Chapter - 120
Vol. 8 Ch. 120
အခန်း (၁၂၀)
ချင်ယွင်၏စိန်ခေါ်ချက်သည် ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးတွင် ကြီးမားသော အာရုံစူးစိုက်မှုကို ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။
ထိုအစေခံတပည့်များ၊ အပြင်စည်းဂိုဏ်းဝင်တပည့်များ၊ အတွင်းစည်းဂိုဏ်းဝင် တပည့်များနှင့် အချို့သော လက်ရွေးစင်တပည့်များသည် ချင်ယွင်ကို အထင်ကြီးကြခြင်းမရှိဘဲ ချင်ယွင် ရှုံးနိမ့်ရမည်ဟု ယုံကြည်ကြသည်။
ထိုနေ့တုန်းက တိုင်ယွန်တောင်တန်းတွင် ထင်ရှားထွက်ပေါ်လာခဲ့သော ထိပ်တန်း
လက်ရွေးစင်တပည့်ဆယ်ဦးကို နှစ်ဖွဲ့ခွဲထားသည်။ သူတို့သည်လည်း အတွေးနှစ်ခုမျိုးကို ဆုပ်ကိုင်ထားကြ၏။ တဖွဲ့က ချင်ယွင် သည် အဆင့်၂ဝရှိသော ၀မ်ထိုက်ကို အနိုင်ယူနိုင်မည်ဟု တွေးလိုက်ကြသည်။ နောက်ဆုံးတွင်၊ ၀မ်ထိုက်၏ ကျင့်ကြံမှုအဆင့်သည် ဘိုင်ယွန်ကျောင်းတော်မှ လင်းဖန်ထက် များစွာနိမ့်ကျပြီး သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။
သို့သော် အချို့သောလူများကမူ ချင်ယွင်၏ လင်းဖန်ကို အနိုင်ယူနိုင်စွမ်းသည် ကံတရားကြောင့်သာဖြစ်သည်ဟု အချို့က ယုံကြည်ကြသည်။ လင်းဖန်၏ ပေါ့လျော့မှုကြောင့်သာ မဟုတ်ပါက၊ သူသည် ချင်ယွင်ကို တစ်ချက် လှုပ်ရှားရုံဖြင့် ချက်ချင်း သတ်ပစ်လိုက်ပေလိမ့်မည်။ သူသည် ချင်ယွင်၏ ဖမ်းဆီးခြင်းကို ခံရပြီး အောင်မြင်စွာ အလစ်ဖမ်း တိုက်ခိုက်ခြင်းကို မည်သို့ခံရလိမ့်မည်နည်း။ ကျင့်ကြံခြင်းနယ်ပယ် ခြားနားချက်သည် အလွယ်တကူ ပေါင်းကူးတံတားထိုးနိုင်သော အရာမဟုတ်ပေ။
စင်းမြင့်ပေါ်တွင်ထိုင်နေသော တော်ဝင်အကြီးအကဲသည် ချင်ယွင်ကို စိတ်ဝင်တစား ကြည့်ကာ "ဒီကောင်စုတ်လေး၊ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ သူက သိုင်းသခင်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာကနေ သိုင်းဂိုဏ်းချုပ်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမှုအဆင့်ကို ရောက်နေပြီလား။ သူက စိတ်ဝင်စားဖို့ကောင်းပေမယ့် နည်းနည်းလေး ရင်းနှီးနေတယ်လို့ ဘာလို့ အမြဲခံစားရတာလဲ။
ချင်ယွင်သည် အလယ်ဗဟိုရှိ ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ရပ်ကာ ဆူညံနေသော ပရိသတ်များ၏ ရပ်တည်မှုကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ မရှိခဲ့ပေ။ သူ့အတွက်မူ၊ ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတဦးကို စိန်ခေါ်ခြင်းသည် မဆိုစလောက်ကိစ္စဖြစ်သည်။ သေချာပါသည်၊ သူက ဤကိစ္စကို ပရိသတ်ကို ရှင်းပြဖို့ ကြိုးစားရင်း သူ၏ ဝင်သက်ထွက်သက်များကို အလဟဿဖြုန်းတီးရန် စိတ်မဝင်စားပါဘူး။အကယ်၍ ရှင်းပြချက်က အသုံးဝင်သည်ဆိုလျှင်ပင် အမှန်တကယ် အသုံးဝင်မှာတဲ့လား။
"မင်း တကယ်ပဲ အဆင့်နှစ်ဆယ်ရှိ ဝမ်ထိုက်ကို စိန်ခေါ်မှာလား။" ပြိုင်ပွဲကွင်း အပြင်ဘက်ရှိ ဂိုဏ်းအကြီးအကဲတဦး ချင်ယွင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း မေးသည်။
ချင်ယွင်သည် ရည်မှန်းချက် ကြီးလွန်းသည်ဟုလည်း သူလည်း ထင်၏။ ပဉ္စမအဆင့်အထွတ် အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦးကို စိန်ခေါ်ဖို့ကြိုးပမ်းရန် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦးက ရိုးရှင်းစွာ တွေးတောနေးခြင်းဖြစ်သည်။
ချင်ယွင်သည် အကြီးကဲ၏မျက်လုံးများတွင် အထင်အမြင်သေးခြင်းကိုမြင်လျှင် သူက ပြုံးလိုက်သည်။ “သေချာပါတယ်” ဟု အကြီးကဲအား ပြန်ပြောလိုက်သည်။
အကြီးအကဲသည် ခေါင်းကို တစ်ချက်ခါယမ်းကာ "ဝမ်ထိုက် ထွက်လာခဲ့၊ သွားတိုက်ခိုက်လိုက်" ဟု ကောင်းကင်ယံသို့ အော်ပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း အကြီးအကဲ၏ ကွပ်ကဲမှုအောက်တွင် အလွန်လျင်မြန်သော ပုံရိပ်တခုသည် အလယ်ဗဟိုရှိ ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ပေါ်လာသည်။ ကွင်းပြင်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
'"မြန်လိုက်တာ! လက်ရွေးစင်တပည့်အဆင့်၂ဝက မျှော်လင့်ထားသလိုပဲ၊ ဒီအရှိန်ဟုန် တစ်ခုတည်းနဲ့တင် အလွန်အံ့သြစရာကောင်းနေပြီ။ လင်းယွင်ကတော့ ကျိန်းသေပေါက် ရှုံးနိမ့်လိမ့်မယ်။"
"မှန်တယ်။ ဒီလင်းယွင်က အတွင်းစည်းဂိုဏ်းရဲ့ နံပါတ်တစ်လူက မာနကြီးလို့ရတယ်လို့ ထင်နေတယ်။ သူက ကောင်းကင်ဘုံအောက်မှာ ပြိုင်ဘက်ကင်းလို့ သူကိုသူ ထင်နေတာလား။ သူက အရမ်းမောက်မာတဲ့အတွက် သိုင်းဂိုဏ်း ချုပ်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာအဆင့်ကလေးနဲ့ လက်ရွေးစင်တပည့် အဆင့်နှစ်ဆယ်မှာရှိတဲ့ ဝမ်ထိုက်ကို စိန်ခေါ်ခဲ့တယ်။ သူက ရိုးရိုးချင်းချင်း သေခြင်းတရားကိုတောင်းခံနေခြင်းဖြစ်၏ "
""လင်းယွင်က သူ့ကိုယ်သူ လွန်လွန်ကဲကဲ တွက်ဆနေတာပဲ၊ ငါတို့ဂိုဏ်းရဲ့ အလှလေးနှစ်ယောက်ထဲ တစ်ယောက်ဖြစ်တဲ့ ကျန်းရွန်ရှင်းဟာလည်း ဒီကောင်းရဲ့လက်ထဲမှာ တကယ်ပဲ ပျက်စီးသွားရပြီလို့ဆိုနိုင်တယ်။ စီနီယာ အစ်မကျန်းက ဘယ်လိုတွေ တွေးနေမှန်း ငါတကယ် မသိတော့ဘူး။ တကယ်လို့ သူမကသာ ဒီလိုလက်ရွေးစင်တပည့်နဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုပေးတယ်ဆိုရင် သူမကိုယ်တိုင်ကဘည်း မောက်မာပြီး မာနကြီးသူ ဖြစ်ရမည်။"
"ဟမ့် ၊ လင်းယွင်က စီနီယာအစ်မကျန်းကို ဖျက်ဆီးဖို့အတွက် စက်ဆုပ်ရွံရှာဖွယ် နည်းလမ်း တစ်ခုခုကို သုံးခဲ့လိမ့်မယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် စီနီယာအစ်မကျန်းက သူ့နောက်ကို လိုက်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူးပေါ့"
ကွင်းပြင်ကြီးတခုလုံးတွင် အတင်းအဖျင်းပြောသံများ မျိုးစုံထွက်ပေါ်နေသည်။
ချင်ယွင်နှင့် ဝမ်ထိုက်တို့သည် ကြားနာရသည်မှာ အလွန်မင်းအဆင်မပြေသည့်အတွက် ထိုလူများဆီမှ ဘာမှမကြားသလိုနေကြရသည်။
ဝမ်ထိုက်သည် စင်မြင့်ပေါ်မှ ဆွေးနွေးမှုများကို ကြားလိုက်သောအခါတွင် မာန်မာနဝင့်ကြွားမှု အရိပ်အယောင်များ သူ၏နှလုံးသားထဲတွင် ချက်ချင်း ထွက်ပေါ် လာသည်။ ချင်ယွမ်ကိုကြည့်သည့် သူ၏အကြည့်များက ပိုလို့တောင် မထီမဲ့မြင် ဖြစ်သွားခဲ့သည်။
"ဟဲ့မျိုးမစစ်ကောင် ၊ မင်းအရှုံးကို ဝန်ခံဖို့ ငါအကြံပေးလိုက်မယ်။ မင်းဟာ အတွင်းစည်းဂိုဏ်းထဲမှာ နံပါတ်တစ်ဖြစ်ရုံနဲ့ မင်းငါ့ကိုစိန်ခေါ်ဖို့ အရည်အချင်း ပြည့်မှီတယ်လို့ မထင်လိုက်နဲ့ ၊ ငါပြောလိုက်မယ်၊ ငါက မင်းကို တစ်ချက်တည်း သတ်ပစ်နိုင်တယ်ကွ " ဝမ်းထိုက်က ချင်ယွင်ကိုကြည့်ကာ မထီမဲ့မြင်ပြုရင်း ပြောလိုက်သည်။
ချင်ယွင်သည် ဝမ်ထိုက်၏ စကားများကို နားမကြားချင်ဆောင်ကာ တဖက်ကို လှည့်လိုက်သည်။
ချင်ယွင်က သူ့ကို အမှန်တကယ် လျစ်လျူရှုသည်ကို မြင်ရလျှင် ဝမ်ထိုက်သည် ချက်ချင်း ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး "ဟမ့်၊ မင်းက ကျန်းရွန်ရှင်းရဲ့ ခွာလေးကိုလျှာနဲ့သပ်နေလို့ မင်းကိုယ်မင်း ပြိုင်ဖက်ကင်းလို့ မထင်နဲ့၊ ငါ မင်းကို ပြောပါရစေ ကျန်းရွန်ရှင်းက ခွေးမတစ်ကောင်သာသာပဲ"
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် အခြားသူများကို သူ့အကြောင်းပြောရန် ခွင့်ပြုနိုင်သော်လည်း အခြားသူများကို ကျန်းရွန်ရှင်းကိုစော်ကားခွင့် မပြုသည်မှာ သေချာပါသည်။ ကျန်းရွန်ရှင်းမည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို ချင်ယွင် ထက် မည်သူမျှ ပိုမသိနိုင်ပါဘူး။
ဝမ်ထိုက်က ဆက်ပြော၏"ဘာဖြစ်လို့လဲ? ဒေါသထွက်နေတာလား။ ဒါက ရုပ်ဆိုးတယ်လို့ ခံစားရတယ်။ ငါ့မှာ နားထောင်လို့ မကောင်းတဲ့ ပြောစရာတစ်ခုခု ရှိသေးတယ်။ ကျန်းရွန်ရှင်းက ခွေးမလေးတစ်ယောက် ဖြစ်ရုံသာမက ဘာမဆို လုပ်လို့ရနိုင်တဲ့ မိန်းမတစ်ယောက်လည်း ဖြစ်တယ်။ သူမဟာ ဂိုဏ်းထဲက ယောက်ျားတော်တော်များများနဲ့ လိင်ဆက်ဆံဖူးတာတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်…”
“တော်လောက်ပြီ! ချင်ယွင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏အသံက ကောင်းကင်နှင့် မြေကြီးကြားမှာ ပဲ့တင်ထပ်နေသည်။ သူ၏တစ်ကိုယ်လုံး ပြင်းထန်သည့်အငွေ့သက်များ ရုတ်တရက် ထွက်လာသည်။ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် ကျယ်လောင်သောအသံကို ဖြစ်ပေါ်စေပြီး အလွန်လွှမ်းမိုးနိုင်စွမ်း ရှိသောအငွေ့သက်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
အနီးနားရှိ ပရိသတ်များ အားလုံး တုန်လှုပ်သွားကြသည်။ ဒါက ဘယ်လို အရှိန်အဟုန်မျိုးလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြောက်စရာ ကောင်းနိုင်မှာလဲ?
ဘိုင်ချီဟန်၊ ကျိုးယုနှင့်တခြားသူများ အားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေခဲ့သည်။
ပွဲကြည့်စင်မြင့်ပေါ်ရှိ အကြီးအကဲများပင် တုန်လှုပ်သွားကြသည်။ သူတို့တောင်မှ ဤကဲ့သို့သော အငွေ့သက်မျိုးကို ထုတ်လွှတ်နိုင်မှာ မဟုတ်ပါဘူး။
အငွေ့သက် (အော်ရာ)သည် လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဆက်စပ်နေသည်။ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ကြောင့် ချင်ယွင်သည် အစစ်အမှန် အင်မော်တယ် တဦး၏ ကြောက်မက်ဖွယ်ကောင်းသောအသွင်အပြင်ကို သယ်ဆောင်ထားဆဲဖြစ်သည်။ ပုံမှန်အားဖြင့် ချင်ယွင်သည် ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း ဝမ်ထိုက်၏ စကားများက သူ့ကို လုံးဝ ဒေါသထွက်စေခဲ့သည်။
ချင်ယွင်သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်သည်ကို မြင်ရသောအခါ ဝမ်ထိုက်၏ နှလုံးသည် တဒုန်းဒုန်းခုန်သွားသည်။ သို့သော် ဒုတိယအတွေး၀င်လာ၏၊ သူ၏ရှေ့ကလူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ သူသည် မည်မျှပင် အော်ရာထုတ်လွှတ်နိုင်ပါစေ၊ ယင်းက လူအများထင်ကြည့်အောင် လှန့်လုံးထုတ်ခြင်း ဖြစ်လိမ့်မည်။
ဤအကြောင်းတွေးပြီး ဝမ်ထိုက်၏ မျက်နှာသည် ချက်ချင်း ပြေလျော့သွားသည်။ သူက ဆက်ပြီး လှောင်ပြောင်ရင်း "ဟမ့်၊ ဖြီးဖြန်းနေလိုက်တာ။ ငါ မင်းကို အနိုင်ယူပြီးရင် ကျန်းရွန်ရှင်းရဲ့ ခွာလေးကို ငါ ဂရုစိုက်ပါ့မယ်ကွာ။ အချိန်တန်ရင်..."
ဒါပေမယ့် သူစကားတဝက်လောက် ပြောထွက်ပြီးသည်နှင့် ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ပါးစပ်က ဖွင့်ဟနေ၏။ သူ၏ခန္ဓာကိုယ်က ပုစွန်တစ်ကောင်လို ကုန်းနေ လေပြီ။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလောက်မြန်နိုင်မှာလဲ၊ ဒီခွန်အားက ဘယ်လောက်ထိ ကြောက်စရာကောင်းနိုင်မှာလဲ!" ဝမ်ထိုက်သည် အံ့သြသွားသည်။
အစောပိုင်းလေးက ချင်ယွင်၏ အရှိန်ဟုန်သည် မြန်ဆန်လွန်းပြီး သူ၏ ခွန်အားမှာလည်း အလွန်ကြောက်စရာကောင်းသည်။ သူ၏ လက်သီးက သူ၏ ဝမ်းဗိုက်ကို ထိသွားခဲ့ပြီး သူသည် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပါဘူး။
"မင်း ရွန်ရှင်းကို ဘယ်တော့မှ မစော်ကားခဲ့သင့်ဘူး။" ချင်ယွင်၏စကားများသည် ဝမ်ထိုက်၏ နားထဲတွင် နှစ်ပေါင်းထောင်သောင်းမက လေးနက်သောရေခဲများကဲ့သို့ ထွက်ပေါ်လာသည်။
ဝမ်ထိုက်၏ မျက်နှာသည် နောက်ဆုံးတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သော်လည်း သူသည် သက်ညှာခွင့်လွှတ်မှုတောင်းခံပြီး ရှုံးနိမ့်မှုကိုဝန်ခံရန် အချိန်မရ လိုက်ပေ။
ချင်ယွင်သည် သူ၏ရင်ဘတ်ကို ထပ်မံထိုးလိုက်ရာ ကြီးမားပြင်းထန်သော အင်အားတစ်ခုက သူ၏တစ်ကိုယ်လုံးကို တိုက်ရိုက် ပေါက်ကွဲပြီး သူသည် ကောင်းကင်ယံသို့ လွင့်ထွက်သွား၏။
ထို့နောက် ချင်ယွင်သည် နေရာမှာပဲ ရပ်နေခြင်းမရှိပေ။ သူသည် ဝမ်ထိုက်၏နောက်မှာ တိုက်ရိုက် ပေါ်လာခဲ့ပြီး အလွန်ကြောက်စရာကောင်းသည့် အင်အားဖြင့် နောက်ကျောကို ကန်ချပစ်လိုက်သည်။
၀မ်ထိုက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ကျရောက်လာသော ကျောက်တုံးကြီးတစ်တုံးကဲ့သို့ဖြစ်ပြီး ပြိုင်ပွဲကွင်းပြင်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။ ပြိုင်ပွဲကွင်းပြင်ကြီးသည် မီးတောင်ဝကြီးတစ်ခုထဲသို့ တိုက်ရိုက်ထိမှန်သွားပြီး ကွင်းတစ်ခုလုံး အက်ကြောင်းများ ပျံ့နှံ့သွားခဲ့သည်။
ပြိုင်ပွဲကွင်းပြင်ရှိလူတိုင်း အံသြသွားကြသည်။ လူတိုင်းက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
ဘေးတဖက်မှဒိုင်လူကြီးအပါအဝင် လူတိုင်းသည် နောက်ဆုံးရလဒ်ကို ကြေညာဖို့တောင် မေ့နေခဲ့ကြသည်။
"ပြီးသွားပြီလား?"
ယခုလိုရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်း ကမှ မမျှော်လင့်ခဲ့ကြပါဘူး။ ယခင်တုန်းကတော့ လင်းယွင်သည် ဝမ်ထိုက်ထံမှ တိုက်ကွက်အနည်းငယ်ကို ခံနိုင်ရည်ရှိလိမ့်မည်ဟု တွေးထားခဲ့ကြသော်လည်း လင်းယွင်သည် ဝမ်ထိုက်ကို ချက်ခြင်းအနိုင်ယူခဲ့ပြီး ဝမ်ထိုက်သည် လက်တုံ့ပြန်ရန်ပင် ခွန်အားလုံးဝမရှိခဲ့ပုံရသည်။
ချင်ယွင်၏တစ်ကိုယ်လုံးသည် ရိုင်းစိုင်းစွာ ကခုန်နေပြီး၊ သူ၏အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော ရုပ်အသွင်သည် ဝမ်ထိုက်ကျဆင်းသွားသော တွင်းဘေးတွင် ပေါ့ပေါ့ပါးပါး ဆင်းသက်လာသည်။ တွင်းထဲမှာ သတိလစ်ပြီး လဲလျောင်းနေသော ဝမ်ထိုက်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အနှိုင်းမဲ့ အေးစက်နေဆဲဖြစ်သည်။
ဝမ်ထိုက် သတိရလာလျှင်တောင်မှ ဤအခြေ အနေကိုကြည့်လျှင် သူသည် တစ်နှစ်ခွဲကြာအောင် အိပ်ရာထဲတွင် နေရပေလိမ့်မည်။
ယခုချိန်မှာ နတ်ဆိုးနတ်ဘုရားတပါးလို စင်မြင့်ပေါ်မှာ ရပ်နေသော ချင်ယွင်သည် အနီးနားက ပရိသတ်ကို ကြည့်ရန် သူ၏ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။
စင်မြင့်ပေါ်မှာရှိသော လူများသည် ချက်ချင်းပင် တုန်လှုပ်သွားပြီး သူတို့သည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" မင်းတို့ ငါချင်ယွင်ကို စော်ကားရင်တောင် မင်းတို့ အသက်ရှင်နိုင်ဦးမယ်။ ဒါပေမယ့် မင်းတို့ ငါ့မိန်းမ ကျန်းရွန်ရှင်းကို စော်ကားရင်တော့ ငါ့လက်အောက်ငယ်သားတွေ ဆိုပြီး သနားမညှာတာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ "
ချင်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စကားလုံးများသည် ကောင်းကင်မိုးကြိုးရင်ပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
စာစဉ် (၈)ပြီးပြီ။
ဘာသာပြန်သူ နေဇင်။