လျှပ်စီး အချင်းချင်း ယှဉ်ပြိုင်ခြင်း
Vol. 9 Ch. 126
အခန်း (၁၂၆) လျှပ်စီးအချင်းချင်းယှဉ်ပြိုင်ခြင်း။
မိုးကြိုးစစ်နတ်ဘုရားကဲ့သို့သော ချောင်ရွှန်းဂျန်ကိုကြည့်လိုက်သောအခါ ချင်ယွင်၏ အမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
"မင်းက လျှပ်စီးနဲ့ ဆော့ရတာ သိပ်ကြိုက်ထင်တယ်။ ဒါဆိုရင်လည်း ငါတို့ နှစ်ယောက်ထဲကဘယ်သူ့လျှပ်စီးကြောင်းက ပိုအစွမ်းထက်လဲ ဆိုတာကြည့်ကြ တာပေါ့။" ချင်ယွင်၏ မျက်လုံးများသည် ရူးသွပ်သော တိုက်ပွဲစာလောင်မှုများနှင့်အတူ ရုတ်တရက် တောက်ပလာသည်။ ခရမ်းရောင်လျှပ်စီးကြောင်းများက သူ၏ မျက်လုံးထဲတွင် အဆက်မပြတ် တောက်ပနေသည်။
ထို့နောက် ခရမ်းရောင်လျှပ်စီးအလွှာသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။ ခရမ်းရောင်လျှပ်စီးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပစေပြီး သူ၏ အရေပြားမှတဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်သွားသည်။
ခရမ်းရောင်လျှပ်စီးကြောင်းသည် သူ၏ အရေပြားထဲသို့ စိမ့်ဝင်သွားသည့် တစ်လက်မ ချင်းအတိုင်း၊ ချင်ယွင်၏ခွန်အားသည်လည်း အမှတ်တစ်ခုအနေဖြင့် တိုးလာလိမ့်မည်။
"အား!"
လျှပ်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောကြောင့် သဘာဝ အတိုင်း ကောင်းမွန်သည့် မည်သည့်ခံစားမှုမျှ ခံစားရမည့်မဟုတ်ပေ။ သို့သော် သူ၏ ခန္ဓာကိုယ်တွင်းသို့ဝင်ရောက်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် ချင်ယွင်ကို အလိုအလျောက် အော်ဟစ်လိုက်စေခြင်း ဖြစ်သည်။
သူ၏ခြေဖဝါးအောက်ရှိမြေပြင်သည် တစ်လက်မချင်း ကွဲအက်သွားသည်။ ချင်ယွင်သည် ဂုဏ်ယူစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏အငွေ့အသက်များသည် များများစားစား မတိုးလာသော်လည်း၊ ၎င်းသည် ရှေးဟောင်းသားရဲတစ်ကောင် နိုးထလာသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
မိုးကြိုးရင်ပြင်ကွင်းထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ချင်ယွင်သည် သူ၏လက်နက်ကို ထုတ်ယူရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
" ချောင်ရွှန်းဂျန်ရဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့ ခုခံချင်နေတာ ဖြစ်နိုင်မလား" ထိုလူများသည် ရုတ်တရက် ဦးနှောက်ထဲသို့ ဝင်လာသော အတွေးများကို ဆက်ပြီးစိတ်မကူးရဲတော့ဘဲ ချင်ယွန်းသည် ရူးနေပြီဟု အားလုံးက ထင်နေကြသည် ။
"ရက်စက်ကြမ်းကြုတ်တဲ့ လျှပ်စီးကြောင်းတွေကို ခန္ဓာကိုယ်ထဲပေါင်းစပ်ပြီး ကိုယ့်ကိုယ်ကို မြင့်တင်ပေးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါက အံ့သြစရာပဲ! " ဘိုင်ချီဟန်သည် မြင့်မားသောစင်မြင့်ပေါ်တွင် ရပ်နေရင်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
တစ်ဖက်တွင် ကျိုးယုသည် ရေခဲပမာ အေးစက်သောမျက်နှာထား ရှိနေသေးသည်။ ပြိုင်ပွဲကွင်းပြင်ထဲရှိ ချင်ယွင်ကိုကြည့်ရင်း သူက ပြောလိုက်သည် "ဒါပေမယ့်၊ သူသုံးတဲ့ ပေါက်ကွဲလျှပ်စီးသဘောတရားက ပထမအဆင့်ပဲရှိသေးတယ်။ ချောင်ရွှန်းဂျန်နဲ့ မယှဉ်နိုင်မှာကို ငါကြောက်တယ်။"
ဘိုင်ချီဟန်က မယုတ်မလွန် ပြုံးပြီး ဘာမှပြန်မပြောပေ။ သို့သော်လည်း သူ၏ အနည်းငယ် ပြုံးနေသော မျက်လုံးများသည် တိုက်ခိုက်လိုသော အရိပ်အယောင် များဖြင့် တောက်ပနေ၏။
စင်မြင့်ပေါ်တွင်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့် တော်ဝင်အကြီးအကဲ နှစ်ဦးစလုံးသည် သူတို့၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီရှိနေကြ၏။
"ဒီမျိုးစေ့ကောင်းလေးနှစ်ခုက သန့်စင်တဲ့ မိုးပြာရောင်မီးတောက်လိုပဲ ပေါက်ကွဲလျှပ်စီး သဘောတရားကို အမှန်တကယ်အသုံးပြုနိုင်ကြတယ်။ ဒါ့အပြင် ချောင်ရွှန်းဂျန်က ပိုပြီးတော့တောင် အားကောင်းပုံရတယ်။ သူက အဆင့်သုံးရဲ့ ပေါက်ကွဲလျှပ်စီး သဘောတရားကို အမှန်တကယ်နားလည်ထားခဲ့ပြီး ၎င်းကို အလယ်အလတ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ်နဲ့ ကောင်းစွာ ပေါင်းစပ်ထားနိုင်ခဲ့တယ်။ ချောင်ရွှန်းဂျန် က ဒီပွဲကို အနိုင်ရသွားမယ်ထင်တယ်။" မိုးကြိုး၀ိညာဥ်ဂိုဏ်းရဲ့
ခေါင်းဆောင်က ဂုဏ်သိက္ခာအနည်းငယ်ပါသောလေသံဖြင့် ပြောလိုက်သည်။
"ငါတော့မထင်ဘူး။" တော်ဝင်အကြီးအကဲက ပြုံးပြီး ပြန်ပြောသည် ။
"အိုး? ဒီလူငယ်လေးက အစွမ်းထက်တဲ့ ဝှက်ဖဲအချို့ကို ဖုန်းကွယ်ထားတာ ဖြစ်နိုင်ပါ့ မလား။ ဒါပေမဲ့ သူ့ကျင့်ကြံမှုအခြေခံက နိမ့်ပါးနေပုံရတယ်။ သူက သိုင်းဂိုဏ်းချုပ် နယ်ပယ် ဒုတိယအဆင့်ကောင်းကင်အလွှာမှာပဲရှိသေးပြီး သူက ဒီ ချောင်ရွှန်းဂျန် နဲ့ အတော်လေးကို ကွာဟလွန်းတယ်။ သူ့အတွက်က အရှုံးကိုအနိုင်အဖြစ် ပြောင်းပြန်လှန်ဖို့က မဖြစ်နိုင်လောက်ပါဘူး။” မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်း ခေါင်းဆောင်သည် ပြိုင်ပွဲကွင်းပြင်ရှိ ချင်ယွင်ကို စိုက်ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်၊ ကြည့်လိုက်စမ်း!"
တော်ဝင်အကြီးအကဲက ပြုံးပြီးပြောလိုက်သည်။
"ငါပြောသလိုပဲလား။!" မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ပြုံးပြီး တော်ဝင် အကြီးအကဲကို ညွှန်ပြသည်ကို ကြည့်လိုက်သည်။
တော်ဝင်အကြီးအကဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် နှစ်ချို့ဝိုင်နှင့်တူပြီး ပို၍ပို၍ပင် နူးညံ့လာသည်။ အမှန်တကယ်တော့ သူကိုယ်တိုင်လည်း အဘယ့်ကြောင့် ချင်ယွင်က သေချာပေါက် အနိုင်ရမလဲ ဆိုသည်ကို မပြောနိုင်ပါဘူး။
အမှန်တကယ်တော့ တော်ဝင်အကြီးအကဲကိုယ်တိုင်က မသိပေမယ့် မမြင်ရတဲ့ အမှောင်ထဲမှာတော့ ချင်ယွင်က သေချာပေါက် အနိုင်ရလိမ့်မည်ဟု သူ့အား ပြောပြနေသည့် ပင်ကိုယ်အသိစိတ်တစ်မျိုးရှိနေသလိုပင်။
ပြိုင်ပွဲအစမှ အဆုံးအထိ၊ ဤချင်ယွင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည့်ခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း သူသည် ၎င်းကို လုံးဝ ထွင်းဖောက် မမြင်နိုင်ပေ။
"မင်း ငါ့ကိုစိတ်မပျက်ဖို့ မျှော်လင့်ပါတယ်!" တော်ဝင်အကြီးအကဲသည် ပြိုင်ပွဲကွင်းပြင်ရှိ ချင်ယွင်၏ရုပ်သွင်ကိုကြည့်ကာ သူ့ကိုယ်သူ သူ၏စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများသည် ပြင်ထန်သောမျှော်လင့်ချက်များကို သယ်ဆောင်လာခဲ့သည်။
ချောင်ရွှန်းဂျန်သည် ချင်ယွင်ထံမှ ပြင်းထန်သော လျှပ်စီးကြောင်းကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော် ချက်ချင်းပင် သူ၏ပါးစပ်ထောင့်မှ အေးစက်သော အပြုံးက ထွက်ပေါ်လာသည်။
"ပေါက်ကွဲလျှပ်စီးကို မင်းလည်း နားလည်ထားမယ်လို့ ငါမမျှော်လင့်ထားဘူး။ ကံမကောင်းစွာပဲ၊ မင်းက သဘောတရားရဲ့ပထမအဆင့်ကိုပဲ နားလည်သေးတယ်။ မင်းငါ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်သေးဘူး။ ငါက သဘောတရားရဲ့တတိယအဆင့်ကို နားလည်သွားပြီ။" ချောင်ရွှန်းဂျန်၏ ပါးစပ်ထောင့်မှာ လှောင်ပြောင်သည့် အရိပ်အယောင် ပေါ်လာသည်။
"သဘောတရားရဲ့တတိယအဆင့်ကို နားလည်ခြင်းက ဒီလောက်ကြီးကျယ်လို့လား" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်၏ ။
ချောင်ရွှန်းဂျန်၏အမူအရာသည် ချက်ချင်းအေးစက်သွားပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရိုင်းစိုင်းကြမ်းကြုတ်သော စကားများကို နှစ်သက်သောလူမဟုတ်သော်လည်း သူ၏ရှေ့ရှိ ချင်ယွင်၏ သဘောထားက သူ့ကို အလွန်ဒေါသထွက်စေသည်။
"မင်း သေခြင်းတရားကို တောင်းခံနေမှတော့ငါ့ကို အပြစ်မတင်နဲ့။ ငါ့ရဲ့ဒီမိုးကြိုးနဂါး တိုက်ကွက်ကို ခံယူလိုက်စမ်း!" ချောင်ရွှန်းဂျန်သည်နောက်တစ်ကြိမ် လှုပ်ရှားလိုက် ပြန်တယ်။ သူ၏ပတ်ဝန်းကျင်မှာ လျှပ်စီးများ ချက်ခြင်းထွက်ပေါ် လာသည်။ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော လျှပ်စီးနဂါးသည် ချင်ယွင်ဆီသို့ မပျံသန်းမီ ခေါင်းကို မြှောက်ကာ ဟိန်း ဟောက်သည်။
လျှပ်စီးနဂါး ပေါ်လာသည်နှင့်တပြိုင်နက် ပြင်းထန်သော လျှပ်စီးလှိုင်းများသည် ချက်ချင်း ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်သည် လှိုင်းလေထန်နေသော ပင်လယ်ပြင်မှ ခုန်တက်ကာ လျှပ်စီးလက်နေသော ကောင်းကင်ယံသို့ ပျံတက်သွား သကဲ့သို့ပင်။
ကြည့်ရှုနေကြသူပရိသတ်များ၏ ဦးရေပြားများ ထုံကျဉ်သွားကြသည်။ ဤလျှပ်စီးနဂါးက သူတို့ကို ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းသည်။ အကယ်၍ ဤလျှပ်စီးများဖြင့်ထိမိလိုက်လျှင် သူတို့သည် ချက်ချင်းပင် မီးသွေးတုံးများ ဖြစ်သွားကြလိမ်မည်။
ချင်ယွင်က မကြောက်ပါဘူး။ သူ၏ ခန္ဓာကိုယ်သည် ကွေးညွှတ်သွားသော လေးတစင်းကဲ့သို့ ညွှတ်ကွေးသွားပြီး လေးညှို့မှပစ်လွှတ်သော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်လေသည်။ သူသည် သူ၏လက်သီးကို တိုက်ရိုက်အသုံးပြုပြီး တုနှိုင်းမရသည့် ကြမ်းတမ်းသော လျှပ်စီးနဂါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သည်။
"သူက သေခြင်းတရားကို တောင်းခံနေတာလား။" စင်မြင့်ပေါ်တွင်ရှိနေသော ပရိသတ်များသည် အထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
အမြင့်ဆုံးစင်မြင့်ပေါ်တွင်ထိုင်နေသော မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ဂိုဏ်း ခေါင်းဆောင်
ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
သို့သော် ဤအခိုက်အတန့်တွင် အလွန်အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ချင်ယွင်၏လက်သီးချက်သည် ချောင်ရွှန်းဂျန်နှင့် ထိတွေ့သွား သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးနဂါးကြီး၏ လွှမ်းမိုးမှုကို မခံရရုံသာမက၊ ချင်ယွင်၏ လက်သီးအောက်တွင် ရက်စက်ကြမ်းကြုတ်သော လျှပ်စီးကြောင်းများမှ ဖြစ်ပေါ်လာသော ဧရာမနဂါးကြီးသည် ချင်ယွင်၏ လက်သီးချက်၏ အတင်းအကြပ် တားဆီးပိတ်ဆို့မူကို ခံလိုက်ရသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လူတိုင်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။
"ဘုန်း!"
လူတိုင်းမယုံနိုင်သောအကြည့်များအောက်တွင် ရက်စစ်ကြမ်းကြုတ်သော လျှပ်စီး ကြောင်းများမှ ဖြစ်ပေါ်လာသည့် ဧရာမနဂါးကြီးသည် ရုတ်တရက် ပေါက်ကွဲသွားကာ ပြင်းထန်သောလျှပ်စီးစွမ်းအင်များက ချက်ချင်းလွှမ်းခြုံကာ ပတ်ဝန်းကျင်စင်မြင့် နေရာများဆီသို့ ပျံ့နှံ့သွားခဲ့သည်။
အနီးနားရှိ တပည့်အချို့သည် မြေပြင်ပေါ်သို့လဲကျကာ သွေးများဖြင့် ရွှဲနစ်သွား ကြသည်။ သူတို့၏ မျက်လုံးများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"သူတို့ သေသွားကြပြီလား?"
အားလုံးက ပေါက်ကွဲမှု၏အလယ်ဗဟိုကို ကြည့်လိုက်ကြသည်။ သို့သော် ဖုန်မှုန့်များက လွင့်ပျံနေပြီး အခိုးအငွေ့များက ၎င်းပြိုင်ပွဲကွင်းပြင်ကို ဖုံးအုပ်ထားသည်။ သူတို့သည်
ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ပေမယ့် ချင်ယွင်သည် ကြောက်စရာကောင်းသည့် လျှပ်စီးများကြောင့် မသေခဲ့လျှင်ပင် သူသည် ဒဏ်ရာ အပြင်းထန်ရမည်ဟု သူတို့ သေချာတွေးနေကြသည်။
ကျန်းရွန်ရှင်းသည်လည်း စိတ်မပူဘဲမနေနိုင်တော့။ ချင်ယွင်၏ခန္ဓာကိုယ်သည် သန်မာကြောင်း သူမသိသော်လည်း အစောပိုင်းလေးက လျှပ်စီးပေါက်ကွဲမူဟာ ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်သည် ဘေးကင်းကင်းနှင့် ကာကွယ်တားဆီး နိုင်မလား သူမ မသိပေ။
သို့သော်လည်း သူမသည် ချောင်ရွှန်းဂျန်ကို သတ်လိုသော အရိပ်အယောင်ဖြင့် ကြည့်နေခဲ့သည်။ သူမသည် သူမကိုယ်သူမ အေးစက်စွာ ပြောလိုက်သည် "ချောင်ရွှန်းဂျန်၊ တကယ်လို့ ငါ့ယောင်္ကျား တခုခုဖြစ်ရင်တော့ ငါနင့်ကို သတ်ပစ်မယ်!"
မလှမ်းမကမ်းတွင် ချောင်ရွှန်းဂျန်သည် သူ၏ဓားကို ကိုင်လျက် ဂုဏ်ယူစွာ ရပ်နေသည်။ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ကျန်းရွန်ရှင်း၏ မျက်လုံးများကို သူ ခံစားမိသွားပုံရသည်။ သူသည် သူ့ကိုယ်သူ နှိမ့်ချစွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အရိပ်အယောင် ပေါ်လာ သည်။ သို့သော်၊ ဤပျက်ဆီးယိုယွင်းနေသော အခြေနေသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည့်အချိန်တွင် သူသည် အလွန်အံ့အားသင့်ဖွယ် အမူအရာဖြင့် အစားထိုးသွားခဲ့သည်။
"မင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ချောင်ရွှန်းဂျန်သည် အံ့သြသွားသည်။ ချင်ယွင်သည် မီးခိုးအငွေ့များကြားမှ ထိခိုက်ဒဏ်ရာမရဘဲ ထွက်လာသည်ကို မြင်လိုက်ရလျင် သူ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည် ။
သူသည် သူ့သိုင်းကွက်၏ စွမ်းအားကို သိပြီး သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူပင် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။
သို့သော်၊ ချင်ယွင်သည် သူ၏လျှပ်စီးနဂါးကို ထိပ်တိုက်ရင်ဆိုင်ရုံသာမက ပြင်းထန်သောလျှပ်စီးပေါက်ကွဲမူများမှ ထုတ်လွှတ်သော စွမ်းအင်ကိုလည်း အပြည့်အဝ ခံနိုင်ရည်ရှိခဲ့သည်။ အမှန်တကယ်ပင် သူသည် မတုန်မလှုပ် ထွက်လာခဲ့သည်။ သူသည် မည်ကဲ့သို့ မအံ့သြဘဲ နေနိုင်တော့မည်နည်း။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသောပရိသတ်များ မြင်လိုက်သောအခါ အားလုံးသည် အေးစက်သည့်လေကို ရှုရှိုက်မိကြပြီး သူတို့၏ စိတ်ထဲတွင် အံ့အားတသင့် ရေရွတ်လိုက်ကြ၏ “ဘယ်လိုလူထူးလူဆန်းမျိုးလဲဟ!
ယခုအချိန်တွင် ချင်ယွင်သည် စကားလုံးများဖြင့် အချိန်ဖြုန်းမနေတော့။ သူသည် ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းပြီး လျှပ်စီးကြောင်းကဲ့သို့ အသွင်ပြောင်းကာ ချောင်ရွှန်းဂျန်၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။
ချောင်ရွှန်းဂျန်သည် ထိတ်လန့်သွားပြီး နောက်ဆုတ်ရန် သူ၏လှုပ်ရှားမှုနည်း ပညာရပ် ကို အလျှင်အမြန်အသုံးပြုလိုခဲ့သည်။
သို့သော် အလွန်မင်းလေးလံပြင်းထန်သော ချင်ယွင်၏ လက်သီးချက်သည် သူ၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ ထို့နောက် ချောင်ရွှန်းဂျန်သည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ နောက်ပြန် လွင့်ထွက်သွားခဲ့ပြီး မြင့်မားသော စင်မြင့်တစ်ခု၏နံရံကို တိုက်ရိုက်၀င်တိုးကာ စင်မြင့်တစ်ခုလုံးတွင် ချိုင့်ကြီးတခု တိုက်ရိုက် ဖန်တီးသွားခဲ့သည်။
ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွစွာဖြင့် စစ်နတ်ဘုရားအလား ဖြောင့်တန်းစွာ ရပ်နေလေ၏။
သူ၏လက်သီးများသည် သူ့အတွက် အရာအားလုံးကို ထုတ်ဖော်ပြသနိုင်တာကြောင့် သူသည် အဓိပ္ပါယ်မဲ့စကားများ ပြောဆိုရခြင်းကိုဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး။