← Chapters

ဆေဘာ သိုင်းပညာရပ်

Vol. 9 Ch. 127

ဆေဘာ သိုင်းပညာရပ်

Vol. 9 Ch. 127

အခန်း (၁၂၇) ဆေဘာ သိုင်းပညာရပ်

ဤပွဲသည် ချင်ယွင်၏ ပြင်းထန်သော လက်သီးထိုးချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။ တော်ဝင် အကြီးအကဲသည် လင်းယွင်၏ အောင်ပွဲအား ကြေငြာသောအခါတွင် လူတိုင်းသည် တိတ်ဆိတ် ငြိမ်သက်နေကြဆဲဖြစ်သည်။

ယင်းနောက်မှာတော့ မိုးကြိုးရင်ပြင်ထဲတွင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့ကြသည်။ ချင်ယွင်ကိုကြည့်နေကြသောလူတိုင်း၏ အကြည့်များသည် တုနှိုင်းမရသည့် လေးစားအားကျမူ အရိပ်ယောင်များဖြင့် ပြည့်နှက်လာခဲ့သည်။ အထူးသဖြင့် အမျိုးသမီး တပည့်အချို့၏ ချင်ယွင်ကို ကြည့်သော အကြည့်များဖြစ်သည်။ ထိုမျိုးသမီးတပည့်များကို ပန်းအရူးများဟု အလွယ်တကူ ခေါ်ကြရလိမ့်မည်။ {Especially the gazes that some female disciples looked at Qin Yun, they were simply called a flower idiot.}

ဤကမ္ဘာကြီးကို မူလကတည်းက ကျွမ်းကျင်ပညာရှင်များကသာ လွှမ်းမိုးထားခဲ့ကြပြီး ချင်ယွင်၏ ရုတ်တရက် မြင့်တက်လာခြင်းနှင့်အတူ ကျွမ်းကျင်ပညာရှင်များကို ကိုးကွယ်လိုသူတို့၏ နှလုံးသားသည် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်လာခဲ့ ကြသည်။ ထို့ကြောင့် ဤတိုက်ပွဲအပြီးတွင် ချင်ယွင်သည် ပြိင်ပွဲကို အနိုင်ရရုံသာမက ကြည့်ရှုသူပရိတ်သတ်များ ၏ နှလုံးသားကိုလည်း ရရှိခဲ့သည်။

ထို့နောက် ဆယ်ကြိမ်မြောက် အုပ်စုပြိုင်ပွဲဖြစ်သည်။ တိုက်ခိုက်ကြိုက်မည့် တပည့်များမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးသုံးသည့် လက်နက်များက အတိအကျနီးပါး တူသည်ဟု ပြောလို့ရသည့် ဆေဘာနှင့်ဓားရှည်များဖြစ်ကြသည်။

ဆေဘာနှင့် ဓားရှည်များသည် ကန်လန့်ဖြတ်ပွတ်ဆွဲကာ ပြန်ပြန်လှန်လှန် တိုက်ခိုက်ကြသည်။

ယင်းက ချင်ယွင်ကို သူ၏‌ ဆေဘာပညာရပ်ကို သတိရစေသည် ။ မူလက သူသည် သူ၏လျှပ်စီးသဘောတရားကို သူ၏ဆေဘာပညာရပ်တွင် ထည့်သွင်းလိုခဲ့သည်။ သို့သော် သူသည် ချင်နင်းမြို့မှ ထွက်ခွာသွားပြီးကတည်းက ချင်ယွင်သည် သူ၏ဆေဘာကို ဘယ်တုန်းကမှ နောက်တစ်ကြိမ် မထိမိခဲ့ပေ။

ယခု သူ့တွင် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာရှိနေပြီဖြစ်သောကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားများကို တိုးမြင့်လာစေရန်အတွက် နောက်ထပ် ဆေဘာပညာရပ်များကို လေ့ကျင့်ရန်အချိန်တန်ပြီဟု သူထင်သည်။

ထိုပြိုင်ပွဲတွင် ဓားရှည်အသုံးပြုသည့် လူငယ်က အနိုင်ရရှိသွားခဲ့သည်။ ဤလူသည် ယခင်က ကျန်းတိုင်ဖြစ်သည် ။

ရလာဒ်အနေဖြင့် ပထမအကျော့ ရွေးချယ်မှု ပြီးဆုံးသွားပြီးနောက်တွင် စိန်ခေါ်မှုဖြင့် ပြန်လည်စတင်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် ယခင်က ရှုံးနိမ့်သွားခဲ့သော တပည့်ဆယ်ယောက်တွင် တပည့်တစ်ယောက်ယောက်က အရှုံးကို လက်မခံနိုင်သေးဖူးဆိုလျှင် အနိုင်ရရှိသူ ဆယ်ယောက်တွင် ကြိုက်သည့်လူကို စိန်ခေါ်နိုင်သည်။ သူတို့စိတ်ကြိုက် ပြန်လည်တိုက်ခိုက်ပြီးမှ ထိပ်ဆုံး ဆယ်ယောက် နေရာကို သတ်မှတ်မှာဖြစ်ပြီး ထို့နောက် ထိပ်ဆုံး သုံး ယောက်အတွက် ဆက်လက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမှန်တကယ်တော့ ဤစိန်ခေါ်မှုသည် သရေပွဲ၏မမျှမတမှုအတွက် ပြင်လည် ပြင်ဆင်ရန် အစားပေးခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ကျန်းရွန်ရှင်းသည် ထိပ်ဆုံးဆယ်ဦး သို့မဟုတ် ထိပ်ဆုံးငါးဦးတွင် ထင်ရှားသော်လည်း သူမသည် အစောပိုင်းတွင် ကျိုးယုနှင့်တွေ့ဆုံခဲ့သည်။ ဤအချီတွင် သူမအား ထိပ်တန်းဆယ်ဦးမှ ဖယ်ရှားလိုက်ခြင်းသည် တရားမျှတမှု မရှိပေ။

ထို့ကြောင့် နောက်တစ်ကြိမ် စိန်ခေါ်မှုသည် ယခင်က ရှုံးနိမ့်ခဲ့သူများက စတင်ကြရသည်။

မူလကတည်းက အရှုံးကိုမလိုလားသူအားလုံးသည် တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်ကာ အချင်းချင်း နေရာအစားထိုးရန် ရှေ့တိုးလာကြသည်။ ထိုတပည့်များတွင် ချောင်ရွှန်းဂျန်နှင့် ကျန်းရွန်ရှင်းတို့လည်း ပါဝင်သည်။

သေချာသည်မှာ ချင်ယွင်သည် သဘာ၀အတိုင်း စိတ်အေးလက်အေးဖြင့် ပျော်ပျော် ရွှင်ရွှင်ဖြစ်နေသည်။ အစောပိုင်းလေးက သူပြသခဲ့သည့် ပြင်းထန်သော တိုက်ခိုက်ရေးအင်အားသည် ထိုလူများကို တစ်ယောက်ပြီးတယောက် ကြောက်ရွံ့သွား စေခဲ့သည်။ သူ့ကို မည်သူကမျှ စိန်ခေါ်ဝံ့မှာ မဟုတ်ပါဘူး။

ချင်ယွင် ၊ ဘိုင်ချီဟန်၊ ကျိုးယုနှင့် အခြားသူများသည် ယှဉ်ပြိုင်သူမရှိဖြစ်ကာ အေးအေး ဆေးဆေး နေခဲ့ကြရပြီး ၎င်းတို့ကို စိန်ခေါ်ရန်အတွက် ဝံနှလုံးနှင့်ကျားသစ် အသည်းကို စားသုံးရန် မည်သူမျှ သတ္တိမရှိကြပေ။

အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ပြီးနောက်၊ ထိပ်ဆုံးဆယ်ယောက်၏ နေရာများကို နောက်ဆုံးတွင် သတ်မှတ်ပေးခဲ့သည်။ ၎င်းတို့မှာ ဘိုင်ချီဟန်၊ ကျိုးယု၊ ရှီကန်ဟိုင်၊ ကျန်းရွန်ရှင်း၊ ချောင်ရွှန်းဂျန်၊ ကျန်းတိုင်၊ မုဖန်း၊ ချိုင်ကျင်း၊ လျူရှီယူနှင့် လင်းယွင် တို့ဖြစ်သည်။

ကျန်းတိုင်နှင့် လင်းယွင်တို့မှလွဲ၍ ကျန်ရှစ်ဦးသည် မိုးကြိုး၀ိညာဥ်အဆင့် သတ်မှတ်ချက်၏ ထိပ်တန်းဆယ်‌ယောက်တွင် ရှိခဲ့ကြပြီးလူများဖြစ် သည်။

ကျန်းတိုင်သည် ယခင်က မိုးကြိုး၀ိညာဥ်အဆင့်သတ်မှတ်ချက်တွင်အဆင့် ၃၆ တွင် ရှိသည့် မြင်းနက်တစ်ကောင်ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ချင်ယွင်ပြီးနောက် ဒုတိယအကြီးဆုံး မြင်းနက်ဖြစ်လာခဲ့သည်။ (မြင်းနက်ဟူသည် ဖျက်မြင်းနှင့်အဓိပ္ပာယ်အတူတူပင် ဖြစ်သည်။)

ချင်ယွင် သူ့ကိုအာရုံစိုက်ရသည့် အကြောင်းရင်းက သူအဆင့် ၁၈ နေရာကို စိန်ခေါ်‌သောအခါ ထုံးစံအတိုင်း နည်းဗျူဟာများကို အသုံးပြုခဲ့သော လက်ရွေးစင် တပည့် တစ်ယောက်ဖြစ်နေခြင်းကြောင်းဖြစ်သည်။

သူ၏ဆေဘာပညာရပ်သည် ထူးဆန်းသော သဘောတရားများ ပါဝင်နေသည့်အလား လွန်စွာထူးဆန်းသည်။ ထိုသဘောတရားများသည် ရွှေ၊သစ်သား၊ ရေ၊ မီး၊ မြေကြီးဟူသော ဓာတ်ငါးပါး၏သဘောတရားများမဟုတ်သလို လေနှင့် လျှပ်စီးတို့၏ သဘာဝစွမ်းရည်သဘောတရားများလည်း မဟုတ်ပေ။

တိကျသေချာသော သဘောတရားစွမ်းရည်နှင့်ပတ်သက်၍ ချင်ယွင်သည်လည်း မပြောနိုင်ပေ။

ချင်ယွင်သည် ဤကိစ္စကို သိပ်ပြီးမစဉ်းစားတော့ပါဘူး။ ယနေ့ ပြိုင်ပွဲသည် ဤမှာဘဲ ပြီးဆုံးသွားခဲ့သည်။ မနက်ဖြန်သည် ထိပ်ဆုံးငါးနေရာအတွက် တိုက်ပွဲဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်သည် ဘိုင်ချီဟန်၊ ကျိုးယုတို့အပါ၀င် အခြားသူများနှင့် တွေ့ဆုံနိုင်သည်။

ချင်ယွင်သည် ဤလူနှစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု အပြည့်အဝ မယုံကြည်‌ပေ။

အထူးသဖြင့် ဘိုင်ချီဟန်။ သူသည် န၀မအဆင့်အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူတစ်ဦး၏စွမ်းအားနှင့် သူ၏မသိနိုင်သော နည်းလမ်း များဖြင့်ဆို သူ့ကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။

ချင်ယွင်သည် သူ၏နေအိမ်သို့ ပြန်ရောက်ပြီးနောက် အနားယူခြင်း မပြုခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ဆရာ ‌ရှေးဟောင်းတာအိုကို အိပ်ပျော်ရာမှ နိုးလိုက်ပြီး ဆေဘာသိုင်းပညာ ရပ်တစ်ခုကို တောင်းဆိုခဲ့သည်။

ဓားရှည်ပညာရပ်များကို လေးလံသောဓားရှည်နှင့် အပေါ့စားဓားရှည်များအဖြစ် အမြဲတမ်း ခွဲခြားထားသည်။ လေးလံသောဓားရှည်များသည် ခွန်အားကို အာရုံစိုက်ရသည်။ ယေဘုယျအား ဖြင့်ပြောရလျှင်၊ လေးလံသောဓားရှည်များကို လေ့ကျင့်သူများသည် အများအားဖြင့် မြေကြီးစွမ်းရည် လမ်းကြောင်းကို လိုက်နာ သူများဖြစ်ကြပြီး အပေါ့စားဓားရှည်များသည် ရေစွမ်းရည်နှင့် လေစွမ်းရည် လမ်းကြောင်းကျင့်ကြံသူများအတွက် ပို၍သင့်လျော်သည်။

လှံနည်းပညာရပ်ကို ကျင့်ကြံသူများလည်းရှိကြပြီး အများစုမှာ သတ္ထုစွမ်းရည် ဉာဏ်အလင်းရရှိသူများဖြစ်ကြသည်။ ဥပမာအားဖြင့် ကျိုးယုသည် သတ္တုဉာဏ်အလင်း ရရှိထားသူဖြစ်သည်။

ဆေးဘာပညာရပ်များနှင့်ပတ်သက်၍ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော လျှပ်စီးစွမ်းရည်အပေါ် အာရုံစိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်သောလျှပ်စီးသည် ဆေဘာ၏ ရက်စက်ကြမ်းကြုတ်သောစွမ်းအင်ကို အမြင့်ဆုံးထွက်ပေါ်စေနိုင်သည်။

ဟုတ်ပါသည် ၊ ဤအရာများသည် လုံးဝတိကျသေချာသောအရာများ မဟုတ်ပါဘူး။ လက်နက်တစ်ခုစီ၏ ထူးခြားသောလက္ခဏာများသည် သက်ဆိုင်ရာ ဒြပ်စင်စွမ်းရည် များနှင့် ပိုမိုနီးစပ်မှုရှိသောကြောင့် ဖြစ်သည်။

ထိုအချိန်တုန်က၊ ချင်ယွင် လေ့ကျင့်ခဲ့သော ဓားပညာရပ်များနှင့် သိုင်းပညာရပ်များ အားလုံးတွင် ဆေဘာပညာရပ်နှင့် ၎င်းနှင့်ပတ်သက်သည့် သိုင်းပညာရပ်များ အကြောင်း အနည်းငယ်သာ သိရှိခဲ့သည်။ ထို့ကြောင့် သူ့မှာ ‌ရှေးဟောင်းတာအို အင်မော်တယ်ဧကရာဇ်ဟူသည့် သက်ရှိရတနာတစ်ခု ရှိနေသေးကြောင်း သတိရမိ လိုက်ခြင်း ဖြစ်သည်။

အင်မော်တယ်ဧကရာဇ်‌ ‌ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏လှပသော အိပ်မက်များမှ နိုးထလာရကတည်းက၊ သူသည် ချင်ယွင်ကို သဘာဝအတိုင်း မကျိန်ဆဲပဲ မနေနိုင်။

ချင်ယွင်သည် သူ့ကို ကြည်လင်ရွှင်ပြသော အပြုံးဖြင့် နှုတ်ဆက်ရုံမှလွဲပြီး ရွေးချယ်စရာ မရှိသော်လည်း ပါးစပ်မှ သွေးများအန်ထွက်သည်အထိ ဆူပူကြိမ်းမောင်းခံရဆဲ ဖြစ်သည်။

‌ရှေးဟောင်းတာအိုသည် နောက်ဆုံးတွင် လုံးဝငြိမ်သက်မသွားမီ တစ်နာရီခန့်ကြာ အောင်ပင် အားပါးတရ ကျိန်ဆဲသွားခဲ့သည်။

‌ရှေးဟောင်းတာအို လုံးလုံး ငြိမ်သက်သွားသည်ကို တွေ့လိုက်ရမှ ချင်ယွင်လည်း လုံးလုံး သက်ပြင်း ချမိသည်။သူသည် သူ့ကိုယ်သူ တွေးမိ၏ "ဒီ‌ဈေးပေါပေါနဲ့ရထားတဲ့ ဆရာသခင်ရဲ့ ဒေါသက တကယ်ကို သာမန်မဟုတ်ဘူး၊ သေခြင်းရှင်ခြင်းရဲ့ အရေးကြီးတဲ့ အခိုက်အတန့်ကို မရောက်မချင်း အနာဂတ်မှာ သူ့ကို ရှာမတွေ့နိုင်ဘူး ထင်တယ်"

"ကောင်စုတ်၊ မင်း ဆေဘာပညာရပ်နဲ့ သိုင်းပညာရပ်များကို သင်ယူချင်သလား" ‌ရှေးဟောင်းတာအိုဆရာသခင်က မေးသည်။

ချင်ယွင်သည် ခေါင်းညိတ်ပြပြီး ပြောလိုက်သည် "ကျွန်တော်က ချင်နင်းမြို့မှာ ကတည်းက ဆေဘာပညာရပ်များကို လေ့ကျင့်နေခဲ့ပြီ၊ ဒါပေမယ့် အခု တစ်ဝက် တစ်ပျက်နဲ့တော့ မစွန့်လွှတ်ချင်ဘူး"

‌ရှေးဟောင်းတာအိုက အေးစက်စွာ အော်ဟစ်ပြီး ပြောလိုက်သည် "ဒါဆိုအခု မင်းသင်ယူနေတဲ့အရာတွေက ရှုပ်ထွေးလွန်းတယ်ဆိုတာ မင်းသဘော မပေါက်ဘူး လား။ အရမ်းဝေဝါးသွားလို့မရဘူးဆိုတဲ့ နိယာမကို မင်း နားမလည်ဘူးလား။ တကယ်လို့ မင်းသာ ဓားပညာရပ်တခုအပေါ်မှာပဲ အာရုံစိုက်ထားရင် ဓားပညာရပ်တွေ

အပေါ် မင်းရဲ့အနာဂတ်အောင်မြင်မှုက သေချာပေါက် နိမ့်ကျမှာမဟုတ်ဘူး။ ဘာကြောင့် မင်းက ဆေဘာပညာရပ်များကို ထပ်မံလေ့လာဖို့ လိုအပ်တော့မှာလဲ။

ချင်ယွင်သည် ရှက်ရွံ့သလိုခံစားလိုက်ရပြီး ပြန်ရှင်းပြလိုက်သည် "ဒါက အဆင်ပြေပါ တယ်။ အခု ဒီအရာတွေကို ကျွန်တော်ကိုယ်တိုင် လေ့ကျင့်မှာဖြစ်ပေမယ့် နောင် အနာဂတ်ကျရင် ပညာရပ်တွေကို လေ့ကျင့်ဖို့အတွက် ကျွန်တော့် ကိုယ်ပွားတွေဆီ လွှဲပြောင်းပေးနိုင်တယ်လေ။ ဒီနည်းနဲ့ ကျွန်တော်ဟာ ထူးခြားအံ့ဖွယ်ဖြစ်ရပ်မျိုး မရှိဘဲနဲ့တောင် သိုင်းပညာရပ် ၁၈ မျိုးလုံးကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပြီး ဒီ ၁၈ မျိုးထဲက မကျွမ်းကျင်တဲ့အရာ တစ်ခုတလေတောင်မှ ရှိမှာမဟုတ်တော့ဘူးပေါ့ ။"

ချင်ယွင်၏စကားကိုကြားလျှင် ‌ရှေးဟောင်းတာအိုဆရာသခင်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် ချင်ယွင်မှာ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ရှိနေသည်ကို သတိရလိုက်မိသည်။ အနာဂတ်တွင် သူ၏ စိတ်ဝိညာဉ်သည် ဆက်လက်သန်မာနေသမျှ သူတွင် ကိုယ်ပွားမည်မျှရှိသည်က အရေးမကြီးတော့ပေ။ ဤအကြောင်းကိုတွေးကြည့်လျှင် ‌ရှေးဟောင်းတာအို ဆရာသခင်သည် မနာလိုသည့်အရိပ်အယောင်ကို မခံစားပဲမနေနိုင်တော့။

'ကောင်းပြီလေ၊ ဒါဆို ငါမင်းကို ကောင်းကင်တုန်ခါမြေတုန်အောင် ခုတ်ပိုင်းခြင်း လို့ခေါ်တဲ့ အဆင့်မြင့်အဆင့် အဆင့်နိမ့်တန်းစား ဆေဘာသိုင်းပညာရပ်ကို ငါသင်ပေးမယ်။ "ဒီသိုင်းပညာရပ်မှာ သိုင်းကွက်သုံးမျိုးပဲ ရှိတယ်။ ပထမသိုင်းကွက်ကို အသုံးပြုနိုင်ရန်အတွက် လျှပ်စီးဖျက်ဆီခြင်းသဘောတရားရဲ့ ဒုတိယအဆင့်သို့ ရောက်ရန် လိုအပ်တယ်။၊ ဒုတိယသိုင်းကွက်ကတော့ စတုတ္ထအဆင့်‌သို့ ရောက်ရှိရန်လိုအပ်ပြီး တတိယသိုင်းကွက်ကတော့ ဆဋ္ဌမ အဆင့်သို့ရောက်ရှိရန် လိုအပ်တယ်။ တကယ်လို့ မင်းအနေနဲ့ တတိယတိုင်းကွက်ကို အတင်းအကြပ် သုံးပြုမယ်ဆိုရင် မင်းကိုယ်တိုင် ဒဏ်ရာရလိမ့်မယ်"

‌ရှေးဟောင်းတာအိုက ပြောလိုက်ပြီး သူ၏ပြောစကားများ အဆုံးသတ်သွားပြီးနောက်

သူသည် ချင်ယွင်၏စိတ်ထဲကို သတင်းအချက် အလက်များစွာ ပေးပို့ခဲ့သည်။

"ကောင်းကင်တုန်ခါမြေတုန်အောင်ခုတ်ပိုင်း! ဒီနာမည်က အလွန်းလွှမ်းမိုးနိုင်စွမ်း ရှိလွန်းတယ်မဟုတ်လား?" ချင်ယွင်သည် သူ၏စိတ်ထဲက အချက်အလက်များကို သတိထားမိပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

ယင်းအပြင် ချင်ယွင်သည် ဤသိုင်းပညာကို အလွန်ကျေနပ်သွားသည်။

သာမာန်အားဖြင့်၊ သိုင်းပညာရပ်များအဆင့်မြင့်မားလေ၊ ၎င်း၏စွမ်းရည်များကို နားလည်ရန် လိုအပ်ချက် ပိုများလေဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် သဘောတရားစွမ်းရည်များ၏ သတ်မှတ်ထားသောအဆင့်သို့ မရောက်ရှိဘဲ ဤသိုင်းပညာကို အပြင်းအထန် လေ့ကျင့်ခြင်း သို့မဟုတ် အသုံးပြုခြင်း ပြုလုပ်ခဲ့ပါက ရုပ်ခန္ဓာခွန်အား သက်သက်ကိုသာ အသုံးမပြုခဲ့လျှင် ထိုသိုင်းပညာရပ်‌ကြောင့် အသုံးပြုသူကိုယ်တိုင် ဒဏ်ရာရသွားမည်ဖြစ်သည်။

ဥပမာအားဖြင့်၊ သူ၏တပည့်လေ့ကျင့်ခဲ့သော ဧကရာဇ်အဆင့် သိုင်းပညာရပ်ဖြစ်သည့် ကောင်းကင်တုန်ခါလက်သီးပညာရပ်သည် သဘောတရားစွမ်းရည်များကိုနားလည်ရန်

မလိုအပ်ဘဲ သန့်စင်သော သိုင်းပညာတစ်ခု ဖြစ်သည်။

တစ်နည်းဆိုရသော် ချင်ယွင်သည် ဤကောင်းကင်တုန်ခါမြေတုန်အောင်ခုတ်ပိုင်း

ဆေဘာပညာရပ်ကို လေ့ကျင့်လိုပါက၊ သူသည် လျှပ်စီးဖျက်ဆီခြင်းသဘောတရား၏ ဒုတိယအဆင့်ကို ရှေ့ဦးစွာနားလည်ထားရမည်။ ယင်းက ချင်ယွင်ကို ခေါင်းကိုက်စေ သည်။

သို့သော် ချင်ယွင်သည် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲရှိ လျှပ်စီးများရှိသည့်နေရာကို တိုက်ရိုက်ရွေးချယ်လိုက်သည်။

All Chapters