ဇီးသီးပန်းခင်း 2 ဒီဂရီ
Vol. 8 Ch. 116
အခန်း (၁၁၆) ဇီးသီးပန်းခင်း 2 ဒီဂရီ
မိုးကြိုး၀ိညာဥ်ဂိုဏ်းသို့ ပြန်သွားရာ လမ်းတလျှောက်တွင် ချင်ယွင်သည် ကမ္ဘာပေါ်ရှိ ကောင်းချီးများအားလုံးကို ခံစားခဲ့ရသည်။
မိုးပြာမြူနှင်းငှက်ကို ဂိုဏ်း၏ တပည့်များက သိမ်းယူသွားသောကြောင့် ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် ကိုယ်ပိုင်ခြေနှစ်ချောင်းဖြင့် လျှောက်ခဲ့ရပြီး ဤအရာအားလုံး သည်ပင် ချင်ယွင်၏ အပြစ်လွန်ကျူး၏ အစဖြစ်တော့သည်။
ကျန်းရွန်ရှင်းသည် ကြောင်မကလေးကဲ့သို့ ချင်ယွင်၏ လက်မောင်းများကို တို့ထိကစားကာ ချင်ယွင်၏လက်မောင်းနှင့် ရင်ဘတ်တို့ကိုပင် ရံဖန်ရံခါ ပွတ်သပ် ကျီစယ်၏။ ယင်းက ချင်ယွင် ၏နှလုံးကို ဖရိုဖရဲဖြစ်စေခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ယောက်ကို မျက် တောင်မခတ် သတ်ဖြတ်ခဲ့ဖူးသော ဤအမျိုး သမီးသည် သူမ၏ အကိုင်းအခက်များ တုန်လှုပ်သွားသည်အထိ ရယ်မောနေတတ်ပြီး သူမသည် ယင်းမြင်ကွင်းကို အလွန်ကျေနပ်နေသေးသည်။
နောက်ဆုံးတွင်၊ ချင်ယွင်သည် ကျန်းရွန်ရှင်း ၏လှည့်ကွက်များကို သည်းမခံနိုင် တော့ဘဲ ဒေါသတကြီး ကြိမ်းမောင်းမိ၏ "သတိထားပါ၊ ငါ ချက်ချင်းလက်ငင်း တရားမျှတမှုကို ပြန်ပေးမိလိမ့်မယ်"
ဤအမျိုးသမီးသည် ချင်ယွင်၏ခြိမ်းခြောက်မှုကို လုံးဝမကြောက်ဘူးဆိုသည်ကို မည်သူက သိထားမှာလဲ ။ သူမသည် ချစ်စရာကောင်းသော ကိုယ်ဟန်အနေအထားကို ပန်ဆင်ပြီး "လာစမ်းပါဦး ဒေါသအိုးကြီးရဲ့၊ ဒီကျွန်မလေးက အရမ်းစိတ်လှုပ်ရှား နေလို့ပါ!" ဟု မြူဆွယ်စနောက်၏။
ချင်ယွင်သည် ချက်ချင်းပင် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားပြီး ကျန်းရွန်ရှင်းကို ထပ်မံ
မကြည့်ဝံ့တော့ပေ။
ချင်ယွင်၏ ရှက်ရွံ့သောအမူအရာကိုမြင်လျှင် ကျန်းရွန်ရှင်းသည် ပြုံးပြီး နောက်ပြန် လှည့်သွားသည်။
ညသည် တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် တောထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် အနားယူနေကြသည်။
မူလက ချင်ယွင်သည် ကျင့်ကြံရန် ရည်ရွယ်ထားခဲ့ပြီး ဤအခွင့်အရေးကိုအရယူကာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်ရန် လိုလားခဲ့သည်။
သို့သော်လည်း ထိုအခိုက်တန့်တွင် ကျန်းရွန်ရှင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ခွတက်လာပြီး သူမတောင်ပို့များက ချင်ယွင်၏ နားရွက်များကို ပွတ်သပ်ကာ အားနည်းနေသောအသံဖြင့် လိုရင်းတိုရှင်း ပြောလိုက်သည် "ချင်ယွင်၊ ငါမင်းရဲ့မိန်းမစစ်စစ် ဖြစ်ချင်တယ်" ။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားသည်။ သူသည် မထိန်းနိုင်ဘဲပါးစပ်အပြည့် တံတွေးမျိုချလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် တုံ့ပြန်လာသည်။
ကျန်းရွန်ရှင်းသည် သူ့ကို နောက်တစ်ကြိမ် လှည့်စားနေသည်ဟု သူ ထင်လိုက်သော်လည်း ကျန်းရွန်ရှင်းကို ကြည့်လိုက်တော့ ကျန်းရွန်ရှင်း၏ မျက်လုံးများ တွင် ပြတ်သားသည့် ဆုံးဖြတ်ချက်အရိပ်အယောင် တခုကို တွေ့လိုက်ရသည်။
"အဲဒါကို မင်းစဉ်းစားပြီးပြီလား?" ချင်ယွင်လည်း စကားအစဉ်မကျ ကိုးရိုးကားယား ဖြစ်ကာ မေးလိုက်ရသည်။
ကျန်းရွန်ရှင်းက ရှက်ရွံ့နေပြီး ခေါင်းညိတ်လိုက်သည်။
ကျန်းရွန်ရှင်းခေါင်းညိတ်လိုက်သည်ကိုမြင်လျှင် ချင်ယွင်သည် မထိန်းနိုင်တော့ဘဲ တိုက်ရိုက်ပြန်လှန်ပြီး ကျန်းရွန်ရှင်းကို သူ၏ ခန္ဓာကိုယ်ဖြင့် အပေါ်မှ ဖိချလိုက်သည်။ ဤမိန်းမသည် သူ့ကို ပြင်းထန်သောတပ်မက်စိတ်နှင့်အတူ အဓိကအရာ လောင်ကျွမ်းသည်အထိ ခဏခဏရန်စနေခဲ့သည်။ ယခု ကျန်းရွန်ရှင်း ခေါင်းညိတ် သည်ကို မြင်လိုက်ရတော့ သူသည် ဤအခွင့်အရေးကြီးကို လက်လွှတ်မခံနိုင်တော့ပေ။
ကျန်းရွန်ရှင်း၏ ဆွဲဆောင်မူရှိသော မျက်နှာသည် လရောင်အောက်တွင် ဝိုင်ကဲ့သို့ ယစ်မူးစရာကောင်းသည်ဟု ဆိုရပေမည်။
ကျန်းရွန်ရှင်းသည် သူမ၏ ကျောက်စိမ်းလိုလက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်၏ ခေါင်းကို သူမ၏ ရင်ခွင်တွင် အပ်ထားလိုက်သည်။ သူမသည် ချင်ယွင်အား စိတ်လှုပ်ရှားပြီး ညည်းတွားလုနီးပါးဖြစ်စေမည့် တစ်ခုခုကိုပြောခဲ့သည်။
" ယောင်္ကျား၊ လုပ်တော့လို့၊ ဒီကျွန်မလေးက မစောင့်နိုင်တော့ဘူး။" ကျန်းရွန်ရှင်းသည်
သူမ၏ အနီရောင်နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ချင်ယွင်ဆီကို ချစ်စရာကောင်းသော အကြည့်တစ်ချက် ပစ်လွှင့်လိုက်သည်။
ဟိုးယခင်ကတည်းက နိုးထလာခဲ့သည့် ရှေးဟောင်းခေတ် သားရဲတစ်ကောင်ကဲ့သို့ ချင်ယွင်သည် ဟစ်ကြွေးလိုက်ပြီးနောက် ကျန်းရွန်ရှင်း၏ အ၀တ်စားများကို ကမန်းကတန်း ဆုတ်ဖြဲပစ်လိုက်သည်။
ထို့နောက် ကမ္ဘာပေါ်တွင် ရှားပါးလှသော လှပသည့် ရှုမြင်ကွင်းတခုက ချင်ယွင် ရှေ့မှောက်တွင် ထွက်ပေါ်ပြသလာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် တောက်လောင်နေသော မီးလျှံများကဲ့သို့ လောင်ကျွမ်း သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အောက်မှာရှိသည့် ကျန်းရွန်ရှင်းကို အရူးအမူး ဖိချလိုက်ပြီးနောက် တိမ်တိုက်များနှင့် မိုးရေစက်များ တရှိန်ထိုး အုံကြွ တက်လာ စေခဲ့သည်။
ညကောင်းကင်ယံရှိ လမင်းကြီးသည် တိမ်နောက်ကွယ်တွင် တိတ်တဆိတ် ပုန်းကွယ်နေပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။
ထိုညတွင် သူတို့နှစ်ယောက်စလုံး လုံးထွေးနေပြီး ကျန်းရွန်ရှင်းသည်လည်း ချင်ယွင်၏ မိန်းမ တရား၀င် ဖြစ်သွားတော့သည်။
တစ်နာရီခန့်အကြာတွင် ကျန်းရွန်ရှင်းသည် သူမ၏ အဝတ်အစားအသစ်များကို ပြောင်းလဲ ၀တ်လိုက်ပြီး ချင်ယွင်၏ ရင်ခွင်ထဲတွင် ပင်ပန်းနွမ်းနယ်သောအမူအရာဖြင့် ပုန်းခိုနေသည်။ နူးညံ့ပျော့ပျောင်းပြီး ဆွဲဆောင်မူရှိသော မျက်နှာလေးသည် မိန်းမငယ်ကလေးအဖြစ်မှ ညတွင်းချင်း မိန်းမကြီးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ကျက်သရေရှိသော အရိပ် အယောင်များ ရှိနေလေသည်။
ချင်ယွင်သည် စိတ်ကျေနပ်သော အမူအရာဖြင့် ကျန်းရွန်ရှင်း၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏အကြည့်များက အလွန်နူးညံ့သိမ်မွေ့လွန်းသော ကြောင့် ဒီထက်နူးညံ့သိမ်မွေ့မှုမျိုးပင် မရှိနိုင်တော့ပါဘူး ။ အစောပိုင်းလေးက လှပသောမြင်ကွင်းသည် သူ၏ စိတ်ထဲတွင် အဆုံးမရှိ အမှတ်တရများဖြစ်ခဲ့သည်။
"ယောင်္ကျား၊ မင်းရဲ့ဇာတ်လမ်းကို ပြောပြပေးနိုင်မလား" ကျန်းရွန်ရှင်းက မေးလိုက်သည်။
ချင်ယွင်၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက ပြောလိုက် သည် "မင်း တကယ် ကြားချင်တာလား?"
ကျန်းရွန်ရှင်းက ခေါင်းညိတ်လိုက်သည်။ သူမသည် ချင်ယွင်၏ ကိုယ်ရေး အချက်လက်အမှန်ကို အမှန်တကယ် သိချင်နေခဲ့သည်။
ချင်ယွင်က ရယ်မောလိုက်ပြီးနောက် ပြော သည်" ကောင်းပြီလေ၊ ဒါဆို ငါပြောပြမယ်။ တကယ်တော့ ငါက သေမျိုးကမ္ဘာက မဟုတ်ဘူး။ ငါက အင်မော်တယ်ကမ္ဘာက ရောက်လာခဲ့တာပဲ။ ငါ့ရဲ့မူလဇစ်မြစ်က ငါဟာ အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ် ဧကရာဇ်မင်းမြတ် တစ်ပါးရဲ့သားတော် ဖြစ်ခဲ့တယ်။ ငါ သုံးနှစ်သားအရွယ်မှာ ငါ့ခန္ဓာကိုယ်ထဲမှာ ဖရိုဖရဲ အင်မော်တယ်အရိုး ရှင်သန်နေတာကို ငါ တွေ့လိုက်ရ တယ်…”
ချင်ယွင်သည် သူ၏ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပြောပြခဲ့သည်။ သုံးနှစ်သားအရွယ်မှာ စတင်ကျင့်ကြံခဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ်မှာ မိုးကြိုး၀ိညာဥ်ဂိုဏ်းသို့ ဝင်သည့် ချိန်အထိ ချင်ယွင်သည် ကျန်းရွန်ရှင်းအား အရာအားလုံးကို ပြောပြခဲ့ပါသည်။ ဟုတ်ပါသည် ၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်နှင့် အင်မော်တယ် ဧကရာဇ် ရှေးဟောင်းတာအိုဆရာသခင်တို့၏ တည်ရှိမှုများကိုတော့ ချင်ယွင်က ဖုံးကွယ်ထားခဲ့ ပါသည်။
ကျန်းရွန်ရှင်းအား ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို မပြောပြရသည့် အကြောင်းရင်းမှာ ကျန်းရွန်ရှင်းကို မယုံကြည်သောကြောင့် မဟုတ်ဘဲ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ပါ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်းအပေါ် မလိုလားအပ်သော ဒုက္ခများစွာ ယူဆောင်လာ မိမှာကို ကြောက်မိသည်။ အင်မော်တယ် ဧကရာဇ်ရှေးဟောင်းတာအို ဆရာသခင်၏ တည်ရှိမူကို မပြောပြရခြင်း၏ အကြောင်းရင်းမှာလည်း ဤသည်မှာ ရှေးဟောင်း တာအို၏ ကိုယ်ပိုင်တောင်းဆိုချက် ဖြစ်သည်။
ချင်ယွင်၏ ပွေ့ဖက်မှုအောက်တွင် ချုပ်နှောင်ခံထားရသော ကျန်းရွန်ရှင်းသည် သူမ၏ ပါးစပ်ကို ထပ်ထပ်အခါခါ ဖွင့်လိုက်မိနေ သည်။ အထူးသဖြင့် ချင်ယွင်ကို သူ၏အဖေက စည်းတံဆိပ်ခတ်ပြီး သေမျိုးကမ္ဘာထဲကို ပို့လွှတ်လိုက်သည့်အကြောင်း ပြောပြသည် ကို သူမကြားသောအခါ၊ ချင်ယွင်၏အေးစက်စက် နှလုံးသားကို ရှင်းရှင်း လင်းလင်း ခံစားလိုက်ရပြီး သူမကို နာကျင်စေသည့် အရိပ်အယောင်များ ခံစားရစေသည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ချင်ယွင်၏မျက်လုံးထဲတွင် အချစ်ရည်ရွှန်းသည့် အရိပ်ယောင် တခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဤဘဝတွင် သူ၏ရှေ့ရှိ ဤအမျိုးသမီးကို ဘယ်တော့မှ မဆုံးရှုံးမခံတော့ဟု သူ၏စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
ချင်ယွင်၏ ပြောစကားများမှ တဆင့် လျူရန်ယွင် နှင့် ရန်စီချီတို့အကြောင်းကို ကြားသိရ သော်လည်း ကျန်းရွန်ရှင်းက သိပ်ဂရုမစိုက်ပေ။ သူမသည် ချင်ယွင်ကို သူမတစ်ယောက်တည်း ပိုင်ဆိုင်ချင်ပေမယ့်၊ ချင်ယွင်သည် သူ၏အစ်မ လျူရန်ယွင် အပေါ် လေးနက်သော ခံစားချက်များရှိသည်ကို ပြောပြနိုင်သောကြောင့် မဖြစ်နိုင်ဘူး ဆိုသည်ကို သူမသိ၏။
ရန်စီချီသည် သူမဘ၀ကိုပင် ချင်ယွင်ထံ ပေးအပ်ခဲ့သည်။ ချင်ယွင်အကြောင်းကို သူမ နားလည်သဘောပေါက်သဖြင့် သူသည် သူမအပေါ် တာဝန်မဲ့လိမ့်မည် မဟုတ်သည်မှာ သေချာသည်။
ချင်ယွင်ကို သူမတစ်ယောက်တည်း မပိုင်ဆိုင်နိုင်သည့်အပြင် ချင်ယွင်ကို စွန့်လွှတ်ရန်လည်း ဆန္ဒမရှိသောကြောင့် ဤအရာအားလုံးကို သူမအနေဖြင့် လက်ခံရုံသာ တတ်နိုင်တော့သည်။
ဤခေတ်ကြီးမှာ ယောက်ျားတစ်ယောက်အတွက် မယားသုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်ရှိသည်က ပုံမှန်ပင်ဖြစ်သည်။ ချင်ယွင်က သူမကို အမြဲ ချစ်နေသရွေ့ ဤအရာအားလုံးကို သူမအနေဖြင့် ကျေနပ်နေမှာဖြစ်သည်။
"ယောင်္ကျား၊ မင်း အနာဂတ်မှာ မိန်းမတွေ ပိုများလာလိမ့်မယ်။ မင်း ငါ့ကို ချစ်ဦးမှာ လား" ကျန်းရွန်ရှင်းက ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ကျန်းရွန်ရှင်း၏ နူးညံ့သော နှာခေါင်းလေးကို တောက်လိုက်သည်။ သူက ပြုံးပြီးပြောသည် "အရူးမလေး၊ ငါ့မိန်းမက အခု မင်းတစ်ယောက်ထဲပဲလေ။ ငါ့အစ်မနဲ့ ရန်စီချီက အနာဂတ်မှာ ငါ့ရဲ့မိန်းမတွေဖြစ်ဖို့ သဘောတူခဲ့ရင်တောင် ငါမင်းကို ချစ်သလောက်ပဲ သူမတို့ကို ချစ်နေမှာပါ"
ကျန်းရွန်ရှင်းက ချိုသာစွာ ပြုံးလိုက်သည်။ သူမသည် ပန်းတစ်ပွင့်ကဲ့သို့ လှပနေပြီး သူမ၏ ရင်သပ်ရှုမောဖွယ် မျက်နှာသည် စိတ်ဝိညာဉ်များအားလုံးကို ဖမ်းစားနိုင်သော စွဲမက်ဖွယ် ဆွဲဆောင်မှုတစ်ခု သယ်ဆောင်လာသည်။
"ယောင်္ကျား၊ မင်းရဲ့အနာဂတ်မှာ မိန်းမဘယ်နှစ်ယောက်ရှိလဲဆိုတာ ငါသိပ်ဂရု မစိုက်ဘူး။ ဒါပေမယ့် မင်းနှလုံးသားထဲမှာ ငါ့ရှိနေသရွေ့တော့ မင်းရဲ့အနားမှာ ငါ အမြဲရှိနေမယ်" ကျန်းရွန်ရှင်းသည် ချင်ယွင်၏နှလုံးရှိသည့်နေရာကို လက်ညှိုးဖြင့် ဝိုင်းဆွဲကာ ပြောလိုက်သည်။
ချင်ယွင်၏ နှလုံးသားသည် လှုပ်ရှားသွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်ပြ လိုက်သည်။ သူသည် ကျန်းရွန်ရှင်း၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ခံစားနိုင်သည်။
သူတို့နှစ်ယောက်အတူနေချိန်မှစပြီး ချင်ယွင်သည်လည်း ကျန်းရွန်ရှင်းကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့သည်။ လှပပြီး ဆွဲမက်ဖွယ်ဖြစ်နေသည်မှာ အမှန်တကယ် တော့ သူမကိုယ်သူမ ကာကွယ်ခြင်းပင်ဖြစ်သည်။ ကျန်းရွန်ရှင်း၏ နှလုံးသားထဲမှာမှ အစစ်မှန် ကျန်းရွန်ရှင်းက ရှင်သန်နေထိုင်ခြင်းဖြစ်သည်။
ပြီးတော့ ဤ ကျန်းရွန်ရှင်းသည် ချစ်ရဲမုန်းရဲ သောမိန်းမ တစ်ယောက်ဖြစ်သည်။ ယနေ့တွင် သူမသည် အရာအားလုံးကို ချင်ယွင်ထံသို့ ပေးအပ်ခဲ့သည်။ အမှန်တကယ် တော့ ဤအရာသည် ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းပင်ဖြစ်သည်။ သူမသည် ချင်ယွင်၏ မိန်းမဖြစ်ချင်ခဲ့သည် ။
ကျန်းရွန်ရှင်းသည် ရုတ်တရက် သူမ၏ အနီရောင်နှုတ်ခမ်းများကို ချင်ယွင်၏ ပါးစပ်တွင် နွေးထွေးသိမ်မွေ့စွာ စုပ်လိုက်သည်။
"ကောင်မလေး ၊ နင် ထပ်လိုချင်တယ်လို့တော့ မပြောနဲ့နော်!" ချင်ယွင်သည် ကျန်းရွန်ရှင်း၏ သွယ်လျသောခါးကို ပွေ့ဖက်ကာ ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်သည်။
ကျန်းရွန်ရှင်း၏မျက်နှာက နီရဲသွားပြီး သူမသည် ဘေးကို အနည်းငယ် တချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ရည်ရွယ်ချက်ဆိုးများဖြင့် ပြည့်နှက်နေပြီး ကျန်းရွန်ရှင်းသည် သူ၏ခန္ဓာကိုယ်အောက်ကို နောက်တစ်ကြိမ် ကျရောက်ပြီး နှစ်ကြိမ်မြောက် ဂိုးသွင်းလိုက်လေသည်။
ဆိတ်ငြိမ်သော ကျေးလက်တောရွာလေးတွင်၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးသည် ကောင်းကင်ယံအောက်မှာ လူးလှိမ့်လှည့်ပတ်ရင်း နူးညံ့ငြိမ့်ညောင်းသော အသံဖြင့် အော်ဟစ်နေပါတော့သည်။