Chapter - 118
Vol. 8 Ch. 118
အခန်း (၁၁၈)
ချင်ယွင်သည် သိမ်မွေ့ရေခဲအဖွဲ့၏ တောင်ခြေသို့ရောက်သောအခါ လျူဂေါ့က သူ့အား ခန္ဓာကိုယ်ကို တိုက်ရိုက်ပစ်ချင်ကာ အရိုသေးပေးလိုက်သည်။
တစ်ချိန်တုန်းက ချင်ယွင်ကို မယုံမရှိခဲ့ကြသော တပည့်များသည်လည်း အဖွဲ့ခေါင်းဆောင်အား လေးစားစွာ နှုတ်ဆက်ကြသည်။
ချင်ယွင်သည် ဤတပည့်များ၏ သဘောထားများ ၁၈၀ ဒီဂရီအထိ ပြောင်းလဲ သွားသည်ကို နားမလည်သော်လည်း ကျန်းရွန်ရှင်းသည် သူမမျက်နှာ ပေါ်တွင် အပြုံးတစ်ခုဖြင့် အဝေးမှရပ်နေသည်ကို မြင်သောအခါ ကျန်းရွန်ရှင်းသည် ဤအရာအားလုံး၏နောက်ကွယ်တွင် ရှိနေကြောင်း သူသိလိုက်သည်။
ကျန်းရွန်ရှင်းက ချင်ယွင်ကိုမြင်လိုက်သည့်အခိုက်တွင် သူမ၏မျက်နှာပေါ်ရှိ အေးစက်မူ သည် သိမ်မွေ့နက်နဲရေခဲတုံးကြီး အရည်ပျော်သွားသကဲ့သို့ ချက်ချင်းပင် အရည်ပျော်သွားခဲ့သည်။ ထို့နောက် အနီးနားရှိ တပည့် ယောက်ျားလေး တစ်စု၏ရှေ့တွင် ချိုချိုသာသာ ပြုံးပြကာ "ယောင်္ကျား၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ငါ သေတဲ့အထိ လွမ်းနေရတယ်" ဟု ပြောလိုက်လျှင် အနီးနား ပတ်ဝန်းကျင်ရှိ တပည့်တစုသည် အံ့သြတုန်လှုပ် သွားခဲ့ရသည်။
ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် တညီတညွတ်တည်း ရှိနေကြကြောင်းကို ယုံကြည်ရန် အမြဲတုံ့ဆိုင်းနေသူများသည် ဤ၀ါကျတိုလေးကို ကြားလိုက်ရပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ၎င်းတို့သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကုတ်မီးသွေးအပုံကြီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ (မျက်နှာများ မှုန်မှိုင်းသွားကြ ဟန်)
ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ကျန်းရွန်ရှင်းသည် သူ့အတွက် ပြင်းထန်သည့်မုန်တိုင်းအရှိန်အဟုန်တခုကို ဖန်တီးရန် ကြိုးစားနေပြီး အခြားသူများ သည် သူ့ကို သေသည်အထိ မနာလိုဖြစ်စေလိုကြောင်း သူသိသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်းရှေ့သို့ လျှောက်သွားပြီး သူမ၏နူးညံ့ချွန်မြသော နှာခေါင်းကို ဆွဲဆိတ်လိုက်ပြီး ပြောသည်။ “မင်းယောင်္ကျားကို ဂိုဏ်းတစ်ခုလုံးရဲ့ ရန်သူဖြစ်အောင် ကြိုးစားနေတာလား။
ကျန်းရွန်ရှင်းက ရွှတ်နောက်နောက် ပြုံးကာ မေးသည် "ဘာလဲ ကြောက်နေတာ လား?"
ချင်ယွင်က ပြုံးပြီး "ကြောက်တယ်၊ ဘယ်လိုဖြစ်နိုင်မှာလဲ? ငါကြောက်ရင် မင်းကို အိပ်ယာပေါ်တောင် မတက်ခိုင်းဘူး"
ကျန်းရွန်ရှင်းသည် ချက်ချင်းပင် ရှက်ရွံ့သော အမူအရာဖြင့် ဟန်ဆောင်လိုက်သည်။
ဤမြင်ကွင်းကို အနီးပတ်ဝန်းကျင်ရှိ လူများ မြင်လိုက်ရလျှင် အားလုံး မှင်သေသေ ဖြစ်သွားကြရသည်။
ဤအရာသည် အေးစက်ပြီးလှပသည့် ကျန်းရွန်ရှင်း ဖြစ်နေတုန်းပဲလား။
တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာများ ဖြစ်နိုင်မလား။ လင်းယွင် စကားကရော ဘာကိုဆိုလိုတာလဲ။ ကျန်းရွန်ရှင်းကရော လင်းယွင်ရဲ့ စားသောက်ခြင်းကို လုံးလုံး ခံလိုက်ရပြီလား။
ချစ်ခင်လေးစားခြင်းမှလွဲပြီး ချင်ယွင်ကို ပြန်ကြည့်ကုသော ထိုလူများ၏ အကြည့်များတွင် မနာလိုစိတ် ပြင်းထန်စွာ ရှိနေလေသည်။
လူတိုင်းကို စွဲဆောင်နိုင်သော ဤအမျိုးသမီး ကျန်းရွန်ရှင်းသည် ထိပ်တန်း နတ်သမီးတစ်ဦး၏ ရုပ်သွင်ပြင်ရှိသည်။ တိရိစ္ဆာန်ဖြစ်နေလျှင် ကျန်းရွန်ရှင်းကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံးသည် သူတို့၏ဒေါသကို ဆုံးရှုံးသွားကြ လိမ့်မည်။ ဤအရာက သူတို့အား မော်ကြည့်ပြီး စိတ်အားထက်သန်စွာ ဟိန်းဟောက်မူကို ဖြစ်စေလိမ့်မည်။
သူတို့၏ နှလုံးသားထဲတွင် ကျန်းရွန်ရှင်းသည် ပြီးပြည့်စုံပြီး မြင့်မြတ်လှသည်။ သူမကို ရယူနိုင်သောသူသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သော တည်ရှိမှုဖြစ်ရမည်။ လင်းယွင်၏ စွမ်းအားသည် မဆိုးသော်လည်း သူသည် ဂိုဏ်းတွင် ပထမနေရာရရန် အဝေးကြီးလို နေသေးသည်။
ဖက်တီးလျူ နှင့်ကိုပိန်ကျန်းတို့သည်လည်း သက်ပြင်းချလိုက်ကြသည်။ သူတို့နှစ်ယောက် စလုံးသည် အလှအပကို နှစ်သက်ကြပြီး အေးစက်ပြီး လှပသော ကျန်းရွန်ရှင်းသည် သူတို့၏ နှလုံးသားထဲတွင် အသန့်စင်ဆုံးနှင့် မြင့်မြတ်ဆုံးဖြစ်ကာ အထွက်မြတ်နယ်မြေ ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။ ယင်းက သူတို့ နှလုံးသားထဲတွင် လိုချင်တောင့်တရဆုံးသော သန့်စင်နယ်မြေဖြစ်ပါသည်။
သာမာန်အားဖြင့် သူတို့သည် ကျန်းရွန်ရှင်းကိုပ ကြည့်ပင်မကြည့်ဝံ့ကြပေ။ သူတို့ နှလုံးသားထဲတွင် လှပသော စိတ်ကူးယဉ်မှုမျိုးသာ ရှိနိုင်ကြသည်၊ ယခုတော့ ကျန်းရွန်ရှင်းသည် ချင်ယွင် ၏ ရင်ခွင်ထဲတွင် ချိုမြိန်သော အကြည့်ဖြင့် ပွေ့ဖက်နေသည်ကို တွေ့လိုက်ရသောအခါသူတို့သည် အခြားသူများထက် ပိုမိုကျော် ကြားချင်စိတ်များကို ချက်ချင်း ခံစားလိုက်ရသည်။
ချင်ယွင်သည် သူမသည် သူ၏ဘုရင်မဖြစ် သည်ဟူသော ကျန်းရွန်ရှင်း၏ ကြေငြာချက်နှင့်ပတ်သက်၍ အနည်းငယ်မျှ မတားမြစ်ခဲ့ပေ။ သူ၏အမြင်အရဆိုလျှင် ကျန်းရွန်ရှင်းလို မိန်းကလေးတစ်ယောက်အတွက် ယခုလိုလုပ်ရန်အတွက်ပင် တော်တော်လေး ခက်ခဲနေပါပြီ။
ဤသို့ကြေငြားခြင်းအားဖြင့် ကျန်းရွန်ရှင်း၏ မြင့်မြတ်လှသော ပုံရိပ်ကို ဖျက်ဆီးမိသွားမည် ဖြစ်သည်။ ယင်းက သာမန်အမျိုးသမီးများ မလုပ်နိုင်သော ကိစ္စဖြစ်သည်။ ကျန်းရွန်ရှင်းသည် သူ့အား အရိုးသားဆုံးနှင့် ချစ်မြတ်နိုးကြောင်း ချင်ယွင်လည်း သိထားသောကြောင့် သူမသည်။ သူ့အတွက် အရာအားလုံးကို စွန့်စားရဲသည် ။
အကယ်၍ သူသည် သူ၏မိန်းမကိုတောင် မကာကွယ်နိုင်ခဲ့လျှင် တော်၀င်ချင် အင်မော်တယ် မင်းဆက်ကို မည်ကဲ့သို့ ဖြုတ်ချနိုင်မည်နည်း။
ချင်ယွင်သည် ကျန်းရွန်ရှင်းကို မည်သည့်ဒုက္ခမှ မပေးမိစေရဟု ကျိန်ဆိုခဲ့သည်၊ အကြောင်းမှာ သူ၏ရှေ့ရှိ ဤအမျိုးသမီးသည် မိုက်မဲလွန်းပြီး သူမအသက်ကိုပင် ဂရုမစိုက်ဘဲ သူ့ကို အလွန်ချစ်သောကြောင့်ဖြစ်သည်။
မူလကတော့ ချင်ယွင်သည် သိမ်မွေ့ရေခဲအဖွဲ့သို့လာရန် စီစဉ်ထားသည်။ မကြာသေးမီက တစ်ခုခုများ ဖြစ်ပျက်ခဲ့သေးလား သူသိချင်မိ၏။ အဆုံးတွင်၊ သူသည် သိမ်မွေ့ရေခဲအဖွဲ့ ၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်းကို လျစ်လျူမရှုထားနိုင်ပေ။ သို့သော်လည်း ကျန်းရွန်ရှင်းက သူ့ကို ဆက်လက်ကျင့်ကြံရန် ပြောခဲ့သည်။ အဖွဲ့ခေါင်းဆောင်အဖြစ် သူမကို ထားခဲ့နိုင်သည်ဟု သူမက ပြောခဲ့သည်။
ချင်ယွင်သည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိဘဲ ကျန်းရွန်ရှင်းအားလည်း သူမ၏ကျင့်ကြံမှုကို မနှောင့်နှေးစေရန် ပြောခဲ့ပြီးမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
ကျန်းရွန်ရှင်းသည် သူမသွားခင်မှာ သူ၏နားအနားကပ်ပြီး ပြောသည် "ယောင်္ကျား၊ ဒီည မင်းကို ငါ သွားရှာဦးမယ်"
ဤစကားကြောင့် ချင်ယွင်၏ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ပူလာပြီး သူ၏စိတ်များ သည် တဟုန်ထိုး ခုန်ပေါက်ထိုးတက်သွားကာ သူ၏အိမ်သို့ ပြန်လာခဲ့ရသည်။ ထိုမှပင် သူ၏ရင်တွင်းရှိ စိတ်လှုပ်ရှားမှုများကို မျိုသိပ်ထားနိုင်သည်။
မကြာခင်မှာပဲ နောက်တစ်နေ့ မနက်ခင်း ရောက်ရှိလာခဲ့ပြီး ဂိုဏ်း၏ပြိုင်ပွဲ၀င် ခေါင်းလောင်းသံက တရားဝင် ထွက်ပေါ်လာခဲ့သည်။
အစေခံတပည့်များ၊ အပြင်စည်းဂိုဏ်းဝင် တပည့်များ၊ အတွင်းစည်းဂိုဏ်းဝင် တပည့်များနှင့် လက်ရွေးစင် တပည့်များအားလုံးသည် ကောင်းကင်မိုးကြိုးရင်ပြင်တွင် စုဝေးကြသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်းနှင့်အတူ ကောင်းကင်မိုးကြိုးရင်ပြင်သို့ ရောက်ရှိလာ သောအခါ၊ ကောင်းကင်မိုးကြိုးရင်ပြင်သည် လေးဘက် လေးတန်ပတ်ပတ်လည်ရှိ မတ်တတ်ရပ် နေသောများလူများဖြင့် ပြည့်နှက်နေပြီး လူအရေအတွက်သည် ရှစ်ထောင် နီးပါးအထိ ကြောက်စရာအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်ပင် ထိတ်လန့်သွားသည်။ ချင်ယွင်နှင့် ကျန်းရွန်ရှင်း၏ နှလုံးသားများသည် ဤကဲ့သို့ တသားတည်းဖြစ်နေကြောင်း တပည့်များကလည်း သဘာဝကျကျ မြင်ကြသည်။ သူတို့၏ မျက်လုံးများတွင် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။ အစောပိုင်းလေးက သူတို့၏မျက်လုံး အကြည့်များဖြင့်သာ သတ်ဖြတ်နိုင်ခဲ့ပါက ချင်ယွင်သည် အကြိမ်ပေါင်း ထောင်နှင့်ချီပြီး သေဆုံးသွားပေလိမ့်မည်။
သို့သော် ကျန်းရွန်ရှင်းသည် အလွန်မင်းဒေါသ ကြီးလွန်းသည်။ ထိုပရိသတ်များရှေ့တွင် သူမသည် ချင်ယွင်၏ပါးပြင်ပေါ်တွင် နူးညံ့သောအနမ်းတစ်ခုပင် ပေးလိုက်သေးသည် ။ ယင်းကြောင့် မယုံကြည်နိုင်ကြသေးသော ထိုတိရစ္ဆာန်များသည် ချင်ယွင်ကို လုံးဝ အပိုင်းပိုင်းဆွဲဖြဲရန်ပင် တွန်းအားဖြစ်စေခဲ့သည်။
ချင်ယွင်သည် ဤလူစုလူဝေးကြီးကို နောက်တစ်ကြိမ် မစော်ကားဝံ့ပေ။ ဤလူများ ရူးရူးမိုက်မိုက် ရှေ့ကိုပြေးထွက်လာမှာကို သူ အမှန်တကယ် ကြောက်မိ၏။ ထိုအချိန်ရောက်လျင် သူ မည်သို့သေသွားမှန်းတောင် သိမှာမဟုတ်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ကျန်းရွန်ရှင်းကို မြောက်ဘက်ရှိ အလွန်ဝေးလံချောင်ကျသော နေရာတစ်ခုသို့ အမြန်ဆွဲထုတ်လိုက်ရသည်။
သို့သော်လည်း ချင်ယွင်ကို အံ့သြသွားစေသည်မှာ ဘိုင်ချီဟန်၊ ကျိုးယုနှင့် အခြားသူများသည်လည်း ဤနေရာတွင် ရှိနေခြင်းပင်ဖြစ်သည်။ ချင်ယွင် ဖြတ်သွားသည်ကို တွေ့သောအခါ အားလုံးက ပြုံးပြီး ခေါင်းညိတ်ပြကြသည်။
ဘိုင်ချီဟန်၊ ကျိုးယုနှင့် တခြားသူများသည် ချင်ယွင်ကို အရင်ဆုံး စကားစပြောရန် ရည်ရွယ်ချက်ထားပုံမရသည့်အတွက် ချင်ယွင်သည်လည်း အပြုံးလေးဖြင့်သာ တုန့်ပြန်လိုက်ပြီး စကားမပြောခဲ့ပေ။
ချင်ယွင်သည် တိုင်ယွန်တောင်တန်းတွင် လင်းဖန်ကို အနိုင်ယူခဲ့ပြီး ၎င်းတို့၏ လေးစားမှုကို အတိုင်းအတာတစ်ခုအထိ ဆွဲဆောင်နိုင်သော်ညလည်း ၊ ချင်ယွင်သည် အခွင့်အရေးများကို အသုံးချနိုင်ခဲ့၍ ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် ချင်ယွင်သည် သူတို့နှင့် အတော်လေး လှမ်းဝေးနေပါသေးသည်။
ချင်ယွင်သည် သူတို့တွေးနေသည့်အရာကို သဘာဝကျကျမြင်နိုင်ပြီး သူကိုယ်က ဘာမှ ငြင်းဆန်ချင်စိတ်မရှိပေ။ အချို့အရာများ သည် အမှန်တကယ် လှုပ်ရှားမှသာလျှင် သိနိုင်သောအရာများဖြစ်သည်။
ဤအချိန်တွင် ဤအရာအားလုံးကို အဝေးမှ အေးစက်စွာကြည့်နေသော ချောင်ရွှန်းဂျန် သည် လမ်းလျှောက်လာသည်။
ကျန်းရွန်ရှင်းသည် ချက်ချင်းပင် စိုးရိမ်သွားပြီး ချင်ယွင်ရှေ့မှာ တားဆီးတန့်ရန် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏လက်ကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး သူမအား စိတ်မပူသင့်ကြောင်း ပြသသည်။
ကျန်းရွန်ရှင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘေးမှာ ရပ်လိုက်သည်။ သို့သော်လည်း သူမသည် ချောင်ရွှန်းဂျန်ကို ဂရုတစိုက်ကြည့်နေဆဲဖြစ်သည်။ အကယ်၍ ချောင်ရွှန်းဂျန်သည် လှုပ်ရှားမှုပြုလုပ်ရန် အရိပ်အယောင်ပြနေသရွေ့ သူမသည် ချက်ချင်းပင် လှုပ်ရှားသွားမည်ဖြစ်သည်။
ချောင်ရွှန်းဂျန်သည် ဤမြင်ကွင်းကိုမြင်သောအခါတွင်၊ သူသည် ချက်ခြင်းပင် ကိုယ့်
ကိုယ်ကို နှိမ့်ချသည့် ခါးသီးသောအပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ချင်ယွင်ဆီကို လှည့်ကြည့်လိုက်ပြီး "ဒီပြိုင်ပွဲမှာ မင်း ငါ့ကို စိန်ခေါ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ ပြီးတော့ ငါတို့ ဂုဏ်သိက္ခာရှိရှိ ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့။ ရှုံးတဲ့လူက ရွန်ရှင်းကို စွန့်လွှတ်ပေးရလိမ့်မယ်။"
ကျန်းရွန်ရှင်း၏အမူအရာသည် ချက်ချင်းပင် ဒေါသဖြစ်သွားပြီး သူမသည် ရှေ့သို့ ပြေးထွက်တော့မည်။
ချင်ယွင်က ပြုံးပြီး "ဘာပဲဖြစ်ဖြစ် ငါက ရွန်ရှင်းကို လက်မလွှတ်ဘူး။ သူမက အခု ငါ့မိန်းမ ဖြစ်နေပြီ"
ဤစကားကိုကြားလျှင် ကျန်းရွန်ရှင်း၏မျက်နှာသည် နီရဲလာပြီး သူမ၏နှလုံးသားသည် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေသည်။
ချောင်ရွှန်းဂျန်၏ မျက်လုံးများသည်ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူ အော်ပြောခါနီးတွင် ချင်ယွင်က "ဒါပေမဲ့ မင်းက ငါ့ကို တိုက်ခိုက်ချင်တာဆိုတော့ ငါကလည်း သဘာဝအတိုင်း မင်းနဲ့အတူ လိုက်ပါပေးမယ်။"
"ကောင်းပြီ၊ မင်းကို ငါစောင့်နေမယ် လင်းယွင်!" ချောင်ရွှန်းဂျန်သည် တင်းမာစွာပြောပြီး ရှောင်ထွက်သွားခဲ့သည်။
ချောင်ရွှန်းဂျန် ထွက်သွားသည်နှင့် တပြိုင်နက် ကျန်းရွန်ရှင်းသည် စိုးရိမ်တကြီး လေသံဖြင့် ချက်ချင်းပြောသည် "ယောင်္ကျား၊ သူက မင်းရဲ့ ကိုယ်ရေးအချက်လက် အမှန်ကို သိပုံရတယ်။ သူက မင်းအကြောင်းပြောပြလိုက်ရင်..."
ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ကျန်းရွန်ရှင်းအား ပြောလိုက်သည် "စိတ်မပူပါနဲ့၊
သူက ဒီလိုလူစားမျိုး မဟုတ်ဘူး"
ကျန်းရွန်ရှင်းသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမသည် ပြန်လှည့်လိုက်ပြီးထွက်ခွာသွားသောချောင်ရွှန်းဂျန်၏ နောက် ကျောကိုကြည့်ရင်း သူမမျက်လုံးများတွင် အေးစက်သည့်အရိပ်ယောင်များ လင်းလက်သွားခဲ့သည်။