင့် ဒေါသထန်ပြင်း ဧရာမလူဝံသားပေါက်လေးနှစ်ကောင်ကို ကျွန်အဖြစ် ခိုင်းစေနိုင်သည့် အကြောင်းရင်းကို သူ နောက်ဆုံး နားလည်လာခဲ့သည်။

သူသည် အသက်သစ်သီးအတွက် ဤတိုက်ပွဲမှာ အကြီးအကျယ်ရိတ်သိမ်းသူ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထား‌ပေ။ သူသည် အသက်အသီးကို ရရှိခဲ့ရုံသာမက အသက်သစ်ပင်ကိုလည်း သူ၏ကိုယ်ပွားအဖြစ် ပိုင်ဆိုင်ခဲ့ရသည်။

ထိုအချိန်တွင် ရှေးဟောင်းတာအိုသည် ချင်ယွင်ကို နောက်ထပ် ကြီးမားသည့် အံ့အားသင့်စရာတခုကို ထပ်ပေးခဲ့သည်။

မူလက အသက်သစ်ပင်သည် အတိုင်းအတာတစ်ခုအထိ လူသားအသွင်သဏ္ဍာန်သို့ မပြောင်းလဲနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ကိုယ်ပွားဖြစ်လာပြီးနောက် ချင်ယွင်ဆန္ဒရှိသရွေ့၊ သူသည် လူသားအသွင်သဏ္ဍာန်သို့ တိုက်ရိုက် ပြောင်းလဲသွား နိုင်သည်။

ချင်ယွင်သည် သူနှင့်ရုပ်ရည်တူသော အစိမ်းရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားကို ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ထူးဆန်းသော ရက်စက်ကြမ်းကြုတ်မှုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ကြည့်လိုက်ရတော့ မှန်ထဲမှာ ပြန်ကြည့်နေရသလိုပင်။

"ငါက မင်းရဲ့ သစ်သားစွမ်းရည်ကိုယ်ပွားပါ။" အစိမ်းရောင် ၀တ်ဆင်ထားသော ချင်ယွင်က ပြုံးကာ ပြောလိုက်သည်။

"ဟယ်လို၊ ငါက အစစ်အမှန် ချင်ယွင်ပါ" ချင်ယွင် က ပြန်ဖြေသည်။

ထို့နောက် ချင်ယွင်နှစ်ယောက်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

မြူနှင်းချောက်နက်ဓားရှိ ရှေးဟောင်းတာအို သည် တခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားရ၏။ သူ့ကိုယ်သူ ပျော်နေသော ချင်ယွင် ကိုကြည့်ပြီး သူ၏စိတ်ထဲ မကျိန်ဆဲ မနေနိုင်တော့။ "ငါရှေးဟောင်းတာအိုဟာ ဒီလောက်မိုက်မဲတုံးအတဲ့ တပည့်ကို ဘယ်လိုလုပ် လက်ခံမိပါလိမ့်။ တွေးကြည့်ရင် ကိုယ့်ကိုယ်ကို စကားပြောနိုင်တာာက အလွန်ခက်ခဲတဲ့ ကစားနည်းများလား"

ချင်ယွင်သည် အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်၏ခန္ဓာကိုယ်တွင် အဆုံးမရှိ အသက်ဓာတ်ကြွယ်ဝမှုကို ခံစားနိုင်ပြီး အတွေးတစ်ချက်ဖြင့်ပင် သူသည် အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို တိုက်ရိုက် စုစည်းနိုင်ခဲ့သည်။

သို့သော်လည်း အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် သူ့ခန္ဓာကိုယ်အစစ်၏ ကိုယ်အတွင်းရှိ စွမ်းအားများကို စုစည်းနိုင်ပုံမပေါ်ပေ။ ဤသည်မှာ သူ၏ကိုယ်ခန္ဓာ အစစ်အမှန်နှင့် သူ၏ကိုယ်ပွားများကြား ခြားနားချက်ဖြစ်နိုင်သည်။

ထို့နောက် ချင်ယွင်သည် အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်ကို ကောင်းကင်ဘုံ ကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ သစ်သားစွမ်းရည်ရှိသည့် နေရာသို့ တိုက်ရိုက် ထည့်သွင်းကာ ထိုကိုယ်ပွားကို သူ့ဘာသာသူ ကျင့်ကြံနားလည် စေနိုင်ခဲ့ သည်။ အစိမ်းရောင်ဝတ်ထားသည့်ချင်ယွင်၏ ခန္ဓာကိုယ်တွင်အစွမ်းထက်သော သစ်သားစွမ်းရည်များပါ၀င်သောကြောင့်၊ သူသည် သစ်သားစွမ်းရည်နည်းပညာရပ်ကို ကျင့်ကြံသောအခါ အစကတည်းကပင် လျင်မြန်စွာတိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင် တည်ငြိမ်သွားခဲ့သည်။

"ငါ့ရဲ့အစစ်မှန်ခန္ဓာကိုယ်က အဆင့်ချိုးဖြတ်နိုင်သလောက်ပဲ ငါ့ရဲ့ကိုယ်ပွားကလည်း အဆင့်ချိုးဖြတ်နိုင်လိမ့်မယ်။ ဒါက ငါ့ကိုယ်ပွားရဲ့ ကန့်သတ်ချက် ဖြစ်တယ်။ ဒီလိုမှ မဟုတ်ဘဲ၊ ငါ့ကိုယ်ပွားရဲ့ကျင့်ကြံမူက အရမ်းသန်မာနေမယ်ဆိုရင်၊ အဆုံးသတ်မှာ ငါက ငါ့ကိုယ်ပွားကို ထိန်းချုပ်ရာမှာ အဆင်မပြေတော့ဘူး"။

ထိုအချိန်တွင် နားလည်သဘောပေါက်မူနှင့် ပတ်သက်ပြီး ကျင့်ကြံခြင်းကို ကန့်သတ်ထားခြင်း မရှိသောကြောင့် အစိမ်းရောင် ၀တ်ဆင်ထားသော ချင်ယွင်သည် သစ်သားစွမ်းရည်ရှိသောနေရာတွင်‌နေထိုင်ကာ သစ်သားစွမ်းရည် သဘောတရား များကို နားလည်သဘောပေါက်ရန် စိတ်နှလုံးကို အကြွင်းမဲ့ အသုံးပြုနိုင်သည်။

ဤကိစ္စကိုဖြေရှင်းပြီးနောက် ချင်ယွင်သည် မြေအောက်မှာမနေတော့ဘဲ အသက်သစ်ပင် နောက်မှာကျန်ခဲ့သော ခြေရာလမ်းကြောင်းများအတိုင်း တွယ်တက် လာခဲ့သည်။

အသက်သစ်ပင်သည် ချင်ယွင်နှင့် တခြားလူများကို အလွန်နက်နဲသည့်နေရာအထိ ဆွဲငင်သွားမှုကြောင့် ချင်ယွင်သည် မြေပြင်ပေါ်ထိတက်ရနမ သုံးနာရီလောက် အချိန်ယူခဲ့ရပါသည်။

သူသည် အပေါ်ကိုရောက်ခါနီးမှာ ကျန်းရွန်ရှင်းသည် ကျင်းထဲသို့ခုန်ချရန် ပြင်ဆင်နေ သည်ကို သူတွေ့လိုက်ရပြီး ယင်းက ချင်ယွင်ကို ထိတ်လန့်သွားစေခဲ့သည်။

သူသည် ထပ်မတက်လိုတော့ပေ။ သူသည် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်အသုံးပြုပြီး ခုန်တက်ကာ ကျန်းရွန်ရှင်းကို ချက်ခြင်းပွေ့ဖက်ပြီး မြေပေါ်ကို လှဲချလိုက်သည်။

ကျန်းရွန်ရှင်းသည် ချင်းယွင် လေးရက်လုံးလုံး အပြင်မထွက်လာသည်ကို မြင်ရသော ကြောင့် သူမသည် ကိုယ့်ကိုယ်ကို သတ်သေရန် စိတ်ကူးရှိခဲ့သည်။ သူမသည် ချင်ယွင်နှင့်အတူ ခုန်ဆင်းရန် ရည်ရွယ်ထားပေမယ့် ပြန်တက်လာနေသည့် ချင်ယွင်က သူမကို ဝင်တိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။ ယင်းကြောင့်ပင် စောပိုင်းလေးက မြင်ကွင်းမျိုး ဖြစ်သွားခဲ့ရ၏။

ကျန်းရွန်ရှင်းသည် သူမအား ရုတ်တရက် တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကို ခံစားလိုက်ရသောကြောင့် သူမသည် မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူမကို နေ့ရောညပါ တွေးတောလွမ်းမောစေသော မျက်နှာတစ်ခုဖြစ်ကြောင်း သူမတွေ့ရှိခဲ့ရ သည်။ သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး ချင်ယွင်၏ မျက်နှာကိုဆွဲကိုင်ကာ " ဒါက အိပ်မက်မက်နေတာလား?"

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ဤကလေးမလေး ကျန်းရွန်ရှင်းသည် ပိုပိုပြီး ချစ်ဖို့ကောင်းလာပြီး သူမသည် ချစ်စရာကောင်းလွန်းတာကြောင့် လူအများ၏ နှလုံးသားကို နာကျင်စေရလိမ်မည်။

"ဟုတ်ပါတယ်၊ ဒါက အိပ်မက်မဟုတ်ပါဘူး။

ငါပြန်လာပြီလေ!" ချင်ယွင်က ညင်သာစွာပြောသည်။

ကျန်းရွန်ရှင်းသည် ချက်ချင်းပင် ချင်ယွင်၏ ရင်ခွင်ထဲသို့ ခုန်ဆင်းကာ ငိုကြွေးလိုက်သည်။

"အရူးမလေး၊ ငါပြန်မလာဘူးလား" ချင်ယွင်သည် ပြင်းထန်စွာ ကြေကွဲနေသော အသံဖြင့် ပြောလိုက်သည်။ နတ်ဆိုးမလေး ကျန်းရွန်ရှင်းသည် သူ့အပေါ် ဤမျှချစ်ခင်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူမသည် ဤနေရာတွင် လေးရက်နှင့်လေးည နေခဲ့ပြီး သူ့အတွက် အမှန်တကယ် သတ်သေခဲ့သည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ချင်ယွင်၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့သည်။ သို့သော် သူမ အိပ်ပျော်သွားသောအခါတွင် သူမသည် နိုးလာသော အခါ ချင်ယွင် တဖန်ပြန်ပြီးပျောက်ကွယ်သွားမှာကို ကြောက်ရွံ့နေသည့်အလား ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ လှပသောမျက်နှာကို ကြည့်ပြီး ဝဲကျလာသောမျက်ရည် များကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကျန်းရွန်ရှင်းကို အရုဏ်တက်သည်အထိ ‌ယင်းအနေထားတိုင်း အိပ်စက်ခိုင်းလိုက်သည်။

ကျန်းရွန်ရှင်းသည် အိပ်ရာကနိုးနိုးချင်း အရင်ဆုံး ချင်ယွင်က သူမကို ကြည့်နေသည်ကို တွေ့လိုက်ရလျှင် ရှက်ပြုံးလေး ပေါ်လာပြီး "နင် တစ်ညလုံး ငါ့ကို ဒီလိုကြည့်နေ တာလား?"

ချင်ယွင်က လေးလေးနက်နက် ခေါင်းညိတ်ပြကာ ပြုံးလိုက်ပြီး "မင်းအိပ်နေတဲ့ အချိန်မှာ မင်းဟာ အရမ်းလှုပ်ရှားနေတာကို ငါတွေ့ခဲ့တယ်" ဟု ပြောလိုက်သည်။

ကျန်းရွန်ရှင်း၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာပြီး ပျားရည်ကို စားလိုက်သကဲ့သို့ သူမ၏ နှလုံးသားသည် ချိုမြိန်နေလေသည်။

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ မျက်နှာပေါ်ရှိ ပျော်ရွှင်သော အပြုံးကို ကြည့်ပြီး သူ၏ စိတ်နှလုံးသည်လည်း အလွန်ပျော်ရွှင်နေပါသည်။

အမှန်တကယ်တော့ အရင်က အချစ်ဆိုတာ ဘာလဲ သူမသိပါဘူး။ မနေ့ညကမှ တခဏကြာ တွေးတောပြီးနောက် နောက်ဆုံးတော့ အချစ်ဆိုတာ အကာအကွယ် ပေးခြင်းဆိုသည်ကို သူ နားလည်သွားခဲ့ပါသည်။ ချစ်ခြင်းမေတ္တာဟူသည် တစ်ဖက်သားကို ပျော်ရွှင်စေပြီး ပိုမိုကောင်းမွန်သောဘဝမှာ ရှင်သန်နေထိုင်နိုင်‌စေရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်ကိုယ်တိုင်လည်း တစ်ဖက်သား၏ ပျော်ရွှင်မှုမှတဆင့် ပျော်ရွှင်မှုများကိုလည်း ရယူနိုင်မည်ဖြစ်သည်။

"အို ဟုတ်သားပဲ ၊ ဇောင်ယုက လီချင်းလို့ ခေါ်တဲ့ လူတစ်ယောက်နောက်ကို လိုက်သွားပုံရတယ်။ ငါတို့ သွားကြည့်ကြမလား?" ကျန်းရွန်ရှင်းက ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ လီချင်းသည် ချီစွမ်းအင်လမ်းကြောင်း ပိတ်ဆို့ခြင်းပညာရပ်ကို ဇောင်ယုအပေါ်တွင်အသုံးပြုခဲ့သူ မဟုတ်ပါလော။ ဤသူသည် တိုင်ယွန်တောင်တန်း၌ အမှန်ပင်ရှိနေခဲ့သည်။

"သူတို့က ဘယ်ကို ဦးတည်သွားတာလဲ။" ချင်ယွင်က ပြောသည်။ ဇောင်ယုကို လီချင်းကို တစ်ယောက်တည်းရင်ဆိုင်ရန် သူ ခွင့်မပြုနိုင်ပေ။ လီချင်းသည် အနည်းငယ် ထူးဆန်းသည်ဟု အမြဲလိုလို ခံစားလာရသောကြောင့် သူသည် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

"အဲဒီဘက်ကို ဦးတည်သွားတယ်။" ကျန်းရွန်ရှင်းက တောင်ဘက်အရပ်ကို ညွှန်ပြပြီး ပြောလိုက်တယ်။

"သွားကြည့်ရအောင်!" ယင်းနောက် သူသည် ကျန်းရွန်ရှင်းကို ဆွဲကိုင်ပြီး တောင်ဘက်အရပ်ကို ပြေးသွားခဲ့သည်။

ထို့အပြင် ချင်ယွင်သည် ရှောင်ဘိုင်၏ တည်ညနေရာကို သတိပြုမိသောအခါ ရှောင်ဘိုင် သည်သည်း တောင်ဘက်အရပ်တွင် ရှိနေပုံရကြောင်း သူတွေ့ရှိခဲ့ရသည်။

ယင်းကြောင့် ချင်ယွင်သည် တောင်ဘက်တွင် ၎င်းတို့ကို စောင့်မျှော်နေသကဲ့သို့ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရရှိစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ချင်ယွင်သည် တောင်ဘက်အရပ်ကို။ သွားရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ရှောင်ဘိုင်သည် သူ၏အဖော်ဖြစ်ပြီး ဇောင်ယုသည် သူ၏တပည့်ဖြစ်သည်။ သူတို့နှစ်ဦးသည် ချင်ယွင်အတွက် အလွန်အရေးကြီးသည်။

လမ်းတစ်လျှောက်တွင် ချင်ယွင်သည် နေ့တစ်ဝက်ကျော် လမ်းလျှောက်ခဲ့ပြီး နောက်ဆုံးတွင် ဇောင်ယုကို တွေ့ရှိခဲ့ရသည်။

ဇောင်ယုသည် သူ၏တစ်ကိုယ်လုံး သွေးများဖြင့်စိုရွှဲကာ မြေပြင်ပေါ်သို့ လဲကျနေသည်။ သူ၏ခန္ဓာကိုယ်မှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေပြီး သေလုမျောပါး ဖြစ်နေပြီ။ သူ့အင်မော်တယ် ရွှေကိုယ်ထည်ခန္ဓာ၏ အလွန်သန်မာသော ပြန်လည် ကုစားခြင်း အစွမ်းကြောင့်သာ မဟုတ်ပါက၊ သူသည် ဟိုးရှေးယခင်ကတည်းက သေဆုံးသွားပေလိမ့်မည်။

ဇောင်ယုသည် ချင်ယွင်ကိုမြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်သော်လည်း အလွန်ပြင်းထန်သော နာကျင်မှုကြောင့် သူ၏အပြုံးကို ပုံပျက်သွားစေခဲ့သည်။ “ဆရာ … ဆရာ … မသေသေးဘူး၊ ကောင်းလိုက်တာ …”

“စကားမပြောသေးနဲ့ဦး ၊ ကုသမူကိုပဲ အာရုံစိုက်ထားပါ။ ချင်ယွင်က ပြောလိုက်သည်။

ဇောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။

"အင်မော်တယ် ရွှေကိုယ်ထည်ခန္ဓာ" သည် ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်ပြီး ကျင့်ကြံသူကို သေခြင်းတရားအထိ အဖန်ဖန် တွန်းအားပေး ကာ ဒဏ်ရာများကို ဖြတ်ကျော်ရန် အသုံးပြုကြသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဇောင်ယုသည် သူ၏ ကျင့်ကြံအတွက် ရှားပါးသော အကျိုးကျေးဇူးတစ်ခုခု ရရှိပေလိမ့်မည်။

All Chapters