← Chapters

စိတ်မပူပါနဲ့…ကျုပ် အားလုံးကို တာဝန်ယူလိုက်ပါ့မယ်

Vol. 5 Ch. 454

စိတ်မပူပါနဲ့…ကျုပ် အားလုံးကို တာဝန်ယူလိုက်ပါ့မယ်

Vol. 5 Ch. 454

နောက်တစ်နေ့ နံနက်စောစောတွင် ပိုင်ရှောင်ချန်းက ပင်မကုန်းပတ်ကြီးဆီသို့ အပြေးအလွှားသွားလိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဇောင်ထျန်ကျောက်က ချန်ယွဲ့ရှန်အား လိုက်လံပိုးပမ်းရာတွင် ကူညီနေရင်း ထိုကိစ္စမှာ နစ်မြှုပ်နေလေသည်။

သူ့အားပေးအပ်ထားသည့် ထိုကိစ္စပြီးမြောက်မှုအတွက် သူ အလွန်ပျော်ရွှင်ကြည်နူးနေသည်။ သူ၏တာအိုစောင့်ရှောက်သူများမှာလည်း ထိုအားထုတ်မှု၌ တစ်စိတ်တစ်ပိုင်းပါဝင်နေလေရာ မည်သို့ဖြစ်ပျက်လာမည်ကို ကြည့်ရှုရန် သူတို့သည်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် ကုန်းပတ်ကြီးဆီသို့ ဦးတည်လိုက်ကြသည်။

ယခုမှာ မနက်စောစောအချိန်ဖြစ်ပြီး အနည်းငယ်မိုးလေထန်သော နေ့တစ်နေ့လည်းဖြစ်သည်။ ကြီးမားလှသောရွှေရောင်လှိုင်းတံပိုးကြီးများက ရံဖန်ရံခါ သင်္ဘောကြီးကိုရိုက်ခတ်နေပြီး ရွှေရောင်ရေစက်များက ကုန်းပတ်အပေါ် ပက်ဖျန်းနေလျက်ရှိသည်။

ကောင်းကင်တံတားပင်လယ်ရေက သာမန်ကျင့်ကြံသူများအတွက် အလွန်အန္တရာယ်ရှိနိုင်သော်လည်း ထိပ်တန်းလက်ရွေးစင်အတွက်မူ အချိန်အနည်းငယ်ကြာသည်အထိ တောင့်ခံနိုင်လေသည်။

ဇောင်ထျန်ကျောက်ကဲ့သို့ ထိပ်တန်းကြယ်ပွင့်မှာမူ အချိန်အနည်းငယ်အတွင်း ထိခိုက်လိမ့်မည်မဟုတ်ပေ။ သူကဲ့သို့ လူတစ်ယောက်က ရေအနည်းငယ်ပင်ဖြန်းမှုကြောင့် သူ၏အရေပြားမှာ ပျက်စီးလိမ့်မည်မဟုတ်ပေ။ သူကိုယ်တိုင် ထိုရေထဲသို့ငုပ်မသွားခဲ့လျှင် သူ ဒဏ်ရာအနာတရ ဖြစ်လိမ့်မည်မဟုတ်ချေ။

အချိန်များ တရွေ့ရွေ့ကုန်လွန်လာပြီး မကြာမီ မွန်းတည့်ချိန်ရောက်လာလေသည်။ ပိုင်ရှောင်ချန်းစောင့်မျှော်နေစဥ် လေနှင့်လှိုင်းလုံးများမှာ စတင်၍အားပျော့ကာ ငြိမ်သက်လာသည်။ ကောင်းကင်တွင် တိမ်တိုက်တစ်ခုကိုပင် မတွေ့ရတော့ပေ။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားလာပြီး သူ၏အစီအစဥ်ကိုပင် ပြောင်းလဲပစ်လိုက်ရန် တွေးတောလိုက်ချိန်တွင် ဇောင်ထျန်ကျောက်ထွက်လာလေသည်။ သူက ပိုင်ရှောင်ချန်းအားကြည့်ကာ ပြုံးပြလိုက်သည်။ သို့သော်လည်း လှိုင်းလုံးကြီးများ အားတက်သရော ရိုက်ခတ်နေသောကုန်းပတ်ဆီသို့ ယုံကြည်ချက်အပြည့်ဖြင့် ခြေလှမ်းကျဲကျဲလျှောက်သွားစဥ် သူ၏အမူအယာမှာ တည်ကြည်လေးနက်နေလေသည်။ ထိုနေရာတွင် မတ်တပ်ရပ်လိုက်ပြီး ကုန်းပတ်နှစ် ရှိနေရာအရပ်သို့ လှည့်ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်အား သတိပေးတော့မည့်အချိန်တွင် ကုန်းပတ်နှစ်ပေါ်၌ အနည်းငယ်မျက်မှောင်ကြုတ်နေသောချန်ယွဲ့ရှန်က အေးအေးလူလူလမ်းလျှောက်ထွက်လာလေသည်။ ကြည့်ရသည်မှာ သူမက ဇောင်ထျန်ကျောက်အား တွေ့နေကျအတိုင်း စင်္ကြံလမ်းတွင်မမြင်လိုက်ရသည့်အတွက် အနည်းငယ်စိတ်ပျက်နေပုံရသည်။

သူမက တံခါးပေါက်မှ ထွက်လာသည်နှင့်တပြိုင်နက် ပင်မကုန်းပတ်ကြီးဆီသို့ဦးတည်လိုက်ရာ စိတ်အားထက်သန်မှုများတောက်လောင်နေသည့်မျက်ဝန်းများဖြင့် မတ်တပ်ရပ်နေလျက်ရှိသော ဇောင်ထျန်ကျောက်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူတို့မှာ အကြည့်ချင်းဆုံသွားလေသည်။

ထိုအချိန်တွင် ဇောင်ထျန်ကျောက်နှင့် ချန်ယွဲ့ရှန်အကြားတွင် ထူးခြားသော အခြေအနေတစ်ခု ရှိနေသည်ကို ပိုင်ရှောင်ချန်းပင် သတိထားမိလိုက်လေသည်။

" ဒီအခွင့်အရေးကို လက်မလွှတ်လိုက်နဲ့ " သူကတုန်လှုပ်ချောက်ချားစွာဖြင့် တီးတိုးဆိုလိုက်သည်။ အကယ်၍ ဇောင်ထျန်ကျောက်သာ သံပူတုန်း တူနှင့်ထု၍ပုံမသွင်းလျှင် သူတို့အချိန်အကြာကြီးလုပ်ဆောင်ခဲ့ရသည့် အလုပ်မှာ အလဟဿအချည်းနှီးဖြစ်သွားပေလိမ့်မည်။ သူတို့က အနာဂတ်တွင် အခြားအစီအစဉ်များဖြင့် ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သော်လည်း ယခု သူတို့ရရှိနေသော မူလအရှိန်အဟုန်ကို မည်သည့်အခါမျှ ပြန်ရတော့မည်မဟုတ်ချေ။ အားလုံးထဲတွင်အဆိုးဝါးဆုံးဖြစ်နေသည်မှာ လေနှင့်လှိုင်းလုံးများရုတ်တရက် ငြိမ်သက်သွားမှုကြောင့် ပင်လယ်ရေများပက်ဖြန်းခြင်းမရှိတော့သည့်အတွက် ပိုင်ရှောင်ချန်း၏နှလုံးသားတွင် စိုးရိမ်ကြောင့်ကြမှုကြောင့် တဒိန်းဒိန်းခုန်လာလေသည်။

သူတစ်ဦးတည်းသာ စိုးရိမ်ကြောင့်ကြနေသည်မဟုတ်ချေ။ ဇောင်ထျန်ကျောက်၏ စိုးရိမ်ကြောင့်ကြမှုမှာလည်း မြင့်တက်နေသည်။

သူတို့၏လက်ချောင်းများအကြားမှ အခွင့်အရေး လွတ်ထွက်သွားတော့မည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက အံကြိတ်လိုက်ပြီးနောက် သူ၏ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်နှင့်အတူ ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်နှင့် သွေးချီများကို ဧရာမသွေးဓားကြီးတစ်ခုဆင့်ခေါ်ရန် ထုတ်ဖော်လိုက်သည်။

တချိန်တည်းမှာပင် သူက ဇောင်ထျန်ကျောက်ဆီသို့ အမြင့်ဆုံးသော အမြန်နှုန်းဖြင့် အပြေးအလွှားသွားလိုက်သည်။ သူက လေကိုခွင်း၍ ပျံသန်းနေစဥ် သွေးဓားကြီးမှာအကောင်အထည်ပေါ်လာပြီး ၎င်းကိုဆုပ်ကိုင်လိုက်ကာ သင်္ဘော၏အပြင်ဘက်ရှိရေထဲသို့ လွှဲယမ်းလိုက်သည်။

" ငါးအိုကြီး...လွတ်ဖို့မကြိုးစားနဲ့တော့.."

သူ၏သွေးဓားကြီးမှာ လေထုကိုဖြတ်၍တဝေါဝေါအသံထွက်လာကာ ပင်လယ်ရေကိုထိုးဖောက်သွားသည်။ ထို့နောက် သူ၏ စွမ်းအားအပြည့်ဖြင့်ထောက်ပံ့ပေးနေမှုကြောင့် ကြီးမားလှသောလှိုင်းတံပိုးကြီးတစ်ခု ထကြွလာသည်။

လှိုင်းလုံးကြီးက သင်္ဘောဆီသို့ရိုက်ကျလာသောအခါ မရေမတွက်နိုင်လောက်သည့်ရေစက်ကလေးများအဖြစ် ပြောင်းလဲသွားကာ အချို့မှာပိုင်ရှောင်ချန်း အပေါ်သို့ကျဆင်းသွားပြီး ကျန်ရေစက်များမှာ ဇောင်ထျန်ကျောက်ကို ရွှဲရွှဲစိုသွားစေသည်။

ဇောင်ထျန်ကျောက်က ပါးလွှာသောအဝတ်အစားများကိုဝတ်ဆင်ထားသည်ဖြစ်ရာ ယခုအခါ ပင်လယ်ရေများနှင့် စိုရွှဲသွားပြီဖြစ်၍ အဝတ်အစားများအတွင်းရှိ အသားများကိုထွင်းဖောက်မြင်ရလုနီးပါး ဖြစ်သွားလေသည်။ ထို့အပြင် အဝတ်အစားများက အသားကိုကပ်နေပြီး သူ၏ပြီးပြည့်စုံလှသောကိုယ်လုံးကိုယ်ထည်နှင့် ဖုထစ်နေသည့်ကြွက်သားများကို ကုန်းပတ်ပေါ်ရှိ စုဝေးနေကြသည့်လူတိုင်းအား လှစ်ဟပြသနေသကဲ့သို့ဖြစ်သွားသည်။

ကောင်းကင်ယံမှ နေရောက်ခြည်က

ဇောင်ထျန်ကျောက်အပေါ်သို့ ဖြာကျနေလေရာ ရွှေနှင့်သွန်းလုပ်ထားသည့်အလား ဖြစ်နေသည်။ ပိုင်ရှောင်ချန်းသည်လည်း ရွှဲစိုနေသောကြောင့် ထိတ်လန့်အံ့သြဖွယ်ထိုမြင်ကွင်းမှာ ပို၍ပင် တမူထူးခြားသွားလေသည်။

ပိုင်ရှောင်ချန်းသည် အနည်းငယ်ပိန်ပါးသော်လည်း ယောက်ျားပီသကာ ချောမောသူဖြစ်ပြီး နေရောင်ကလည်း သူ့အပေါ်ဖြာကျနေလေရာ အင်မော်တယ်တစ်ယောက်အလား ဖြစ်သွားစေသည်။ သူကခေါင်းကိုလှည့်လိုက်သောအခါ သူ၏ဆံပင်ရှည်များမှာ လေထဲတွင်ယိမ်းနွဲ့သွားပြီး သူ့အား သာမန်ထက်ပင် သာလွန်နေသယောင်ဖြစ်သွားစေသည်။

သူနှင့် ဇောင်ထျန်ကျောက်တို့၏ပုံပန်းသဏ္ဍာန်မှာ လုံးဝကွဲပြားခြားနားသော်လည်း သူတို့နှစ်ဦးစလုံးမှာ များပြားလှသည့်အမျိုးသမီးကျင့်ကြံသူများအား အရူးအမူးဖြစ်သွားစေနိုင်လောက်သည့် ပုံပန်းသွင်ပြင်ရှိလေရာ ကုန်းပတ်ပေါ်ရှိ မိန်းမပျိုအားလုံးမှာ သူတို့နှစ်ဦးအား ငေးစိုက်ကြည့်လာသည်။

ချန်ယွဲ့ရှန်၏နှလုံးသားမှာ ဇောင်ထျန်ကျောက်ကို ခေါင်းအစခြေအဆုံးကြည့်နေရင်း တဒိန်းဒိန်းခုန်လာပြီး သူမ၏မျက်နှာမှာလည်း ရဲတက်လာသည်။ ထိုနေရာရှိကျင့်ကြံသူအချို့မှာ သူတို့၏နှလုံးသားထဲတွင် သိချင်စိတ်ပြင်းပြစွာဖြင့် ပိုင်ရှောင်ချန်းအားကြည့်နေကြသည်။

ပိုင်ရှောင်ချန်း၏ပုံစံမှာ စိတ်ကူးယဥ်ဆန်ရုံသာမက သူ၏နှောင်းပိုင်းအမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံကို ကျောထောက်နောက်ခံပြုထားသော တိုက်ကွက်ကြောင့် ကောင်းကင်တံတားပင်လယ်၏မျက်နှာပြင်တွင် လှိုင်းလုံးများထကြွလာရာ သူပိုင်ဆိုင်ထားသည့်တိုက်ပွဲဝင်စွမ်းရည်မှာ မည်မျှပင်မယုံနိုင်ဖွယ်ကောင်းလှကြောင်းပြသနေသည်။

ရုတ်တရက် လူအများက ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာ၏ရုပ်ထုအကြား တိုက်ပွဲကိုပြန်ပြောင်းစဥ်းစားမိလိုက်ကြပြီး သူတို့၏မျက်နှာများတွင် အတွေးနယ်ချဲ့နေသော အရိပ်အယောင် များပေါ်လာသည်။

ဇောင်ထျန်ကျောင်သည် ချန်ယွဲ့ရှန်ကသူ့အားကြည့်ကာ ပါးပြင်လေးနှစ်ဖက် နီရဲနေသည် ကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ စိတ်လှုပ်ရှားမှုများ တရိပ်ရိပ်တက်လာသည်။ ပိုင်ရှောင်ချန်းနှင့် မတွေ့ဆုံမီက ထိုကဲ့သို့ တစ်ခါမျှမဖြစ်ပျက်ခဲ့ဖူးချေ။ ထိုအချိန်တွင် သူ့ရင်ထဲတွင် ကျေးဇူးတရားများ အတိုင်းအဆမရှိ ပြည့်နှက်လာသည်ကို ခံစားမိလိုက်ပြီး အသံထွက်၍ကျေးဇူးတင်စကားဆိုမိတော့မလိုဖြစ်သွားလေသည်။ သို့သော်လည်း ထိုအချိန်တွင် ပိုင်ရှောင်ချန်းကသူ့အားလှမ်းဆွဲလိုက်သည်။

" အစ်ကိုကြီး ရှေ့ဆက်တိုးနေရင် သတိလွတ်လို့မဖြစ်ဘူး " သူကစိတ်ဆိုးနေသည့်အသံဖြင့်ဆိုလေသည်။

" အရင်တုန်းက ကျုပ်ပြောခဲ့တာတွေ မေ့သွားပြီလား။ စိတ်မရှည်သလို ဖြစ်မနေပါနဲ့"

ဇောင်ထျန်ကျောက်က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးသားမှာ အလျင်အမြန် ထွက်ခွာလာကြသည်။ များပြားလှသောအကြည့်များမှာ သူတို့အနောက်သို့ကပ်ပါလာပြီး ပိုင်ရှောင်ချန်းနှင့် ဇောင်ထျန်ကျောက်တို့တစ်ဦးနှင့်တစ်ဦးအလွန်ရင်းနှီးနေသည့်ပုံက များပြားလှသောနှလုံးသားများအား တုန်လှုပ်ခြောက်ခြားသွားစေသည်။

" လူအများကြီးက အစ်ကိုကြီးဇောင်နဲ့ ရင်းနှီးချင်ကြတယ်။ ဒါပေမဲ့အစ်ကိုကြီးက အင်မတန် ဘဝင်မြင့်ပြီးမောက်မာတယ်။ ဘယ်လိုမှသူ့အနား မကပ်နိုင်ကြဘူး။ ပိုင်ရှောင်ချန်းက ဘယ်လိုများလုပ်လိုက်တာပါလိမ့် "

" ထပ်ပြောရရင် အစ်ကိုကြီးဇောင်ရဲ့မျက်နှာပေါ်က အမူအရာကိုကြည့်ရတာ ပိုင်ရှောင်ချန်းအပေါ် လုံးဝ ယုံကြည်နေမှန်း သိသာတယ်..."

တီးတိုးပြောဆိုနေမှုများ ပေါ်ပေါက်လာနေစဥ် ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်အား သူ၏အခန်းဆီသို့အတင်းဆွဲခေါ်သွားလေသည်။ အဝတ်အစားလဲလိုက်ပြီးနောက် သူတို့က တိုင်ပင်ဆွေးနွေးရန်တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။ ဇောင်ထျန်ကျောက်မှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်လျှံနေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ကိစ္စရပ်များမှာ သူ့အတွက် အထူးအဆန်းဖြစ်နေပြီး သူ၏တည်ငြိမ်နေမှုကို ထိန်းသိမ်းနိုင်ရန်ကလည်း အရေးကြီးနေသည်။

" ရှောင်ချန်းရေ...အခုကြည့်ရတာ ဂိုဏ်းတူညီမလေးယွဲ့ရှန်က အစ်ကိုကြီးကိုစိတ်ဝင်စားနေတယ်။ အစ်ကို့ကို ဝတ်ကျေတမ်းကျေဖြစ်မနေဘူးဆိုတာ လုံးဝသေချာသိတယ်ကွ..။ ဆိုတော့...နောက်တစ်ဆင့်ကဘာများလဲ "

ပိုင်ရှောင်ချန်းအား မျက်နှာချင်းဆိုင်၍ ကြည့်နေသောသူ၏မျက်လုံးများတွင် စိတ်ရင်းအမှန်နှင့်ဟန်ဆောင်ခြင်းကင်းမဲ့ကာ မျှော်လင့်စောင့်စားချက်များနှင့်ပြည့်နေသည်။

" စိတ်မပူပါနဲ့ဗျာ"

ပိုင်ရှောင်ချန်းက ယုံကြည်ချက်ရှိသောအပြုံးတစ်ခုနှင့်ဆိုလိုက်သည်။

" ကျုပ်အားလုံးကိုတာဝန်ယူလိုက်ပါ့မယ်"

ထို့နောက်သူ၏မျက်နှာအမူအယာမှာ တည်ကြည်သွားလေသည်။

" အစ်မယွဲ့ရှန်ရဲ့စိတ်ဝင်စားမှုကို ရယူခဲ့တာက ပထမခြေလှမ်းပဲရှိသေးတာ..။ အစ်မယွဲ့ရှန်က အစ်ကိုကြီးကို တမ်းတမ်းစွဲချစ်ကြိုက်လာအောင်လဲ ကျုပ်တို့ သေချာပေါက်လုပ်ရဦးမယ်။ ဒါပေမဲ့ အရမ်းကြီးယုံကြည်မှုပြင်းထန်မနေနဲ့ဦး။ ကောင်းမွန်တဲ့အစပျိုးမှုက ပြီးပြည့်စုံတဲ့ရလာဒ်ထွက်လာလိမ့်မယ်လို့ အာမ မခံနိုင်ဘူး..။ အရေးကြီးတဲ့လုပ်စရာတွေကလည်း အများကြီးကျန်သေးတယ်။ ပြီးတော့ အစ်ကိုကြီးရဲ့ ပန်းတိုင်ကိုရောက်ဖို့ဆိုတာကလဲ အင်မတန် အလှမ်းဝေးသေးတယ်။ အဲဒာအတွက်ရော အဆင်သင့်ဖြစ်နေရဲ့လား အစ်ကိုကြီးဇောင် "

" မင်းဘာပြောပြောငါလုပ်မယ်..ရှောင်ချန်း"

ဇောင်ထျန်ကျောက်သည်လည်း အလားတူ တည်ကြည်လေးနက်စွာဖြင့်ပြောလေသည်။

ပိုင်ရှောင်ချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" ကျုပ်ပြောထားတဲ့ လုံခြုံစေတဲ့ စိတ်ခံစားချက်အကြောင်းကို သတိရနေသေးလား။ အခုလောလောဆယ်အဲဒါက အရေးအကြီးဆုံးပဲ။ အစ်ကိုကြီးက အစ်မယွဲ့ရှန်ကို လုံခြုံမှုပေးနိုင်တဲ့ကြောင်း ခံစားရအောင် သေချာလုပ်ပေးရမယ်။ အစ်မယွဲ့ရှန်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာ အစ်မဘေးကင်းစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရနိုင်တာ သိပေမဲ့ အန္တရာယ်တောထဲပစ်ဝင်ရလိမ့်မယ် "

ဇောင်ထျန်ကျောက်က လေးလေးနက်နက်ဖြင့်မျက်မှောင်ကြုတ်မိလိုက်သည်။

" လုံခြုံတဲ့စိတ်ခံစားချက်လား။ ဂိုဏ်းတူညီမလေးယွဲ့ရှန်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ အဆင့်အတန်းကိုပါထည့်တွက်လိုက်ရင် ဒီသင်္ဘောပေါ်မှာ သူ့ကို မလုံမခြုံဖြစ်နေစေတဲ့သူ အများကြီးရှိမှာမဟုတ်ဘူးလေ"

ဇောင်ထျန်ကျောက်က မျှော်လင့်ချက်များလျော့နည်းသွားသည့်အတွက် စိတ်ဆိုးမာန်ဆိုးဖြစ်သွားစဥ် ပိုင်ရှောင်ချန်းက စားပွဲကိုရိုက်ချလိုက်ပြီးဆိုလေသည်။

" အဲဒီအများကြီးမဟုတ်တဲ့အထဲက အစ်မကို မလုံမခြုံဖြစ်အောင်လုပ်နိုင်တာရှိတယ်မလား။ မကောင်းဆိုးဝါးအကြောင်းကို အစ်ကိုကြီးမေ့နေတာလား"

" ဒီမယ်နားထောင်..အစ်ကိုကြီးက အစ်မယွဲ့ရှန်ရဲ့အခန်းတံခါးပေါက်အပြင်မှာ မန္တန်အစီအရင်တစ်ခု လျှို့ဝှက်ပြီးချထားလို့ရတယ်။ အဲဒီမကောင်းဆိုးဝါး နောက်ထပ်ပေါ်လာခဲ့ရင် အဲဒါကြီးက ထောင်ချောက်ထဲပိတ်မိပြီး အစ်ကိုကြီးက အဲဒါကြီးကို ပထမဆုံးဖမ်းယူတိုက်ခိုက်နိုင်တဲ့သူတစ်ဦးဖြစ်သွားမှာ..။ အဲဒီဟာက အစ်ကိုကြီးဘယ်လောက်အင်အားကြီးမားကြောင်းကို ပြသလိုက်ရုံသာမကသေးဘူး...။ အစ်မယွဲ့ရှန်ကို ကာကွယ်ပေးဖို့ အမြဲအသင့်ရှိနေကြောင်းလဲ ပြသပြီးသားဖြစ်သွားမှာ။ အစ်ကိုကြီးသာရှိရင် သေချာပေါက် လုံခြုံတယ်ဆိုတဲ့ ခံစားချက် အစ်မယွဲ့ရှန် သိသွားလိမ့်မယ်"

ဇောင်ထျန်ကျောက်က ဤအစီအစဥ်အားသိပ်၍သဘောကျပုံမရချေ။

" ငါက မန္တန်အစီအရင်ကို လွယ်လွယ်နဲ့ချနိုင်ပါတယ်..။ ဒါပေမဲ့...မကောင်းဆိုးဝါးကြီး ဘယ်အချိန်ပေါ်လာမယ်ဆိုတာကို ငါမသိဘူးလေ။ တကယ်လို့ အဲဒီအရာက ဘယ်တော့မှပြန်မလာတော့ရင်ကော...ဒါမှမဟုတ်..ဂိုဏ်းတူညီမလေးယွဲ့ရှန်ရဲ့အခန်းနား ဘယ်တော့မှမလာရင်ကော… "

ပိုင်ရှောင်ချန်းမှာ ခေါင်းကိုက်လာသလိုပင်ခံစားလိုက်ရသည်။ မကြာသေးသောအချိန်အတွင်း ဇောင်ထျန်ကျောက်သည် အေးစက်ပြီး မာနကြီးသူဖြစ်သော်လည်း ပြောင်းလွယ်ပြင်လွယ်သူတစ်ဦးမဟုတ်ကြောင်းနှင့် အရာရာကို နည်းလမ်းတစ်ခုခုဖြင့် စဥ်းစားလေ့ရှိကြောင်း သိရှိထားခဲ့သည်။

" လုပ်ပါဗျာ..အရမ်းကြီးထုံထိုင်းမနေနဲ့ဦး "

သူကပြောလိုက်သည်။

" ဂိုဏ်းထဲမှာဆို အစ်ကိုကြီးက နံပါတ်တစ်လက်ရွေးစင်လေ..ဟုတ်တယ်မလား..။ အစ်ကို့မှာ လူယုံတွေမရှိဘူးလို့တော့ လာမပြောနဲ့။ အစ်ကို့ရဲ့လူယုံတွေကို မကောင်းဆိုးဝါးကြီးလိုဝတ်ဆင်ခိုင်းလိုက်..။ ပြီးရင် အစ်ကိုကြီးကလူလုံးထွက်ပြ...မင်းသမီးလေးကိုကယ်မဲ့ အနိုင်မခံအရှုံးမပေး ချပ်ဝတ်တန်ဆာအပြည့်နဲ့ သူရဲကောင်းလေးပေါ့ဗျာ..."

" ပြီးတော့.." သူကဆက်ပြောလိုက်သည်။

" သေရေးရှင်ရေး အခြေအနေမှာ မှန်ကန်တဲ့စကား ပြောဖို့ကိုလည်းမှတ်ထားရမယ်..။ အစ်ကိုကြီးက ဒီလိုပြော...။ဂိုဏ်းတူညီမလေးယွဲ့ရှန်ရေ.. ကိုယ်မင်းဘေးမှာရှိနေသရွေ့ မင်းရဲ့ခေါင်းပေါ်ကဆံချည်မျှင်တစ်ပင်ကိုတောင်မှ ထိခိုက်ခွင့်ပေးမှာမဟုတ်ဘူး "

ဇောင်ထျန်ကျောက်က ၎င်းမှာ အနည်းငယ်ဖန်တစ်ရာတေပြီးရိုးအီနေသည်ဟု စဥ်းစားမိလိုက်ပြီး အစပိုင်းတွင် ချီတုံချတုံဖြစ်နေလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ဝေဖန်ပိုင်းခြားနိုင်စွမ်း အပေါ် သူမည်မျှယုံကြည်ကြောင်းစဥ်းစားမိလိုက်ပြီး နောက်ဆုံးတွင်ခေါင်းညိတ်လိုက်သည်။ ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ သူ၏နောက်လိုက်များကိုဆင့်ခေါ်စာပို့လိုက်သည်။

များမကြာမီ သူ၏နောက်လိုက်များထဲမှရှစ်ယောက်မှာ ပိုင်ရှောင်ချန်း၏အခန်းထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလေသည်။ သူတို့အားလုံးမှာ လက်ကိုယှက်ကာ သူတို့၏မျက်နှာများတွင် မည်သည့်အတွက်ကြောင့်ဆင့်ခေါ်ခံရသည်ကိုသိလိုခြင်းနှင့် အကြွင်းမဲ့လေးစားနေသောအမူအယာများ ထင်ဟပ်နေကာ ပိုင်ရှောင်ချန်းနှင့် ဇောင်ထျန်ကျောက်ကိုဦးညွတ်လိုက်သည်။

" ရှောင်ချန်း...ဘယ်တစ်ယောက်ကများ အကောင်းဆုံးလုပ်နိုင်မယ်လို့ထင်လဲ" ဇောင်ထျန်ကျောက်က မေးလိုက်သည်။

ပိုင်ရှောင်ချန်းက ထိုအုပ်စုထဲ ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကုံသက်တန့်ဒေသရှိ မိစ္ဆာနှိမ်နင်းရေးခန်းမတွင် သူ့အား စိတ်အနှောင့်အယှက်ပေးခဲ့ဖူးသော ကျင့်ကြံသူနှစ်ဦးမှာ သူ၏မျက်လုံးထဲသို့ရောက်လာလေသည်။ သူတို့သည် တုန်ယင်နေကြသော်လည်း သူကပြောလိုက်သည်။

" အဲဒီ ဂိုဏ်းတူညီငယ်လေးတွေကိုကြည့်ရတာ ရင်းနှီးသလိုပဲ..။ သူတို့ဆိုရင်ကောဘယ်လိုလဲ "

နောက်လိုက်နှစ်ဦးမှာ မကောင်းသောအရာတစ်ခု ဖြစ်ပျက်လာတော့မည်ကို ခံစားမိလိုက်လေသည်။

All Chapters