Chapter - 117
Vol. 8 Ch. 117
အခန်း (၁၁၇)
ချင်ယွင် နှင့် ကျန်းရွန်ရှင်းတို့သည် ဂိုဏ်းသို့ ပြန်ရောက်သောအခါ စမ်းသပ်ပွဲဖြေဆိုရန် နှစ်ရက်သာ လိုတော့သည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များအားလုံးသည် တိုက်ပွဲအတွက် ပြင်ဆင်နေကြသည် ။
ဂိုဏ်းသို့ပြန်ရောက်ပြီးနောက်၊ ကျန်းရွန်ရှင်း သည် လက်ရွေးစင်တပည့်များ နေထိုင်ရာ သူမ၏နေရာသို့ တိုက်ရိုက်ပြန်မသွားခဲ့ပေ။ ယင်းအစား သူမသည် ချင်ယွင်၏ အိမ်ကြီးတွင် တစ်ညတာနေထိုင်ခဲ့သည်။
ကျန်းရွန်ရှင်းသည် နောက်တစ်နေ့နံနက်တွင် ချင်ယွင်၏အိမ်မှထွက်လာသောအခါ၊ ဖြတ်သွားဖြတ်လာတပည့်များသည် သူမကို တွေ့မြင်ပြီး မျက်လုံးများ ပြူးကျယ် သွားကြသည်။
ကျန်းရွန်ရှင်း၏ စွမ်းအားနှင့် အလှပသည် ဂိုဏ်းတစ်ခုလုံးတွင် လူသိများသည်။ ယောကျ်ားတပည့်အားလုံး၏ နှလုံးသားထဲတွင် ကျန်းရွန်ရှင်းသည် အေးစက်ပြီး ထိတွေ့လိုမရရှိနိုင်သည့် သူတို့၏နတ်ဘုရားမဖြစ်သည်။
ကျန်းရွန်ရှင်းသည် နံနက်စောစောတွင် ချင်ယွင် ၏အိမ်ကြီးမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ တပည့်များသည် ကျန်းရွန်ရှင်း နှင့် လင်းယွင်တို့၏ ဆက်ဆံ ရေးကို မှန်းဆလာကြသည်။
ချင်ယွင်သည် သူအပြင်မထွက်ခွာမှီ ဂိုဏ်းထဲတွင် အုတ်ကျော်သောင်းနင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း သဘာဝကျကျ မသိခဲ့ပေ။ ယခုအချိန်တွင် သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ဒုတိယအဆင့်ကောင်းကင်အလွှာသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်။
ထိုခွေးမလေး ကျန်းရွန်ရှင်းသည် မနေ့ညက အကြိမ်များစွာပင် တောင်းဆိုခဲ့သည်။ သူမသည် ဝံပုလွေနှင့် ကျားရဲတစ်ကောင်ကဲ့သို့ပင်။ ချင်ယွင်၏ သန်မာသော ခန္ဓာကိုယ်သည်ပင် အဆုံးတွင် အနည်းငယ် အားနည်းသွားသလို ခံစားခဲ့ရသော်လည်း လုပ်ငန်းစဉ်သည် အရသာရှိလှသည်။
'ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာ' ရပ်သည် ပျံ့နှံ့သွားသည်နှင့် ဝိညာဉ်စွမ်းအင် အများအပြားသည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး သူ၏ချီစွမ်းအင်စီးဆင်းခြင်းလမ်းကြောင်း မှတဆင့် သူ၏ဒန်တန် အတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
သူနေထိုင်ရာ စံအိမ်ကြီးတစ်ခုလုံး၏အထက်တွင် ဝိညာဥ်ချီရေဝဲတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို လုံးလုံး လျားလျား ကုန်ခမ်းသွားစေသည်။ ချင်ယွင်သည် သူ၏စွမ်းအားအားလုံးကို အသုံးမချဝံ့သောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင်၊ ဝိညာဥ်ချီရေဝဲသည် တောင်ထိပ်တစ်ခုလုံးကို တိုက် ရိုက်ဖုံးလွှမ်းနိုင်ပြီး တောင်ထိပ်မှာရှိသည့် ဝိညာဥ်ချီသည် ချက်ချင်း ကုန်ခမ်းသွားနိုင်သည်။
ချင်ယွင်သည် နောက်ဆုံးတွင် သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ မရောက်မီ နှစ်နာရီခန့်ကြာသည်အထိ ဝိညာဉ်စွမ်းအင် ရေဝဲသည် လည်ပတ်နေခဲ့သည်။
သူ၏ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်တကြိမ် သန်စွမ်းလာခဲ့ပြီး သူ၏မျက်ခုံးကြားရှိ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၏ အစိမ်းရောင်ကြာပန်းသင်္ကေတသည် ပို၍ပင် အသက်ဝင်လာသည်။
အတွေးတစ်ချက်ဖြင့် သူ၏မျက်ခုံးများကြားရှိ အစိမ်းရောင်ကြာပန်းသည် မှိန်သွားခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်၏ ကျင့်ကြံမူအဆင့် ဆက်လက်တိုးနေသမျှ သူ၏ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် ပိုမိုအစွမ်း ထက်လာမည်ဖြစ်သည်။
၎င်းရုပ်ခန္ဓာကိုယ်သည် ကနဦးအဆင့်မှတဆင့် သေးငယ်သောပြည့်စုံခြင်း နယ်ပယ်သို့ ရောက်သည်နှင့် လက်ဗလာဖြင့်ပင် အစစ်အမှန် အင်မော်တယ်များကို တိုက်ခိုက် နိုင်မည်မှာ သေချာပါသည်။
ကြီးမြတ်သော ပြည့်စုံခြင်းနယ်ပယ်သို့ ရောက်သည်နှင့် အင်မော်တယ်ဘုရင်ကို တိုက်ရိုက် လှုပ်ခါစေနိုင်သည်။ ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိသည်နှင့်၊ ထိုလူ၏ ခန္ဓာကိုယ်သည် စစ်မှန်သည့် ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်နယ်ပယ်သို့ ရောက်ရှိနေသော အင်မော်တယ် ဧကရာဇ်မင်းတစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်သည်ဟု ဆိုကြသည်။
ဤကျင့်ကြံမှုအခြေခံ၏ အဆင့်ချိုးဖြတ်နိုင်မူနှင့်အတူ၊ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းအတွင်းရှိ သစ်သားစွမ်းရည်ကိုယ်ပွားသည်လည်း အဆင့်ချိုးဖြတ် သွားခဲ့သည်။ အကယ်၍ ၎င်းသစ်သားကိုယ်ပွားသည် သူ့မူလခန္ဓာကိုယ် စွမ်းအားဖြင့် ကန့်သတ်ခြင်းမခံရပါက သစ်သားစွမ်းရည်ကိုယ်ပွားရှိ အစွမ်းထက်သော အသက်စွမ်းအားသည် သိုင်းမြို့စားနယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းရန်ပင် သူ့အတွက် လုံလောက်ပေလိမ့်မည်။
ထို့အပြင်၊ သစ်သားစွမ်းရည်ကိုယ်ပွားသည် မည်သည့်အခါမျှ မလှုပ်မရှားဖြစ်ခဲ့ပေ။ သူသည် သစ်သားအသက်(သဘောတရား)၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သစ်သားစွမ်းရည်သည် အလွန်ထူးခြားသော စွမ်းရည်တစ်ခုဖြစ်သည်၊ အကြောင်းမှာ ၎င်းတွင် စွမ်းရည်သဘောတရား တစ်မျိုးသာရှိသောကြောင့်ဖြစ်ပြီး ၎င်းစွမ်းရည် သဘောတရားသည်လည်း သစ်သားစွမ်းရည် ၏ အသက်ဖြစ်သည်။ ၎င်းသည် နိယာမနယ်ပယ်သို့ တိုးတက်ရောက်ရှိလာပြီးနောက် ယင်းသည် အသက်နိယာမများ ဖြစ်လာမည်ဖြစ်သည်။
လူတစ်ဦးတစ်ယောက်သည် အသက်နိယာမများကို အမြင့်ဆုံးနယ်ပယ်အထိ နားလည်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် သေလူများကိုပင် ပြန်လည် ရှင်သန်ထမြောက်စေနိုင်သည်ဟု ဆိုကြသည်။ အသက်နိယာမတရားသည် မည်မျှ ကြောက်စရာကောင်းသည်ကို တွေ့မြင်နိုင်သည်။
သေချာသည်မှာ၊ လေဟာနယ်နှင့်အချိန်နိယာမများအပြင်၊ အသက်နိယာမများသည် နားလည်ရအခက်ဆုံး နိယာမများဟု ဆိုကြသည်။
ချင်ယွင်သည် သစ်သားကိုယ်ပွား၏ နားလည်နိုင်စွမ်းတိုးတက်မှုအတွက် အလွန် ကျေနပ်နေသည်။ သစ်သားကိုယ်ပွားရှိနေသမျှ သူသေချင်နေလျှင်တောင် သူ့အတွက် အရမ်းကိုခက်ခဲလိမ့်မည်။
ဂိုဏ်း၏ စာမေးပွဲမဖြေမီ အချိန်တစ်ရက်ရှိသေးသော်လည်း ချင်ယွင်သည် ဤအချိန်ကာလအတွင်း မလှုပ်ရှားဖြစ်ခဲ့ပေ။
ချင်ယွင်သည် ချန်းယုယွမ်လက်ထဲမှရလာသော ဒိုင်းကို ထုတ်ယူလိုက်သည်။ ဒိုင်း၏ ပစ္စည်းသည် အလွန်ထူးခြားပြီး မာကြောကြောင်း သူတွေ့ရှိခဲ့ရသည်။ သူ၏ မြူနှင်းချောက်နက်ဓားဖြင့် ခုတ်လိုက်လျှင်ပင် ခြစ်ရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည် ဤဒိုင်းကို ထုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ယခင်က မမြင်ဖူးသော်လည်း၊ ဤဒိုင်းကို ထုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများသည် ရှားပါးသော ရတနာတစ်ခုဖြစ်ကြောင်း ချင်ယွင် သေချာသည်။
အကယ်၍ ဤဒိုင်းကို အစီရင်မှော်သင်္ကေတများနှင့် ရေးထွင်းလိုက်မည်ဆိုလျှင်၊ ဤဒိုင်းသည် အင်မော်တယ်အဆင့်အထိ တိုက်ရိုက်မြင့်တက်သွားနိုင်သည်။
သို့သော် ချင်ယွင်သည် ထိုသို့ပြုလုပ်ရန် မရည်ရွယ်ခဲ့ပေ။ သူသည် ရှေးဟောင်းတာအို ဆရာသခင်ကို ဤဒိုင်းကိုသန့်စင်စေပြီး ဆေဘာတစ်ချောင်းနှင့် ဓားရှည်တချောင်း အဖြစ် ပြောင်းလဲစေရန်အတွက် ဤဒိုင်းကို ထုတ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏စိတ်ထဲတွင် သူအသုံးမပြုရသေးသော ဓားသိုင်းပညာ ရပ်များစွာလည်း ရှိနေသေးသည်။
မြူနှင်းချောက်နက်ဓားသည် ဓားပျော့တစ်ချောင်း ဖြစ်သည်။ အချို့သော ဓားပညာရပ်များသည် မြူနှင်းချောက်နက်ဓားကို အသုံးပြုရန် မသင့်လျော်သော ကြောင့် ချင်ယွင်သည် ယခုအခါ မာကြောသော ဓားတစ်လက် လိုအပ်နေပါသည်။
သေချာသည်မှာ, ချင်ယွင်သည် ဆေဘာတစ်ချောင်းလည်း လိုအပ်နေပါသေးသည်။ ယခု သူသည် သူ၏ဆေဘာပညာရပ်ကို စတင်လေ့ ကျင့်နေပြီဖြစ်သောကြောင့် ချင်ယွင်သည် ၎င်းကို စွန့်လွှတ်ရန် မရည်ရွယ်ခဲ့ပေ။
ရှေးဟောင်းတာအိုသည် မြူနှင်းချောက်နက် ဓားထဲတွင် ပိတ်မိနေပြီး ရုပ်ခန္ဓာကိုယ်မရှိတော့သော်လည်း သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အင်မော်တယ် ဧကရာဇ်အဆင့်တွင်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အတွေးတစ်ချက်ဖြင့်ပင် သူသည် ဤဒိုင်းကို လွှမ်းခြုံရစ်ပတ်ထားရန် ကြောက်စရာကောင်းသည့် လောင်ကျွမ်းနေသော မီးတောက်ကို ဆင့်ခေါ်လိုက်သည်။
သုံးနာရီကြာ သန့်စင်ပြီးနောက်၊ ဒိုင်းသည် နောက်ဆုံးတွင် ပုံပျက်လာသည်။
ထို့နောက် ရှေးဟောင်းတာအိုသည် ချင်ယွင် ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သူ့အတွက် ဓားရှည်တချောင်းနှင့်ဆေဘာတချောင်းအဖြစ် ပြောင်းလဲပေးခဲ့သည်။
မကြာခင်မှာပဲ ဓားရှည်တစ်လက်နှင့် ဆေဘာတစ်ချောင်းသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာသည်။ ဓားရှည်နှင့် ဆေဘာတစ်ချောင်းချင်းစီသည် လုံးဝမှောင်မိုက်ပြီး အနှိုင်းမဲ့မာကျောသည်။
ချင်ယွင်သည် ၁.၅ မီတာခန့်ရှည်သော ဓားရှည်ကို ကိုင်ထားပြီး သူ၏မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။
ရှေးဟောင်းတာအိုမှ အထူးသန့်စင်ပြီးသော အခါ၊ ဤဓား၏အလေးချိန်သည် ဂျင် ၇၀၀၀ အလေးအချိန်အထိ တိုက်ရိုက်ရောက်ရှိခဲ့သည်။ ချင်ယွင်တောင်မှ လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည့်အခါ အနည်းငယ်လေးလံသွားသလို ခံစားရသည်။
လေးလံသောဓားရှည်သည် မြေကြီးထဲ တစ်မီတာကို လွယ်ကူစွာ ထိုးဖောက် ဝင်ရောက်ပြီး ဓား၏ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်နှင့် ချွန်ထက်မှုကို ပြသသည်။
ချင်ယွင်သည် သူ၏ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်လေထုထဲတွင် ဝံပုလွေကဲ့သို့ ငိုရှိုက်သံ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤဓားဖြင့် သူ၏ဓားပညာရပ်များကို ကြီးမားစွာ အသုံးချနိုင်ပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အခြားအဆင့်တခုသို့ တိုးမြင့်လာခဲ့သည်။
ဤနည်းဖြင့် သူသည် လျှပ်စီးလှံနှင့် လေသစ်ရွက်ဓား၀င်္ကပါကို အသုံးမပြုသော်လည်း ဘိုင်ချီဟန် နှင့် အခြားလူများကို တိုက်ခိုက်နိုင်မည်ဟု သူယုံကြည်သည်။
"အနာဂတ်မှာ မင်းကို ကြယ်နက်ဓားလို့ ခေါ်မယ်!" ချင်ယွင်သည် သူ၏လက်ထဲမှ လေးလံသည့်ဓားကို ကြည့်ရင်း ပြုံးလိုက်သည်။
ထို့နောက် ချင်ယွင်က ဆေဘာကို ကောက်ယူလိုက်သည်။ ဆေဘာသည် မှင်ကဲ့သို့ မည်းနက်နေပြီး ၎င်းလက်ကိုင်သည် အေးစက်နေသည်။ ၎င်းသည် ဖော်ပြ၍မ ရနိုင်သော လွှမ်းမိုးနိုင်မှု အငွေ့သက်ကို ထုတ်လွှတ်သည်။
ချင်ယွင်သည် အဝေးရှိ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲလိုက်သည်။ ဆေဘာအလင်းသည် တချက် လင်းလက်လာပြီး သစ်ပင်ကြီးလည်းလဲကျသွားသည်။ ပြတ်တောက်မူကလည်း အလွန်သပ်ရပ်၏။
"ကောင်းလိုက်တဲ့ ဆေဘာ!" ချင်ယွင်သည် ဆေဘာကို ရှင်းယွန်ဟု တိုက်ရိုက် အမည်ပေးလိုက်ပြီး သူ၏မျက်နှာမှာ ရွှင်လန်းမှုအပြည့်ရှိနေသည်။
လေးလံသော ကြယ်နက်ဓား၊ ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာ။
ဓားတစ်ချောင်းနှင့် ဆေဘာတစ်ချောင်း။ အရာအားလုံးပြိုင်ဘက်ကင်း။
ချင်ယွင်သည် ကြယ်နက်ဓားနှင့် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာကို သူ၏သိုလှောင်အိတ် ထဲသို့ ထည့်ကာ သိမ်မွေ့ရေခဲအဖွဲ့ဆီသို့ တိုက်ရိုက်သွားခဲ့သည်။
သို့သော် ယနေ့နံနက်တွင် သိမ်မွေ့ရေခဲအဖွဲ့တွင် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ကို သူမသိခဲ့ပေ။ ၎င်းအဖြစ်ပျက်မှာ သိမ်မွေ့နှလုံးသားအဖွဲ့၏ ခေါင်းဆောင်ကြောင့် ဖြစ်သည်။ ကျန်းရွန်ရှင်းသည် သိမ်မွေ့နှလုံးသားအဖွဲ့ကို သိမ်မွေ့ရေခဲအဖွဲ့နှင့် ပေါင်းစည်းမည်ဟု ရုတ်တရက်ကြေငြာခဲ့သည်။
အရေးကြီးဆုံးက ကျန်းရွန်ရှင်းသည် အဖွဲ့ခေါင်းဆောင် မဟုတ်ခဲ့ပါဘူး ။ ယင်းအစား သူမသည် လင်းယွင်အား အဖွဲ့နှစ်ခု၏ ခေါင်းဆောင် ဖြစ်စေချင်ခဲ့သည်။
ဤသတင်းသည် အပြာရောင်မိုးကြိုးပစ်လိုက်သကဲ့သို့ လူတိုင်းကို ထိတ်လန့်စေသည်။ သိမ်မွေ့နှလုံးသားအဖွဲ့မှ လူအားလုံးသည် ၎င်းတို့၏အမြင်သဘောထားကွဲလွဲမှုကို ဖော်ပြခဲ့ကြသည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်အပေါ် နူးညံ့သိမ်မွေ့သော်လည်း သူမသည် အခြားသူများအပေါ် အမြဲတမ်း သွေးစွန်းနေခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမအား ဆန့်ကျင်သူများအားလုံးကို ကျန်းရွန်ရှင်းသည် ခက်ခဲကြမ်းတမ်သည့်သင်ခန်းစာကို သင်ကြားပေးခဲ့ပါသည်။ သူမကို မယုံကြည်သေးသူများအားလုံးကို ဂိုဏ်းမှ ထုတ်ပယ် ခဲ့ပြီး ဆက်လက်နေထိုင်လိုသူများအားလုံးကို သိမ်မွေ့ရေခဲအဖွဲ့၀င်များ အဖြစ် သဘာဝအတိုင်း ခံယူစေခဲ့သည်။
ဤသတင်းထွက်လာသောအခါ သိမ်မွေ့ရေခဲအဖွဲ့မှ လူများလည်း မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ သို့သော်၊ စီနီယာလျူဂေါ့သည် ကျန်းရွန်ရှင်းနှင့် တပည့်များအုပ်စုလိုက် သိမ်မွေ့ရေခဲအဖွဲ့သို့ အလောတကြီးလာသည်ကို မြင်သောအခါ လျူဂေါ့နှင့် အခြားသူများသည် အံ့အားသင့်သွားကြသည်။
သူတို့၏အမြင်တွင်၊ သိမ်မွေ့နှလုံးသားအဖွဲ့သည် ကြီးကျယ်ခမ်းနားသော အဖွဲ့စည်း ခြောက်ခုအနက် ထိပ်တန်းသုံးခုတွင် အဆင့်မသတ်မှတ်နိုင်ခဲ့လျှင်ပင်လျှင် ၎င်းသည် စတုတ္ထအဆင့်တွင် ရှိနေမည်ဖြစ်သည်။ အမှန်တကယ် သူတို့နားမလည်နိုင်သည်မှာ ကျန်းရွန်ရှင်းသည် သိမ်မွေ့နှလုံးသားအဖွဲ့ကို လက်ရွေးစင်တပည့်တစ်ယောက် တောင်မရှိသော သိမ်မွေ့ရေခဲအဖွဲ့တစ်ခုတည်းအဖြစ် ရုတ်တရက် ပေါင်းစည်းပြီး အဖွဲ့ခေါင်းဆောင် ရာထူးကိုပါ စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့ခြင်းကိုပါ။
သို့သော်လည်း အားလုံးက ပဟေဠိဖြစ်နေကြအချိန်မှာ ကျန်းရွန်ရှင်းသည် ကောင်းကင်ကြီး ပေါက်ကွဲသွားပြီဟု လူတိုင်းကိုခံစားရစေမည့် အရာတစ်ခုကို ပြောလိုက်တော့သည်။
"လင်းယွင်က အခု ငါ့ခင်ပွန်းဖြစ်နေပြီ!"
ဤစကားတွေပြောပြီးသည်နှင့် တစ်ဂိုဏ်းလုံး တုန်လှုပ်သွားခဲ့ကြသည်။
ဤသတင်းသည် တောမီးပမာ ပျံ့သွားခဲ့သည်။ နှစ်နာရီမပြည့်ခင်မှာပဲ ဤသတင်းသည် ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပါပြီ။
တစ်ချိန်က ကျန်းရွန်ရှင်းကိုလိုက်ခဲ့ဖူးသော သို့မဟုတ် ကျန်းရွန်ရှင်းကို သူတို့၏ နှလုံးသားထဲတွင် အမြင့်မြတ်ဆုံးနတ်ဘုရားမလေးအဖြစ် အမြဲမှတ်ယူခဲ့သော တပည့်များသည်လည်း ရူးသွပ်သွားကြသည်။
လက်ရွေးစင် တပည့်အချို့ဆို ချင်ယွင်၏ အရိုးများကို ပြာဖြစ်သည်အထိ ရိုက်ခွဲ ပစ်ချင်သည်ဟုပင် ဆိုကြသည်။