ချင်ယွင် ထွက်ပေါ်လာခြင်း
Vol. 9 Ch. 125
အခန်း (၁၂၅) ချင်ယွင် ထွက်ပေါ်လာခြင်း
ပြိုင်ပွဲကွင်းပြင်ပေါ်တွင် တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူတို့ နှစ်ယောက်ကြားတွင် ရန်လိုနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်က ကျန်းရွန်ရှင်းနောက်ကို ရှစ်နှစ်ကြာလိုက်ပါခဲ့သည့် ကျန်းရွန်ရှင်း၏ လက်တွဲ ဖော်ဖြစ်ခဲ့ပြီး နောက်တစ်ယောက်ကတော့ ကျန်းရွန်ရှင်း၏ လက်မထပ်သေးဘဲ ညားနေသည့် ချစ်သူဖြစ်သည်။
ထို့ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်သူများအဖြစ် တွေ့ကြသော အခါ မနာလိုဖြစ်ပြီးရန်စောင်နေကြသည်။
"အခု ပြိုင်ပွဲကောင်းတခုတော့ ကြည့်ရတော့မယ်။" မိုးကြိုးရင်ပြင်ထဲရှိ လူများသည် သူတို့၏ကံဆိုးမှုအတွက် ခံပြင်းကြသည်။
ချောင်ရွှန်းဂျန်သည် ချင်ယွင်ကို ဝါးစားတော့မတတ် ဒေါသတကြီး စိုက်ကြည့်နေသည်။
ချင်ယွင်သည် အနည်းငယ် ရှက်သွားသည်။ နောက်ဆုံးတော့ သူသည် ကြိုတင် သတ်မှတ်ထားမှုကို ပထမဆုံး ဖျက်ဆီးခဲ့သူဖြစ်သည်။ သို့သော် သူရှင်းပြခါနီးတွင် ချောင်ရွှန်းဂျန်က " သောက်အရေးမပါတာတွေ ပြောမနေနဲ့၊ သိုင်းကွက်ထုတ်ပါ!"
ချင်ယွင်သည် ခေါင်းညိတ်ပြရုံသာ တတ်နိုင် တော့သည် ။
ထို့နောက် ချောင်ရွှန်းဂျန်သည် ဒေါသထွက်နေသော ကျားသစ်တစ်ကောင်လို ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချောင်ရွှန်းဂျန်၏အရှိန်သည် အလွန်မြန်သည်ဟု ဆိုရပေမည်။ သူ၏ခြေထောက် များကို လျှပ်စီးအလွှာများဖြင့် ဖုံးလွှမ်းနေပုံရသည်။ သူသည် ချင်ယွင်ရှေ့မှာ ပေါ်လာပြီး ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် တိုက်ခိုက်လိုသည့် အရိပ်အယောင်များဖြင့် တောက်ပ လာပြီး ချက်ခြင်းပင် လက်သီးတချက်ပစ်သွင်းကာ ချောင်ရွှန်းဂျန်နှင့် ထိပ်တိုက်ဆုံမိ သွားသည်။
"ဘုန်း!"
နှစ်ယောက်စလုံးသည် ကြီးမားပြင်းထန်သော အင်အားကြောင့် တွန်းကန်ပြီး ခြေလှမ်း အနည်းငယ် ဆုတ်သွားကြသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လက်သီးချက်သည် ချောင်ရွှန်းဂျန်နှင့် ထိပ်တိုက်ဆုံမိခဲ့ပြီးဖြစ်သည်။ သာမာန်လက်သီးချက်နှင့် တူသည် ထင်ရသော်လည်း ချင်ယွင်သည် မတူဘူးဟုလည်း ခံစားခဲ့ရသည်။
စောစောလေးက သူတို့၏လက်သီးများ ထိမိသွားသည့်အခိုက်၊ ချောင်ရွှန်းဂျန်၏ လက်သီးနှင့်အတူ လျှပ်စီးစွမ်းအင်တစွန်းတစသည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။ အကယ်၍ ချင်ယွင်သည် ၎င်းအား အချိန်မီ ရှာဖွေတွေ့ရှိပြီး လျှပ်စီးစွမ်းရည်ကို ရစ်ပတ်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးမပြုခဲ့ဘူးဆိုလျှင်၊ သူသည် ယခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်ပြီးသည်နှင့် မကြာခင်မှာဘဲ ပေါက်ကွဲသွားခြင်းကြောင့် ဖြစ်သည်။ ၎င်းပေါက်ကွဲသွားလျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်သန်မာနေသော်လည်း သူ၏အတွင်းအင်္ဂါများသည် အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားမည်ဖြစ်သည်။
"မင်း ခံစားနိုင်ပြီ ဟုတ်တယ် မဟုတ်လား? ဒီလက်သီးဟာ ငါနားလည်ထားတဲ့ ပေါက်ကွဲလျှပ်စီးသဘောတရားကနေ ဖန်တီးထားတဲ့ ပေါက်ကွဲလျှပ်စီးလက်သီးပဲ။ ဒီလက်သီးနဲ့ ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတဲ့ လျှပ်စီးကြောင်းတွေဟာ အလွန်ပြင်းထန်တဲ့ စွမ်းအားနဲ့ ပေါက်ကွဲသွားလိမ့်မယ်။" ချောင်ရွှန်းဂျန်က ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် သဘောပေါက်သွားသည်။ ပေါက်ကွဲလျှပ်စီးကိုလည်း သူနားလည်ထားခဲ့ပါသည်။ ပေါက်ကွဲလျှပ်စီး၏ ရည်ရွယ်ချက်ကို သူသိသွားခဲ့သည်မှာ သေချာပါသည်။
မတူညီသောလူများသည် တူညီသောဒြဗ်စင်စွမ်းရည်သဘောတရားများကို နားလည် ထားကြသော်လည်း ထိုးထွင်းသည့်မြင်မှုဉာဏ်အမြင်ရ ၎င်းတိုဖန်တီးထားသော သိုင်းကွက်များသည် တူညီနေမည်မဟုတ်ပေ။ သူတို့နှစ်ယောက်သည် တူညီသော ဒြဗ်စင်စွမ်းရည် သဘောတရားများကို ထိုးထွင်းသည့်မြင်မှုဉာဏ်အမြင်ခြင်း တူညီ နေလျှင်တောင်မှ သူတို့ဖန်တီးထားသည့် တချို့သိုင်းကွက်များသည် အလွန် အားကောင်းပြီး တချို့ကတော့ အလွန်အားနည်းပါလိမ့်မည်။
ဥပမာအားဖြင့်၊ ချင်ယွင်နားလည်သဘော ပေါက်ထားသော ပေါက်ကွဲလျှပ်စီးသည် သူ့ကိုယ်သူ တွန်းအားပေးရန်ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် ဒေါသပေါက်ကွဲသည့် အခြေအနေတစ်ခုအထိရောက်အောင် တွန်းအားပေးနိုင်ပြီး သူ၏ခန္ဓာကိုယ်ကို စွမ်းအားပို၍ ထုတ်နိုင်စေသည်။
သူ့၏ရှေ့တွင်ရှိသော ချောင်ရွှန်းဂျန်သည် ပေါက်ကွဲလျှပ်စီး၏ ပြင်းထန်သောပေါက်ကွဲ စွမ်းအားကို အသုံးပြုကာ တိုက်ခိုက်ရန်အတွက်သာ အာရုံစိုက်ပြီး တိုက်ခိုက်မှုကို အမြင့်ဆုံးဖြစ်အောင်တိုးမြှင့်ပြီး ရန်သူကို တစ်ချက် တည်းဖြင့် အနိုင်ယူနိုင်သည်။
ဤနှစ်ခုကြားတွင် ကွာခြားမှုမရှိသော်လည်း အလေးပေးမူမှာ ကွဲပြားကြသည်။ (သဘောတရားတူသော်လည်း အလေးပေးလေ့ကျင့်မူ ကွာခြားဟုဆိုလိုဟန်)
"ဒီပေါက်ကွဲလျှပ်စီးက အမှန်တကယ် မဆိုးပါဘူး" ချင်ယွင် က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
ချောင်ရွှန်းဂျန်က အထင်သေးဟန်ဖြင့် ပြုံးပြီး ပြောသည် "ပိုကောင်းတဲ့အရာတွေ လာဖို့ရှိသေးတယ်"
ထိုစကားကို ပြောပြီးနောက် သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးလက်သလို လင်းလက်သွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။
သို့သော်လည်း ချောင်ရွှန်းဂျန်သည် ချင်ယွင် အနီးသို့ ချဉ်းကပ်ခါနီးတွင် ချောင်ရွှန်းဂျန်၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ကွဲသွားကာ ချောင်ရွှန်းဂျန် နှစ်ယောက်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး ချင်ယွင်အား ဦးတည်ရာ အရပ် အမျိုးမျိုးမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်လေသည်။
ချင်ယွင် အနည်းငယ် ထိတ်လန့်သွားသည်။
"ကိုယ်ပွားလား? မဟုတ်ဘူး၊ ၎င်းသည် ကိုယ်ပွားတစ်ခုမဟုတ်ပေ။ ၎င်းသည် ကိုယ်ပွားတစ်ခုနှင့် ဆင်တူသောနည်းလမ်းဖြစ်သင့်သည်။"
ချင်ယွင်သည် သူ၏စိတ်ထဲမှ မှန်းဆမူများကို လျစ်လျူရှုပြီး ဘယ်ဘက်ရှိ ချောင်ရွှန်းဂျန်ကို တိုက်ရိုက်ထိုးသတ်လိုက်သည်။
သို့သော်၊ ချင်ယွင်၏ လက်သီးသည် ဘယ်ဘက်ရှိ ချောင်ရွှန်းဂျန်ပေါ်သို့ ကျရောက်သွားပြီး သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ရင်ဘတ်ကို ညာဘက်ရှိ ချောင်ရွှန်းဂျန်မှ လက်သီးဖြင့်ထိုးလိုက်ပြီး သူ၏တစ်ကိုယ်လုံး နောက်ပြန်လွင့်ထွက်သွားခဲ့ရသည်။
"ဘာတွေဖြစ်နေတာလဲ?"
ချင်ယွင်သည် အလွန်အံ့သြသွားသည်။ အစောပိုင်းလေးက သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့်စုံစမ်းရာမှာ သူ၏လက်ဝဲဘက်ရှိ ချောင်ရွှန်းဂျန်သည် အစစ်အမှန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရပြီး ညာဘက်ရှိ ချောင်ရွှန်းဂျန်သည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ သူသည် ရုတ်တရက် ဟိုဘက်မှ သည်ဘက်သို့ မည်ကဲ့သို့ ပြောင်းလဲသွားသနည်း။
သို့သော် ချင်ယွင်သည် အလွန်အမင်း မစဉ်းစားနိုင်မီ ချောင်ရွှန်းဂျန်သည် ချင်ယွင်ဆီသို့ အမှန်တကယ် ပြေး၀င်လာပြန်သည်။
တူညီသော ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲသွားပြီး ချင်ယွင်ကို ရှေ့နှင့်နောက် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ၏နောက်မှ ချောင်ရွှန်းဂျန်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ဒါပေမယ့် ရလဒ်ကတော့ အတူတူပါပဲ။ ချင်ယွင် သည် နောက်တစ်ကြိမ် လွဲချော်ခဲ့ရပြီး သူ၏ ရှေ့တွင် ရပ်နေသော ချောင်ရွှန်းဂျန်၏ သူ၏ ဘယ်ဘက်မျက်နှာကို ထိုးနှက်ခြင်းကိုခံလိုက်ရ၏။ သူသည် နောက်ပြန် လွင့်သွားပြန်သည်။
"ဒီတစ်ခါ ငါ့နောက်ကလူက ကိုယ်ခန္ဓာအစစ် အမှန်ဆိုတာ ရှင်းရှင်းလင်းလင်းကြီး သိပါတယ်။ ငါဘာလို့ မှားသွားရတာတုန်း၊ ပုံရိပ်ယောင်နဲ့ ခန္ဓာကိုယ်အစစ်ကို လဲလှယ်လို့ရနိုင်ပါ့မလား"
ချင်ယွင်သည် သူ၏ခေါင်းကို လျင်မြန်စွာ ယမ်းလိုက်မိသည်။ ချောင်ရွှန်းဂျန်၏ တိုက်ခိုက်မှုသည် ထူးဆန်းပြီး ခဲယဉ်းသော်လည်း ၎င်း၏ စွမ်းအားသည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသည့်အတိုင်းအတာအထိ မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် လက်သီးနှစ်ချက် ထိသွားသွားခဲ့သော်လည်း သူ၏ပါးစပ်ထောင့်မှာ သွေးစအနည်းငယ်ထွက်ရုံမှလွဲ၍ ဒဏ်ရာအစစ်အမှန်မရှိပေ။
ဝှီး!
ချောင်ရွှန်းဂျန်သည် နောက်တစ်ကြိမ် ပြေးဝင်လာပြန်ပြီး ပုံရိပ်နှစ်ခု ကျန်သေးသည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် အေးစက်စွာ ဟစ်အော်လိုက်ပြီး "လာစမ်း၊ ဒီတစ်ခါ မင်းရဲ့ လှုပ်ရှားမှုကို ငါမချိုးဖျက်နိုင်ဘူးလား ကြည့်ရအောင်"
ချောင်ရွှန်းဂျန်၏ပုံစံသည် မတူညီသောလမ်းကြောင်းနှစ်ခုမှ ချင်ယွင်ကို တစ်ဖန် တိုက်ခိုက်လာသောကြောင့် ထူးဆန်းနေသည်။
ချင်ယွင်က ရယ်လိုက်ပြီး ပြောသည် "ငါ မင်းကို တွေ့ပြီကွ!"
ထိုသို့ပြောပြီးနောက် သူ၏ဘေးနားရှိ လူတစ်ဦးကို တိုက်ခိုက်သည်။
သို့သော်လည်း ချင်ယွင်သည် ချောင်ရွှန်းဂျန်၏ ပုံရိပ်အား ထိမှန်ခါနီးတွင်၊ ချင်ယွင်သည် ရုတ်တရက် လျှပ်စီးလက်သလို သူ၏ခေါင်းကို လှည့်ကာ အခြားချောင်ရွှန်းဂျန်၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးနှက်လိုက်သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချောင်ရွှန်းဂျန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူ၏ တစ်ကိုယ် လုံးသည် ဧရာမ သံတူကြီးဖြင့် ထုရိုက်ခံလိုက်ရသလို ခံစားရသည်။ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုသည် ချင်ယွင်ဆီမှ ထွက်လာခဲ့ပြီး သူသည် နောက်ပြန် လွင့်ထွက်သွားခဲ့ရ၏။
ချင်ယွင်၏ အငွေ့အသက်သည် မြှင့်တက်လာခဲ့ပြီး သူသည် ချောင်ရွှန်းဂျန်နောက်ကို မလိုက်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေသည်။
ချောင်ရွှန်းဂျန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာ ဆယ်ဂဏန်း အကွာအဝေးအထိ လွင့်ထွက်သွားပြီးမှ သူသည် ရပ်တန့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ် ချောတိုက် လွင့်ထွက်သွားရာ လမ်းကြောင်းအတိုင်း၊ ပြိုင်ပွဲကွင်းပြင်မျက်နှာ ပြင်သည် ကွဲအက်သွားပြီး ရှည်လျားသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ချောင်ရွှန်းဂျန်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်နေပြီး မတ်တပ်ရပ်ရန်ပင် ရုန်းကန်နေရသည်။
"မင်းက ထင်ထားတာထက် ပိုသန်မာပါတယ်။ ဒါပေမယ့် ဒီလောက်ပဲဆိုရင်တော့ ဝမ်းနည်းစရာကောင်းတာက ဒီပွဲကို မင်းရှုံးလိမ့်မယ်" ချောင်ရွှန်းဂျန်သည် ရုတ်တရက် ခက်ထန်သော အပြုံးကို ထုတ်ဖော်လိုက်ပြီး ချင်ယွင်ကို ကြည့်သည့် သူ၏ အကြည့်များကလည်း အလွန်စူးရှလာသည်။
ထို့နောက် ချောင်ရွှန်းဂျန်၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ သူ၏ အငွေ့အသက်သည် ချက်ချင်းပင် ပြင်းထန်လာကာ သူသည် ရိုင်းစိုင်းစွာ ကခုန်လာခဲ့သည်။ သူ၏လက်ပေါ်တွင် မိုးကြိုးဓားက တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး သူ၏မျက်နှာက လျှပ်စီးလင်းလက်အောက်မှာ ပိုလို့တောင် ရက်စက် ကြမ်းကြုတ် လာခဲ့သည်။
မိုးကြိုးရင်ပြင်ထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ် အာမေဋိတ်သံများဖြင့် ပြည့်နှက် နေသည် ။ သူ၏အရှိန်အဟုန်ကို အားကိုးရုံဖြင့်၊ သူသည်ဤမျှလောက် ကြောက်စရာ ကောင်းသော လျှပ်စီးကြောင်းများကို ထုတ်လွှတ်နိုင်ခဲ့သည်။ အကယ်၍ သူသာ အမှန်တကယ် ပေါက်ကွဲသွားခဲ့လျှင် ဘာဖြစ်လာမလဲ။
ချင်ယွင်သည် ချောင်ရွှန်းဂျန်သည် လျှပ်စီးများလင်းလက်နေပြီး လျှပ်စီးများဖြင့် လွမ်းခြုံနေသည်ကို တွေ့လိုက်ရလျင် သူလည်း အံ့သြသွားသည်။
၎င်းကိုကြည့်ခြင်းအားဖြင့် ချောင်ရွှန်းဂျန်သည် ပေါက်ကွဲလျှပ်စီးသဘောတရားကို တတိယအဆင့်အထိ နားလည်ထားပြီးဖြစ်သည်။ ၎င်းသည် သူနှင့်အသက်တူ ရွယ်တူ ချင်းများကြားတွင် အလွန်မြင့်မားသော အောင်မြင်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ မိုးကြိုးသခင်လေးဘွဲ့ကို သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
"ဒါက ငါ အခုလေးတင် ပြုပြင်ထားတဲ့ အလယ်လတ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာ ရပ်တစ်ခုပဲ။ ပေါက်ကွဲလျှပ်စီးသဘောတရားရဲ့ အဆင့်သုံးပါ၀င်တယ်။ အဲဒါကို မင်း သင်ယူနိုင်မလားဆိုတာ ငါဘကြည့်ချင်ပါတယ်။" ချောင်ရွှန်းဂျန်က အထင်သေးစွာ ပြောသည်။
ထို့နောက် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး တုန်ခါသွားကာ ပြင်းထန်သော မိုးကြိုးစွမ်းအင် များသည် ချောင်ရွှန်းဂျန်ဆီသို့ အဆက်မပြတ် စုရုံးလာသည်။
ချောင်ရွှန်းဂျန်သည် သူ၏ဓားကို ကောင်းကင်ယံကို ညွှန်ပြလိုက်ပြီး လျှပ်စီးများက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ပတ်ပတ်လည်မှာ တဖြည်းဖြည်း စုစည်းလာသည်။ အဆုံးတွင်၊ ၎င်းသည် ဆယ်မီတာခန့်ရှည်သော လျှပ်စီးနဂါးကြီးအဖြစ်သို့ ပေါင်းစပ် သွားသည်။
လျှပ်စီးနဂါးကြီးသည် ချောင်ရွှန်းဂျန်ကို ဖုံးအုပ်ထားပြီး နှလုံးတုန်လှုပ်ဖွယ် နဂါးမျက်လုံးများက ချင်ယွင်ကို စူးစိုက်စိုက်ကြည့်ကာ ပါးစပ်ကြီးကို တိုက်ရိုက်ဖွင့် ဟလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည့် ဟိန်းဟောက် သံများ ထွက်လာသည်။
ပရိသတ်များသည် အံသြသွားကြသည်။ ၎င်းသည် တတိယအဆင့် ပေါက်ကွဲလျှပ်စီး သဘောတရားကို နားလည်သဘောပေါက်ခြင်းမှ ကျင့်ကြံထားသော အလယ်အလတ် အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာစွမ်းရည်တစ်ခု ဖြစ်နိုင်ပါသလား။
"ဒါ...ဒါက အရမ်းအစွမ်းထက်လွန်းနေပြီး
မဟုတ်ဘူးလား? ဒီ လင်းယွင်တော့ ကျိန်းသေပေါက်ရှုံးလိမ့်မယ်!" လူတိုင်း မှန်းဆနေ ကြသည်။
မလှမ်းမကမ်းရှိ ဘိုချီဟန်နှင့် ကျိုးယုပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများအပေါ်တွင် အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်ပြသ ကြသည်။
ချောင်ရွှန်းဂျန်သည် ခရမ်းရွှေရောင်ချပ်ဝတ် တန်ဆာကို ဝတ်ဆင်ထားပြီး လျှပ်စီးများ ဖြင့်လွှမ်းခြုံကာ ဂုဏ်ယူဝင့်ကြွားသောမိုးကြိုးစစ်နတ်ဘုရားတပါးကဲ့သို့ သူ၏လက်ထဲ တွင် ဓားကိုကိုင်လျက် ရပ်နေလေ၏။