Chapter - 119
Vol. 8 Ch. 119
အခန်း (၁၁၉)
ချောင်ရွှန်းဂျန်၏စိန်ခေါ်မူသည် ချင်ယွင်အတွက် တုန်လှုပ်ဖွယ်ရာမရှိခဲ့ပေ။ သူ့အတွက်၊ ချောင်ရွှန်းဂျန်ကို အနိုင်ယူခြင်းသည် သူ၏ အဆုံးစွန်သော ပန်းတိုင်မဟုတ်ပေ။ သူလိုချင်သည်မှာ ထိပ်တန်းသုံးယောက်စာရင်း၀င်ပြီး မိုးကြိုး၀ိညာဥ်တောင်ထဲ ၀င်ခွင့်ရရန်အတွက် အရည်အချင်းများကို ပြသရန်ဖြစ်သည်။
သို့သော်၊ ဂိုဏ်းပြိုင်ပွဲ၏ပထမနေ့တွင်၊ လက်ရွေးစင်တပည့်များအတွက် ဘာမှ လုပ်စရာမလိုပေ။ ပထမနေ့သည် အတွင်းစည်းဂိုဏ်း၀င်တပည့်များကို စိန်ခေါ်ရန် အပြင်စည်းဂိုဏ်း၀င်တပည့်များအတွက် သီးသန့်နေ့ဖြစ်သည်။ အပြင်စည်း ဂိုဏ်း၀င် တပည့်များ စိန်ခေါ်ခြင်းပြီးဆုံးသောအခါ အတွင်းစည်းဂိုဏ်း၀င်တပည့်များ စိန်ခေါ်ရမည့် အချိန်ဖြစ်သည်။ အစပိုင်းတွင် အတွင်းစည်းဂိုဏ်း၀င်တပည့်များသည် ပို၍မြင့်မားသောအဆင့်များရရှိရန် သူတို့ထက်ပို၍အဆင့်မြင့်သော အတွင်းစည်း ဂိုဏ်း၀င် တပည့်များအား စိန်ခေါ်ခဲ့သည်။
ဤနည်းအတိုင်း ပြိုင်ပွဲကိုဆက်လက်ကျင်းပခြင်းဖြင့် အချိန်သုံးရက်လောက်ကြာ သွားခဲ့သည်။
ယင်းနောက်မှာတော့ အဓိကပြိုင်ပွဲများ ရောက်လာခဲ့ပြီ။ လက်ရွေးစင် တပည့်များကို စိန်ခေါ်ရန်အတွက် အတွင်းစည်းဂိုဏ်း၀င် တပည့်များ၏ အချိန်ဖြစ်သည်။ အတွင်းစည်းဂိုဏ်း၀င် တပည့်များ စိန်ခေါ်ခြင်း ပြီးဆုံးပြီးနောက်၊ ၎င်းသည် ဂိုဏ်း၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်လာလိမ့် မည်။ ထိုအချိန်သည် ဂိုဏ်း၏အဆင့်မြင့်ပြိုင်ပွဲကျင့်ပမည့်အချိန်ဖြစ်သည်။ ထိပ်တန်းအဆင့် နှစ်ဆယ် အတွင်း ဝင်ရောက်ခဲ့သော လက်ရွေးစင်တပည့်များအားလုံး အဆင့်ပြိုင်ပွဲတွင် ပါဝင်နိုင်သည်။
ကိုယ်ရောက်ရှိသည့်အဆင့် ပိုမြင့်မားလေ ဆုလာဘ်များက ပိုမိုများပြားလေဖြစ်သည်။ ထိပ်ဆုံးဆုဆယ်ခုသည် ပို၍ပင် ရက်ရောလှသည်။ သေချာတာသည်မှာ၊ ထိပ်ဆုံးဆု သုံးမျိုးက တော့ အကောင်းဆုံးပါပဲ။၊ အထူးသဖြင့် မိုးကြိုး၀ိညာဥ်တောင်ကို ဝင်ခွင့်ရရန် အရည် အချင်းပြည့်မှီခြင်းဖြစ်သည်။ ဤသည်မှာ ထိုလက်ရွေးစင် တပည့်များအတွက် ကြီးမားသော သွေးဆောင်မှုဖြစ်သည်။
ထို့ကြောင့် ပထမသုံးရက်တွင် ပြိုင်ပွဲသည်ချင်ယွင်နှင့် ဘာမှမသက်ဆိုင်ပေ။ သို့သော် အတွင်းစည်းဂိုဏ်း၀င်တပည့်တစ်ဦးအနေဖြင့် ချင်ယွင်ရှိနေရမည်။ သူသည် နံပါတ်တစ် အတွင်းစည်းဂိုဏ်း၀င် တပည့်ဖြစ်ခဲ့လျှင်ပင် မည်သူမဆို သူ့ကို စိန်ခေါ်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် ကောင်းကင်မိုးကြိုးရင်ပြင်တွင် သူရှိနေရမည်ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ ချင်ယွင်သည် အလွန်အကူအညီမဲ့ပြီး သူသည် အထူးတန်း ပေါ်တွင် ထိုင်ကာ လေစွမ်းအင်သဘောတရားများကို နားလည်ရန် မျက်လုံးမှိတ်ထား ရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်၏ အနားတွင် ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး သူ့ကို မနှောင့်ယှက်ပေ။ ချင်ယွင်သည် ထိပ်တန်းလက်ရွေးစင် တပည့် သုံးယောက်ထဲ တစ်ယောက်အပါ၀င်ဖြစ်ရန် သေချာပေါက် ရည်မှန်းထားသည်ကို သူမ သိထားခဲ့ပြီး ဖြစ်ကာ သူမသည် သူ့အတွက် တတ်နိုင်သမျှ အတားအဆီး အားလုံးကို ရှင်းပစ်ရလိမ့်မည်။
ကျန်းရွန်ရှင်းသည်းလည်း အချိန်ဖြုန်းမနေခဲ့ပါဘူး။ သူမသည် ဤကာလအတွင်း ချင်ယွင်ပေးခဲ့သော ကျင့်ကြံခြင်းနည်းပညာရပ်ကို ကျင့်ကြံနေခဲ့သည်။ ယခုအခါ ကျန်းရွန်ရှင်း၏ ကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ရေစွမ်းရည်သဘောတရားအပေါ် သူမ၏နားလည်သဘောပေါက်မှုသည် ရှေ့သို့ ခြေလှမ်းတစ်လှမ်းတိုးလာခဲ့သည်။ ထို့ကြောင့် ကျန်းရွန်ရှင်းသည် လက်ရွေးစင် အဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်နေရာမျှသာ မဟုတ်တော့ပေ။
အမွှေးတိုင်တစ်တိုင်စာလောက်ကြာပြီးနောက် နောက်ဆုံးတွင် ဂိုဏ်း၏ အကြီးအကဲများ ပေါ်လာကြသည်။ အကြီးကဲဝတ်စုံဝတ်ထားသည့် အကြီးအကဲ သုံးယောက် ထွက်လာကြသည်။ အလယ်ရှိ ဆံပင်ဖြူအကြီးကဲသည် ယခင်က တိုင်ယွန်တောင်တန်း၌ ထွက်ပေါ်လာခဲ့သော တော်၀င်အကြီးအကဲ ဖြစ်သည်။
ပုံမှန်အားဖြင့်ဆို ပထမဂိုဏ်းသုံးခု၏ပြိုင်ပွဲများကို သာမန်အကြီးအကဲများက ဦးဆောင်မည်ဖြစ်ပြီး ဂိုဏ်း၏ ခေါင်းဆောင်သည် နောက်ဆုံးအဆင့်ပြိုင်ပွဲ မရောက်မချင်း ပေါ်လာမည်မဟုတ်ပေ။ သို့သော် ယခုတစ်ကြိမ်တွင် အပြင်စည်းဂိုဏ်းဝင် တပည့်များနှင့် အတွင်းစည်းဂိုဏ်းဝင် တပည့်များကိုပင် အမှန်တကယ် တော်ဝင်အကြီးအကဲကိုယ်တိုင် ဦးဆောင်မည်ဖြစ်သည်။ ယင်းက လူတိုင်းကို အံ့သြစေသည်။ (ပထမဂိုဏ်းသုံးခုဟူသည် အစေခံလုပ်သမားအဖွဲ့၊ အပြင်စည်းဂိုဏ်းဝင်အဖွဲ့နှင့် အတွင်းစည်းဂိုဏ်းဝင်အဖွဲ့တို့ကို ဆိုလိုဟန်)
တော်ဝင် အကြီးအကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လေထဲသို့ လှမ်းတက်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်မိုးကြိုးရင်ပြင် အလယ်မှာ ပေါ်လာသည်။ လူတိုင်းသည် ခါးကုန်းနေသော တော်ဝင်အကြီးအကဲကို မော်ကြည့်လိုက်ကြသော်လည်း အဆုံးမရှိဖိနှိပ်မှုများကိုခံစားရ၏။ သူတို့အားလုံးသည် "လေထုပေါ်ဖြတ်လျှောက်ပြီး တက်နင်းထားနိုင်တယ်၊ ဒါက သိုင်းမြို့စားနယ်ပယ်ပဲ"ဟု စိတ်ထဲတွင် အော်ပြောနေကြသည်။
ချင်ယွင်၏ နှလုံးသားသည် အလွန်အမင်းမပြောင်းလဲခဲ့ပေ။ သူသည် ဟိုးရှေးယခင်ကတည်းက သူ့ရှေ့တွင်ရှိနေသော တော်၀င် အကြီးကဲကို မြင်ဖူးပြီး တော်ဝင်အကြီးကဲ၏ ကျင့်ကြံမှုအဆင့်သည် ၊ သိုင်းမြို့စားနယ်ပယ်တတိယအဆင့် ကောင်းကင်အလွှာမှာရှိပြီး ယင်းထက်ပိုမမြင့်အကြောင်းကို အကြည့်တစ်ချက်ဖြင့်ပင် သူပြောနိုင်၏။
"ဒီအဘိုးကြီးကတော့ မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့ တော်၀င်အကြီးအကဲပါပဲ။ ဒီအဘိုးကြီးဟာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ အနှစ်သုံးဆယ်ကြာခဲ့ပြီး အပြင် မထွက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေနဲ့ အကြောင်းအရာများစွာကို ပြီးအဘိုးကြီးက ကြုံတွေ့ခဲ့ရပါတယ်။နောက်ပြီး ဒီအဘိုးကြီး သင်ယူခဲ့ရတာတစ်ခုကတော့၊ ငယ်ရွယ်နုပျိုခြင်းက အရမ်းကောင်းတယ် ဆိုတာပါပဲ!" တော်ဝင် အကြီးအကဲ၏ အဖွင့်အမှာစကားသည် ဖိနှိပ်ချုပ်ချယ်မှု လုံး၀မရှိခဲ့ပါ။ ယင်းအစား စကားလုံးများသည် ခိုင်မာသော ရင်းနှီးမှုကို ယူဆောင်လာခဲ့သည်။ ဤအရာက မူလက တော်ဝင်အကြီးအကဲကို ကြောက်ရွံ့နေ သော တပည့်များအား သူတို့ရှေ့ရှိ တော်ဝင်အကြီးအကဲသည် အလွန်ရင်းနှီးဖော် ရွေသည်ဟု တပည့်များကို ခံစားရစေခဲ့သည်။
"ဒါကြောင့်လည်း ဒီဂိုဏ်းပြိုင်ပွဲကို ကိုယ်တိုင်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ။ မင်းတို့ လူငယ်တွေရဲ့ တက်ကြွဖြတ်လတ်ပြီး အားမာန်ပြည့်၀မူကို ထိတွေ့ချင်ခဲ့မိတယ်" တော်ဝင်အကြီးအကဲက ဆက်ပြောသည်။
လူအုပ်ထဲမှ လက်ခုပ်သြဘာနှင့်အတူ အားပေးသံများ ထွက်ပေါ်လာသည်။
"ကောင်းပြီ ဒီအဘိုးကြီးဖြစ်တဲ့ငါက စကားများပြီး အချိန်ဖြုန်းတီးတော့ဘူး။ ပထမအဆင့်ကို တိုက်ရိုက်သွားလိုက်ရအောင်။ အပြင်စည်းဂိုဏ်း၀င် တပည့်တွေက အတွင်းစည်းဂိုဏ်းဝင်တပည့်တွေကို စိန်ခေါ်နိုင်တယ်။ စိန်ခေါ်ချင်တဲ့ ဘယ်အပြင်စည်း ဂိုဏ်း၀င်တပည့်မဆို အလယ်ဗဟို ကွင်းထဲကို တိုက်ရိုက် လာနိုင်တယ်။ ကိုယ်စိန်ခေါ်ချင်တဲ့သူတွေကို နာမည်ပေးလိုက်ပါ။" တော်ဝင် အကြီးအကဲက ကြေညာသည်။
သေချာပါသည်၊ တော်ဝင်အကြီးအကဲ ကြေညာပြီးသည်နှင့် တစ်စုံတစ်ယောက်က “ငါ အရင်သွားလိုက်မယ်”ဟု ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် အလွန်သန်မာသောပုံရိပ်တခုသည် အလယ်ဗဟိုရှိ ပြိုင်ပွဲကွင်းပြင်ဆီသို့ ပြေးသွားကာ နောက်ဆုံးတွင် ပြိုင်ပွဲကွင်းပြင်ပေါ်သို့ ခုန်ဆင်းသွားခဲ့သည်။
"ငါက အဆင့် ၇၅၀ ရှိတဲ့ ကျန်းရွှန်ကို စိန်ခေါ်ချင်ပါတယ်" စင်မြင့်ပေါ်ကို ပြေးလာသော အပြင်စည်းဂိုဏ်းဝင် တပည့်က ပြောသည်။
ထို့နောက် အပြာရောင်တပည့်ဝတ်စုံကို ၀တ်ဆင်ထားသော အမျိုးသားသည် အထူးတန်းမှ ထွက်လာပြီး ပြိုင်ပွဲကွင်းပြင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
ဒိုင်လူကြီးက အမိန့်ပေးပြီးနောက် နှစ်ယောက်သား အမြန်ရင်ဆိုင်လိုက်ကြသည်။
ချင်ယွင်သည် ပြိုင်ပွဲကွင်းပြင်ရှိ လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ခြင်းပင် စိတ်မဝင်စားတောချေ။ ၎င်းတို့နှစ်ဦးစလုံးသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များဖြစ်ကြသော်လည်း ကျန်းရွှန်၏ အစွမ်းမှာ စိန်ခေါ်သူထက် ပိုမိုခိုင်မာကြောင်း ထင်ရှားသည်။
ထို့အပြင် ထိုသူ၏ စိတ်နေစိတ်ထားကို သုံးသပ်ကြည့်လျှင် ကျန်းရွှန်သည် သူ့ကို စိန်ခေါ်သူထက်ပင် ပို၍ ငြိမ်သက်နေသောကြောင့် နောက်ဆုံးအောင်နိုင်မည့်သူနှင့် ရှုံးနိမ့်မည့်သူကို အကြည့်တစ်ချက်တည်းဖြင့်ပင် မြင်တွေ့နိုင်သည်။
သေချာတာကတော့ ကျန်းရွှန်က အနိုင်ယူပြီး စိန်ခေါ်သူက ရှုံးနိမ့်သွားလိမ့်မည်။
နောက်ရက်များတွင်လည်း တိုက်ပွဲများအားလုံးသည် ယခုပုံစံများအတိုင်းပင်။ ထိုအစေခံတပည့်များနှင့် အပြင်စည်းဂိုဏ်းဝင်တပည့်များသည် ၎င်းတိုက်ပွဲများကို နှစ်သက်ကြသော်လည်း ချင်ယွင်နှင့် အခြားလူများအတွက်မူ အလွန်မင်း ဆွဲဆောင်နိုင်စွမ်း မရှိတော့ချေ။ ချင်ယွင်ကို စိတ်ဝင်စားသော တစ်ခုတည်းသော တိုက်ပွဲမှာ ယခင်တုန်းက ချင်ယွင်နှင့်အတူ အပြင်စည်းဂိုဏ်းဝင်စာမေးပွဲတွင် ပါဝင်ခဲ့သော မာနကြီးသည့် ကလေးငယ်ဖြစ်သည်။
သူသည် အဆင့်ငါးရာရှိ အတွင်းစည်းဂိုဏ်း၀င်တပည့်ကို အမှန်တကယ် အနိုင်ယူခဲ့ပြီး ယခုအချိန်အထိ အပြင်စည်းဂိုဏ်း၀င်တပည့်များတွင် အမြင့်ဆုံးစိန်ခေါ်သူ ဖြစ်လာခဲ့သည်။
အတွင်းစည်းဂိုဏ်း၏ နံပါတ်တစ်တပည့်ဖြစ်သောချင်ယွင်သည် သဘာဝအတိုင်း သူ့ကို စိန်ခေါ်ရန် မည်သူမျှ မရှိပေ။ ထို့ကြောင့် နှစ်ရက်ဆက်တိုက် ချင်ယွင်သည် အထူးတန်းစင်မြင့်၌ ထိုင်ကာ လေစွမ်းရည်၌ အပြောင်းလဲမှုများကို နားလည်ရန် မျက်လုံးမှိတ်လိုက်သည်။ ရံဖန်ရံခါမှသာ သူစိတ်ဝင်စားခဲ့သော တိုက်ပွဲများကို ကြည့်ရန် ခေါင်းကို မော့ထား သည် ။
နှစ်ရက်ကြာ နားလည်သဘောပေါက်အောင် ဆင်ခြင်မှုကြောင့် ချင်ယွင်သည် လေထုဖြတ်တောက်ခြင်းသဘောတရား၏ ဒုတိယအဆင့် အရိပ်အမြွက်ကို နားလည်နိုင်ခဲ့သည်။ ယင်းက ချင်ယွင်အတွက် အလွန်အံ့သြစရာပင်ဖြစ် သည်။ သူသည် သူ၏လေထုဖြတ်တောက်ခြင်းသဘောတရားကို ဒုတိယအဆင့်သို့ ဖြတ်ကျော်ရန် အတွက် အသက်အသီးကို စားသုံးပြီး ဤအဆင့်သတ်မှတ်ချက် တိုက်ပွဲမှ အခွင့်ကောင်း ကိုရယူရန် စီစဉ်ထားခဲ့သည်။
ကုန်လွန်ခဲ့သည့်နှစ်ရက်သည် ချင်ယွင်နှင့် မသက်ဆိုင်သလိုပင်။ တတိယ မြောက်နေ့တွင် အတွင်းစည်းဂိုဏ်း၀င်တပည့်များသည် အတွင်းစည်းဂိုဏ်း၀င်း တပည့်များအချင်းချင်းကို စိန်ခေါ်သောအခါ ချင်ယွင်သည် ရုတ်တရက် အလုပ်များလာခဲ့ရသည်။
အဆင့်တစ်ဆယ်နှင့်အဆင့် တစ်ဆယ်အတွင်း ရှိသူများသည် ချင်ယွင်ကို တယောက်ပြီးတယောက် စိန်ခေါ်လာကြသည်။ ယင်းက အစပိုင်းမှာ သူ့ကို ပဟေဠိစေခဲ့သည်။ သူသည် ကြီးကြီးမားမား လှုပ်ရှားမှုမျိုး မလုပ်ခဲ့ရပါဘူး။ သူသည် ပြိုင်ပွဲကွင်းပြင်ထဲသို့ ၀င်သည့်အချိန်တိုင်း တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပစ်လိုက်သည်။
နောက်ပိုင်းတွင် ဖက်တီးလျူ၏အကြံပြုအရ ဤလူများသည် ကျန်းရွန်ရှင်းကို ကြည်ညိုလေးစားသူများဖြစ်ကြပြီး ချင်ယွင်ကို သူတို့၏ နှလုံးသားထဲတွင် မယုံကြည် ကြကြောင်း သိလိုက်ရသည်။ထို့ကြောင့် သူတို့သည် ချင်ယွင်ကို တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
အခြေအနေကို နားလည်ပြီးနောက် ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
စိန်ခေါ်မှုကို ထပ်မံရင်ဆိုင်ရသောအခါတွင်မူ သူသည် ကရုဏာမပြခဲ့တော့ပေ။ သူသည် အဆင့် ၁၀၃ တွင်ရှိသော တပည့်တစ်ဦးကိုပင်မေ့မြောသွားခဲ့သည်အထိ တိုက်ရိုက်ထိုးပစ်လိုက်သည်။ ပြင်းပြင်းထန်ထန်း လှုပ်ရှားမှုတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပြုလုပ်ပြီးနောက်၊ ချင်ယွင်ကို မည်သူမျှ ထပ်မံမစိန်ခေါ်ရဲတော့ပေ။
ရလာဒ်အနေဖြင့် အတွင်းစည်းတပည့်များ၏ စိန်ခေါ်ချက် ပြီးဆုံးသွားသည်။ ထို့နောက်တွင်၊ ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းသော အတွင်းစည်းဂိုဏ်း၀င် တပည့်များ၏ လက်ရွေးစင်တပည့်များကို စိန်ခေါ်တိုက်ခိုက်ခြင်းပြိုင်ပွဲဖြစ်သည်
ကနဦးအစပိုင်းတွင် ချင်ယွင်သည် ပြင်းပြင်း ထန်ထန် လှုပ်ရှားဖို့ မရည်ရွယ်ခဲ့ပါဘူး။ နောက်ဆုံးတွင် သူသည် အဆင့်သတ်မှတ်ချက်အတွင်း၀င်သည့် တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ရန်သာ လိုအပ်၏။ ထိုကြောင့် သူသည် စိန်ခေါ်ရန် အတွက် အဆင့် ၂၀ အတွင်းရှိသော လက်ရွေး စင်တပည့်တစ်ဦးကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။
ချင်ယွင်သည် ယခုလိုမျိုးတောင်းဆိုလိုက်သည့်အခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
အတွင်းစည်းဂိုဏ်းဝင်တပည့်တဦးသည် အဆင့်အတွင်း၀င်သည့် ထိပ်တန်း လက်ရွေး စင်တပည့်ကို အစကတည်းက စိန်ခေါ်ခဲ့သည်။ ယင်းက သေခြင်းတရားကို တောင်းဆိုနေတာ ဖြစ်နိုင်သလား။
ချင်ယွင်၏စွမ်းအားသည် မဆိုးဘူးဟု လူတော်တော်များများက ခံစားခဲ့ကြပေမယ့် ချင်ယွင်သည် ထိပ်တန်းတပည့် အဆင့်၂၀ စာရင်း ဝင်ရန် အရည်အချင်းပြည့်မှီသည်ဟု မထင်ခဲ့ကြပါဘူး။ သူတို့၏မျက်လုံးများတွင် ချင်ယွင်သည် ထိပ်တန်းအဆင့် ၈၀ သို့ဝင်ရောက်နိုင်ခြင်းသည်ပင် ထိပ်တန်းဖြစ်နေပြီဖြစ်ပြီး ချင်ယွင်က သူ့ကို စိန်ခေါ်လိုသည်ဟု ကြားသောအခါ အဆင့်နှစ်ဆယ်ရှိ လက်ရွေးစင်တပည့်သည် အထင်မြင်သေးသည့်မူရာများကို ထုတ်ဖော်လိုက်၏။