← Chapters

နှင်းပွင့်နက်များ ကျီစယ်သွားပါသော

Vol. 16 Ch. 235

နှင်းပွင့်နက်များ ကျီစယ်သွားပါသော

Vol. 16 Ch. 235

တောင်ကြားက မကျယ်ဝန်းပေ။

တောင်ကြားထဲမှ တည်နေရာရွှေ့ပြောင်းခြင်းအငွေ့အသက်များ လွင့်ပျံနေသည်။

ဆေးပေါင်းဖိုများကို တစစီဖြုတ်နေသော ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားတစ်ရာခန့်နှင့် တစ်ခါမှ မမြင်ဖူးသည့် ဓမ္မအသုံးအဆောင်အနည်းငယ်ကို ရွှီချင်း မြင်လိုက်သည်။

သူတို့နောက်၌ အလော်တော် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိပြီး ထိုအစီအရင်ကို အစိမ်းရောင်တာအိုဝတ်ရုံဝတ် ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားအနည်းငယ်က ပြင်ဆင်ရန် ကြိုးစားနေပေရာ ထိုအစီအရင်မှာ တဖျပ်ဖျပ်ဝင်းလက်နေ၏။

တောင်ကြားဝင်ပေါက်၌ အပြင်းအထန် တိုက်ပွဲ ဖြစ်နေသည်။

တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားသုံးဆယ်ခန့်က ဝင်ပေါက်၌ အစီအရီ စောင့်ကြပ်နေကြပြီး ဓားခုတ်ကောင်များသဖွယ် ချဉ်းကပ်လာနေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို ဟန့်တားနေသည်။

မြေပြင်ပေါ်၌ အလောင်းများ၊ ခြေကျိုးလက်ကျိုးများဖြင့် ပြည့်နှက်နေပေရာ တိုက်ပွဲမည်မျှပြင်းထန်နေသည်ကို အလွယ်တကူ မှန်းဆကြည့်နိုင်သည်။

နှစ်ဖက်လုံး၏ တိုက်ခိုက်ရေးအင်အားစုဝင်များသည် အများအားဖြင့် အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်သည်။ မနီးမဝေး၌ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေပြီး သူတို့တိုက်ပွဲက တခြားသူများထက် ပြင်းထန်သည်။

သူတို့က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းနိုင်သော ကျင့်ကြံသူများ ဖြစ်ကြသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ရွှမ်ယောက်အသွင်သဏ္ဍာန်ကျင့်ကြံသူက အဘိုးအိုတစ်ယောက်အသွင် ရှိပြီး စုတ်ပြတ်နေသော မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။

သို့သော်လည်း ယင်းတာအိုဝတ်ရုံမှ ထူးခြားသောအစွမ်းများ ထွက်ပေါ်နေပေရာ ဓမ္မအသုံးအဆောင်တစ်ခု ဖြစ်ဟန်တူသည်။

ချီရွှဲ့ထုံဂိုဏ်း၏ ရွှမ်ယောက်အသွင်သဏ္ဍာန်ကျင့်ကြံသူမှာ အရပ်ရပ်ရှည်ရှည်မိန်းမပျိုဖြစ်သည်။

ထိုမိန်းမပျိုသည် ဒုတိယတောင်ထိပ်၏ သင်္ကေတဖြစ်သော လိမ္မော်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမသည် ရင့်ကျက်တည်ငြိမ်သော ရုပ်ရည်ရှိပြီး မြန်ဆန်သွက်လက်စွာ တိုက်ခိုက်နေသည်။

သို့သော်လည်း ဒုတိယတောင်ထိပ်ဂိုဏ်းသားများသည် သတ်ဖြတ်ရာတွင် မကျွမ်းကျင်ကြပေ။ ထို့ကြောင့် သူတို့နှစ်ယောက်က သက်စောင့်မီးလုံးတစ်လုံးစီနှင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရောက်နေပါသော်လည်း ဒုတိယတောင်ထိပ်အခြေတည်အဆင့်ကျင့်ကြံသူမှာ သိသိသာသာ အရေးနိမ့်နေသည်။

သူမ၏ပါးစပ်မှ လတ်ဆတ်သောသွေးများ စီးကျနေပါသော်လည်း သုတ်နေရန် အချိန်မရှိပေ။

ရွှမ်ယောက်အသွင်သဏ္ဍာန်၌ အမြန်နှုန်းက ကြောက်ခမန်းလိလိဖြစ်ပြီး သတိလွတ်သွားပါက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရမည်ဖြစ်ရာ အနည်းငယ်မျှ စိတ်ပျံ့လွင့်၍ မရပေ။

အဝေးတစ်နေရာ၌ ရွှီချင်း ပေါ်လာသည့်အခိုက် မိန်းမပျိုမှာ တောင့်မခံနိုင်တော့ပေ။ သူမ၏ သက်စောင့်မီးတောက်မှာ ယိမ်းခါနေပြီး အနည်းငယ် အရှိန်လျော့လာသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ မိန်းမပျို၏ ဗိုက်ကို ထိုးနှက်လိုက်သည်။

မိန်းမပျို၏ အဝတ်အစားများ စုတ်ပြတ်သွားပြီး နူးညံ့ချောမွတ်သော အသားအရေပေါ်လာသည်။ မိန်းမပျိုမှာ ရှုံ့မဲ့သွားကာ သွေးတစ်ပွက်အန်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် တောင်နံရံနှင့် ဝုန်းခနဲ ရိုက်သွား၏။

တောင်နံရံ အက်သွားကာ ကျောက်စကျောက်နများ တောင်နံရံမှ ပြုတ်ကျလာသည်။

မိန်းမပျိုမှာ ခက်ခက်ခဲခဲ ထရပ်လိုက်ပါသော်လည်း ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်မှာ တဖျပ်ဖျပ်လက်ကာ ငြိမ်းသွားသည်။ မိန်းမပျိုမှာ သွေးတစ်ပွက် ထပ်အန်လိုက်ပြီး မျက်နှာ ဖြူဖျော့သွား၏။

ထိုအခြင်းအရာကို မြင်သောအခါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အဘိုးအိုက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ့ကြောင့် ဒဏ်ရာရသွားသည့် မိန်းမပျိုကို ကြည့်ပင်မကြည့်တော့ဘဲ တောင်ကြားထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။ သူ၏ပစ်မှတ်က အထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ ရှိနေပေသည်။

ထိုစဉ် အဘိုးအို ကွက်ခနဲ မျက်နှာပျက်သွားပြီး ဆတ်ခနဲ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ မှေးသွားပြီး ထိတ်လန့်ကြောက်ရွံ့သည့်အမူအရာ ဖြစ်သွားသည်။

“ မီးလုံးနှစ်လုံး အစွမ်း ”

သူ၏အမြင်၌ သူ့ပတ်လည်ရှိ အရာအားလုံး နှေးကွေးနေသည်။ သို့သော် ထိုအချိန်၌ မိုးကုတ်စက်ဝိုင်းဆီမှ သူ့အမြင်အာရုံထဲ ဖောက်ထွင်းဝင်လာသော လူရိပ်တစ်ရိပ်ကို သူ မြင်လိုက်ရသည်။

ထိုလူရိပ်သည် ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် သူ့ထံ ပြေးလာနေသည်။

သို့ဖြစ်ရာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဘိုးအိုမှာ တွေဝေတွန့်ဆုတ်မနေဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သက်စောင့်မီးလုံးတစ်လုံးကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူနှင့် သက်စောင့်မီးလုံးနှစ်လုံးအကြား ကွာခြားချက်ကို ကောင်းကောင်း သဘောပေါက်သည်။ ယင်းမှာ အခြေတည်အဆင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကျင့်ကြံသူနှင့် သာမန်အခြေတည်အဆင့်ကျင့်ကြံသူအကြား ကွာခြားသကဲ့သို့ ဖြစ်သည်။

“ ချီးပဲ … ဘာလို့ ဒီမှာ သက်စောင့်မီးလုံးနှစ်လုံးနဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေရတာတုံး။ အဆင့်တူတဲ့လူတွေပဲ ဒီလိုအလယ်ပိုင်းအခြေအဆင့်ကျင့်ကြံသူကို တိုက်ခိုက်နိုင်မှာ ”

“ သတင်းအမှားကြီးကွာ ”

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဘိုးအိုမှာ သွေးရူးသွေးတန်း ဖြစ်သွားသည်။ သူ ပြတ်သားစွာ နောက်ဆုတ်လိုက်ပါသော်လည်း နောက်ကျသွားသေးသည်။

သူ့ကို ရွှီချင်း စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

ရွှီချင်းအတွက် သက်စောင့်မီးလုံးတစ်လုံးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ အရသာအရှိဆုံး သားကောင်ဖြစ်သည်။

သူ့ဓမ္မတံခါးများကိုဖွင့်ရန် လိုအပ်သော ဝိညာဉ်ပမာဏက အလွန် ကြီးသည်။ ဓမ္မတံခါးတစ်ချပ်ကို ဖွင့်ရန် သာမန်အခြေတည်အဆင့်ကျင့်ကြံသူများ၏ ဝိညာဉ်အများအပြား လိုအပ်သည်။ မကြာသေးခင်က အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို သူ သတ်ခဲ့ပါသော်လည်း လေးဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို သူ မဖွင့်နိုင်သေးပေ။

သို့သော်လည်း သက်စောင့်မီးလုံးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို သူ စုပ်ယူနိုင်ပါက လုံးဝ ကွာခြားသွားမည်ဖြစ်သည်။

ထိုတစ်ယောက်ကို သတ်လိုက်သည်နှင့် သူ့ဓမ္မတံခါး ပွင့်သွားမည်ဖြစ်သည်။

ထို့ကြောင့် အဘိုးအို ပျံသန်းသွားသည့်အခိုက် ရွှီချင်းက လမ်းကြောင်းပြောင်းကာ တောင်ကြားထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ မသွားတော့ဘဲ အဘိုးအိုထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

သူက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်သည်ဖြစ်ရာ အသက်သုံးကြိမ်ရှူစာအတွင်း အဘိုးအိုရှေ့သို့ ရောက်သွားသည်။

သူက ညာလက်ဖြင့် ထိုးလိုက်သည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ် တောက်လောင်လာပြီး ကြောက်မက်ဖွယ်အစွမ်းများ တဟုန်းဟုန်း ထွက်ပေါ်လာသည်။

အဘိုးအိုမှာ မဆိုစလောက်သော ရှောင်တိမ်းနိုင်သည်။ သူက ရွှမ်ယောက်အသွင်သဏ္ဍာန်မှာ ရှိသော်လည်း သူတို့နှစ်ယောက်ကြားရှိ ခြားနားချက်ကြောင့် ရွှီချင်း၏ အမြန်နှုန်းကို လိုက်မီရန် ခဲယဉ်းသည့်အပြင် လုံးလုံးလျားလျား ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ မျက်တောင်တစ်ချက်ခတ်အတွင်း သူ၏ ဝမ်းဗိုက်ပေါ်သို့ ရွှီချင်း၏လက်သီးချက် ကျရောက်သွားသည်။

မိုးကြိုးပစ်လိုက်သည့်အလား တဝုန်းဝုန်းမြည်ဟည်းသံ လွင့်ပျံသွားသည်။

အဘိုးအို၏ ခန္ဓာကိုယ်တစ်ပိုင်း ပေါက်ကွဲသွားပြီး နောက်သို့ လိမ့်သွားကာ တောင်နံရံရှိ ကျောက်သားနှင့် တိုက်သွားသည်။

သူ အသက်မသေရသည့်အကြောင်းအရင်းမှာ အကျဉ်းအကြပ်ထဲတွင် သူ့ဝတ်ရုံအစွမ်းကို အသက်သွင်းလိုက်ရာ သူ့ကိုယ်ထဲရှိ ဓမ္မတံခါးများက လက်သီးချက်ကို အစွမ်းကုန်ခုခံလိုက်သောကြောင့် ဖြစ်သည်။

သို့တိုင်အောင် သူ့ဒဏ်ရာများက ပြင်းထန်လွန်းသည်ဖြစ်၍ ပြန်လည်သက်သာရန် မဖြစ်နိုင်သလောက်ပင်။ သူ့မျက်လုံးများထဲ စိတ်ဓာတ်ကျခြင်းများ ထင်ဟပ်လာသည်။

သူ၏အမြင်အာရုံမှ ရွှီချင်း ပျောက်သွားသည်။

တခဏလေးအတွင်း သူ့အမြင်အာရုံကို မီးတောက်နက်များက ဖုံးကွယ်သွားပြီး ရွှီချင်း၏လက်ဝါးက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဘိုးအို၏ နဖူးပေါ် ဖိထားသည်။

အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါနေသည်။ အရိပ်က အဘိုးအို၏ ခန္ဓာကိုယ်ပေါ် အရူးအမူး ခုန်တက်လာပြီး တိုက်စားလိုက်သည်။

သံတုတ်လေးသည်လည်း လှစ်ခနဲ ပြေးဝင်သွားကာ အဘိုးအို၏ ဓမ္မအသုံးအဆောင်ဝတ်ရုံကို ဆတ်ခနဲ ထိုးဖောက်လိုက်သည်။

ဝါးမျိုခြင်းသုံးခုကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဘိုးအိုမှာ စူးစူးဝါးဝါး အော်ဟစ်နေပါသော်လည်း မကြာခင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲကာ ပြာဖြစ်သွားသည်။

သူ့တာအိုဝတ်ရုံနှင့် သိုလှောင်အိတ်သည်သာ အောက်သို့ ပြုတ်ကျလာသည်။ ရွှီချင်းက ၎င်းတို့ကို သိမ်းဆည်းလိုက်ပြီး တောင်ကြားထဲရှိ တိုက်ပွဲကို ကြည့်လိုက်သည်။

ကောင်းကင်ယံမှ နှင်းပွင့်နက်များ ဆက်လက်ကျဆင်းနေဆဲပင်။ ချောရည်ပူခဲအနည်းငယ်က ဖီးနစ်ငှက်မွေးတောင်များပမာ ရွှီချင်း၏ရှေ့သို့ ကျဆင်းလာသည်။

ထိုချောရည်ခဲများမှ အနီရောင်ဖျော့ဖျော့အလင်းက ရွှီချင်း၏ မိစ္ဆာဆန်သော အေးစက်စက်မျက်နှာပေါ် ကျရောက်နေပြီး သူ့မျက်လုံးများထဲရှိ အေးစက်စက်အလင်းနှင့် လိုက်ဖက်ညီနေတော့သည်။

ယင်းမြင်ကွင်းသည် လောကကြီးနှင့် ကွဲထွက်နေသည့် လှပသော ဆေးရောင်ခြယ်ပန်းချီကားတစ်ချပ်အလားပင်။ ယင်းပန်းချီကားသည် လှပသော်ငြား လူသတ်ငွေ့များဖြင့်လည်း ပြည့်နှက်နေပေ၏။

ထိုတခဏတွင် အကြည့်များအားလုံး ရွှီချင်းအပေါ် ကျရောက်သွားပြီး လောကကြီးထဲ ဆင်းသက်လာသော နတ်ဘုရားသားတော်ကို သူတို့ ကြည့်နေသည့်အလားပင်။

တိုက်ပွဲတစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားသည်။

တာဝန်ကို လက်ခံခဲ့ကြသည့် တောင်ထိပ်အသီးသီးမှ ကျင့်ကြံသူများက ရွှီချင်းကို အံ့သြတုန်လှုပ်နေသည့််အကြည့်များဖြင့် ကြည့်နေကြသည်။ တဖြည်းဖြည်းနှင့် သူတို့မျက်လုံးများထဲတွင် လေးစားသည့်အရိပ်အယောင်များ ဝင်ရောက်လာကာ ရွှီချင်းကို သူတို့ အရိုအသေပေးလိုက်သည်။

တောင်ကြားထဲရှိ အစီအရင်ကို ပြင်ဆင်နေသော ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားများနှင့် ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများသည်ပင် ရွှီချင်းကို လေးစားသည့်အကြည့်များဖြင့် ကြည့်နေကြ၏။

ထိုသူများထဲတွင် ကူးမုချင်းလည်းရှိနေပြီး နှင်းပွင့်နက်များ ကျဆင်းကာ ချော်ရည်ခဲများ လွင့်ပျံနေသည့် လေထဲတွင် မတ်တတ်ရပ်နေသော ရွှီချင်းကို မှင်သက်နေလျက် ကြည့်နေသည်။

ယင်းမြင်ကွင်းသည် အံ့သြတုန်လှုပ်ဖွယ်ကောင်းလွန်း၍ ကူးမုချင်း၏မှတ်ဉာဏ်ထဲ စွဲထင်သွားသည်။

တောင်ကြားအပြင်ဘက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး တုန်ရီနေသည်။ ရွှီချင်း၏ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အရူးအမူး စတင်နောက်ဆုတ်သူမှာ မည်သူမှန်းမသိပါသော်လည်း မကြာခင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ထွက်ပြေးသွားကြသည်။

သို့သော်လည်း သူတို့ကို စောင့်ကြိုနေသည်မှာ တဝီဝီမြည်နေသော သံတုတ်နက်လေးဖြစ်သည်။ နေဝင်သွားပြီဖြစ်ပြီး မြေပြင်ပေါ် မှောင်ရိပ်ကျနေသည်ဖြစ်၍ အရိပ်လေးသည်လည်း အလျင်အမြန် ပြန့်ကားသွားကာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့်အတူ တိုက်ခိုက်လိုက်သည်။

“ ဂိုဏ်းတူအစ်ကိုကို မင်္ဂလာပါ။ ကျမကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ”

တောင်ကြားအပြင်ဘက်၌ ခက်ခက်ခဲခဲ မတ်တတ်ရပ်နေရသော ဒုတိယမြောက်တောင်ထိပ် သက်စောင့်မီးလုံးနှင့် မိန်းမပျိုက နားလည်ရခက်သောအကြည့်ဖြင့် ညင်သာစွာ ပြောလိုက်သည်။

သူမ၏အသံ ထွက်ပေါ်လာသည်နှင့် ဘေးပတ်လည်ရှိ လူအားလုံး အလားတူ ပြုမူလိုက်ကြသည်။

“ ဂိုဏ်းတူအစ်ကို၊ မင်္ဂလာပါ ”

“ ဂိုဏ်းတူအစ်ကို၊ မင်္ဂလာပါ ”

ထိုအချိန်၌ လေပြေတစ်ချက် ဆော်သွေးတိုက်ခတ်လာပေရာ ဘေးပတ်လည်မှ ကျဆင်းနေသော နှင်းပွင့်နက်များက ရွှီချင်း၏ဆံပင်ရှည်များကို တိုးဝှေ့သွားသည်။

ရွှီချင်းက ခေါင်းမော့လိုက်ရာ ကြယ်ပွင့်လေးများပမာ သူ၏မျက်လုံးများ ပေါ်လာသည်။

လူအားလုံး နှုတ်ဆက်နေကြစဉ် အဝေးတစ်နေရာမှ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်နေသည်။ ယင်းအသံများသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်တို့ ရန်သူများကို ပူးပေါင်းတိုက်ခိုက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အရိပ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို အစာအဖြစ် သဘောထားသည်။ ၎င်းတို့အားလုံး အရသာမရှိပါသော်လည်း အရိပ်လေးမှာ အစားအသောက်နှင့် ပတ်သက်ပြီး ဇီဇာမကြောင်နိုင်တော့ပေ။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ဓမ္မအသုံးအဆောင်များထဲရှိ စွမ်းအင်များကိုသာ စုပ်ယူပါသော်လည်း အရိပ်လေးအောက် နိမ့်ကျနေသေးသည်ဟု ခံစားနေသည်ဖြစ်၍ အရိပ်ကို ယှဉ်ပြိုင်နေသည့်အလား တမင်သက်သက် ဟန်ဆောင်နေသည်။

ယင်းအချက်ကို အသုံးချ၍ အရိပ်လေး၏ တိုက်ခိုက်လိုစိတ်ကို သူ နှိုးဆွပေးလိုက်ပြီး ရန်သူများကို အရိပ်လေး မြန်မြန်စုပ်ယူအောင် လုပ်လေသည်။ ရန်သူမှာ ခုခံရန် အားအင်မရှိသောအခါတွင် သူက ရန်သူ၏ ဓမ္မအသုံးအဆောင်များကို စုပ်ယူလေသည်။

သူတို့နှစ်ယောက်က အတိုင်းအတာတစ်ခုအထိ နှုတ်မှမပြောဘဲ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပြီဟူ၍ ယူဆနိုင်သည်။

သို့သော်လည်း ဉာဏ်နီဉာဏ်နက်များသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ယှဉ်ပါက အရိပ်လေးမှာ နုနေသေးသည်။

အဆုံးထိတိုင်အောင် အရိပ်လေးသည် ပြဿနာတစ်စုံတရာမဖြစ်ခဲ့ဘဲ ဂုဏ်ယူဝင့်ကြွားသည့်အသွင်ဖြင့် အရှိန်အဟုန်မြှင့်၍ တိုက်ခိုက်နေသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း ပူးပေါင်းဆောင်ရွက်နေပြီး စိုးရိမ်ပူပန်ကာ စိတ်တိုနေသည့်အမူအရာကို ဆင်မြန်းထားသည်။

ချီရွှဲ့ထုံဂိုဏ်းသားများ၏ နှုတ်ဆက်သံများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်နေသည်။

ရွှီချင်းက တောင်ကြားထဲရှိ လူအားလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထိန်းနိုင်၍ အလွန်အားနည်းနေသော ဒုတိယမြောက်တောင်ထိပ်မှ မိန်းမပျိုကို ကြည့်လိုက်သည်။ သူ ခေါင်းညိတ်ပြလိုက်ပြီး သူ၏သက်စောင့်မီးတောက်ကို ငြှိမ်းသက်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲ၌ ဓမ္မစွမ်းအားများ ထူထပ်သိပ်သည်းစွာ ရှိနေပါသော်လည် ခြောက်နာရီထက်ပို၍ သူ အသုံးမပြုနိုင်သည်ဖြစ်ရာ သူ ထိန်းသိမ်းထားရပေမည်။

သို့သော်လည်း တခြားလူများသာ ရွှီချင်း၏အတွေးများကို သိသွားပါက ဦးရေခွံများ စပ်ဖျဉ်းဖျဉ်းဖြစ်သွားကြပေမည်။ သာမန်ရွှမ်ယောက်အသွင်သဏ္ဍာန်က တစ်နာရီကျော်သာ ခံသည် မဟုတ်ပါလား။

ယင်းမှာ ရွှီချင်း၏ ချီစုစည်းခြင်းအဆင့် အခြေခံက ထူးခြားကောင်းမွန်နေသည့်အတွက်ကြောင့် ဖြစ်ပေသည်။

ထိုစဉ် ရွှီချင်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး တောင်ကြားထဲ ဝင်သွားသည်။

သက်စောင့်မီးတောက်ကို သူ ငြိမ်းသက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ စူးရှတောက်ပသော အလင်းများ ပျောက်ကွယ်သွားပြီး သူ၏ရုပ်ရည်သွင်ပြင် ပြတ်သားစွာ ပေါ်လာသည်။

စူးရှတောက်ပသောအလင်း သူ့ကို လွှမ်းခြုံနေခဲ့စဉ်အခါက သူ၏ ရုပ်ရည်အကြမ်းဖျင်းကိုသာ မြင်နိုင်သည်။ ယခု အရာအားလုံး ရှင်းလင်းသွားသောအခါ ရွှီချင်း၏ တုဖက်ကင်းသော အလှတရားနှင့် မိစ္ဆာဆန်သော မျက်နှာကိုလည်း ယခင်နည်းတူ အံ့သြစရာကောင်းအောင် အာရုံစိုက်ခြင်းခံလိုက်ရသည်။

ယောက်ျားမိန်းမ မရွေး၊ ဂိုဏ်းသားများအားလုံး မှင်သက်သွားကြ၏။

အမျိုးသမီးများက အမျိုးသားများထက် ပို၍ ကြာရှည်စွာ ငေးစိုက်ကြည့်နေသည်။

အမှန်စင်စစ် သူ ထုတ်ဖော်ထားခဲ့သည့် စွမ်းအားမှ ဖြစ်ပေါ်လာသော ရောင်ခြည်ကွန်ခြာကြောင့်လည်း ထိုသို့ အာရုံစိုက်ခံရခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခုလို အကြီးအကျယ် အံ့အားသင့်နေကြမည် မဟုတ်ပေ။

သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ကျင့်ကြံခြင်းစွမ်းအားကွန်ခြာနှင့် ရွှီချင်း၏ ရုပ်ရည်ပေါင်းစပ်လိုက်သော အံ့သြစရာကောင်းသော ဆွဲဆောင်မှုတစ်ရပ် ဖြစ်သွားသည်။ ထို့ပြင် ခရမ်းရောင်တာအိုဝတ်ရုံနှင့် ရှည်လျားသော ဆံပင်ရှည်များကြောင့်လည်း သူ့ကိုကြည့်လိုက်သည်နှင့် တန်ခိုးရှင်တစ်ဦးအလား ခံစားရစေသည်။

တောင်ကြားထဲသို့ သူ ဝင်သွားသည်နှင့် တောင်ကြားထဲမှ ဒုတိယတောင်ထိပ်ဂိုဏ်းသားများအားလုံး တလေးတစား ရှိနေကြသည်။ အမျိုးသမီးအများစုက ရွှန်းလဲ့တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို တိတ်တခိုး ကြည့်နေကြသည်။

ရွှီချင်းသည်လည်း လူအုပ်ထဲမှ ကူးမုချင်းကို မြင်လိုက်ပြီး ခေါင်းကိုအသာအယာ ငြိမ့်ပြလိုက်သည်။

ကူးမင်ချင်းက ရွှီချင်းကို လှပသောမျက်ဝန်းများဖြင့် ငေးကြည့်နေပြီး ရွှီချင်း၏ ခေါင်းညိတ်ပြမှုကြောင့် ဘေးရှိ ဒုတိယတောင်ထိပ်ဂိုဏ်းသားအများစုက ကူးမုချင်းကို ကြည့်လိုက်ကြသည်။

ကူးမုချင်း၏ လှပသော မျက်နှာလေး နီမြန်းသွားပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် ရွှီချင်းက သူတို့ကို ဖြတ်ကျော်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ ရောက်သွားသည်။

“ ဘယ်အချိန်လောက် အသက်သွင်းလို့ရမလဲ ”

ရွှီချင်းက မေးလိုက်သည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဘေးရှိ ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားများအားလုံး လေးစားသည့်အမူအရာများဖြင့် ရှိနေကြပြီး သက်စောင့်မီးလုံး မထုတ်ဖော်နိုင်သေးသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က တလေးတစား ပြောလိုက်သည်။

“ ဂိုဏ်းတူအစ်ကို၊ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ပြီးခါနီးနေပါပြီ။ ဂိုဏ်းရဲ့မန္တန်အစီအရင်ကြီးကနေ ဒီရေစွမ်းအား ရောက်လာမှာကိုပဲ ကျနော် စောင့်နေတာ။ အဲဒီအချိန်ရောက်ရင် ခဏလေးနဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ကောင်းကောင်း အသက်ဝင်မယ်လို့ ကျနော် ယုံတယ် ”

All Chapters