← Chapters

စိတ်ပိုင်းဆိုင်နည်းဗျူဟာများ

Vol. 9 Ch. 124

စိတ်ပိုင်းဆိုင်နည်းဗျူဟာများ

Vol. 9 Ch. 124

အခန်း (၁၂၄) စိတ်ပိုင်းဆိုင်နည်းဗျူဟာများ

ရေစွမ်းအားသည် တိုင်လုံးကြီးတစ်ခုကဲ့သို့ သွန်းလောင်းလာခဲ့ပြီး ကျိုးယုသည် ၎င်းအားတားဆီးရန် ရုန်းကန်နေရသည်။ သူ၏ခန္ဓာ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်း တန်းများက ရေများအားလုံးကို လွင့်စင်သွားစေသည်။

"အေးခဲစမ်း!"

ကျန်းရွန်ရှင်းက တိုးတိုးလေးအော်လိုက်သည်။

ရေတိုင်လုံးများသည် ချက်ချင်းပင်ရေခဲများအဖြစ် ပေါင်းစပ်သွားပြီး ကျိုးယုသည် အတွင်းဘက်တွင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခံရကာ သူ့ကို ရေခဲတောင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ပြိုင်ပွဲကွင်းပြင်အပြင်ဘက်ရှိ ပွဲကြည့်ပရိတ်သတ်များသည် အံ့အားသင့်မူများဖြင့် အုတ်အုတ်ကျစ်ကျစ် ဖြစ်ခဲ့ကြရသည်။ ကျန်းရွန်ရှင်းသည် ရေစွမ်းရည်သဘောတရား အေးခဲခြင်းကို ဤမျှအတိုင်းအတာအထိ အသုံးချနိုင်လိမ့်မည်ဟု ကျိုးယုသည် ထင်မထားခဲ့ပေ။ သူမသည် သူ့ကို ဤကဲ့သို့ ထောင်ချောက်ဆင်လိမ့်မည်ဟု ရိုးရိုး ရှင်းရှင်းပင် မထင်မှတ်ထားခဲ့ပေ။

ဒါက တိုက်ပွဲရဲ့အဆုံးပဲလား။

"ဖျစ် ဖျစ်!"

တိုက်ပွဲပြီးသွားပြီဟု အားလုံးက ထင်နေကြသည့်အချိန်တွင် ကွဲအက်နေသည့်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေခဲတောင်ကြီးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ကျိုးယု၏ ရုပ်အသွင်သည် လူတိုင်းရှေ့တွင် ပေါ်လာပြန်သည်။

ကျန်းရွန်ရှင်း၏ မျက်ခုံးများ အနည်းငယ် တွန်းသွားသည်။ အစောပိုင်းလေးက သူမအသုံးပြုခဲ့သော မိုင်တစ်ထောင်အေးခဲခြင်း တိုက်ကွက်သည် သူမ၏ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်နေပြီဖြစ်သော်လည်း ကျိုးယုအပေါ် မည်သို့မျှ လုပ်ဆောင်နိုင်စွမ်းမရှိဟု သူမ မမျှော်လင့်ခဲ့ပေ။

ကျိုးယု၏ခါးသည် ကောင်းကင်ယံအထိ ထောင်မက်နေသော လှံတစ်စင်းကဲ့သို့ ဖြောင့်စင်းနေသည်။ သူသည် ကျန်းရွန်ရှင်းဆီသို့ တစ်လှမ်းပြီးတစ်ဆင့် လျှောက်လှမ်း

လာရင်း ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို အနှိုင်းမဲ့ လွှမ်းမိုးချုပ်ကိုင်ထားသည့် အရိပ်အယောင်များဖြင့် လွှမ်းမိုးထားသည်။

"မင်းက တကယ်မဆိုးပါဘူး၊ မင်း ငါ့ကို ဒီအခြေအနေထိရောက်အောင် တကယ်ကို တွန်းအားပေးနိုင်ခဲ့တယ်။ ဒါ့အပြင် စောစောကမင်းရဲ့သိုင်းကွက်က တကယ်ကို အလွန်ပဲအားကောင်းခဲ့တယ် ။ ဒါက မင်းကို အမှန် အကန်တိုက်ခိုက်ဖို့ ငါ့ကို စိတ်ကူးရ စေခဲ့တယ်" ကျိုးယုသည် ထိုစကားကိုပြောပြီးနောက် သူ၏ မျက်လုံးများသည် ပြင်းထန်သောတိုက်ခိုက်လိုစိတ်နှင့်အတူ တောက်ပလာခဲ့ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲတွင် ဖြောင့်တမ်းနေသောလှံရှည်တစ်လက် ပေါ်လာသည်။

လှံထွက်ပေါ်လာသည်နှင့် ကျိုးယု၏အငွေ့အသက်တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွား သည်။ တွားသွားနေသော နဂါးကြီးတစ်ကောင်သည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သကဲ့သို့ပင်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ချက်ချင်း ပျံ့နှံ့သွားပြီး ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ပြိုင်ပွဲကွင်းပြင် အပြင်ဘက်ရှိလူများအားလုံး ချက်ခြင်းစိတ်လှုပ်ရှားသွားကြသည်။ ကျိုးယုက လှံနည်းပညာရပ်ကို သုံးတော့မှာလား။

ကျန်းရွန်ရှင်းသည် ဤမျှလောက် အစွမ်းထက်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ သူမသည် ကျိုးယုကို သူ၏လှံနည်းပညာရပ်ကို အသုံးပြုရန်ပင် တွန်းအားပေးနိုင်ခဲ့ သည်။

သို့သော် ကျန်းရွန်ရှင်းသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သကဲ့သို့ဖြစ်နေသော ကျိုးယုကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းတွင် သ‌ရော်ဟန်တစ်ခု ပေါ်လာသည်။ သူမသည် ကောင်းကင်ယံရှိ တော်ဝင်အကြီးကဲအား အော်ပြောလိုက်၏ "ကျွန်မ ရှုံးနိမ့်တာကို ဝန်ခံပါတယ်!"

ဤစကားများပြောပြီးသည်နှင့် ကောင်းကင်မိုးကြိုးရင်ပြင်ရှိ လူတိုင်း အံ့ဩသွားကြသည်။

ဘာလဲဟ?

သူမက ဘာကြောင့် ရှုံးနိမ့်ခြင်းကို အခုလိုမျိုး ဝန်ခံလိုက်ရတာလဲ ။

ဒါဆို တိုက်ပွဲကြီးကကော။

သူမက ကျိုးယုကို ဒီအခြေအနေရောက်တဲ့အထိ အတင်းအကြပ် တွန်းအားပေးခဲ့ တာလေ။ဘာကြောင့် သူမက ရုတ်တရက် အရှုံးကို အလွယ်တကူ ဝန်ခံခဲ့ရတာလဲ။

ကျိုးယုသည် ကျန်းရွန်ရှင်း၏ စကားကိုကြားသောအခါ သူ၏မျက်နှာတွင် အံ့အားသင့်သွားသော အကြည့်များ ပေါ်လာသည်။

ကျန်းရွန်ရှင်း၏များလုံးများတွင် ကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့ပြီး သူမက ကျိုးယုအား ပြောလိုက်သည် "ငါက မင်းနဲ့ မယှဉ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ငါ့ရဲ့ရည်မှန်းချက်က မင်းရဲ့လှံကိုအသုံးပြုရန် မင်းကို ဖိအားပေးနိုင်ရုံပါပဲ။ မင်းကို အနိုင်ယူဖို့က ငါ့တာဝန်မဟုတ်ဘူး။ ငါပြိုင်ပွဲစင်မြင့်ပေါ်မတက်ခင် တကယ်လို့ ငါရှုံးသွားမယ်ဆိုရင် ငါ့အတွက် လက်စား‌ချေပေးမယ်လို့ တစ်စုံတစ်ယောက်က ငါ့ကို ပြောခဲ့တယ် "

ထိုစကားကိုပြောပြီးနောက် ကျန်းရွန်ရှင်းသည် ချိုသာစွာပြုံးကာ ခေါင်းပင်လှည့် မကြည့်ဘဲ အထူးတန်းစင်မြင့်ဆီသို့ ပြေးသွားခဲ့သည်။

ဤမြင်ကွင်းကိုကြည့်ပြီး ကျိုးယု၏မျက်နှာက စိတ်ဓာတ်ကျသွားသည်။ နောက်ဆုံးတွင် သူသည် သူ၏တိုက်ခိုက်လိုသည့်စိတ်ဆန္ဒကို လောင်ကျွမ်းစေခဲ့ သော်လည်း ထိုကဲ့သို့ ငြိမ်းသွားရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ကျန်းရွန်ရှင်း၏ နောက်ဆုံးစကားသည် သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ မြောက်ဘက်အရပ်ရှိ အထူးတန်းစင်မြင့်ကို သူသည် လှမ်းကြည့်သည်။

သေချာသည်မှာ ထိုစင်မြင့်ပေါ်တွင် လူငယ်တစ်ယောက်သည် သူ၏လက်များကို နောက်မှာပစ်ထားပြီး သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများဖြင့် ပြည့်နေသည်။

ကျိုးယုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် လှံကို ဆုပ်လိုက်ပြီး ပြိုင်ပွဲကွင်းပြင်ပေါ်မှ ဆင်းလိုက်သည်။သူ၏စိတ်ထဲတွင် နောင်တရစရာများ မရှိတော့။ သို့သော်လည်း သူသည် ပြန်လှည့်ကြည့်လိုက်ပြီး "မင်းငါ့ကိုစိတ်မပျက်စေဘူးလို့ ငါမျှော်လင့်တယ်" ဟု သူ၏စိတ်ထဲမှာပင် ပြောလိုက်သည်။

ကျန်းရွန်ရှင်းသည် အထူးတန်းစင်မြင့်သို့ ပြန်ရောက်သည်နှင့် သူမသည် ချင်ယွင်၏ ရင်ခွင်ထဲသို့ ပစ်လှဲချလိုက်ပြီး ညူတူတူလေသံဖြင့် ပြောသည် "ဘယ်လိုလဲ၊ မင်းရဲ့မိန်းမက မင်းကို အရှက်မခွဲဘူး မဟုတ်လားဟင်?"

ချင်ယွင်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ကျန်းရွန်ရှင်း၏ ခေါင်းကို ပုတ်လိုက်သည် ။ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက အရမ်းကိုကောင်းကောင်းလုပ်ခဲ့တာပဲလေ။ ဟိုမှာ မင်းကိုအရမ်းစိတ်ဆိုးနေတဲ့ ကျိုးယုကိုလည်း ကြည့်စမ်းပါဦး။"

ကျန်းရွန်ရှင်းသည် ချက်ချင်းပြုံးလိုက်ပြီး သူမ၏ဦးခေါင်းကို ချင်ယွင်၏ ရင်ဘတ်တွင် မှီထားလိုက်သည်။ သူမ၏ နှလုံးသားသည် ရွှင်မြူးစွာဖြင့် အပျော်ပန်းများပွင့်လန်း‌ နေသည်။

ချင်ယွင်က ကျန်းရွန်ရှင်းကို ပွေ့ဖက်လိုက်ပြီး သူစိတ်ထဲတွင် ရယ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ကျန်းရွန်ရှင်းသည် စိတ်ပိုင်းဆိုင်ရာနှင့် နည်းပရိယာယ်ပိုင်းဆိုင်ရာများတွင် ကျွမ်းကျင်သူ ဖြစ်ထိုက်သည်။ သူမသည် အစကတည်းက ကျိုးယုကို အဆုံးထိ မယှဉ်ပြိုင်နိုင်မှန်း သိသောကြောင့် ကျိုးယု၏ တိုက်ခိုက်လိုသည့်စိတ်ဆန္ဒ အားနည်းနေသည့်အချိန်ကိုအသုံးပြုကာ သူ့ကိုသေလု‌မျောပါး ဖြစ်စေသည်အထိ အသာစီးရယူခဲ့သည်။

ထို့နောက် ကျိုးယုသည် ဒေါသထွက်သွားခဲ့ရပြီး ကျန်းရွန်ရှင်းသည်လည်း သူမ၏ အဆုံးစွန်ဖြစ်သော သိုင်းကွက်ကို တိုက်ရိုက်အသုံးပြုကာ ကျိုးယုကို စိတ်မကောင်းဖြစ်ဖွယ် အခြေ‌အနေမျိုးထိ ရောက်ရှိစေခဲ့သည်။

သို့သော်လည်း ကျိုးယုသည် တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများ အမှန်တကယ် ထွက်ပေါ်လာသောအခါ ကျန်းရွန်ရှင်းသည် ရုတ်တရက် သူမ၏အရှုံးကို ဝန်ခံခဲ့သည်။ ယင်းက တိုဟူးမပေးဘဲ လူအများ၏ နှလုံးသားကို တိုက်ရိုက်ရန်စလိုက်သလိုမျိုး ဖြစ်သည်။ တိုက်ပွဲကို ရူးသွပ်သူ ကျိုးယုလိုလူတစ်ဦးအတွက်၊ ဤသည်မှာ ရိုးရှင်းစွာ နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်သည်။

ကျန်းရွန်ရှင်း၏စကားများကိုအသုံးပြုရလျှင်၊ အကယ်၍ သူသည် ကျိုးယုထက် သာလွန်နေပါက သေလုမတတ်ပင် စက်ဆုပ်ရွံရှာမိလိမ့်သည်။ သူကဲ့သို့ တိုက်ပွဲရူးသွပ်သူတစ်ယောက်အတွက်၊ ယခုလို တိုက်ပွဲပုံစံမျိုးက တိုက်ပွဲတစ်ပွဲကို အပြည့်အ၀တိုက်ခိုက်ရင်း ရှုံးသွားသည်ထက် ပို၍ဆိုးသည်မှာ သေချာပါသည်။

သို့သော်လည်း အစောပိုင်းလေးက ကျန်းရွန်ရှင်း၏ နည်းဗျူဟာများသည် ချင်ယွင်ကို လှုံ့ဆော်မူပေးခဲ့သည်။ တစ်ခါတစ်ရံတွင် တိုက်ပွဲသည် အင်အားအပေါ်တွင် မမူတည်ပေ။ နည်းဗျူဟာများသည်လည်း အလွန်အရေးကြီးပါလှသည်။ အထူးသဖြင့် လူနှစ်ဦး၏ အားသာချက်များ တူညီမျှသောအခါ၊

၎င်းတို့ထဲမှ တစ်ဦးသည် နည်းဗျူဟာကို ကောင်းမွန်စွာ အသုံးပြုပါက ကြီးမားသော အားသာချက်ကို ရရှိရန် ၎င်းတို့အတွက် အလွန်လွယ်ကူပါသည်။

ဤသည်မှာ ဂိုဏ်း၏အဆင့်သတ်မှတ်ချက် ပြိုင်ဆိုင်မှုဖြစ်ပြီး အသက် သို့မဟုတ် သေဆုံးခြင်းဖြစ်သည်အထိ ခြိမ်းခြောက်မှု မရှိခဲ့ပေ။ သို့သော်၊ အကယ်၍ သေခြင်းနှင့် ရှင်ခြင်းတိုက်ပွဲများဖြစ်လာခဲ့လျှင် ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ နည်းပရိယာယ် များသည် အထူးအရေးကြီးလာမည် ဖြစ်သည်။ တစ်ခါတရံမှာ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်။

ကျန်းရွန်ရှင်း နှင့် ကျိုးယုတို့၏ တိုက်ပွဲသည် အဆုံးမဲ့ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဤခံစားချက်က သူ့ကို တစ်စုံတစ်ယောက်က ခြစ်လိုက်ပေမယ့် ရုတ်တရက် ကုတ်ခြစ်မူ ရပ်တန့်လိုက်သည့်အခါ လူပေါင်းများစွာကို စိတ်ထိခိုက်စေမူ အကြင်နာကင်းမဲ့မူစသော ခံစားချက်မျိုးကို ဖြစ်ပေါ်စေသကဲ့သို့ပင်ဖြစ်၏။

နောက်တိုက်ပွဲမှာ ဆွဲဆောင်စရာ သိပ်မရှိပါဘူး။ အထင်ရှားဆုံးသိုင်းပညာရပ်တစ်ခုက ရှီကန်ဟိုင်၏ ယင်အရိုးလက်သည်းပညာရပ်ဖြစ်ပြီး သူ၏ ပြိုင်ဘက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်းပင်ဖြစ်သည်။

သူ၏တိုက်ခိုက်မှုများက အနိုင်ရဖို့သေချာပေမယ့် သူ၏ရက်စက်မှုက လူတော်တော် များများကို ရွံရှာစေခဲ့သည်။

ထို့နောက် အဆင့်ဆယ့်နှစ်နေရာရှိ ၀မ်ချန် အမည်ရှိ ထိပ်ပြောင်လူငယ်လေးသည် ၎င်း၏ပြိုင်ဘက်ကို လက်သီးတစ်ချက်ဖြင့် ပြိုင်ပွဲကွင်းပြင်မှ ပစ်ချကာ လျင်မြန်စွာ ပွဲသိမ်းလိုက်သည်။

ဟုတ်ပါသည်၊ အလွယ်ကူဆုံးကတော့ ဘိုင်ချီဟန်ဖြစ်သည်။ သူပြိုင်ပွဲကွင်းပြင်ထဲကို ဝင်လိုက်သည်နှင့် သူ၏ပြိုင်ဘက်က ရှုံးနိမ့်ကြောင်း တိုက်ရိုက်ဝန်ခံခဲ့ပြီး လှုပ်ရှားမှုတောင် မလုပ်ခဲ့ရပါဘူး။

ပွဲစဉ်များတပွဲပြီးတပွဲပြီးဆုံးပြီနောက် ပြိုင်ပွဲများသည် အမှတ်တမဲ့ အမှတ်(၉) အုပ်စုပွဲသို့ ရောက်ရှိလာခဲ့သည်။

ချောင်ရွှန်းဂျန်သည် လျှပ်စီးလက်သလို လင်းလက်သွားပြီး ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ပေါ်လာသည်။ ထို့နောက် မြောက်ဘက်ရှိ အထူးတန်းစင်မြင့်ဘက်လှည့်ကာ "လင်းယွင်၊ ဒီကိုဆင်းလာခဲ့စမ်း" ဟု အော်လိုက်သည်။

ချင်ယွင်သည် သူ၏ပြိုင်ဘက်မှာ ချောင်ရွှန်းဂျန် ဖြစ်မည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ ချင်ယွင်သည် သူနှင့်အမည်ခံချစ်သူလုဖက်ကြားတွင် အနှေးနှင့်အမြန်ဆိုသလို တိုက်ပွဲ ဖြစ်လာမည်ကို သူသိသည်။

ထို့ကြောင့် ချင်ယွင်သည်လည်း လျှပ်စီးလက်သလို လင်းလက်သွားခဲ့ပြီး ပြိုင်ပွဲကွင်း ပြင်ပေါ်တွင် ပေါ်လာသည်။

ချင်ယွင် ထွက်ပေါ်လာခြင်းနှင့်အတူ ကွင်းပြင်တခုလုံးသည် ချက်ချင်းပင် ဆူပွက်သွား သည်။

ချောင်ရွှန်းဂျန်က ဘယ်သူလဲ။

မိုးကြိုးဝိညာဥ်အဆင့်သတ်မှတ်ချက်တွင်အဆင့်ခြောက် ကျွမ်းကျင်သူ၊ သိုင်းဂိုဏ်းချုပ် နယ်ပယ် သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် တွင်ရှိပြီး၊ သူသည် မိုးကြိုးသခင်လေးဟူသော အမည်ပြောင်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ စွမ်းအားသည် အားနည်းမည်မဟုတ်ပေ။ အထူးသဖြင့်သူ၏ လျှပ်စီးနည်းပညာရပ်သည် ထူးခြားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းယွင်ကရော ဘယ်သူလဲ။

သူသည် မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင် လက်ရှိတွင်အကြီးဆုံးဖျက်မြင်းဖြစ်သည်။ သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ သုံးလပင်မပြည့်သေးဘဲ အလုပ်သမား တပည့်အဖြစ်မှ လက်ရွေးစင်တပည့် အယောက်နှစ်ဆယ်အထိ တိုးတက်လာခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုနှုန်းသည် ရိုးရိုးရှင်းရှင်းပင် မထင်မှတ်နိုင်ပေ။

သူစိန်ခေါ်သည့်အကြိမ်တိုင်း သူသည် အခြား အဆင့်သို့ ခုန်တက်မည်ဟု ဆိုရာ‌ရောက်သည်။ ထို့အပြင် အဆင့်မြင့်တက်လာသည်မှာလည်းတစ်ခုထက်မက ရှိခဲ့သည်။ ယင်းကြောင့် တပည့်များသည် အလွန်မှင်တက်သွားရသည်။ လင်းယွင်သည် ဘိုင်ချီဟန်နှင့် အခြားသူများထက် နိမ့်ကျနေသော်လည်း ၎င်း၏ ကြောက် မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့်ဆို သူသည် အမီလိုက်နိုင်မည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့်၊ လင်းယွင်နှင့် ချောင်ရွှန်းဂျန်တို့အကြားတွင် ဤလင်းယွင်သည် နောက်ထပ်အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်မည်လားဆိုသည်ကို လူအများက စောင့်မျှော်နေကြသည်။

"ဟမ့်၊ နောက်ဆုံးတော့ မင်း ထွက်လာဖို့ သတ္တိရှိပြီပေါ့ ။ မင်းက လိပ်တကောင်လို ခေါင်းကို ဆက်ပြီး ငုံ့ထားလိမ့်မယ်လို့ ငါထင်နေတာ" ချောင်ရွှန်းဂျန်က ရယ်မောလိုက်သည်။

ထိုမှသာ သူ့ကို စိန်ခေါ်သောအခါတွင် ချောင်ရွှန်းဂျန်က သူ့ကို စိန်ခေါ်မည်ဟု ပြောခဲ့ဖူးသည်ကို ချင်ယွင် ပြန်သတိရမိသွားသည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး သူမေ့သွားလိမ့်မည်ဟု ချောင်ရွှန်းဂျန်က မျှော်လင့်မထားပေ။ ထို့ကြောင့် ချောင်ရွှန်းဂျန်သည် အလွန်ဒေါသထွက်နေလေသည်။ ယင်းက ချင်ယွင်က သူ့ကို အရှက်ခွဲသလိုဖြစ်နေသည်။

All Chapters