ကျန်းရွန်ရှင်းနှင့် ချောင်ရွှန်းဂျန်
Vol. 9 Ch. 129
အခန်း (၁၂၉ ) ကျန်းရွန်ရှင်းနှင့် ချောင်ရွှန်းဂျန်။
တခဏအတွင်းမှာပင်၊ လက်နက်နှစ်ခု၏ ထိပ်တိုက်ဆုံမိသည့်အသံများ ထွက်လာ သည်။ ဝိညာဉ်စွမ်းအင်အတက်အကျနှစ်ခုသည် ထိပ် တိုက်ဆုံမိပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်အတက်အကျများသည် ပတ်ဝန်းကျင်ဆီသို့ လှိုင်းတံလုံးများ ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ပုံရိပ်နှစ်ခုသည် ပြိုင်ပွဲကွင်းပြင်အနှံ့ လျင်မြန်စွာ ရွေ့လျားကာ လှုပ်ရှားနေကြသည်။ ပုံရိပ်နှစ်ခု ထိပ်တိုက်တွေဆုံမိတိုင်း ဓားအလင်းများက ရောယှက်သွားပြီး ဓားပုံရိပ်များသည် ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့သည်။
ဓားသိုင်းပညာရပ်တွင် ကျန်းရွန်ရှင်းနှင့် ချောင်ရွှန်းဂျန်တို့၏ အောင်မြင်မှုများသည် သာမန် လက်ရွေးစင် တပည့်များ လက်လှမ်းမမီနိုင်သည့်အရာဟု ဆိုရပေမည်။
ကျန်းရွန်ရှင်း၏ဓားသည် ထိတ်လန့်တုန်လှုပ်ကောင်းလောက်အောင် ပေါ့ပါးပြီး အံဝင်ခွင်ကျဖြစ်ကာ သူမ၏လှုပ်ရှားမှုများသည် တိမ်တိုက်များနှင့်အတူကခုန်ပြီး စီးမျောနေသကဲ့သို့ ဖြစ်နေသည်။
တစ်ဖက်တွင် ချောင်ရွှန်းဂျန်၏ဓားသည် လွှမ်းမိုးချုပ်ကိုင်ပြီး အာဏာရှင်ဆန်သည့် အပေါ် အခြေခံထားသည် ။ ခုတ်ပိုင်းမူ ခုတ်ထစ်မှုတိုင်းတွင် အလွန်တရာ ရက်စက် ကြမ်းကြုတ်သောစွမ်းအားများ ပါရှိသည်။ သူ၏ဓားကို တောင်ပေါ်မှ ခွန်အား အပြည့်ဖြင့် အတင်းဆွဲထုတ်ပြီး ဂျင်တစ်ထောင်လေးလံသည့်အလား ခုတ်ပိုင်းခြင်း ဖြစ်၏။
ကျန်းရွန်ရှင်း၏ လိုက်လျောညီထွေဖြစ်နေသောဓားသိုင်းကြောင့်သာ မဟုတ်ပါက၊ ချောင်ရွှန်းဂျန်၏ ဓားဖြင့် တိုက်ခိုက်ခြင်း ခံရသည်မှာ ကြာခဲ့ပါပြီ။
ချင်ယွင်သည် ဓားများကိုအသုံးပြုရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ဓားများ၏ လက္ခဏာများနှင့် ချို့ယွင်းချက်များကို အကြည့်တချက်ဖြင့်ပင် သဘာဝကျကျ ပြောပြနိုင်သည်။
ဓားတာအိုလမ်းစဥ်သည် မူလကတည်းက ရှင်းရှင်း လင်းလင်းပြောပြလို့ရသည့် နယ်ပယ်မရှိပေ။ လေ့ကျင့်မူသည် ပြီးပြည့်စုံမူကိုစေ သည်။ လူနှင့်ဓားပေါင်းစပ်မူနှင့် ဓားသိုင်းပညာရပ်ကို နားလည်သဘောပေါက်မှုများသည် ဓားသိုင်းပညာရပ်၏ အတိုင်းအတာပမာဏကို ဖော်ပြချက်များသာဖြစ်သည်။ ဒါ့အပြင် ရှင်းရှင်းလင်းလင်း ခွဲခြားထားခြင်းရှိသော်ခဲ့လည်း မည်သူမျှ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာပင်၊ လက်ထဲမှာ ဓားကိုင်ထားသည့် ချင်ယွင်နှင့် လက်ထဲမှာ ဓားမရှိသည့် ချင်ယွင်တို့ကြားမှာ လုံးဝကွဲပြားမူကြီး ရှိနေခဲ့၏။ သာမန်ဓားသိုင်း ပညာရပ်တခုသည် ချင်ယွင်၏လက်ထဲတွင်ရှိနေလျှင်ပင်၊ ၎င်းကို အံ့ဖွယ်ဓားသိုင်း ပညာရပ်အဖြစ်သို့ ပြောင်းလဲနိုင်ဆဲဖြစ်သည်။ ယင်းက ဓားခံစားချက်ဖြစ်သည်။ ဤသည်မှာ အတော်ကြာအောင်ဓားနှင့်ထိတွေ့နေသည့် အချိန်ရောက်မှသာ ရောက်ရှိနိုင်သော နယ်ပယ်တစ်ခု ဖြစ်သည်။
ဓားဆန္ဒအတွက်ကား၊ ၎င်းသည် တစ်နှစ်ပတ်လုံး ဓားကိုထိတွေ့ခြင်းဖြင့် လေ့ကျင့်ထားသော အငွေ့အသက်ဖြစ်သည်။ လူတိုင်း၏ ဓားဆန္ဒများသည် မတူညီနိုင်ကြပေ။ အချို့က လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိပြီး စိတ်ဓာတ်ခိုင်မာ ပြတ်သားကာ၊ အချို့က ရက်စက်ကြမ်းကြုတ်သည်၊ အချို့ကတော့ ကြော့ရှင်းလှပပြီး စိတ်လက်ပေါ့ပါး ကြသည်။
ချင်ယွင်ပိုင်ဆိုင်ထားသော ဓားဆန္ဒမှာ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းရှိသော အငွေ့အသက် ဖြစ်သည်။ ချင်နင်းမြို့မှာတုန်းက ချင်ယွင်သည် သူ၏ဓားဆန္ဒကို တစ်ကြိမ် အသုံးပြုခဲ့ဖူးသည်။ ဓားဆန္ဒသည် ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့ပြီးတော့ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါလှုပ်ရှားစေခဲ့သည်။ တစ်ချက်ခုတ်ပိုင်းရုံဖြင့် အရာအားလုံး ပျက်သုဉ်းသွားရလိမ့်သည်။
ကျန်းရွန်ရှင်းနှင့် ချောင်ရွှန်းဂျန်တို့၏ ဓားသိုင်းပညာရပ်များသည် မဆိုးသော်လည်း သူတို့၏ဓားဆန္ဒ မွေးဖွားသည့်အဆင့်ကိုရောက်ရန် အဝေးကြီးလိုနေပါသေးသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့၏ဓားတစ်ချောင်းစီမှ လျှို့ဝှက်ဆန်းကြယ်မှုများကို အကြည့်တစ်ချက်ဖြင့်ပင် သိနိုင်၏။
ချွင်!
ကျန်းရွန်ရှင်း၏ရုပ်အသွင်ပြင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချောင်ရွှန်းဂျန် ၏လည်ပင်းကို တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ချောင်ရွှန်းဂျန်သည် ဤထူးဆန်းပြီး စဉ်းလဲကောက်ကျစ်ဓားကို တားဆီးရန် ကန့်လန့်ဖြတ်ကိုပုံစံ ခုခံလိုက်သည်။
ကျန်းရွန်ရှင်းသည် အေးစက်စွာ ဟစ်အော်လိုက်သည်။ ရုတ်တရက် သူမလက်ထဲတွင်
အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူမ၏လက်ထဲတွင် အပြာရောင် ရေခဲဓားတစ်ချောင်း မွေးဖွားလာခဲ့သည်။ သူမသည် ချောင်ရွှန်းဂျန်ဆီသို့ အကြင်နာမဲ့စွာ ခုတ်ပိုင်းလိုက်ပြန်သည်။
ချောင်ရွှန်းဂျန်သည် ထက်ရှက်သော ဓားခုတ်ပိုင်းချက်ကို ရှောင်ရှားကာ အမြန်နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သို့သော်လည်း ကျန်းရွန်ရှင်း၏ဓားသည် သူ၏ခါးကို ထိမှန်သွားဆဲဖြစ်ပြီး သွေးများထွက်နေသည့် ဆယ်လက်မရှည်သော ဒဏ်ရာတစ်ခု နောက်တွင် ကျန်ရစ်ခဲ့သည်။
ကျန်းရွန်ရှင်းသည် သူမလက်ထဲတွင် ဓားနှစ်ချောင်းကိုကိုင်ကာ ရပ်လိုက်ပြီး ချောင်ရွှန်းဂျန်နောက်ကို ချက်ခြင်း မလိုက်သွားခဲ့ပေ။ သူမ၏ အနက်ရောင် ဆံပင်များသည် တဖျပ်ဖျပ်လွင့်သွားကာ သူမ၏လှပသောမျက်နှာသည်
ဤအခိုက်အတန့်တွင် အဆမတန်ကြီးမားလာပြီး လူတိုင်းကို ပြင်းထန်သော အမြင်အာရုံမြင်ကွင်းကို ပေးစွမ်းနေသည်။
"ဓားနှစ်ချောင်းလား?" မိုးကြိုးရင်ပြင်အတွင်းရှိလူတိုင်းသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်မိကြသည်။
ကျန်းရွန်ရှင်း၏ ဓားသိုင်းပညာရပ်သည် မဆိုးဘူးဟု အားလုံးသိကြထားသော်လည်း ကျန်းရွန်ရှင်းသည် အမှန်တကယ်တော့ ဓားနှစ်ချောင်းသုံးသည့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည်ကို ဘယ်တုန်းကမှ သူတို့မသိခဲ့ကြပါဘူး။ ၎င်းသည် ကျန်းရွန်ရှင်း၏ ဖုံးကွယ်ထားသောဝှက်ဖဲ ဖြစ်သင့်ပုံရသည်။
ကျန်းရွန်ရှင်းသည် ချောင်ရွှန်းဂျန်ကို အနိုင်ယူရန်အတွက် သူ၏ဝှက်ဖဲကို တိုက်ရိုက် အသုံးပြုလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ချောင်ရွှန်းဂျန်၏ မျက်နှာသည်လည်း ဖြူဖတ်ဖြူဖျော့ ဖြစ်နေ၏။ သူ၏ခါးမှ ဒဏ်ရာသည် ကြီးကြီးမားမားမဟုတ်သော်လည်း အအေးဓာတ်စွမ်းအင်က သူ့ကို ပြောမပြနိုင်လောက်အောင် ခံစားရစေသည်။ ဟုတ်ပါသည်။ ယခုအချိန်တွင် သူ၏နှလုံးသားကို အအေးဆုံးဖြစ်အောင်လုပ်ခဲ့သည့်အရာကတော့ ကျန်းရွန်ရှင်း၏ ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေသောအေးစက်စက် အကြည့်များဖြစ်ပေသည်။ ယင်းအကြည့်များသည် သူ၏အရိုးများကို ဖောက်ဝင်သွားသည့်အထိ အေးစက်နေခဲ့၏။
ချောင်ရွှန်းဂျန်သည် အအေးဓာတ်ကို တွန်းလှန်ရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ သူ၏ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျန်းရွန်ရှင်းကိုကြည့်ပြီး တုန်တုန်ယင်ယင်အသံဖြင့် ပြောသည် "မင်းတကယ်ပဲ ငါ့ရန်သူ ဖြစ်ချင်တာလား"
ကျန်းရွန်ရှင်း ၏အမူအရာက အေးစက်နေပြီး ဘာမှမထူးခြားသလို ပြန်ဖြေခြင်းလည်းမရှိပေ။ ယင်းအစား၊ သူမသည် ချောင်ရွှန်းဂျန်အား ဓားဖြင့် ချိန်ရွယ်သည့် အမူအရာတစ်ခုသာ ပြုလုပ်ပြခဲ့သည်။
ချောင်ရွှန်းဂျန်၏ မျက်နှာသည် ဖုံးကွယ်၍ပင်မရသော ဝမ်းနည်းပူဆွေးမှု အရိပ် အယောင်ကို ချက်ချင်း ဖော်ထုတ်လိုက်သည်။ ပြိုင်ဘက်ကို ဓားဖြင့်ချိန်ရွယ်ခြင်းသည် ဓားလမ်းစဉ်၌ တိုက်ခိုက်ရန်အတွက် သူမ၏ စိတ်ပိုင်းဖြတ်ချက်ကို ပြသသည့် နည်းလမ်းဖြစ်သည်။ သူမသည် ပြိုင်ဘက်ကို မရှုံးမချင်း အလွှတ်ပေးမှာမဟုတ်ပါဘူး။ ကျန်းရွန်ရှင်းသည် ဤမျှ နှလုံးသားကင်းမဲ့လိမ့်မည်ဟု ချောင်ရွှန်းဂျန် မထင်ခဲ့ပေ။
"ကောင်းပြီလေ၊ မင်းက တိုက်ချင်နေမှတော့ ငါတိုက်ခိုက်ပေးမယ်!" ချောင်ရွှန်းဂျန် သည် ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏ အငွေ့အသက်များက ထိန်းမနိုင် သိမ်းမရဖြစ်ကာ ချက်ခြင်းထွက်ပေါ်လာသည်။ ခရမ်းရောင် လျှပ်စီးကြောင်းများက အဆက်မပြတ် လင်းလက် တောက်ပနေသော လျှပ်စီးမြွေများပမာ သူ့ကို ဝိုင်းရံထားကြသည်။ သူ၏ ၀တ်ရုံများသည် လေတိုက်ခြင်းမရှိဘဲ အလိုအလျောက် လှုပ်ခါ ရွေ့လျားနေသည်။
ကျန်းရွန်ရှင်းသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ ဓားနှစ်ချောင်းကို စက်ဝိုင်းပုံသဏ္ဍာန်ဆွဲလိုက်ပြီး အဖြူရောင်မြူနှင်းများက သူမပတ်ဝန်းကျင်တွင်ရှိ လေထုထဲတွင် ပြည့်နေသည်။
ဝှီး!
ချောင်ရွှန်းဂျန်၏ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ကျန်းရွန်ရှင်းဆီ အပြေးအလွှား ပြေးလာသည်။ သူသည် ကျန်းရွန်ရှင်းဆီသို့ ပြေးဝင်လာစဉ် သူ၏လက်ထဲရှိ ပြင်းထန်သောလျှပ်စီးလုံးများကို သယ်ဆောင်လာသောဓားဖြင့် သူမကို တိုက်ရိုက် ခုတ်ပိုင်းလိုက်၏
ကျန်းရွန်ရှင်း၏ အအေးနှလုံးသားဓားသည် လျင်မြန်စွာလှုပ်ရှားလာပြီး ကာကွယ် တားစီးလိုက်၏။ သူမသည် ချောင်ရွှန်းဂျန်၏ဓားကိုတိုက်ရိုက်ခုတ်ပိုင်းမိပြီး သူ၏ ဓားသည် ပြန်ကန်ထွက်သွားသည်။ တစ်ချိန်တည်းမှာပဲ, သူမှလက်ထဲရှိ နောက်ထပ် ဓားတစ်ချောင်းက ထူးဆန်းသောပုံစံဖြင့် ချောင်ရွှန်းဂျန်၏ အရေးကြီးသည့် သေကွက်သေကွက်နေရာကို ခုတ်ပိုင်းချလိုက်၏။
ချောင်ရွှန်းဂျန်သည် ထိတ်လန့်သွားပြီး ကျန်းရွန်ရှင်းထံမှ ဤတိုက်ခိုက်မှုကို တားဆီးရန် သူ၏ဓားကို ချက်ချင်းရုတ်သိမ်းလိုက်ရသည်။
သို့သော် ကျန်းရွန်ရှင်း၏လက်ထဲတွင်ရှိသောဓားသည် အဆုံးမရှိပေ။ ဓားတစ်ချောင်း ပြီးတစ်ချောင်း ဆက်တိုက်ဆိုသလို ပစ်ဝင်လာနေပြီး ဓားတစ်ချောင်းစီသည် သွက်လက်ပြေပြစ်ပြီး လိမ္မာပါးနပ်လှသည်။ ထို့အပြင်၊ ဓားစွမ်းအင်တွင်ပါရှိသော အအေးဓာတ်က ချောင်ရွှန်းဂျန်ကို စကားလုံးဖြင့် ပြောရက်စရာမရှိအောင်ပင် သနားစရာကောင်းနေပြီး သေလုမျှော်ပါး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေသည်။
ဤသည်မှာ ဓားနှစ်ချောင်း၏ ကြောက်စရာကောင်းသော အသွင်အပြင်ဖြစ်သည်။ ဓားနှစ်ချောင်းသည် တစ်ချောင်းနှင့်တစ်ချောင်း အာရုံ ပြောင်းကာ သဟဇာတဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့်၊ ယင်းက တစ်နှင့်တစ်ပေါင်းခြင်း နှစ်ဖြစ်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ တစ်နှင့်တစ် ပေါင်းခြင်း သုံးဖြစ်လာခဲ့သည်။ ထို့ကြောင့် ချောင်ရွှန်းဂျန်၏ ဓားပညာသည် မည်မျှပင်လွှမ်းမိုးနိုင်စွမ်းရှိပါစေ၊ သူ၏ လျှပ်စီးကြောင်းသည် မည်မျှပင် ကြောက်စရာကောင်းနေပါစေ ကျန်းရွန်ရှင်း၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"မိုးကြိုးနဂါး၊ ပင်လယ်ပြင်ထွက်!"
ချောင်ရွှန်းဂျန်သည် ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး
ချင်ယွင်နှင့် သူတိုက်ခိုက်စဥ်တုန်းက သူအသုံးပြုခဲ့သည့် အလားတူသိုင်းကွက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ဧရာမလျှပ်စီးနဂါးကြီးသည် ချက်ချင်းဟောက်ပြီး ကျန်းရွန်ရှင်းဆီသို့ ခုန်ဆင်းသွား သည်။
ကျန်းရွန်ရှင်း၏ နှလုံးသားသည် ကြောက်ရွံ့မှုမရှိဘဲ၊ သူမသည် ညင်သာစွာ အော်ပြော လိုက်သည် "ကီလိုမီတာတစ်သောင်း အေးခဲခြင်း!"
သူမ၏လက်ထဲရှိဓားကို ခုတ်ထစ်လိုက်သည်နှင့် ပတ်ဝန်းကျင်လေထုသည် အေးခဲသွားပုံရသည်။ ကျန်းရွန်ရှင်း၏ ဓားအလင်းကြောင့် လျှပ်စီးနဂါးကြီးသည် ဖုန်မှုန့်သို့ တိုက်ရိုက်ကွဲသွားသည်။
"အရမ်းအစွမ်းထက်လွန်းတယ်!" မိုးကြိုးရင် ပြင်တဝိုက်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ယခင်က ကျန်းရွန်ရှင်းသည် ကျိုးယုကိုတိုက်ခိုက်သောအခါ၊ စွမ်းအင်ကွာခြားချက် ကြီးမားလွန်းသောကြောင့် ကျန်းရွန်ရှင်းသည်မည်မျှစွမ်းထွက်သည်ကို လူတိုင်းမခံစား နိုင်ပေ။ ယခုမူ ကျန်းရွန်ရှင်းသည် ချောင်ရွှန်းဂျန် ၏အရှိန်အဟုန်ကို အမှန်တကယ် ဖိနှိပ်ထားနိုင်နေ၏။ ချောင်ရွှန်းဂျန်ကမျ အရမ်းအားနည်းနေသလား။
ဒါမှမဟုတ် ကျန်းရွန်ရှင်းရဲ့နှလုံးသားကပဲ ပိုသန်မာလာတာလား။
ကျင့်ကြံမှုအဆင့်ပဲဖြစ်ဖြစ်၊ ဓားသိုင်းပညာရပ်ပဲဖြစ်ဖြစ်၊ သဘောတရား စွမ်းရည်ပဲ ဖြစ်ဖြစ်၊ သူမသည် အလွန်တိုးတက်နေပုံရသည်။
ယခုအချိန်တွင် ကျန်းရွန်ရှင်း၏ ရေစွမ်းရည်မြူနှင်းသဘောတရားသည် စတုတ္ထ အဆင့်နှင့် နီးကပ်နေပြီဖြစ်သောကြောင့် သူမသည် ချောင်ရွှန်းဂျန်၏တိုက်ခိုက်မှုကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
ချောင်ရွှန်းဂျန်သည်လည်း ယင်းကို သဘော ပေါက်ပုံရပြီး သူ၏အမူအရာက စိတ်ရှုပ်ထွေးနေပုံပေါ်၏။
ကျန်းရွန်ရှင်း၏ပုံရိပ်သည် ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့ပြီး ချောင်ရွှန်းဂျန်ရှေ့မှာ တစ်ဖန်ပြန်ပေါ်လာပြီး အေးစက်သောရေခဲ ဓားက ချောင်ရွှန်းဂျန်၏လည်ပင်းပေါ်တွင် တင်ထားပြီးဖြစ်သည်။
"နင် ရှုံးသွားပြီ!" ကျန်းရွန်ရှင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် သူမသည် ဓားကို ပြန်ရုတ်သိမ်းပြီး အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ထွက်သွားလေသည်။
ချောင်ရွှန်းဂျန်၏အမူအရာက မလိုလားသည့်ဆန္ဒတစ်စုံတစ်ရာမှ မပြခဲ့ပေ။ ယင်းအစား သူသည် စိတ်သက်သာရာ ရသွားသည်။ထို့နောက် သူသည် ဆုံးဖြတ်ချက်ပြတ်သားသော ပုံရိပ်ကိုကြည့်ကာ "မင်း သူ့အတွက် ဒီလိုလုပ်ပေးရတာ တကယ်ထိုက်တန်ရဲ့လား" ဟု မေးလိုက်သည်။
ကျန်းရွန်ရှင်းက ရပ်ပြီး ပြုံးလိုက်သည်။ "နင် ဒီမေးခွန်းကို မေးပြီးသာပါ။ ငါ မဖြေချင်တော့ဘူး။ အခု သူ့ရင်ခွင်ထဲကို ပြန်သွားချင်နေပြီ"
ထိုစကားကိုပြောပြီးနောက် ကျန်းရွန်ရှင်း၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး နောက်ပြန်လှည့်မကြည့်ဘဲ အထူးတန်းစင်မြင့်ဆီသို့ ပျံသန်း သွားခဲ့သည်။ ထို့နောက်၊ လူပေါင်းများစွာ၏ မနာလိုမူအကြည့်အောင်တွင် တစ်စုံ တစ်ယောက်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့၏။