ပြီးပြည့်စုံသော အဆင့် ချိုးဖြတ်မှု
Vol. 9 Ch. 121
အခန်း (၁၂၁) ပြီးပြည့်စုံသော အဆင့် ချိုးဖြတ်မူ။
ချင်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စကားလုံးများသည် ပြိုင်ပွဲကွင်းပြင်ရှိ တပည့်အားလုံးကို ခြိမ်းခြောက်ခဲ့သည်။ မူလက ဆွေးနွေးလိုသူ များသည်ပင် ပါးစပ်ပိတ်လိုက်ကြသည်။ ထို့နောက် ချင်ယွင်သည် လူတိုင်း၏အကြည့်အောက်တွင် ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သည်။
ချင်ယွင်၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်ပြီး၊ အထူးတန်းစင်မြင့်ပေါ်ရှိ တော်ဝင် အကြီးအကဲသည် ကျေနပ်အားရသည့် အမူအရာဖြင့် ချက်ချင်း ထုတ်ဖော်ပြော လိုက်သည် "တကယ်တော့ သူက ပျိုးပင်ကောင်းလေးတစ်ခုပဲ၊ သူရဲ့ ပင်ကိုယ်စရိုက်က ငါ့စိတ်ဆန္ဒနဲ့ လိုက်လျောညီထွေ ဖြစ်နေတယ်။ ဟား ဟား။"
တစ်ချိန်တည်းမှာပင် ကျိုးယုနှင့်ဘိုင်ချီဟန်တို့သည် ဘိုင်ချီဟန်ရှိနေသည့် စင်မြင့် အထက်မှာ ဂုဏ်ယူစွာဝင့်ကြွားစွဦ ရပ်နေခဲ့ကြသည်။
"သူက အရင်ကထက် အများကြီး ပိုသန်မာနေပုံရတယ်။" ဘိုင်ချီဟန်က ပြောလိုက်သည်။ ထို့နောက် သူ၏ဘေးနားမှ ကျိုးယုဆီကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများ ပြည့်နှက်နေသည်ကို မြင်လိုက်ရလျင် သူက ပြုံးပြီး ပြောသည် “ဘာလဲ၊ မင်းက သူ့ကို တိုက်ခိုက်ချင် တာလား”
ကျိုးယု၏အမူအရာသည် အနှစ်တစ်ထောင်ကြာသည့်တိုင်အောင် မပြောင်းလဲသည့် ဟန်ဖြင့် တိတ်ဆိတ်နေ၏။ သို့သော် သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့်ဆန္ဒကို ဖုံးကွယ်မထားခဲ့ပေ။ “သူ့မှာ အရည်အချင်းတွေရှိတယ်၊ ငါ မင်းကို အနိုင်မယူ နိုင်ပေမယ့် အနိုင်ယူနိုင်သေးတယ်လို့ ငါထင်နေတုန်းပဲ။ နောက်ဆုံးအကြိမ်တုန်းက မင်းက တိုင်ယွန်တောင်တန်းမှာ ကောင်းကောင်းဖုံးကွယ်ထားခဲ့ပေမယ့် လင်းဖန်ကို ကြည့်တဲ့ မင်းမျက်လုံးတွေထဲမှာ ပြင်းထန်တဲ့ တိုက်ခိုက်လိုစိတ်ကို ငါမြင်နေရတုန်းပဲ။ မင်းရဲ့အစွမ်းက အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ် နယ်ပယ်မှာရှိနေသလို ရိုးရှင်းပုံမရဘူးဆိုတာ သေချာပါတယ်!"
ဘိုင်ချီဟန်သည် သူ၏မျက်နှာက ပြုံးနေဆဲပင် ဖြစ်သည်။ ထို့နောက် သူက ကျိုးယုကို ကြည့်ပြီးပြောသည် " မင်းလည်း အတူတူပဲ မဟုတ်လား။ အဲဒီတုန်းက တိုင်ယွန် တောင်တန်းမှာ မင်းမလှုပ်ရှားရတဲ့ အကြောင်းရင်းက မင်းရဲ့ လျှို့ဝှက်နည်းလမ်း တွေကို ငါမြင်သွားမှာ ကြောက်လို့မလား။ ငါတို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်နေကြပေမယ့် ဒီလင်းယွင်က ငါ့ကို တကယ်အံ့သြစေတယ်" "
"ဒါဆို သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ပြရအောင် သူနဲ့ဘယ်သူ အရင်တွေ့ရမလဲ ဆိုတဲ့အပေါ်မူတည်သွားပြီ။ ဒီတော့ ငါတို့နှစ်ယောက် ကောင်းကောင်းတိုက်ခိုက် ကြတာပေါ့" ကျိုးယုက ပြောလိုက်သည်။
"ဒီလင်းယွင်ဟာ ငါတို့ထက် ပိုမိုနက်ရှိုင်းစွာ ဖုံးကွယ်ထားတယ်လို့ ငါ အမြဲခံစားရတာ ကြောင့် မင်းနဲ့အရင်တွေ့ပြီး ငါ မဟုတ်ဖို့တော့ မျှော်လင့်တာပဲ။ မင်းလည်း မတော်တဆ လှေတော့ မမှောက်စေနဲ့ပေါ့။ ဟား ဟား!" ဘိုင်ချီဟန်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
ကျိုးယုက ဘာမှ မပြောပေမယ့် အေးစက်သည့် သူ၏မျက်လုံးများတွင် ပြင်းထန်စွာ တိုက်ခိုက်လိုသည့်ဆန္ဒကို ပြသနေပါသည်။
ချင်ယွင်သည် ဂိုဏ်း၏ ပထမနှင့်ဒုတိယ ပါရမီရှင်နှစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဆိုသည်ကို မသိခဲ့ပါဘူး။ ယခုအချိန်တွင် သူသည် ကျန်းရွန်ရှင်း ရှိရာဘက်သို့ ပြန်ရောက်နေပြီဖြစ်သည်။
ကျန်းရွန်ရှင်းသည် ချင်ယွင်ကို ပွေ့ဖက်ကာ အနမ်း ခပ်ကြမ်းကြမ်း ပေးပစ်လိုက်သည်။
ချင်ယွင်၏ မျက်နှာသည် အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး ကမန်းကတန်း ပြောလိုက်သည်" လူနည်းနည်းလေးပဲ ငါတို့ကို ကြည့်နေတယ်လို့ ထင်နေတာလား၊ ""
ကျန်းရွန်ရှင်းက "တောင်းပန်ပါတယ်၊ မင်းက လူတွေအများကြီးရှေ့မှာ ငါက မင်းရဲ့မိန်းမပါလို့ ပြောခဲ့တော့ မင်းဘယ်လိုမှ မရှက်နိုင်တော့ဘူးလို့ ထင်လို့ပါ!"
ချင်ယွင်သည် ချက်ချင်းပင် ပြောစရာစကားမဲ့သွားရ၏။ သူသည် သူ၏ရှေ့မှာရှိသည့် ဤမိန်းမကို စိတ်နှောင့်ယှက်မပေးတော့ဘဲ သူမကို နှုတ်ဆက်ကာ တစ်ယောက်တည်း ပြန်လာခဲ့သည်။
မူလက ကျန်းရွန်ရှင်းသည် သူ့နောက်ကို လိုက်သွားချင်ခဲ့သည်။ ချင်ယွင်သည် ဤနတ်ဆိုးမလေးကို နောက်တစ်ကြိမ် ဝါးမျိုမိမှာ ကြောက်သောကြောင့် သူ့နောက်သို့ လိုက်လာရန် သူမကို ခွင့်မပြုခဲ့ပေ။ ဤအရာက ကျန်းရွန်ရှင်းအား သူမကို ပိုးမွေးသလိုမွေးထားသည်ဟု ခံစားရစေသည်။ နောက်ဆုံးတွင် ၊ သူမသည် ချင်ယွင်ကို ထွက်သွားခွင့်မပြုမီ သူသည် သူမအား လျော်ကြေးပေးရန် အခွင့် အရေးတစ်ခု ပြန်ရှာပေးရမည်ဟုပင် ချင်ယွင်အား ပြောခဲ့သည်။
ချင်ယွင်သည် သူ၏အိမ်သို့ ပြန်ရောက်သော အခါ ခြံတံခါးကို သော့ခတ်ပြီး စိန်လေးကို ခြံဝင်းကို စောင့်ခိုင်းလိုက်သည်။ ထိုနောက်မှသာ သူသည် သူ၏အခန်းသို့ပြန်ပြီး အသက်အသီးကို ထုတ်ယူလိုက်လေသည်။
ဤအသက်အသီးသည် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ အသက်စွမ်းအင်မှ ပေါင်းစည်းထားခြင်းဖြစ်သည်။ သာမာန်သေမျိုးများစားသုံးလျှင် ၎င်းတို့၏ သက်တမ်းကို အနှစ်သုံးရာအထိ သက်တမ်းတိုးနိုင်ပြီး ကျင့်ကြံသူများစားသုံးလျှင် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအားကို တိုးမြင့်စေနိုင်ပြီး ၎င်းတို့၏ နားလည်နိုင်စွမ်း ကိုလည်း တိုးမြင့်စေနိုင်သည်။
ချင်ယွင်သည် သူ၏လက်ထဲရှိ အသက်သစ်သီးကို ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် အလွန် အမင်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ယင်းက သူ၏အသက်ဖြင့် သူလဲလှယ်ခဲ့ရသည့်အရာ ဖြစ်သည်။ မည်မျှ အကျိုး သက်ရောက်မှုရှိမည်ကို သူမသိပေ။
ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ပါးစပ်ထဲသို့ အသက်သစ်သီးကို တိုက်ရိုက် ပစ်ထည့်လိုက်ပြီး ပါးစပ်အပြည့်ဖြင့် မျိုချလိုက်တော့သည်။
အသက်သစ်သီးသည် ပါးစပ်ထဲတွင် ချိုမြိန်ပြီး သူ၏လည်ချောင်းထဲသို့ လျှောဆင်းသွား သောအခါ ပို၍ပင် အေးမြသွားသည်။ သူ၏အစာအိမ်ထဲကို ရောက်သွားသည်နှင့် ချင်ယွင်၏ သွေးများမှတဆင့် သူ၏ဦးနှောက်ဆီကို စီးဆင်းလာသော အံ့ဩဖွယ် စွမ်းအားများကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် အသက်သစ်သီး၏ ဆေးဖက်ဝင် အာနိသင်များကို စုပ်ယူမှုအရှိန်မြှင့်ရန်
သူ၏ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက် လိုက်သည်။
အခြားလူများသည် တိုက်ရိုက်ကိုက်စားလျှင် အမှိုက်ဖြစ်နိုင်သော်လည်း ရှေးဟောင်း ခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ပိုင်ဆိုင်ထားသူချင်ယွင်အတွက်မူ ၎င်းအသက် သစ်သီးကို တိုက်ရိုက်မျိုချပြီး စုပ်ယူခြင်းသည် ဆေးဖက် ဝင်ဆေးပြားကို စားသုံးခြင်း ထက်ပင် များစွာ ပိုမိုထိရောက်ပါသည်။
ထိုထူးဆန်းသောစွမ်းအင်သည် ချင်ယွင်၏စိတ်ထဲသို့ ပေါင်းစပ်သွားသောအခါ ချင်ယွင်သည် သူ၏နီဝမ်နန်းတော်ထဲရှိ သူ၏စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းပြီးရင်း ပိုမို အားကောင်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သုံးနာရီနီးပါး စုပ်ယူပြီးနောက်၊ ချင်ယွင်သည် အသက်သစ်သီး၏ ဆေးဖက်ဝင် အာနိသင်အားလုံးကို စုပ်ယူလိုက်သည်။ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် နှစ်ဆတိုးလာခဲ့ပြီး၊ ဆိုလိုသည်မှာ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ယခင်က သူ၏ကိုယ်ပွားကို မခွဲထုတ်ခင်က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ချင်ယွင်သည် အလွန်ဝမ်းသာသွားသည်။ ဤအသက်သစ်သီးသည် အမှန်ပင် အနှိုင်းမဲ့ အံ့ဖွယ်ကောင်းလှသည်။
ထို့နောက် ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ဝင်ရောက်ရန်ရွေးချယ်လိုက်ပြီး လေပြင်းချောက်နက်ကြီး၏ ဒုတိယဧရိယာသို့ ကျဆင်း သွားခဲ့သည်။
ချင်ယွင်ဝင်လာပြီးသည်နှင့် သူ၏အဝတ်အစားများ ကြေမွစုတ်ပြတ်သွားသည်။ ချင်ယွင်သည် ယင်းကို ဂရုမစိုက်ဘဲ လေထုဖြတ်တောက်ခြင်းသဘောတရားကို နားလည်ဆင်ခြင်နိုင်ရန် ဒုတိယဧရိယာ၏အလယ်ဗဟိုတွင် တိုက်ရိုက်ထိုင်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ လေဓားငယ်များသည် ချင်ယွင် ၏ ခန္ဓာကိုယ်အနှံ့တွင် ရေကူးငါးများကဲ့သို့ ဝေ့ပတ်ရိုက်ခတ်နေပြီး အချိန်တိုင်း သူ့အရေပြားပေါ်၌ သွေးစွန်းနေသော အမာရွတ်များ ချန်ထားရစ်ခဲ့သည်။
ချင်ယွင်၏ခန္ဓာကိုယ်ကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ ၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ အပြင်းအထန်သော လေမုန်တိုင်းများက သူ့ကို အဆုံးမရှိ နာကျင်စေသည်။
ချင်ယွင်သည် သူ့ကိုဖြတ်တောက်နေသော လေဓားများနှင့် ပြင်းထန်သော လေမုန်တိုင်းများကို ခွင့်ပြုထားသည်။ သူ၏တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပေမယ့် သူသည် အံတင်းတင်းကြိတ်ကာ အတွင်းထဲမှာ ထိုင်နေသေးသည်။
ဤလေဓါးများသည် အဘယ့်ကြောင့် ဤကဲ့သို့ဖြတ်တောက်နိုင်စွမ်းရှိနေလဲ? သူတွေးနေခဲ့မိသည်။
သူသိပ်သည်းထားသည့် လေဓားများသည် ပုစဉ်းရင်ကွဲတောင်ပံလောက် ပါးလွှာပေမဲ့ သူ၏အရေပြားကို အဘယ့်ကြောင့် မခွာနိုင်ရသနည်း။၊ ဤအရာက ယခုနေရာတွင် လွယ်လွယ်နှင့် ပြီးမြောက်နိုင်ပါ့မလား။
နှစ်နာရီကြာသွားခဲ့ပြီ။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လေဓားများကို အာရုံစိုက်နေသည်။ သူ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် ကျိုးပျက်ပြီး ဒဏ်ရာအသစ်များ ထပ်ရလာပြန်သည်။ ထို့နောက် လှီးဖြတ်ခံရပြီး အမာရွတ်များ ထပ်မံတွေ့ရှိရပြန်သည်။ ဤတစ်ကြိမ်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ထူထဲသောသွေးအလွှာများဖြင့် ဖုံးအုပ်ထားသည်။
ရုတ်တရက် ချင်ယွင်၏ စိတ်ထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်နှင့်အတူ ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါဆို ဒီအတိုင်းပဲပေါ့။ ဒါပဲလေ" ချင်ယွင်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
လေထုဖြတ်တောက်ခြင်းသဘောတရား၏ ပထမအဆင့်သည် လေဓားများအား ပါးလွှာသော ပုစဉ်းရင်ကွဲအတောင်ပံလေးများပမာ အလွန်ပါးလွှာသည်၏အဖြစ်သို့ သိပ်သည်းခြင်းဖြင့် လေဓားများ၏ ဖြတ်တောက်နိုင်စွမ်းကို အလွန်တိုးမြင့်စေနိုင်သည်။ လေထုဖြတ်တောက်ခြင်းသဘောတရား၏ ဒုတိယအဆင့်သည် အမှန်တကယ်တော့ လေဓားများ၏ အထူအပါးနှင့် မသက်ဆိုင်ဘဲ လေဓားများ၏ တည်ဆောက်ပုံနှင့်သာ သက်ဆိုင်ပါသည်။
ပါးလွှာသော လေဓါးသွားများသည် လေဖြင့် ဖိသိပ်ပြီး သိပ်သည်းထားခြင်းမရှိပေ။ ၎င်းလေဓားများပေါ်တွင် ထူးဆန်းသောပုံစံများစွာရှိနေပြီး အဆိုပါပုံစံများသည် လေဓားများကို ပိုမိုတိုက်ခိုက်စေနိုင်ပြီး ၎င်းတို့၏ဖြတ်တောက်နိုင်စွမ်းကို တိုးမြင့်စေသည်။
လေထုဖြတ်ခြင်းသဘောတရား ဒုတိယအဆင့်၏ လျှို့ဝှက်နက်နဲသောအရာများကို သူရှာဖွေတွေ့ရှိပြီးနောက်၊ ဤလေဓားများကို ပုံစံများနှင့်အတူ မည်ကဲ့သို့ သိပ်သည်းရမလဲ ဆိုသည်ကို သူ လေ့လာသင်ယူခဲ့သည်။
ပထမဦးစွာ ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လေဓါးများပေါ်ရှိ ပုံစံများကို လုံးဝအလွတ်မှတ်သားခဲ့သည်။ ထို့နောက် သူ၏စိတ်ထဲတွင် ထိုမှတ်သား ထားသည့်အတိုင်း အထပ်ထပ်အခါခါ ထွင်းထုလိုက်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သောပုံစံများသည် တုနှိုင်းမရလောက်အောင် အံ့ဖွယ်ကောင်း သည်ဟု ဆိုရမည်ဖြစ်ပြီး ၎င်းတို့ကို လုံးလုံးကူးယူရန် လွယ်ကူမည်မဟုတ်ပေ။
ချင်ယွင်သည် ထပ်ခါတလဲလဲ ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင်၊ လေးနာရီကြာအောင် မရပ် မနားကြိုးစားပြီးနောက်၊ နောက်ဆုံးတွင် ချင်ယွင်သည် သူ၏ပထမဆုံး လေဓားကို ပုံစံများအတူ သိပ်သည်းနိုင်ခဲ့သည်။
ချင်ယွင်၏မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ပထမတစ်ခု ရရှိမူနှင့်အတူ နောက်အရာများက ပိုမိုရိုးရှင်းလာပါလိမ့်မည်။
ဤနည်းအားဖြင့်၊ သူသည် သူ၏ လေသစ်ရွက်ဓား၀င်္ကပါ၏ စွမ်းအားကို များစွာ မြှင့်တင်ပေးပါလိမ့်မည်။