ကျန်းရွန်ရှင်းနှင်း ကျိုးယု
Vol. 9 Ch. 123
အခန်း (၁၂၃) ကျန်းရွန်ရှင်းနှင်း ကျိုးယု
ဒိုင်လူကြီးက အမိန့်ပေးလိုက်သည်နှင့် ချန်ချန်း နှင့် ဟွန်ယုတို့သည် တိုက်ခိုက်ကြ တော့သည်။
ရလာဒ်အနေဖြင့် သူတို့နှစ်ယောက်သည် အမှန်တကယ့်ပင် လက်ရည်တူ ဖြစ်နေသောကြောင့် သူတို့နှစ်ယောက်လုံးဟာ ပြိုင်ပွဲစပြီးသည်နှင့် စွမ်းအားကို အပြည့်အ၀အသုံးကြသည်။ ရူးသွပ်ဖွယ်ဓားချီများနှင့် တုတ်ချောင်းအရိပ်များက အဆက်မပြတ် ရောယှက်လျက် ရှိနေပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်သည် ရှေ့တိုးနောက်ဆုတ် ညီတူညီမျှဖြစ်နေပြီး ဆက်လက် တိုက်ခိုက်ကြပြန်သည်။ နောက်ဆုံးတွင် ချန်ချန်းသည် ဟွန်ယု၏ အမှားကွက်တစ်ခုကို ဆုပ်ကိုင်ပြီး ဟွန်ယု၏ ရင်ဘတ်ကို ဓားကိုယ်ထည်ဖြင့် ရိုက်ထုတ်ကာ ကွင်းပြင်မှ လွင့်ထွက်ထွက်သွားစေခဲ့သည်။
"ချန်ချန်းက ပထမအုပ်စုပွဲကို အနိုင်ရတယ်!" တော်ဝင်အကြီးအကဲက ကြေညာသည်။
ပြိုင်ပွဲကွင်းပြင်သည် ချက်ချင်းပင် ရွှင်မြူးအားပေးသံများဖြင့် ပြည့်နှက်သွားသည်။
နောက်တစ်ခုကတော့ ဒုတိယတိုက်ပွဲဖြစ်သည်။ ပြိုင်ဘက်တစ်ယောက်သည် အဆင့်တစ်ဆယ့်ကိုးဖြစ်သည်။ ကံမကောင်းစွာပဲ၊ ထိုတပည့် အဆင့်၁၀မှာရှိသော ကျန်းရှန်နှင့်တွေ့ခဲ့သည်။ ထိုတပည့်၏နောက်ကျောကို ကျန်းရှန်က လက်ဖဝါးတချက်ဖြင့် ရိုက်လိုက်သည်။ ထိုတပည့်သည် သွေးအန်လိုက်ရပြီး ရှုံးနိမ့်မှုကို တိုက်ရိုက် ဝန်ခံလိုက်ရသည်။
"ကျန်းရှန်က ဒုတိယအုပ်စုပွဲကို အနိုင်ရတယ်။" တော်ဝင် အကြီးအကဲက ကြေငြာ ပြီးနောက် "နောက်တစ်ပွဲ၊ ကျေးဇူးပြု၍ နံပါတ်သုံးပြိုင်ပွဲဝင်များ ပြိုင်ပွဲကွင်းသို့ကြွပါ" ဟုပြောသည်။
တော်ဝင်အကြီးအကဲ၏ ကြေညာသံကို ကြားပြီးနောက်၊ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် ပုံရိပ်တစ်ခုသည် မတ်တတ်ရပ်နေရာမှ ခုန်ဆင်းကာ အလွန်ပြင်းထန်သော ကိုယ်ဟန်အနေအထားဖြင့် ပြိုင်ပွဲကွင်းပေါ်သို့ ဆင်းသက်လာ ခဲ့သည်။
ဤလူပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။
"အဲဒါက ကျိုးယုပဲ၊ ကျိုးယုက မကြာခင် ပေါ်လာဖို့ ငါ မမျှော်လင့်ထားဘူး။ သူ့ပြိုင်ဘက် ဘယ်သူဖြစ်မလဲလို့ ငါ တွေးမိတယ်။"
"မှန်ပါတယ်။ ဒီကျိုးယုက လက်ရွေးစင် တပည့်တွေထဲမှာမှ ဒုတိယအဆင့်မှာ ရှိနေတယ်။ သူ့ရဲ့လှံနည်းပညာရပ်က ပြီးပြည့်စုံခြင်းအဆင့်ရဲ့ အထွတ် အထိပ်ကို ရောက်နေပြီလို့ ငါကြားထားတယ်။ ဒီနေ့ ဒါကို တွေ့ခွင့်ရမလားလို့ တွေးမိတယ်။"
"ဘိုင်ချီဟန် မဟုတ်သေးသရွေ့တော့ သူ့ရဲ့လှံနည်းပညာရပ်ကို ဘယ်သူကမှ အတင်းအကျပ်ထုတ်ဖော်ရအောင် ဖိအားမပေးနိုင်မှာ ငါကြောက်မိတယ်။ ကျိုးယုရဲ့ ပြိုင်ဘက်က ဘိုင်ချီဟန် မဟုတ်ဘူး။"
မိုးကြိုးရင်ပြင်ကွင်းထဲမှာ ဆွေးနွေးသံများ အများပြား ထွက်ပေါ်နေ၏။
မြောက်ဘက်အရပ်စင်မြင့်၏ထောင့်တနေရာတွင် ချင်ယွင်သည် ကျန်းရွန်ရှင်း၏ ခေါင်းကိုပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။ "သွား၊ မင်းသူ့ကို မတိုက်နိုင်ရင် ရှုံးနိမ့်တာကို ဝန်ခံလိုက်ပါ။ အချိန်ရောက်ရင် ယောက်ျားက မင်းအတွက် လက်စားချေ ပေးလိမ့်မယ်။"
"ဟမ့်၊ မင်းမိန်းမကို ထင်သေးတာလား၊ မိန်းမရဲ့တိုက်ပွဲကို ကြည့်ထား။" ကျန်းရွန်ရှင်းသည် ကျီစယ်လိုဟန်ဖြင့် နှာခေါင်းရှုံ့ပြီးနောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ပြိုင်ပွဲကွင်းပြင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏ ပျံသန်းသွားသောနောက်ကျောကို ကြည့်ပြီး ပြုံးလိုက်မိသည်။
ကျန်းရွန်ရှင်းသည် ကျိုးယုကို အနိုင်မယူနိုင်ခဲ့လျှင်ပင် လူတိုင်းကို မျက်လုံးများ ပြူကျယ်အောင် စွမ်းဆောင်နိုင်မည်ဟု ယူဆပါသည်။
ကျန်းရွန်ရှင်း ပေါ်လာသည်နှင့် ချက်ချင်းပင် ပရိသတ်များ၏မျက်လုံးများ တောက်ပ လင်းလက်လာကြသည်။ ကျန်းရွန်ရှင်းသည် ကျိုးယု နှင့် မယှဉ်သာကြောင်းနှင့် ကျန်းရွန်ရှင်းသည် အလွန်မြန်မြန်ဆန်ဆန်ဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု အားလုံးက ပြောနေကြသည်။
ကျိုးယုသည် သူ၏ဆန့်ကျင်ဖက်ရပ်မှာ လွင့်မျောလာနေသည့် ကျန်းရွန်ရှင်းကို မြင်သောအခါ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မိန်းမများနှင့် တိုက်ခိုက်ရခြင်းကို မကြိုက်သည့်အတွက် သူသည် မတတ်တာဘဲ တိုက်ခိုက်ရတော့မည်။
"မင်း အရှုံးကို ဝန်ခံသင့်တယ်။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး" ကျိုးယုက အေးစက်စွာပြောသည်။
ကျန်းရွန်ရှင်းက သိမ်မွေ့စွာပြုံးပြီး ပြောလိုက်သည် "နင့်ရဲ့ပြိုင်ဘက် ဟုတ်မဟုတ် တိုက်ကြည့်ရင် သိမှာဘဲမဟုတ်လား"။
ကျိုးယု၏ မျက်ခုံးများသည် ချက်ချင်းပင် မည်းမှောင်သွားပြီး အေးစက်သော မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ သယ်ဆောင်လာသည်။
"ဘာလဲ၊ ငါ့မှာ အရည်အချင်းမရှိဘူးလို့ နင်ထင်နေတုန်းလား " ကျန်းရွန်ရှင်းက ရယ်မောလိုက်သည်။
ကျိုးယုက မျက်မှောင်ကြုတ်ပြီး "ငါက မိန်းမတွေနဲ့ ရန်မဖြစ်ဘူး"ဟု ပြောလိုက်သည်။
"ဒါဆို ငါက နင်နဲ့ပတ်သက်ပြီး ဘာမှ လုပ်စရာ မလိုဘူးတော့ဘူး" ကျန်းရွန်ရှင်းက ရယ်မောလိုက်သည်။
ထိုစကားကိုပြောပြီးနောက် ကျန်းရွန်ရှင်းသည် သူမ၏လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ပြင်းထန်သော အငွေ့သက်တစ်ခုက ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ သူမ၏ ခရမ်းရောင်ဝတ်ရုံသည် အကြွင်းမဲ့ဖုန်မှုန့်နယ်မြေ၏ နတ်သမီးတပါးကဲ့သို့ လေနှင့်အတူ လှုပ်ခတ်နေသည်။
လူတိုင်း အံ့သြထိတ်လန့်သွားပြီး မှင်သေသေဖြစ်သွားကြသည် "အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လွန်ခဲ့သော ဆယ်ရက်က ကျန်းရွန်ရှင်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ သူမသည် အဘယ်ကြောင့် သိုင်းဂိုဏ်းချုပ်နယ်ပယ် အဋ္ဌမအဆင့်ကောင်းကင် အလွှာသို့ ရုတ်တရက် ရောက်သွားရသနည်း။
ကျိုးယု၏ မျက်လုံးများ တောက်ပလာသည်။ ထိုမှသာလျှင် သူ့တွင် တိုက်ပွဲဝင်လိုသည့် ဆန္ဒများ အရိပ်အမြွက် ထွက်ပေါ်လာခဲ့သည်။ သူက ပြောလိုက်သည် "တကယ်တော့ ဒါကို ငါ သိပ်မမျှော်လင့်ထားခဲ့ဘူး။ မင်းက သိုင်းဂိုဏ်းချုပ်နယ်ပယ် အဋ္ဌမအဆင့် ကောင်းကင်အလွှာကို ရောက်ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"
ကျန်းရွန်ရှင်းက နှာခေါင်းရှုံ့ပြီး ပြောသည် "ဒီထက်အံ့သြစရာကောင်းတာ နောက်မှာ ရှိနေတုန်းပဲ"
ထိုနည်းဖြင့် ကျန်းရွန်ရှင်းသည် ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ လက်ထဲမှဓားသည် ကျိုးယု၏လည်ပင်းဆီသို့ အညှာ အတာမဲ့စွာ ခုတ်လှဲလိုက်သည်။
ကျိုးယု၏ အငွေ့အသက်များသည် တုန်ခါသွားပြီး သူ၏ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များသည် ချက်ချင်းပင် လွင့်စင်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်သည် နောက်ဆုတ်မသွားဘဲ ရှေ့ကို တိုးသွားသည်။သူသည် အပေါ်သို့ အနည်းငယ် စောင်းငဲ့ကာ ကျန်းရွန်ရှင်း၏ ထက်ထက်သော ဓားကို ရှောင်လိုက်ပြီး ကျန်းရွန်ရှင်း၏ ဝမ်းဗိုက်ဆီသို့ တစ်ချိန်တည်းတွင် လက်သီးဖြင့် ထိုးလိုက်သည်။
ကျန်းရွန်ရှင်းသည် သူမဆန္ဒအတိုင်း သူမ၏ လက်ကောက်ဝတ်ကို ဘယ်ဘက်သို့ လှည့်လိုက်ပြီး သူမ၏ဓားသည် တစ်ဖက်သို့လှည်သွားကာ ကျိုးယု၏ခါးဆီသို့ ခုတ်ပိုင်းလိုက်သည်။
အကယ်၍ ကျိုးယုသာ ကျန်းရွန်ရှင်း၏ ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးလိုက်မည်ဆိုလျှင် ကျိုးယု၏ခါးသည် ဖြတ်တောက်ခံရမှာဖြစ်ပြီး သူသည် မြန်မြန်ပြန်ဆုတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ကျန်းရွန်ရှင်းသည် ဤအလွန်မင်းစိုးရိမ်စရာကောင်းသော တိုက်ခိုက်ရေးနည်းလမ်းကို အမှန်တကယ်အသုံးပြုခဲ့သည်အတွက် သူသည် လျှို့ဝှက်စွာ အံ့သြသွားခဲ့သည်။
ယင်းနောက်ပိုင်းမှာ ကျန်းရွန်ရှင်း၏ ဓားကွက်အတိုင်းသည် ထူးထူးခြားခြား ထက်မြက်လာပြီး သူမ၏လှုပ်ရှားမှုများကလည်း ပြင်းထန်လာခဲ့သည်။ ယင်းက ရိုးရှင်းစွာပင် အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုများ ဖြစ်လာသည်။
ကျိုးယုသည် ဤတိုက်ခိုက်မှုများကို ကူရာမဲ့စွာဖြင့် တွန်းလှန်နေရ၏။ ယခုတိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးမဟုတ်ဘဲ ဂိုဏ်း၏ ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ကျန်းရွန်ရှင်း၏ အသက်အန္တရာယ်ဖြင့်ရင်းပြီး ပြင်းထန်သော တိုက်ခိုက်မူပုံစံက သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။
ချွင်!
ကျိုးယုသည် ကျန်းရွန်ရှင်း၏ဓားနောက်ကျောကိုယ်ထည်ပေါ် သူ၏လက်ချောင်းကို ပွတ်သပ်လိုက်ပြီး ကျန်းရွန်ရှင်း၏ဓားကို တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အခြားလက်ညိုးသည် ကျန်းရွန်ရှင်း၏ နောက်ကျောဆီသို့ ထိုးလိုက်သည်။
စိန်လက်ချောင်းသည် လှံနည်းပညာရပ်အပြင် ကျိုးယု၏ထူးခြားသော သိုင်းပညာရပ် ဖြစ်သောကြောင့် ၎င်းကိုအသုံးပြုသောအခါ လူတိုင်းအလွန်အံ့သြသွားကြသည်။ ကျန်းရွန်ရှင်းသည် ကျိုးယုကို ဤမျှအတိုင်းအတာအထိ တွန်းအားပေးနိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော်လည်း ကျိုးယု၏ စိန်လက်ချောင်းသည် ခုခံရန် မလွယ်ကူပေ။ ထို့ကြောင့်ကျန်းရွန်ရှင်း ရှုံးနိမ့်သွားမှာ စိုးရိမ်စရာပင်။
သို့သော်၊ ကျန်းရွန်ရှင်းသည် ကျိုးယု၏ စိန် လက်ချောင်းဖြင့် ထိမိခံရလိမ့်မည်ဟု လူတိုင်းက ထင်နေကြအချိန်မှာ ပတ်ဝန်းကျင်၏ နွေးထွေးသောလေထုသည် ရုတ်တရက် အေးစိမ့်လာခဲ့သည်။ထို့နောက် ကျန်းရွန်ရှင်းနှင့် ကျိုးယုတို့၏အရှေ့တွင် ရေခဲနံရံတစ်ခု ပေါ်လာသည်။
ကျိုးယုသည် ရေခဲနံရံကို လက်ညှိုးဖြင့်ထိုးလိုက်သည်။ ရေခဲနံရံတွေ ကွဲကြေသွား ပေမယ့် သူ၏တိုက်ခိုက်မှုလည်း နှောင့်နှေးသွားခဲ့ရ၏။ ကျန်းရွန်ရှင်းသည် ပြန်ကောင်းလာပြီး ကျိုးယု၏ခေါင်းကို ထပ်မံခုတ်ပိုင်းလိုက်သည်။
ချွင်
ကျိုးယုသည် ကျန်းရွန်ရှင်း၏ဓားကိုလှုပ်ခါရန် သူ၏ စိန်လက်ချောင်းကို တိုက်ရိုက် အသုံးပြုပြီး ၊ ကျိုးယုသည် ကျန်းရွန်ရှင်းကို တိုက်ခိုက်ရန် အခွင့်အရေးရတိုင်း ကျန်းရွန်ရှင်းသည် ပေါင်းစပ်ထားသော ရေခဲနံရံဖြင့် ပိတ်ဆို့တားဆီးသည်။
ကျိုးယုသည် ကျန်းရွန်ရှင်းအား အချိန်အတော်ကြာအောင် ဘာမှမတတ်နိုင်သည့် အတွက် ပတ်ဝန်းကျင်ရှိ ပရိသတ်များကို တုန်လှုပ်စေခဲ့သည်။
"ဓားတစ်သောင်းက ငါ့နှလုံးသားကို ထိုးဖောက်သွားတယ်!"
ထိုအချိန်မှာပင် ကျန်းရွန်ရှင်းက ရုတ်တရက် နောက်ဆုတ်သွားပြီး တိုးတိုးလေး အော်လိုက်သည်။
ဒါဇင်ပေါင်းများစွာသော ရေခဲဓားရှည်များသည် ကျိုးယုပတ်ပတ်လည် လေထဲတွင် စုဝေးနေပြီး ၎င်းတို့က သူ့ဆီသို့ လျင်မြန်စွာ ပျံသန်းကာ ဓားဖြင့်ထိုးလိုက်ကြသည်။ ဓားတစ်ချောင်းစီတွင် ကျိုးယု၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်လာသော အေးစိမ့်သည့် အအေးဓာတ်များ ပါရှိသည်။
ရေခဲဓားသည် အလွန်လျင်မြန်စွာ ကျဆင်းသွားသဖြင့် ကျိုးယုသည် ရှောင်ရန်အချိန် မရှိသည့်အပြင် ရေခဲဓားများဖြင့် ထိုးဖောက်ခံရတော့မည်ဖြစ်သည်။
စင်မြင့်ပေါ်မှ ပရိသတ်များသည်လည်း ထိတ်လန့်စွာ အော်ဟစ်ခဲ့ကြသည်။ ကျန်းရွန်ရှင်းက စားပွဲကို ပြောင်းပြန်လှန်ပစ်တော့မှာလား။
"ဘုန်း!"
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ဒါဇင်ပေါင်းများစွာသော ရေခဲဓားများသည် ကျိုးယု၏ခန္ဓာကိုယ်နှင့် ထိမိပြီး ချက်ခြင်း ပေါက်ကွဲသွားသော်ခဲ့လည်း ကျိုးယု၏ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။
ရေခဲအခိုးအငွေ့များ ပြန့်ကျဲသွားပြီးနောက်၊ ကျိုးယု၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြသည်။ ဤရွှေရောင်အလင်းတန်းအလွှာသည် ကျိုးယုကို လုံး၀ ဖုံးအုပ်ထားကာ အကြွင်းမဲ့ ကာကွယ်ရေးအသွင်ဆောင်သည်။
"ရွှေ၏မာကြောမူ!"
အမြင်စူးရှသူတစ်ဦးသည် ဤအရာသည် သတ္တု၏မာကျောမှုသဘောတရားမှ ရွှေရောင်အလင်းတန်းတစ်ခုဖြစ်ကြောင်း အကြီးတချက်ဖြင့်ပင် မြင်နိုင်သည်။ ကျိုးယုသည် သတ္တု၏ သဘောတရား၏ မာကြောမူသတ္တုကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"မင်းက ငါ့ကို ဒီအတိုင်းတာထိ အတင်းအကျပ်ဖိအားပေးခဲ့တယ်။ အခု ငါ့စကားတွေကို ပြန်ရုပ်သိမ်းလိုက်ပြီ။ မင်းက ငါ့ကိုတိုက်ခိုက်နိုင်တဲ့အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် မင်းမှာအရည်အချင်းပဲရှိတာပါ။" ကျိုးယုက အေးစက်သောအမူအရာဖြင့် ပြောသည်။ သိသာထင်ရှားစွာပင် ၊ သူသည် တိုက်ပွဲကိုရပ်တန့်ရန်အတွက် လှံဆွဲထုတ်ရန် စီစဉ်ထားပြီးဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ကျန်းရွန်ရှင်းသာ် ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည် "ဟုတ်လား? ဒါဆို ဒီတိုက်ကွက်ကရော ဘယ်လိုလဲ။"
ရုတ်တရက် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး၏ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားသည်။ နှင်းများထူထပ်စွာကျလာကာ ပြိုင်ပွဲကွင်းပြင်မျက်နှာ ပြင်တစ်ခုလုံးကို နှင်းခဲ ထူထူ များဖြင့် ဖုံးလွှမ်းထားသည်။
ကျိုးယုအသက်ရှူထုတ်လိုက်သော အငွေ့သက်များသည်ပင် ရေခဲပုံဆောင်ခဲများ အဖြစ်သို့ အေးခဲသွားသည်။
ပြိုင်ပွဲကွင်းပြင်ပေါ်ရှိ အပူချိန်သည် မည်မျှ ကြောက်စရာကောင်းသည့် အတိုင်းအတာ အထိ ကျဆင်းသွားသည်ကို တွေးကြည့်နိုင်သည်။ ထို့အပြင် ကျိုးယုသည် ခေါင်းကိုက်သလို ခံစားနေရသည့်အချိန်တွင် ကျန်းရွန်ရှင်းသည် ရုတ်တစ်ရက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြီးမားသောရေစွမ်းအားများက ဆည်တာတမံ ကျိုးကြသည့်အလား ကျိုးယုထံ လွှမ်းမိုးသွားခဲ့၏။