← Chapters

အဆင့်သတ်မှတ်ချက်တိုက်ပွဲများ

Vol. 9 Ch. 122

အဆင့်သတ်မှတ်ချက်တိုက်ပွဲများ

Vol. 9 Ch. 122

အခန်း (၁၂၂) အဆင့်သတ်မှတ်ချက်တိုက်ပွဲများ

ချင်ယွင်သည် လေဓားများကို ပုံစံများဖြင့် သိပ်သည်းခြင်း ကျွမ်းကျင်လာသောအခါ အပြင်ဘက် ကောင်းကင်ယံသည် လင်းလက်စပြုနေပြီဖြစ်သည်။ ချင်ယွင်သည် ကောင်းကင် ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းမှ ထွက်ခွာရန်မှတပါး ရွေးချယ်စရာမရှိပေ။

သို့သော်၊ ချင်ယွင်သည် ဤညတွင် လေ့ကျင့်မှုနှင့်နားလည်သဘောပေါက်မှုမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး လေသစ်ရွက်ဓား၀င်္ကပါ၏ စွမ်းအားမှာလည်း အလွန် တိုးမြင့်လာခဲ့သည်။

ချင်ယွင်တံခါးမှ ထွက်လာစဉ်တွင် ကျန်းရွန်ရှင်းသည် စိန်လေးကို မျက်နှာမူကာ ခြံအပြင်ဘက်တွင် အစောင့်အကြပ်အဖြစ် ရပ်နေသည်ကို သူတွေ့ရှိခဲ့ရသည်။

ပထမတော့ ချင်ယွင်သည် ဖြစ်ပျက်နေသည်ကို နားမလည်သေးပေ ။ နောက်ပိုင်းတွင်

စိန်လေးသည် ချင်ယွင်၏အမိန့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခြံဝင်း အတွင်းသို့ မ၀င်ရောက်စေဘဲ သူ၏အမိန့်ကိုနားထောင်ခဲ့ကြောင်း ချင်ယွင် သိလာရသည်။ သို့သော်လည်း ကျန်းရွန်ရှင်းသည် နံနက်စောစော ချင်ယွင်ကိုရှာဖွေရန် ရောက်ရှိလာသောအခါ စိန်လေးသည် သူမအား ဝင်ရောက်ခြင်းမှ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းရွန်ရှင်းသည် စိန်လေးကို ရှင်းပြခဲ့သည်။ သူမသည် ချင်ယွင်၏ဇနီးဖြစ်ပြီး သူ့သခင်မဟု ပင်ယူဆနိုင်သည့်အတွက် သူမကို ဝင်ခွင့်ပြုရန် သူမက ဆိုသည်။

သို့သော် စိန်လေးက ငြင်းဆိုသည်။ အဆုံးမှာကျန်းရွန်ရှင်းသည် ဒေါသထွက်လာပြီး စိန်လေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ရှေ့မှာရှိသည့် ယခုလိုမြင်ကွင်းမျိုး ဖြစ်သွားရသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ ဤလူမိုက်မိန်းကလေး ကျန်းရွန်ရှင်းသည် သူ့အတွက်နှင့် ရုပ်သေးတရုပ်ကိုပင် စိန်ခေါ်သော ကြောင့် သူ ရယ်မောလိုက်သည်။ ထို့နောက် သူက စိန်လေးအား "နောင်မှာ သူမစကားကလည်း သူ့စကားအတိုင်းပဲ ဖြစ်ရလိမ့်မယ်။ သူမနဲ့တွေ့တဲ့အခါ သူမကို သခင်မလို့ ခေါ်စေချင်သည့်အကြောင်း ပြောပြထားလိုက်ရသည်။

"ကောင်းပါပြီ သခင်ကြီး!" စိန်လေးသည် အနည်းငယ် စိတ်ဆိုးဟန်ဖြင့် ပြန်ဖြေသည်။ ထို့နောက် လှည့်၍ ကျန်းရွန်ရှင်းအား 'သခင်မ' ဟုခေါ်သည်။

ချင်ယွင်သည် ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ၏ဘေးမှာ ရပ်နေသည့် ကျန်းရွန်ရှင်းသည်လည်း ရှက်ရွံ့စွာ ရယ်မောသည် ။

သို့သော် စိန်လေးသည် အလွန်သစ္စာစောင့်သိသော ရုပ်သေးတစ်ရုပ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် ချင်ယွင်၏အမိန့်ကို သံသယမရှိဘဲ အမြဲဖြည့်ဆည်းခဲ့ပြီး၊ ၎င်းမှာ သူ၏အသိစိတ်နှင့် အခြားသူများကြား ကွာဟချက်ဖြစ်သည်။

ထို့နောက် ချင်ယွင်သည် ကျန်းရွန်ရှင်းနှင့်အတူကောင်းကင်မိုးကြိုးရင်ပြင်သို့ လျှောက်လာခဲ့သည်။ ယနေ့သည် ဂိုဏ်းပြိုင်ပွဲတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲ လည်းဖြစ်သဖြင့် ထိုတပည့်များသည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ စောစီးစွာရောက်ရှိ လာကြပြီး ယနေ့၏ အထွတ်အထိပ်တိုက်ပွဲကို စောင့်မျှော်နေကြတော့သည်။

မနေ့က စိန်ခေါ်မှုသည် ပြီးဆုံးသွားခဲ့ပြီ။ နောက်ဆုံးအဆင့်တိုက်ပွဲတွင် တပည့် စုစုပေါင်း ၂ဝ ပါဝင်ခဲ့သည်။ ဤအဆင့် ၂၀နေရာတွင်ရှိသည့် ချင်ယွင်မှလွဲ၍ မူလက အဆင့်၃၈နေရာတွင်ရှိသော လက်ရွေးစင်တပည့် ကျန်းတိုင်လည်းရှိသေးသည်။ သူသည် အဆင့် ၁၈ လက်ရွေးစင်တပည့်ကို ချက်ချင်းစိန်ခေါ်ပြီး အဆင့်တိုက်ပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

ဤတိုက်ပွဲသည် မူလက လစ်လပ်သော ချင်ရွှန်းရွှန်း၏ နေရာကို ဖြည့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ချင်ယွင်သည် ထိုတိုက်ပွဲကို မြင်နိုင်သည်။ အဆင့်သုံးဆယ့်ရှစ် လက်ရွေးစင်တပည့်နှင့် အဆင့်တစ်ဆယ့်ရှစ်လေးရွေးစင်တပည့်သည် စွမ်းအားအဆင့် တူညီပုံရသည်။

သူတို့နှစ်ဦးကြား တစ်ခုတည်းသော ခြားနား ချက်မှာ အဆင့်သုံးဆယ့်ရှစ်တပည့်၏ ခံနိုင်ရည်သည် အနည်းငယ်သာ၍ အားကောင်းနေခြင်းဖြစ်သည်။ ရေရှည်တိုက်ပွဲကို အသုံးပြု၍ အဆင့်ဆယ့်ရှစ် လက်ရွေးစင်တပည့်သည် သူ၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးလုနီးပါး အသုံး ပြုခဲ့သည်။ ထို့နောက် သူသည် အဆုံးအဖြတ် ခံယူရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ကာနောက်ဆုံးတိုက်ကွက်ကို အသုံးပြုပြီး အနိုင်ရ သွားခဲ့သည်။

သို့သော် ဤနည်းလမ်းသည် ချင်ယွင်အတွက် အသုံးမဝင်ပေ။ အကယ်၍ သူသည် ဓားပညာရပ်များ သို့မဟုတ် ဓားဝင်္ကပါများကို အသုံးမပြုပါက၊ ချင်ယွင်၏ ဝိညာဉ်စွမ်းအင်သည် အဆုံးမရှိဟု ဆိုနိုင်သည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် အားလုံး ကုန်ဆုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့ရာတွင်၊ ချင်ယွင်သည် ဤတပည့်သည် သူ၏ခွန်အားကို ဖုံးကွယ်ထားပုံရသည်ဟု ဖျတ်ခနဲ ခံစားလိုက်ရသည်၊ အကြောင်းမှာ ပြိုင်ပွဲအစမှအဆုံးအထိ တပည့်တော်တော် များများသည် သူတို့၏ သဘောတရားများကို အသုံးမချခဲ့သောကြောင့် ဖြစ်သည်။ သဘောတရားများကို နားလည်သဘောပေါက်သောတပည့်များ အနည်းငယ်မျှပင် မရှိဟု သူ မယုံကြည်ပေ။

သေချာသည်မှာ ချင်ယွင်ကလည်း ဤအရာကို သိပ်ဂရုမစိုက်ပါဘူး။ လက်ရွေးစင်တပည့် အယောက်နှစ်ဆယ်ကြားတွင် အယောက်၂၀ မြောက်ဖြစ်သော ချင်ယွင်တစ်ယောက်သာ ဘိုင်ချီဟန်နှင့် ကျိုးယုတို့ကို အမှန်တကယ် ခြိမ်းခြောက် နိုင်သည်။

ဘိုင်ချီဟန်သည် နဝမအဆင့် အထွက်အထိပ်ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်မှာ ရှိနေသည်ကို ချင်ယွင်မြင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျင့်ကြံသူအဖြစ် သူ၏ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ရန် မည်သည့်နည်းလမ်းများ အသုံးပြုခဲ့သည်ကို သူ မသိပေ။ ယင်းကို သာမာန်လူများမပြောနှင့် ထိုတော်ဝင်အကြီးအကဲပင် မမြင်နိုင်ပေ။

ဘိုင်ချီဟန်ထက် အများကြီးသာလွန်သော ချင်ယွင်၏ စိတ်ဝိဥာဉ်ကျင့်ကြံမှု အဆင့်ကြောင့်သာ၊ မဟုတ်ပါက ဘိုင်ချီဟန်၏ ကျင့်ကြံမှုအဆင့်ကို သူ ရှာဖွေတွေ့ရှိ နိုင်မှာ မဟုတ်ပါဘူး။

ထိုအေးစက်သော ကျိုးယုနှင့် ပတ်သက်၍ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ၌ ဖြစ်သည် ။ သို့သော် ချင်ယွင်သည် သူ့ထံမှ အထူးစွမ်းအားတစ်မျိုးကို ခံစားခဲ့ရသည်။

ဤစွမ်းအားသည် ကျိုးယုနှင့်မသက်ဆိုင်သော်လည်း ၎င်းသည် အလွန်အစွမ်း ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ ဘိုင်ချီဟန်ထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။

ချင်ယွင်၏ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်မာပြီး သူ့မှာ နည်းလမ်းပေါင်းများစွာ ရှိသော်လည်း ကျင့်ကြံမှုအဆင့်ကွာခြားချက်မှာ ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးကို အနိုင်ယူရန် အနည်းငယ်ကြိုးစားရပေလိမ့်မည်။

အဆင့်သတ်မှတ်ချက် စတုတ္ထအဆင့်ရှိ ရှီကန်ဟိုင်နှင့်ပတ်သက်ပြီး ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် သတ်ဖျက်လိုသည့်ဆန္ဒကို တစ်ကြိမ်ထက်မက ခံစားခဲ့ရပြီး ဖြစ်သည်။

ရှီကန်ဟိုင်သည် သူချင်ယွင်ဖြစ်သည်ကို သံသယဖြစ်နေပြီဟု ချင်ယွင်က ခန့်မှန်းထား

ခဲ့သည်။ ချောင်ရွှန်းဂျန်တောင်မှ ခန့်မှန်းနိုင်မည်ဆိုလျှင် ရှီကန်ဟိုင်သည်လည်း ခန့်မှန်းနိုင်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ရှီကန်ဟိုင်နှင့်ပတ်သက်ပြီး သူ့အတွက် မည်သည့်လှည့်ကွက်မျိုးကိုမဆို အချိန်တိုင်း သတိထားနေရမည်ဖြစ်သည်။

ပြိုင်ပွဲကွင်းအပြင်ဘက်မှာ လူများသည် ပိုမိုများပြားလာခဲ့သည်။ နောက်ဆုံးမှာတော့ အဆင့်သတ်မှတ်ပွဲများ စတင်ရန် အချိန် ကျ‌ရောက်လာပါပြီ။

အလင်းတန်းနှစ်စင်းက ကောင်းကင်ယံကို ဖြတ်သန်းသွားသည် ။ ကောင်းကင်မိုးကြိုး ရင်ပြင်အထက် ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခုပေါ်လာသည်။ ၎င်းတို့အထဲမှ တစ်ဦးသည် တော်ဝင်အကြီးအကဲ၍ ဖြစ်ပြီး ကျန်တစ်ဦးမှာ အေးစက်သော အမူအရာဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။

ထိုလူနှစ်ယောက်၏ အသွင်အပြင်ကြောင့် ပြိုင်ပွဲကွင်းပြင်သည် ချက်ချင်းပင် ရင်ခုန် စိတ်လှုပ်ရှားလာသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ဤလူများ၏ အော်သံကြောင့် ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းဖြစ်ကြောင်း ထိုလူ၏ ကိုယ်ရေးအချက်အလက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ချင်ယွင်သည် လေထဲတွင် ဂုဏ်သိက္ခာရှိစွာရပ်နေသော ထိုအမျိုးသားကို လှမ်းကြည့် လိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း ၏ဂိုဏ်းခေါင်းဆောင်သည် အမှန်တကယ်ပင် သိုင်းမြို့စား နယ်ပယ် န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင် ရှိနေသည်။ သေချာသည်မှာ သူ၏စွမ်းအားသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်ပါလိမ့် မည်။။

ချင်ယွင် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်းမှာ သိုင်းမြို့စား နှစ်ယောက်ပဲရှိတာ ဖြစ်နိုင်ပါမလား။

ချင်ယွင်က ဤအရာသည် မဖြစ်နိုင်ဘူးဟု ခံစားရသည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ အရိပ်များထဲတွင် မိုးကြိုး၀ိညာဥ်တောင်ကဲ့သို့သော အမည်မသိနိုင်သောနေရာများတွင် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူအချို့ ပုန်းအောင်းနေနိုင်သည် ။

သေချာသည်မှာ ၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းမှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ အနည်းငယ်သာ ရှိပါသည်။ ချင်ယွင်က နက်နက်နဲနဲ မတူးဆွချင်ပါဘူး။ ယခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက ဤအဆင့်ပြိုင်ပွဲကို အနိုင်ရပြီး ထိပ်ဆုံး သုံးယောက်၏ အဆင့် သတ်မှတ်ခံရမည့် အရည်အချင်းများရရှိအောင် ကြိုးစားဖို့ဖြစ်သည်။

"လူတိုင်းပဲ ၊ သုံးလတစ်ကြိမ်ကျင်းပတဲ့ မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို တရားဝင်စတင်ပြီလို့ ကျုပ် ကြေငြာပါတယ်။ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့တဲ့ လက်ရွေးစင်တပည့် နှစ်ဆယ်က အလယ်ကွင်းထဲကို ဝင်ရောက်ပြီး မင်းတို့ရဲ့ဝါးတုတ်များကို ထုတ်ယူရပါမယ်။ ဝါးတုတ်တစ်ခုစီမှာ နံပါတ်တစ်ကနေ တစ်ဆယ်အထိ ပါရှိမှာဖြစ်တယ်။ နံပါတ်တစ်ကနေ တစ်ဆယ်အထိ နှစ်စုံရှိတယ်။ အဲဒီ၀ါးတုတ်ပေါ်မှာ ရေးထားတဲ့ နံပါတ်တူညီတဲ့လူနှစ်ယောက်က တိုက်ခိုက်ရမယ့် ပြိုင်ဘက်တစ်ဖွဲ့ဖြစ်လိမ့်မယ်။" လဲ့ရှောင်တင်းက နည်းနည်းလေးမှ တုန့်စိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

ဝှီး! ဝှစ်! ဝှစ်!

ချက်ခြင်းဆိုသလို အသံပေါင်းများစွာ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုချင်းစီသည် ပရိသတ်များ၏ စင်မြင့်နေရာပေါင်းစုံမှ လျင်မြန်စွာ ပြေးထွက်သွားကြပြီး နောက်ဆုံးတွင် ပြိုင်ပွဲကွင်းပြင်ပေါ်တွင် စုရုံးလာကြသည်။

"သွားရအောင်!" ချင်ယွင်က ကျန်းရွန်ရှင်းကို ပြုံးပြလိုက်ပြီး ကျန်းရွန်ရှင်း၏လက်ကို

ဆုပ်ကိုင်လိုက်ကာ ပြိုင်ပွဲကွင်းပြင်ပေါ်ကို ပြေးတက်သွားလိုက်သည်။

နောက်တစ်ခု ဝါးတုတ်ကိုမဲနှိုက်ယူသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ချင်ယွင်သည် လမ်းလျှောက်လာပြီး ဝါးတုတ်နဲ့တစ်ခုကို ဆွဲယူလိုက်သည်။ ၎င်းတွင် နံပါတ်ကိုး ဟု ရေးထားပြီး၊ ဆိုလိုသည်မှာ ချင်ယွင် သည် ကိုးအုပ်စုတွင် အဆင့်သတ်မှတ်ခံရသည်။

ကျန်းရွန်ရှင်းသည် သူမဆွဲထုတ်လိုက်သည့်နံပါတ်ကသုံးကျပြီး၊ သူမသည် တတိယ အုပ်စုအဖြစ် ခွဲခြားသတ်မှတ်ခံရ၏

ချင်ယွင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလျှင် အခြားသူများ၏ လက်ထဲတွင် ရှိသော နံပါတ်ကို လူတိုင်းမသိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကိုယ့်ပြိုင်ဘက်က မည်သူဖြစ်မည်နည်းဟု ခန့်မှန်းနေကြသည်။ ထုံးစံအတိုင်း၊ ချင်ယွင်သည်လည်း သူ၏ပြိုင်ဘက် မည်သူလဲဆိုသည်ကို ခန့်မှန်းလို့ မရပေ။

"ကောင်းပြီ၊ အခု ကျေးဇူးပြုပြီး နံပါတ်တစ်ကို ဆွဲထားတဲ့ လူနှစ်ယောက်ကို နေခဲ့လိုက်ပါ။ ကျန်တဲ့လူတွေအားလုံး အထူးတန်းစင်မြင့်ကို ပြန်သွားကြပါ။" လဲ့ရှောင်တင်းက ထပ်ပြောသည်။

လူတိုင်းသည် အပြေးအလွှား ပြန်သွားကြပြီး သူမသိကျွမ်းသော လူငယ်နှစ်ဦးသာ ကျန်ခဲ့သည်။

ကျန်းရွန်ရှင်းက ချင်ယွင်ကို ရှင်းပြတယ် "ဒီနှစ်ယောက်ကတော့ အဆင့် ၁၅ရှိတဲ့ ချန်ချန်းနဲ့ အဆင့် ၁၆ ရှိတဲ့ ဟွန်ယုတို့ပဲ။ သူတို့နှစ်ယောက်ကြားက ခွန်အားက သိပ်ကွာခြားမှုမရှိဘူး။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲအချို့ တိုက်ခိုက်ဖူးပုံရတယ်။ “

ချင်ယွင် ကြည့်လိုက်လျှင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ပဉ္စမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့နှစ်ဦးစလုံးသည် မဟာမိုးကြိုးဝိညာဉ်နည်းပညာရပ်ကို ကျင့်ကြံ ထားကြသည်။ ကျန်းရွန်ရှင်း ပြောခဲ့သည့်အတိုင်း အမှန်တကယ်ဖြစ်ပုံရသည်။ သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ကြီးကြီးမားမား မဟုတ်ပါဘူး။ တစ်ခုတည်းသော ခြားနားချက်မှာ ဟွန်ယုက တုတ်ကိုအသုံးပြုနေစဉ်မှာ ချန်ချန်းက ဓားတစ်ချောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သစ်သားတုတ်ပုံသဏ္ဍာန် လက်နက်များကို အသုံးပြုခဲသည်။ ၎င်းတို့၏ အဖျက်စွမ်းအားသည် ကြီးမားသော်လည်း၊ ၎င်းတို့၏ သတ်ဖြတ်နိုင်စွမ်းသည် သိပ်ပြီးကြီးမားလှသည်မဟုတ်။ ထို့ကြောင့်၊ လှံကို အသုံးပြုသူ ပိုများသော်လည်း တုတ်ကိုအသုံးပြုသူက အလွန်နည်းပါးသည်။

All Chapters