ငါ့ယောင်္ကျား
Vol. 9 Ch. 128
အခန်း(၁၂၈) ငါ့ယောင်္ကျား
လျှပ်စီးဧရိယာ၏ဒုတိယအလွှာတွင် ချင်ယွင်သည် သူ၏ဓားကိုကိုင်လျက် ရပ်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ လျှပ်စီးမြွေများသည် ချင်ယွင်အား လျှပ်စီးကြာပွတ်များကဲ့သို့ ရိုက်ခတ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ထုံကျင်ကာ နာကျင်စေပါသည်။
ဤလျှပ်စီးမြွေသည် ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ ကြောက်စရာ အကောင်းဆုံးမှာ ကောင်းကင်ယံမှ ရံဖန်ရံခါ ခုတ်ပိုင်းကျဆင်းလာသည့် လျှပ်စီးကြောင်းများဖြစ်သည်။ ဤလျှပ်စီးကြောင်းများအားလုံးကို ဒုတိယအဆင့် လျှပ်စီးစွမ်းရည် သဘောတရားသုံးမျိုးဖြင့် ပေါင်းစပ်ထားပြီး ၎င်းတို့၏ စွမ်းအားမှာ အနှိုင်းမဲ့ကြီးမားလှသည်။
ကံမကောင်းစွာပင်၊ ချင်ယွင်သည် တစ်နေရာတည်းတွင်သာ ထိမှန်ခံရပြီး သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။ သူ၏ နှလုံးသွေးကြောများကို အချိန်မီကာကွယ်ပေးနေသည့် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကြောင့်သာ။ မဟုတ်လျှင် ချင်ယွင်သည် သေဆုံးပြီးသား ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ချင်ယွင်သည် ဤကြောက်မက်ဖွယ်လျှပ်စီးများကြားတွင် သတိမမူဘဲ မနေဝံ့ခဲ့ပေ။
ချင်ယွင်သည် သူ၏လက်ထဲတွင် ဆေဘာရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လျှပ်စီးဖျက်ဆီခြင်း သဘောတရားထဲသို့ ပေါင်းစပ်ရန်ကြိုးစားရင်း အခြေခံ ဆယ့်သုံးမျိုး ဟန်ပန်များကို အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။
ချင်ယွင်သည် လျှပ်စီးဖျက်ဆီခြင်း သဘော တရား၏ ပထမအဆင့်ကို နားမလည်မီ
သုံးနာရီကြာ လေ့ကျင့်ပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် သူစိတ်ဆန္ဒရှိသည့် အတိုင်း လျှပ်စီးဖျက်ဆီးခြင်းသဘောတရား၏ ပထမအဆင့်ကို သူ၏ဆေဘာ သိုင်းပညာရပ်ဖြင့် ပေါင်းစပ်နိုင်ခဲ့သည်။
ဤတိုးတက်မှုအနည်းငယ်ဖြင့်ပင် ချင်ယွင်သည် လျှပ်စီးဖျက်ဆီးခြင်း သဘောတရား ၏ ဒုတိယအဆင့်ကို စတင်နားလည်နိုင်စွမ်းရှိ လာလေသည်။
အမှန်တကယ်တော့ သဘောတရား၏ ပထမအဆင့်ကိုတောင် နားလည်ဖို့ မဖြစ်နိုင်ဘူးဆိုလျှင် သဘောတရား၏ ဒုတိယအဆင့်ကို နားလည်ရန် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
အခြေခံအုတ်မြစ် အားနည်းခြင်းသည် ကျင့်ကြံခြင်းတွင် ကြီးမားသော တားမြစ်ချက် တစ်ခု ဖြစ်သည်။
လျှပ်စီးဖျက်ဆီခြင်းသဘောတရား၏ ဒုတိယအဆင့်သည် အလွယ်တကူ နားလည်နိုင်သော အရာမဟုတ်ပေ။ ချင်ယွင်၏ နားလည်နိုင်စွမ်းသည် အလွန် မြင့်မားသော်လည်း ဒုတိယအဆင့်သို့ ဝင်ရောက်ခြင်းအရိပ်ယောင်များ ပြသနိုင်ရန် ခြောက်နာရီကြာအောင် အချိန်ယူရသေးသည်။
ချွန်!
ချင်ယွင်သည် အပေါ်မှကျဆင်းလာနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီး လုံးများဆီ သူ၏ဆေဘာကို ပစ်လွှတ်လိုက်သည်။
လျှပ်စီးလုံးများသည် ချက်ချင်းလင်းလက်ပြီး ပေါက်ကွဲသွားသည်။
ချင်ယွင်၏တစ်ကိုယ်လုံးသည်လည်း တွန်းကန်အားကြောင့် အဝေးကိုလွင့်ထွက် သွားကာ သူ၏ တစ်ကိုယ်လုံး ထုံကျင်လာသည်။
"လျှပ်စီးပေါင်းစပ်ခြင်းသဘောတရားရဲ့ ဒုတိယအဆင့်က တကယ်ကို ကြောက်စရာ
ကောင်းလွန်းတယ်။ ငါက ကောင်းကင်တုန်ခါ မြေတုန်အောင်ခုတ်ပိုင်းသိုင်းကွက်ကို မထုတ်ဖော်နိုင်သေးဘူးဆိုရင်တောင် ၎င်းရဲ့ စွမ်းအားကို ငါ မခုခံနိုင်သေးဘူး။"
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးနေသော်လည်း သူ၏မျက်နှာသည် ပြင်းထန်သော တိုက်ပွဲဝင်လိုသည့်စိတ်ဆန္ဒကို လျင်မြန်စွာ ထုတ်ဖော်ပြသလိုက်သည်။
တစ်နေ့တွင်၊ သူချင်ယွင်သည် လျှပ်စီးစွမ်းရည်နှင့်ပတ်သက်သော သဘောတရားများ အားလုံးနှင့် လျှပ်စီးနိယာမများအားလုံးကိုပင် သူ၏ ဆေဘာသိုင်းပညာရပ်ဖြင့် ပေါင်းစပ်သွားမည်ဖြစ်သည်။
ဆယ်နာရီနီးပါး လေ့ကျင့်ပြီးနောက်၊ ချင်ယွင်သည် လျှပ်စီးဖျက်ဆီခြင်း သဘောတရား ၏ ဒုတိယအဆင့်သို့ ဝင်ရောက်လာသည်ဟု ယူဆနိုင်ကာ ကောင်းကင်တုန်ခါမြေ တုန်အောင်ခုတ်ပိုင်းသိုင်းကွက်၏ ပထမခြေလှမ်းကို ထုတ်ဖော်နိုင်စွမ်းနီးပါး ရှိလာခဲ့သည်။
သူသည် ကြယ်စင်စုပုံကြမ်းထဲမှထွက်ကာ တံခါးအပြင်ဘက်သို့ လမ်းလျှောက် လိုက်လျှင် ချင်ယွင်၏တစ်ကိုယ်လုံး ခြစ်ခြစ်တောက်မည်းတူးနေသည်။ သူသည် ကျန်းရွန်ရှင်း၏ အပြုံးနှင့်ပက်ပင်းတိုးမိလျှင် သူ့တကိုယ်လုံး ပြိုဆင်းလုနီးပါး ဖြစ်သွားခဲ့ရ၏။
ကျန်းရွန်ရှင်းသည် သူမ၏ ရေစွမ်းရည် ကျင့် ကြံခြင်းနည်းစနစ်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။ ရေအလုံးကြီးတစ်ခုသည် ချင်ယွင်၏ မျက်နှာကို တိုက်ရိုက် ထိမှန်သွားပြီး ချင်ယွင်ကို ဆေးကြောသန့်စင်လိုက်သည်။ သို့သော် တစ်ချိန်တည်းတွင် ချင်ယွင်သည် ရေနစ်နေသော ကြက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဤမြင်ကွင်းကိုမြင်ရလျှင် ကျန်းရွန်ရှင်းသည် ချက်ချင်းပင် တခစ်ခစ်ရယ်မောလေ၏။
ချင်ယွင်သည် မကျေမနပ် ပြုံးလိုက်ပြီး ကျန်းရွန်ရှင်းကို ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်ပြီး ပြောလိုက်သည် "ငါ မင်းကို သင်ခန်းစာ မပေးခဲ့တာ နှစ်ရက်ရှိသွားပြီ။ မင်းရဲ့ သတ္တိတွေက ကြီးထွားလာပြီပဲ။ ငါ မင်းကို ဘယ်လို ဆက်ဆံမလဲ ကြည့်ရအောင်!"
ထိုစကားကိုပြောပြီးနောက် ကျန်းရွန်ရှင်းကို အခန်းထဲသို့ တိုက်ရိုက် ခေါ်သွားတော့သည်။
ကျန်းရွန်ရှင်းက ရှက်ရွံ့ဟန်ဆောင်ကာ အော်ဟစ်လိုက်သည်။ "မယုတ်မာနဲ့နော် ... "
ဒါပေမယ့် တခြားတပည့်များသည် ချင်ယွင်၊ ကျန်းရွန်ရှင်းတို့နှင့် တော်တော်လေး အလှမ်းဝေးသည့်နေရာမှာ ရှိနေသည့်အတွက် ကျန်းရွန်ရှင်း မည်မျှပင် ကျယ်ကျယ်လောင်လောင်အော်နေပါစေ မည်သူမျှ မကြားနိုင်ကြပါဘူး။
ခြံဝင်းအထဲမှာထိုင်နေသည့် စိန်လေးကတော့ မည်သည့်အရာဖြစ်သွားမှန်း မသိသည့်အတွက် နားရွက်နှင့်ပါးကို ယောင်တောင်တောင်ဖြင့် ကုတ်နေတော့၏။
နောက်ထပ် ရက်စက်ကြမ်းကြုတ်သော ပညာ ပေးလှိုင်းလုံးကြီးများတခုပြီးတခု ထွက်ပေါ် လာခဲ့ပြီး တဖောင်းဖောင်းပေါက်ကွဲသံများနှင့် အသံခြစ်အော်ဟစ်သံများက ခြံဝင်းအတွင်းရှိ စိန်လေးကို သူ၏ကျောရိုးတလျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် ပညာပေးခြင်းကိစ္စပြီးဆုံးပြီးနောက် ကောင်းကင်မိုးကြိုးရင်ပြင်သို့ တစ်ဖန်ရောက်ရှိချိန်တွင် ပြိင်ပွဲကွင်းပြင်တွင် တပည့် အများပြား စုရုံးနေကြပြီး တိုက်ပွဲ စတင်တော့မည်ဖြစ်သည်။
ယနေ့ပြိုင်ပွဲ၏အခြေအနေသည် ယခင်ကနှင့်အတူတူပင်။ လူရှင်းထုတ်ခြင်းစနစ်ကို ကျင့်သုံးနေဆဲဖြစ်ပြီး နှစ်ယောက်ယှဥ်ပြိုင်တိုက်ပွဲများ ပြုလုပ်ခဲ့သည်။
ပြိုင်ဘက်ကိုလည်း မဲနှိုက်ပြီး ဆုံးဖြတ်ခဲ့သည်။
မဲခွဲမှုရလဒ်များမှာ- ဘိုင်ချီဟန် နှင့် ချိုင်ကျင်း၊ ကျိုးယုနှင့် မုဖန်း ၊ ကျန်းရွန်ရှင်း နှင့် ချောင်ရွှန်းဂျန် ၊ ကျန်းတိုင်နှင့် လျူရှီယူ ၊ လင်းယွင် နှင့် ရှီကန်ဟိုင်တို့ဖြစ်သည်။
ပရိသတ်များအတွက်တော့ ပထမနှစ်ပွဲက လုံးဝစိတ်၀င်စားစရာမကောင်းပေ။ ရလာဒ်သည် အလွန်သိသာထင်ရှားလှပြီး အမှန်တကယ်တော့ ယှဉ်ပြိုင်စရာပင် မလိုချေ။
သူ၏ပြိုင်ဘက်မှာ ဘိုင်ချီဟန် ဖြစ်ကြောင်းသိပြီးနောက် ချိုင်ကျင်းသည် သက်ပြင်း ချကာ ရှုံးနိမ့်ကြောင်း ချက်ချင်းဝန်ခံသွားခဲ့သည်။
သူသည် ထိပ်တန်းဆယ်ယောက်တွင် အဆင့်ကိုးတွင်ရှိသောကြောင့် သူသည် ဘိုင်ချီဟန်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ ဤဘိုင်ချီဟန်ကို တိုက်ခိုက်စရာပင်မလိုအပ်ဘဲ ရှုံးနိမ့်ရခြင်းမှာ အရှက်တကွဲဖြစ်ခြင်း မဟုတ်ကြောင်းတော့ ဝန်ခံရပါလိမ့်မည်။
မုဖန်းသည် ကျိုးယုကို ရှုံးနိမ့်ကြောင်း ဝန်ခံခြင်း မရှိသော်လည်း ရှုံးနိမ့်ခြင်းကို ဝန်ခံခြင်းနှင့်ထူးမခြားပေ။ မုဖန်းသည် ကျိုးယု၏ လက်သီးတချက်ဖြင့် ချက်ချင်းပင် ရှုံးနိမ့်သွားသည်။
သို့ပေမယ့် တတိယပွဲကတော့ မြန်မြန်ဆန်ဆန်ဖြင့် ပြီးဆုံးမည့်ပုံမပေါ်ပါဘူး။ ကျန်းရွန်ရှင်းနှင့် ချောင်ရွှန်းဂျန်တို့ ပေါ်လာသောအခါ ပရိသတ်အားလုံး ရွှင်မြူးသွား ကြသည်။
ချောင်ရွှန်းဂျန်၏ ကျန်းရွန်ရှင်းနောက်လိုက်ခြင်းသည် မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင် လူတိုင်းသိသည့်အရာဖြစ်သည်။ ဂိုဏ်းထဲရှိလူတိုင်းက သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် အတူတူပေါင်းစည်းသွားကြမည်ဟု ယုံကြည်ထားကြသည်။
သို့သော် ချင်ယွင်၏ပေါ်ထွက်လာမူက အရာအားလုံးကို လုံးဝပြောင်းလဲသွား စေခဲ့သည်။ လင်းယွင်သည် ကျန်းရွန်ရှင်းကို လျှပ်စီးလို အမြန်နှုန်းဖြင့် ဆွဲယူသွား ရုံသာမက ချောင်ရွှန်းဂျန်ကိုလည်း အနိုင်ယူသွားခဲ့သည်။ ယင်းက ချောင်ရွှန်းဂျန် အတွက် လူတိုင်း ဝမ်းနည်းကြရသည့်အရာ ဖြစ်သည်။
သို့သော် ယခု ချောင်ရွှန်းဂျန် နှင့် ကျန်းရွန်ရှင်းတို့ တိုက်ခိုက်ကြသည့်အခါ မည်သည့် မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။
ကျန်းရွန်ရှင်းသည် အပြစ်ရှိသောကြောင့် ထိုပွဲတိုက်ပွဲကို စိတ်လိုလက်ရ စွန့်လွှတ်မည်လား။
အားလုံးက အသက်ရှုမွန်းကြပ်ပြီး ပြိုင်ပွဲကွင်းပြင်ပေါ်မှာ ရပ်နေသော လူနှစ်ယောက် ကို တိတ်တဆိတ် ကြည့်နေကြသည်။
ကျန်းရွန်ရှင်း နှင့် ချောင်ရွှန်းဂျန်တို့သည် မျက်နှာချင်းဆိုင်ကာ ဆန့်ကျင်ဘက် အရပ်တွင် ရပ်နေလေသည်။ သူတို့နှစ်ယောက်၏ယခု အခြေနေသည် လူတိုင်း စိတ်ကူးထားသော အနေရခက်ပြီး ကသိကအောက်ဖြစ်သည့် အရှင်နေမျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပြင်းထန်သောသတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အတိအကျပြောရလျှင် ကျန်းရွန်ရှင်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒများ
ပြည့်နှက်နေခြင်းဖြစ်သည်။
ချောင်ရွှန်းဂျန်သည် ကျန်းရွန်ရှင်း၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများ ပြည့်နှက်နေသည်ကို သဘာဝအတိုင်း ခံစားလိုက်ရသည်။ သူ၏နှလုံးသားသည် အလွန်အမင်းညှိုးငယ်သွားမိသည်။ သူက ရှိုက်ကြီးတငင် ပြုံးပြီးမေးသည် "မင်း သူ့အတွက် ဒီလိုလုပ်ပေးတာ တကယ်ရော ထိုက်တန်ရဲ့လား"
"ဒါက ထိုက်တန်ပါတယ်။ သူက ငါ့ယောက်ျားပဲလေ။ မင်း သူ့ကိုသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ပြီးကတည်းက ငါတို့ နှစ်ယောက်ကြားမှာ ဘာဆက်စပ်မှုမှ မရှိတော့ဘူး။ သူက ငါ့ခံစားချက်တွေကိုဂရုစိုက်ပြီး နင့်ကိုပြင်းပြင်း ထန်ထန် မတိုက်ခိုက်ပေမယ့် ငါကတော့ လျစ်လျူရှုမထားနိုင်ဘူး၊ ငါက သူ့အတွက် တရားမျှတမှုကိုပြန်ရှာရမယ်။ ငါ နင့်အပေါ်ပေးဆပ်ရမည့်အကြွေးအတွက်တော့ ငါ့ရဲ့နောက်ဘဝကျမှဘဲ ပြန်ဆပ်နိုင်တော့မယ်!" ကျန်းရွန်ရှင်း၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး သူမ၏မျက်လုံးများသည် အေးစက်နေခဲ့သည်။
ချောင်ရွှန်းဂျန်သည် သနားစဖွယ် ပြုံးလိုက်ပြီး နောက် သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်လာသည်။ သူက ရူးသွပ်စွာ ပြောလိုက်၏ "နောက်ဘဝမှာ ပြန်ပေးဆပ်မယ်၊ ဟုတ်လား။ မင်းက နောက်ဘဝကျမှ ငါကိုပြန်ပေးဆပ်မယ်ပေါ့။ ကောင်းလိုက်တာ။ လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း မင်းအတွက် ငါအများကြီး ပေးဆပ်ခဲ့ပြီးပြီ၊ မင်းပြန်ပေးဆပ်မှာက နောက်ဘဝကျမှလား?"
ကျန်းရွန်ရှင်း၏အမူအရာက လုံးဝပြောင်းလဲသွားမရှိ သူမ၏မျက်လုံးများသည် အေးစက်နေဆဲဖြစ်သည်။
"ကောင်းတယ်၊ ကောင်းတယ်!" ချောင်ရွှန်းဂျန် သည် စိတ်လှုပ်ရှားမှုကြောင့် ရှုံ့မဲ့နေသော သူ၏မျက်နှာကို ဖယ်ရှားလိုက်ပြီး ရေခဲတမျှအေးစက်သည့် လေသံဖြင့် ပြောလိုက်သည် "မင်း သူအတွက် လက်စားချေမှာ မဟုတ်ဘူးလား၊ လာ၊ လာခဲ့ပါ!"
"ကောင်းပြီ!" ကျန်းရွန်ရှင်းက အေးစက်စွာ ပြန်ဖြေလိုက်ပြီး သူမလက်ထဲရှိဓားဟာ လှပသော အပြာရောင်အလင်းတန်းတစ်ခုဖြင့် တောက်ပလာတော့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချောင်ရွှန်းဂျန် ၏နှလုံးသားသည် လုံးဝအေးစက်သွားခဲ့
သည်။ သူ၏လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်း ပေါ်လာသည်။ လျှပ်စီးများက သူ၏ ပတ်ဝန်းကျင်မှာ တဖျပ်ဖျပ်ခတ်လာပြီး လေထုက ချက်ချင်း တင်းမာလာသည်။
ကြည့်ရှုနေသူပရိသတ်များလည်း အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အဘယ်ကြောင့် ယခုလိုဖြစ်လာရသည်ဆိုသည်ကို သူတို့နားမ လည်ပေ။ အကယ်၍ သူတို့နှစ်ယောက်သည် ချစ်သူများ ဖြစ်မလာနိုင်ကြဘူးဆိုလျှင် ရန်သူများဖြစ်လာကြမှာလား။
ချင်ယွင်သည် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်ရင်း ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ၏မျက်နှာပေါ်မှာ အပြောင်းအလဲမရှိသော်လည်း သူ၏နှလုံးသား သည် အလွန်ထိခိုက်ခံစားသွားရသည်။
"ကျန်းရွန်ရှင်း၊ မင်းက တကယ့်ကို ချစ်ဖို့ကောင်းတဲ့ မိန်းမပဲ!" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။