ကိုယ်စီ လမ်းခွဲခြင်း
Vol. 8 Ch. 115
အခန်း (၁၁၅) ကိုယ်စီလမ်းခွဲခြင်း။
ဇောင်ယုသည် ဒဏ်ရာများကို ကုစားနေရာမှနိုးထလာသောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။
ထို့နောက် ချင်ယွင်သည် ယခင်က ဖြစ်ပျက်ခဲသည်များကို မေးမြန်းခဲ့သည်။ ဇောင်ယု သည် လီချင်း၏ပုံသဏ္ဍာန်ကိုတွေ့ရှိပြီးကတည်းက လီချင်း၏နောက်သို့လိုက်နေခဲ့ခြင်း ဖြစ်သည်။ ဇောင်ယုသည် သူ၏ နောက်သို့ လိုက်နေကြောင်း လီချင်းသည် အမှန်တကယ် တွေ့ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် နှစ်ယောက်သား တိုက်ခိုက်ဖြစ်ကြသည်။
လီချင်း၏ စွမ်းအားသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ အမှန်တကယ်ရောက်ရှိသွားပြီဖြစ်ကြောင်း မည်သူကရော သိထားမည်နည်း။ ဇောင်ယု သည် သဘာဝအတိုင်း ယှဉ်နိုင်ခြင်းမရှိသော ကြောင့် နောက်ဆုံးတွင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ လီချင်းသည် အလျင်လိုနေဟန်မရှိပါက ဇောင်ယုသည် လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းကပင် သေဆုံးသွားပေလိမ့်မည်။
ယင်းစကားများကိုကြားလျင် ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ လီချင်းသည် လွန်ခဲ့သည့် သုံးနှစ်က သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီဟု ယခင်က ဇောင်ယုသည် သူ့ကို ပြောခဲ့ဖူးသည် ။ယခုသုံးနှစ်အတွင်း သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာသို့ မည်သို့ရောက် ရှိနိုင်မည်နည်း။ ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော ဘိုချီဟန်ပင်လျှင် ဤမျှ ကြောက်စရာကောင်းသော ကျင့်ကြံမှုအရှိန်သို့ မရောက်ရှိနိုင်ပေ။
ထို့အပြင် လီချင်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွာတွင် ဆယ်နှစ်ကြာ ပိတ်ဆို့နေခဲ့ကြောင်း ဇောင်ယုသည် တစ်ချိန်က ပြောခဲ့ဖူးသည်။ ယခုလို ညံ့ဖျင်းသည့်ပါရမီရှိသူတစ်ယောက်သည် သူ၏ ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် မည်ကဲ့သို့တိုးမြှင့်နိုင်မည်နည်း။
လီချင်နှင့်ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဟု ချင်ယွင်သည် အမြဲတမ်း ခံစားနေရသည်။ သူနှင့်ပတ်သက်ပြီး တစ်ခုခုတော့ ဖြစ်ခဲ့ရမည် ။
မူမမှန်သူများသည် နတ်ဆိုးများဖြစ်ကြသည်။ အရာရာတိုင်းမှာ သူ့ကံကြမ္မာနှင့်သူ ရှိကြသည်။
အကယ်၍ သူသည် သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်လိုပါက သတ်မှတ်ထားသည့် တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မည်။ သို့သော် လီချင်းသည် မကောင်းသည့် မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းလမ်းကြောင်းကို လိုက်သွားလေသလား သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုကို အသုံးပြုခြင်း ဖြစ်မလားဆိုသည်ကိုတော့ ချင်ယွင် မသိပေ။ သို့သော် ၎င်းနည်းလမ်းနှစ်မျိုးစလုံးသည် ရလာဒ်ကောင်းများ ရရှိမည် မဟုတ်ပေ။
ထို့နောက် ချင်ယွင်သည် လီချင်းထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း ဇောင်ယုနောက်မှ လိုက်လာခဲ့သည်။ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် လီချင်း၏ခြေရာကို မတွေ့နိုင်ခဲ့ပေ။ ကူကယ်ရာမဲ့စွာဖြင့် ချင်ယွင်သည် ခေတ္တ စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကံကောင်းထောက်မစွာ၊ ဇောင်ယု၏ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အထိန်းကွပ်မဲ့ ကြမ်းတမ်းသော ဝိညာဉ်ချီကို ယာယီ နှိမ်နင်းနိုင်ခဲ့သည်။ သူသည် ဝိညာဥ်စွမ််းအားပေါက်ကွဲပြီး တစ်နှစ်ခွဲကြာအောင် မသေနိုင်တော့သည့်အတွက် လီချင်းကိုရှာဖွေရန် အလောတကြီး ဖြစ်နေစရာ မလိုတော့။
သူမိုးကြိုး၀ိညာဥ်ဂိုဏ်းထဲပြန်ဝင်လာသမျှ ချင်ယွင်သည် လီချင်းကို တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနိုင်လိမ့်မည်။ ထို့အပြင် လီချင်း ၏ ကျင့်ကြံမှုအဆင့်မှာ ရုတ်တရက် အလွန်တိုးမြှင့်လာခဲ့သည်။ ချင်ယွင် ၏ လက်ရှိအင်အားဖြင့် လီချင်းကို ကိုင်တွယ်ရန် လွယ်ကူမည်မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် ရှောင်ဘိုင်ကိုရှာပြီးနောက် ဂိုဏ်းသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။ ထို့နောက်တွင်၊ ဂိုဏ်း၏သုံးလပတ် အကဲဖြတ်မည့်နေ့သည် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ သူသည် မိုးကြိုး၀ိညာဥ်တောင်သို့ ဝင်ရောက်ရန် အရည်အချင်းများရရှိဖို့ ကြိုတင်ပြင်ဆင်ရမည်။ ဤအခွင့်အရေးကို ရယူပြီး သူသည် ချင်ရွှန်းရွှန်းကို ကယ်တင်ကာ ချင်ဘာတန်အား ကတိပြုထားသည့် အရာကို ပြီးမြောက်စေရမည်။
တစ်ချိန်တည်းမှာပင်၊ သူသည် လျှပ်စီးဟု ယူဆရမည့် ကိုယ်ပွားတစ်ခု ဖန်တီးရန် မိုးကြိုး ၀ိညာဥ်မျိုးနွယ်စု၏ အလောင်းများကို ရှာဖွေရဦးမည်။
ချင်ယွင်တွင် သစ်သားစွမ်းရည် ကိုယ်ပွားတခုရှိပြီးကတည်းက နောက်ဆုံးတွင် သူသည် ကိုယ်ပွားများ၏ စစ်မှန်သော အကျိုးကျေးဇူးများကို မြင်တွေ့လာရသည်။
ယခုအချိန်တွင်၊ သစ်သားစွမ်းရည်ကိုယ်ပွား သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် နေ့ရောညပါရှိနေခဲ့သည်။ ၎င်းသည် ချင်ယွန်းကို အဆုံးမရှိ အံ့အားသင့်စေသည့် သစ်သားစွမ်းရည် အသက်သဘော တရား၏ ပထမအဆင့်ကို နားလည်ရန် သုံးရက်သာ အချိန်ယူခဲ့ရသည်။
ကိုယ်ပွားတစ်ခုဖန်တီးရန်အတွက် သူ၏စိတ်ဝိညာဉ်တစ်ပိုင်းကို ခွဲထုတ်လိုက်ခြင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို များစွာလျော့ကျသွားစေသော်လည်း ချင်ယွင်၏ စိတ်ဝိညာဉ်သည် အစစ်မှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် နောက်ထပ်အခြားကိုယ်ပွားကို ခွဲထုတ်လိုက်လျှင်ပင်၊ သူ၏စိတ်ဝိညာဉ်သည် အင်မော်တယ်အသွင်ကူးပြောင်းနယ်ပယ်သို့သာ ကျဆင်းသွားမည်ဖြစ်သည်။
ချင်ယွင်အတွက်မူ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။
သို့သော် ခွဲထုတ်ထားသောဤစွမ်းရည်ကိုယ်ပွားများသည် ချင်ယွင်၏ စွမ်းအင်ကို မျှဝေနိုင်သည်။ ယင်းက လူတစ်ယောက်ထက် လူနှစ်ယောက်က ပိုမိုမြန်ဆန်အောင် ကျင့်ကြံပေးသလိုမျိုးဖြစ်သည်။ သစ်သားစွမ်းရည်ကိုယ်ပွားသည် တူညီသောသစ်သား စွမ်းရည်များကို နားလည်ဆင်ခြင်ရာတွင် ခိုင်မာသည့် အားသာချက်တစ်ခုရှိသည်၊ ထို့ကြောင့် အစစ်မှန်ချင်ယွင်သည် သစ်သားစွမ်းရည်များအပေါ် နားလည် သဘောပေါက်မူနှင့်ပတ်သက်ပြီး လုံးဝဆင်ခြင်စရာမလိုဘဲ ရပ်တန့်ထားနိုင်၏။ သူသည် အခြားစွမ်းရည်များအပေါ်တွင် သူ၏ စွမ်းအင်ကို လုံး၀အာရုံစိုက်နိုင်သည်။
အလားတူပင်၊ အကယ်၍ ချင်ယွင်သည် လျှပ်စီးစွမ်းရည် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ခဲ့ပါက၊ သူသည် သူ၏လျှပ်စီးစွမ်းရည်ဆိုင်ရာ နားလည်သဘောပေါက်မူများ အပေါ် ၎င်းကိုယ်ပွားကို လုံးလုံးလျားလျား နားလည်ဆင်ခြင်စေနိုင်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်ကမူ သူ့ကိုယ်ပိုင် လေစွမ်းရည်အပေါ် လုံးလုံးအာရုံစိုက်နိုင်မည်ဖြစ်သည်။
ထို့အပြင် ကိုယ်ပွားများသည် ကြီးမားသောအားသာချက်တစ်ခုရှိ၏၊ ဆိုလိုသည်မှာ ၎င်းသည် နောက်ထပ် အသက်တစ်ခုကို မွေးထုတ် ပေးနိုင်သည်။
အကယ်၍ ကိုယ်ပွားများစွာ အသက်ခံရလျှင် ပင် သူ၏မူလခန္ဓာကိုယ် မသေသရွေ့၊ ချင်ယွင်သည် သူ၏ကိုယ်ပွားကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။ သေချာတာက၊ အကယ်၍ သူ၏မူလခန္ဓာကိုယ် အသတ်ခံရမည်ဆိုလျှင် ချင်ယွင်သည် သူ၏ကိုယ်ပွား ပုံစံဖြင့်သာ အသက်ရှင်နေနိုင်သော်လည်း သူ၏မူလခန္ဓာ ကိုယ်ကို ပြန်ပြီး တည်ဆောက်ရန် မဖြစ်နိုင်တော့ပါဘူး။
သေချာသည်မှာ၊ ကိုယ်ပွားများသည် ကောင်းကင်ဘုံကို အလွန်အမင်း အံတုခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဥ်ပုလဲသည် အင်မော်တယ်ကမ္ဘာ၌ပင် တုနှိုင်းမရသည့် တန်ဖိုးမဖြတ်နိုင်သော အကြီးမြတ်ဆုံးအင်မော်တယ်ပစ္စည်း ဖြစ်နေရခြင်းဖြစ်သည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ပိုင်ဆိုင်ထားသောကြောင့် သူ၏လက်ထဲတွင်ရှိသော ဤစိတ်ဝိညာဉ်ပုလဲသည် သူ့အတွက် အသုံးမဝင်တော့ပေ။ သူသည် ဤစိတ်ဝိညာဉ်ပုလဲကို ကျန်းရွန်ရှင်းအား ပေးရန် ရည်ရွယ်ထားသည်။
ဒါပေမယ့် ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး ကျန်းရွန်ရှင်းကို ပြောပြပြီးနောက် ကျန်းရွန်ရှင်းသည် ငြင်းဆိုခဲ့သည့်အပြင် ချင်ယွင်ကို အကူအညီမဲ့ဖြစ်စေသည့် အကြောင်းပြချက်တစ်ခုကိုပင် ပေးခဲ့သေးသည်။ ယင်းက " ဘာလဲ အတူတူ ပျံသန်းချင်လို့လား၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်တဲ့ " ။ (ဘာလဲဟ) ကိုယ်ပွားရော အစစ်ရော two by two ကို ရည်ညွှန်းတာများလား။ ပြောမရဘူး ဒီနတ်ဆိုးမက ပြောရဲဆိုရဲဆိုတော့)
ကျန်းရွန်ရှင်း၏ ထူးဆန်းသော စိတ်ကူးကို ချင်ယွင်သည် လုံးဝယုံကြည်သွားခဲ့သည်။
သို့သော်လည်း ကျန်းရွန်ရှင်း၏ စကားများ သည် ချင်ယွင်ကို လုံးဝ လန့်နိုးစေခဲ့သည်။ သူသည် သူ၏စိတ်ထဲတွင် ရက်စက်ယုတ်မာစွာ ပြုံးနေမိသည်။ သူ၏ကိုယ်ပွားမှာ လည်း ဤစိတ်ဆန္ဒမျိုး ရှိနေတုန်းပဲဆိုသည်ကို သူသိလိုက်ရသည်။ နောင် အနာဂတ်တွင် စမ်းသပ်ကြည့်ရန် တစ်စုံတစ်ဦးကို ရှာဖွေရမည်ထင်၏ ။
ကျန်းရွန်ရှင်းသည် ဧကန်စင်စစ် မွန်းစတားတစ်ကောင်အဖြစ် မွေးဖွားလာသူဖြစ်ရန် ထိုက်တန်သူဖြစ်သည်။ သေချာသည်မှာ သူမသည် ချင်ယွင်၏ အတွေးများကို မြင်ဟန်ဖြင့် သူ့ကို ပြင်းပြင်းထန်ထန်ပင် စိုက်ကြည့်နေသည်။ ပြီးနောက် သူမသည် ချင်ယွင်၏ စိတ်ဝိညာဉ်ပုလဲကို ယူလိုက်သည်။
ချင်ယွင်သည် တဟားဟား ရယ်မောလိုက်မိသည်။ ထိုအမျိုးသမီးသည် အမှန်တကယ် ပင် လိမ်ညာနေခဲ့သည်။ ကျန်းရွန်ရှင်းသည် ချောမောသော မိန်းကလေးဖြစ်ကြောင်း သူသိသည်။ သူမသည် ချင်ယွင် လိုချင်တာမှန်သမျှ ကြိုးစားပေးပါလိမ့်မည်။
သို့သော် ချင်ယွင်သည် ကျန်းရွန်ရှင်းကို လက်ရှိအချိန်တွင် သူမ၏ကိုယ်ပွားကို ဖန်တီးရန်အတွက် စိတ်ဝိညာဥ်ပုလဲကို အသုံးမပြုရန် ပြောကြားခဲ့သည်။ နောက်ဆုံးတွင် သူမ၏ စိတ်ဝိညာဉ်သည် အလွန်အားနည်းနေသေး၏။ အကယ်၍ အတင်းအကြပ် ခွဲထုတ်လိုက်လျှင် နောင်အနာဂတ်တွင် သူမ၏ နားလည်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းကို များစွာ ထိခိုက်စေလိမ့်မည်။
ကျန်းရွန်ရှင်းသည် နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်ပြီး စိတ်ဝိညာဥ်ပုလဲကို သိမ်းထားလိုက်သည်။ ချင်ယွန်းကို အံ့အားသင့်စေသည့် စကားတခွန်းမပြောခင် အနာဂတ်တွင် သူမ၏ စိတ်ဝိညာဥ် သန်စွမ်းလာသည်အထိ စောင့်မည်ဟု သူမက ပြောခဲ့သည်။
ယင်းနောက် ချင်ယွင်သည် နောက်ဆုံးတွင် စုတ်ပြတ်သတ်နေသော ရှောင်ဘိုင်ကို ရှာတွေ့ခဲ့ပါတယ်။ ဤပုံစံအရ၊ အသက်သစ်ပင်သည် နောက်ဆုံးအချိန်တွင် ချင်ယွင်ကို မြေအောက်သို့ ဆွဲခေါ်သွားပြီးနောက်၊ လင်းတန်ဂိုဏ်း၏ သိုင်းမြို့စားသည် ရှောင်ဘိုင်အပေါ် သူ၏ ဒေါသကို စတင်ပေါက်ကွဲခဲ့ပြီး သူ၏ ပြင်းထန်သော ဝိညာဥ်စွမ်းအားကိုအသုံးပြုကာ ပေါက်ကွဲသံများနှင့်အတူ ရှောင်ဘိုင်အား ပြင်းပြင်းထန်ထန် တရစပ်တိုက်ခိုက်ခဲ့ပုံရသည်။
နောက်ဆုံးမှာတော့ ရှောင်ဘိုင်သည် အဆင့်သုံးသားရဲတစ်ကောင်မျှသာဖြစ်သည်။ ထုံးစံအတိုင်း၊ သူသည် ထိုသိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် မယှဉ်နိုင် ပေ။ ရှောင်ဘိုင်၏ ကြံ့ခိုင်သော ခုခံကာကွယ်မှုနှင့် အမြန်ထွက်ပြေးခြင်းကြောင့်သာ၊ မဟုတ်လျှင် သူသည် ဟိုးယခင်ကတည်းက သေဆုံးသွားခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူသည် ကံကောင်းစွာဖြင့် လွတ်မြောက်နိုင်ခဲ့ သော်ငြား ရှောင်ဘိုင်သည် ဒဏ်ရာအပြင်းအထန်ရနေသေးသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်အကြေးခွံများသည် နေရာတော်တော်များများတွင် ပျက်စီးသွားပြီး သူ၏ အငွေ့သက်သည် ပို၍ပင် ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ တစ်ကိုယ်လုံး မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သေခါနီးဆဲဆဲ နာကျင်စွာ အော်ဟစ် ငိုကြွေးနေလေသည်။
ရှောင်ဘိုင်၏အသွင်အပြင်ကိုမြင်လိုက်ရလျှင် ချင်ယွင်၏နှလုံးသည် နာကျင်စွာဖြင့် တဆစ်ဆစ် ကိုက်ခဲလာသည်။ သူသည် ရှောင်ဘိုင်ကို ကုသရန်အတွက် သူ၏ အသက်သစ်ပင်၏ အသက်စွမ်းအားကို အလျင်အမြန်အသုံးပြုကာ သူ၏ အစိမ်းရောင်ကြာပန်းအမှတ်သားထဲသို့ ထည့်လိုက်သည်။
ကိုယ်ပွားချင်ယွင် ၏အသက်စွမ်းအားနှင့် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် ကြာပန်း၏အကျိုးကျေးဇူးကြောင့် ရှောင်ဘိုင်၏ ဒဏ်ရာများသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
ချင်ယွင်သည် ရှောင်ဘိုင်အတွက် လက်စားချေရန် လင်းတန်ဂိုဏ်း၏တော်၀င် အကြီးအကဲကို သတ်ပစ်မည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
ထို့နောက် ချင်ယွင်သည် ကျန်းရွန်ရှင်းနှင့်အတူ ဂိုဏ်းသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။
ဇောင်ယုကတော့ တိုင်ယွန်တောင်တန်းမှာနေဖို့ စီစဉ်ထားပြီး သူ့ကိုယ်သူ တွန်းအားပေးရန်အတွက် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲများကိုရှာဖွေကာ ဆက်လက် ကျင့်ကြံရန်စီစဉ်ထားသည်ဟု ဆိုသည်။
ချင်ယွင်သည် သဘာဝအတိုင်း သဘောတူခဲ့သည်။ အတွေ့ကြုံရင့်ကျက်မူမရှိဘဲ သူသည် ကျွမ်းကျင်သူများတည်းဟူသော တောအုပ်ထဲသို့ မ၀င်ရောက်နိုင်ပေ။ ဇောင်ယုကို သူ၏ တပည့်အဖြစ် လက်ခံရန် ရွေးချယ်ခဲ့ခြင်းကလည်း ဇောင်ယု၏ ထိုထူးခြားသောပင်ကိုယ်စရိုက်ကြောင့်ဆိုတာ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဇောင်ယူနေရန် ရွေးချယ်ခဲ့ခြင်းအတွက် သူသည် အလွန်ဝမ်းသာမိသည်။
ချင်ယွင်သည် တိုင်ယွင်သစ်တောတွင် အသက်ရှင်သန်ရန် အခွင့်အလမ်းများ တိုးမြင့် လာစေရန်အတွက် ဇောင်ယုအား လှုပ်ရှားမှုနည်းပညာရပ်ကို သင်ကြား ပေးခဲ့သည်။
ဇောင်ယုသည် ချက်ခြင်းပင် အလွန်ဝမ်းသာသွားပြီး ချင်ယွင်ကို သုံးကြိမ်တိုင်တိုင် ဦးတိုက်ကာ ဂါရ၀ပြုလိုက်သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ကျန်းရွန်ရှင်းနှင့်အတူ ဂိုဏ်း၏ ဦးတည်ရာဆီသို့ ထွက်ခွာလာခဲ့သည်။