ကောင်းကင်ဘုံ ကိုးဆင့် လောင်ကျွမ်းခြင်း ဓား။
Vol. 9 Ch. 130
အခန်း (၁၃၀) ကောင်းကင်ဘုံ ကိုးဆင့် လောင်ကျွမ်းခြင်း ဓား။
ကျန်းရွန်ရှင်း၏လုပ်ရပ်များသည် ကောင်းကင်မိုးကြိုးရင်ပြင်ရှိ လူ့တိရိစ္ဆာန်အားလုံးကို မနာလိုစိတ်ဖြင့် မျက်လုံးများနီရဲသွားစေရန် ရည်ရွယ်ချက်တော့မရှိပေ။ ချင်ယွင်သည် လည်း ဤကိစ္စအတွက် အလွန်အားကိုးရာမဲ့နေခဲ့သည်။
သို့သော်လည်း ပြိုင်ပွဲဝင်များသည် လာမည့်ပွဲစဉ်အတွက် ပြိုင်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်လာသောကြောင့် ပွဲကြည့်ပရိသတ်များ၏ အာရုံစူးစိုက်မှုသည် ပြိုင်ပွဲ ကွင်းပြင်အတွင်းသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့သည်။
စတုတ္ထမြောက်ပွဲကတော့ ကျန်းတိုင်နဲ့ လျူရှီယူ တို့၏ တိုက်ပွဲဖြစ်သည်။
ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ဆယ့်ရှစ်နှစ်သို့မဟုတ် ဆယ့်ကိုးနှစ်ဝန်းကျင်ရှိ လူငယ်နှစ်ဦး သည် ဖြည်းညှင်းစွာ လျှောက်လာကြသည်။ နှစ်ယောက်စလုံးသည် ခရမ်းရောင် ၀တ်စုံများ ၀တ်ထားကြသည်။ သူတို့သည် အလွန်ရဲရင့်သော ပုံစံပေါက်နေ သောကြောင့် ပရိသတ်များ၏ အော်ဟစ်အားပေးမှုကို ရရှိစေခဲ့သည်။
လျူရှီယူသည် သူ၏နာမည်အတိုင်းပင်ဖြစ်ပြီး သူ၏ရုပ်ရည်အသွင်အပြင်က အလွန် ချောမောသည်။ ဤရုပ်ရည်တစ်ခုတည်းဖြင့်ပင် သူ့ကို အမျိုးသမီးပရိသတ်များ၏ အားပေးမှုကို အများအပြားရရှိစေခဲ့သည်။ သို့သော် ဤလူသည် အလွန်မာနကြီးပြီး လူတိုင်းကို အထင်သေး၏။
တိုင်ယွန်တောင်တန်းမှာတုန်းက သူသည် ချင်ယွင်ကို အမြဲတမ်း အထင်သေးနေခဲ့ သည်။ နောက်ပိုင်းတွင် ချင်ယွင်သည် လင်းဖန်ကို အနိုင်ယူခဲ့ပြီး ယင်းက ချင်ယွင်နှင့်ပတ်သက်ပြီး လျူရှီယူကို အနည်းငယ်ကွဲပြားသွားစေခဲ့သည်။ သို့သော် ချင်ယွင်သည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သူဖြစ်သောကြောင့် လျူရှီယူသည် ချင်ယွင် ကို နှလုံးသားအောက်ခြေမှ အထင်သေးနေဆဲ ဖြစ်သည်။
လျူရှီယူသည် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူလည်းဖြစ်သည်။ သူသည် ရှီကန်ဟိုင်ပြီးလျှင် မိုးကြိုး၀ိညာဥ်အဆင့် သတ်မှတ်ချက်တွင် အမြဲတန်း ပဉ္စမအဆင့်ရှိခဲ့သူဖြစ်သည်။ သူသည် ဓားရှည်များကို ကောင်းကောင်းအသုံးချနိုင်စွမ်းရှိသူဖြစ်သည်။
သူသည် အဆင့်မြင့်အဆင့် အလယ်အလတ်တန်းစား သိုင်းပညာရပ်ဖြစ်သည့် အလွန် အစွမ်းထက်သော ကောင်းကင်လောင်ကျွမ်းဓားသိုင်းကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူများပင်လျှင် ၎င်းဓားသိုင်း ၏ ထက်ရှမှုကို ရှောင်ရှားရမည်ဖြစ်သည်။ ထိုကြောင့် သူသည် ကျိုးယုနှင့်ဘိုင်ချီဟန်တို့ ကို တိုက်ခိုက်နိုင်သည်ြ စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
သူ၏ပြိုင်ဘက်ဖြစ်သူ ကျန်းတိုင်သည် လျူရှီယူလောက် ချောမောခန့်ညားခြင်း မရှိသော်လည်း သူသည် အလွန်ချောမောသည့် တပည့်တစ်ယောက် ဖြစ်နေပါသေးသည်။ အရေးကြီးဆုံးက ဤလူသည် အသက် ဆယ့်ရှစ်နှစ်သာရှိသေး သော်လည်း သူ၏အငွေ့အသက်က အလွန်တည်ငြိမ်လွန်း၏။ သူသည် အဆင်ခြင် ကင်းမဲ့ပြီး ကမူးရှူးထိုး ပြုလုပ်တတ်သူ ဟုတ်ပုံမပေါ်။ ဤအချက်တစ်ခုတည်းကပင် သူသည် လျူရှီယူထက် များစွာသာလွန်ခသည်။
မူလက သူသည် ထိပ်ဆုံးအဆင့်သုံးဆယ်တွင် အဆင့်သတ်မှတ်ခံထားရသော သာမန် လက်ရွေးစင်တပည့်တစ်ဦးဖြစ်သည်။ တစ်ကြိမ်တည်းဖြင့် ထိပ်တန်းဆယ်ယောက်သို့
ဝင်ရောက်နိုင်ခြင်းကြောင့် လူအများကို အံ့အားသင့်စေခဲ့သည်။ အကယ်၍ သူသည်ပဉ္စမအဆင့်၌ရှိသော လျူရှီယူကို အနိုင်ယူခဲ့မည်ဆိုလျှင်ပင် မည်သူမျှ သူ့ကို ယုံမည်မဟုတ်ပေ။
ယခုအချိန်တွင် ကျန်းတိုင်၏ ကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ် သတ္တမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ ပထမအချက်အနေဖြင့် သူ၏ ကျင့်ကြံမှုအဆင့်သည် လျူရှီယူထက် အဆင့်တခု နိမ့်ကျနေဆဲ ဖြစ်သည်။ ထို့အပြင် လျူရှီယူ၏လက်ထဲတွင်ရှိသောဓားသည် သက်သတ်လွတ်သမားမဟုတ်သောကြောင့် ကျန်းတိုင်သည် ထိုနေရာတွင်ပင် ရပ်တန့်သွားမည်ဟု အားလုံးကထင်ထားကြသည်။
"ကျိုးယု၊ မင်း ဘယ်သူ အနိုင်ရမယ်လို့ထင်လဲ" အထူးတန်းစင်မြင့်ပေါ်တွင် ဘိုင်ချီဟန်သည် ပြိုင်ပွဲကွင်းပြင်ထဲသို့ လျှောက်သွားနေသည့် လူနှစ်ယောက်ကို ကြည့်ကာ သူ၏ဘေးနားရှိ ကျိုးယုကို အပြုံးဖြင့် ရုတ်တရက် မေးလိုက်သည်။
ကျိုးယု၏အမူအရာက အေးစက်နေသည်။ သူက ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ တုန့်ပြန်လိုက်၏ "ကျန်းတိုင်ရဲ့ဓားသိုင်းပညာက မဆိုးပေမယ့် လျူရှီယူကို အဝေးကနေ အနိုင်ယူဖို့တော့ ခက်ခဲနေပါသေးတယ်။ ငါ အရင်က လျူရှီယူနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူ့ရဲ့ ကောင်းကင်ဘုံလောင်ကျွမ်း ဓားသိုင်းပညာရပ်မှာ မီးစွမ်းရည်ရဲ့လောင်ကျွမ်းခြင်းသဘောတရား တတိယအဆင့် စွမ်းရည်ပါရှိတယ်။ ငါတောင် သူ့ကို အနိုင်ယူဖို့ ငါ့ရဲ့ စွမ်းအားအများစုကို အသုံးပြုခဲ့ရတယ်"
ဘိုင်ချီဟန်သည် ယင်းစကားကိုကြားပြီးနောက် သူက ထူးထူးခြားခြား ပြုံးပြီး
ပြန်မဖြေခဲ့ပေ။
ကျိုးယုသည် ဘိုင်ချီဟန်အပြုံး၏ အဓိပ္ပါယ်ကို နားမလည်သဖြင့် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။
တစ်ချိန်တည်းမှာပင်၊ ကျန်းရွန်ရှင်းနှင့်ချင်ယွင်တို့သည် မြောက်ဘက် အထူးတန်းစင် မြင့်တွင် တူညီသောပြဿနာကို ဆွေးနွေးနေခဲ့ကြသည်။
"ယောင်္ကျား၊ ဘယ်သူအနိုင်ရမယ်ထင်လဲ" ကျန်းရွန်ရှင်းက ချင်ယွင်၏ပခုံးကို မှီပြီး ပြုံးကာ မေးလိုက်သည်။
"ကျန်းတိုင်က ပိုဖြစ်နိုင်ချေရှိမယ်ထင်တယ်" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
"အယ်?" ကျန်းရွန်ရှင်းသည် သိသိသာသာ အံ့အားသင့်သွားသည်။ ရှင်းရှင်းပြောရလျှင်၊
ချင်ယွင်က ယခုလိုဖြေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ နှလုံးသားထဲ တွင် လျူရှီယူ၏အနိုင်ရနိုင်ခြေသည် ကျန်းတိုင်ထက်များစွာမြင့်မားသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏သံသယများကို ရှင်းရှင်းလင်းလင်းမြင်ပြီး "ကျန်းတိုင်မှာ သူ့ရဲ့ ဝှက်ဖဲရှိနေသေးတယ်လို့ ငါအမြဲခံစားရတယ်။ သူ သူရဲ့ ဆေဘာသိုင်းပညာရပ်ကို အသုံးပြုတဲ့အခါ ထူးဆန်းတဲ့ အပြောင်းအလဲကို ခံစားခဲ့ရတယ်။ အဲဒါကို ရည်ရွယ်ချက်မရှိဘဲ ထုတ်ဖော်ခဲ့တာ ဖြစ်သင့်တယ်။ ကျန်းတိုင်ဟာ လျှို့ဝှက်တဲ့ မြင်းနက်တစ်ကောင် ဖြစ်နိုင်ချေရှိတယ်!"
ကျန်းရွန်ရှင်းသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို ထုတ်ဖော် လိုက်သည်။ ချင်ယွင်သည် ကျန်းတိုင်ဟုခေါ်သော ဤလူနှင့်ပတ်သက်ပြီး အလွန်အမင်း တွေးတောနေလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် တခဏ အတွင်းမှာပင် သူမသည် ကျန်းတိုင်အကြောင်း သိချင်လာမိသည်။
ပြိုင်ပွဲကွင်းပြင်၏ လေထုသည်အဆက်မပြတ် မြင့်တက်နေသည်။ ပြိုင်ပွဲကွင်းပြင်ထဲရှိ လူနှစ်ဦးကြား တင်းမာမှုကို လူတိုင်းခံစားနိုင်သည်။
"ဟမ့်၊ မင်း ဒီကိုလာရဲလိမ့်မယ်လို့ ငါ မမျှော် လင့်ထားဘူး။ ဟိုးတချိန်တုန်းက မင်းရဲ့ ဓားကိုတိုက်ခိုက်တဲ့အတွက် လက်စားချေချင်လို့လား " လျူရှီယူသည် ပြိုင်ပွဲကွင်းပြင် ပေါ်တွင် ရပ်နေပြီး ကျန်းတိုင်ကို မောက်မာစွာ ကြည့်နေသည်။
ကျန်းတိုင်သည်လည်း သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့်အမူအရာရှိနေပြီး အေးစက်စွာ ပြန်ပြောလိုက်၏ " တစ်နေ့ ငါ မင်းရဲ့ရှေ့မှာ တဖန်ပြန်ရပ်တည်နိုင်ပြီး မင်းငါ့ကို ပေးခဲ့တဲ့ အရှက်တရားတွေကို မင်းဆီပြန်ပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ငါစတင်ကျင့်ကြံခဲ့တယ်။ ."
ထိုစကားကို ပရိသတ်များကြားသောအခါ၊ ကျန်းတိုင် နှင့် လျူရှီယူတို့ကြားတွင် နာကျည်းဖွယ်ရန်ငြိုးဟောင်းများ ရှိနေဆဲဖြစ်သည်ကို ချက်ချင်း နားလည်သွားခဲ့ ကြသည်။
"ဟမ့်၊ မင်းက ကောင်းကင်နဲ့ မြေကြီးကို မသိဘူးပဲ၊ မင်း ငါ့ကိုတိုက်ခိုက်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေလား" လျူရှီယူက အထင်သေးစွာ ရှုတ်ချပြောဆိုပြီး ကျန်းတိုင်ကို ငေးကြည့်ရင်း သရော်ဟန်ဖြင့် ပြည့်နှက်နေသည်။
ကျန်းတိုင်၏ အမူအရာက အေးစက်သွားသည်။ သူသည် လျူရှီယူ၏ စကားများကို ပြန်မဖြေတော့ဘဲ သူ၏တိုက်ပွဲရည်ရွယ်ချက်ကို ဖော်ပြရန် သူ၏ဆေဘာကို တိုက်ရိုက် ထုတ်လိုက်သည်။
ကျန်းတိုင်က သူ့ကို အမှန်တကယ် လျစ်လျူရှုသည်ကို မြင်လိုက်ရလျင် လျူရှီယူသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး အေးစက်စွာ ပြောလိုက်သည့် "ဟမ့်၊ ဟိုတုန်းက ငါ မင်းကို မြေပြင်ပေါ် ရိုက်ချလိုက်ပြီး မင်းကို ခွေးတစ်ကောင်လို အသက်ရှူရအောင် လုပ်နိုင်ခဲ့တယ်၊ ဒီနေ့လည်း ငါ မင်းကို ဒီလိုပဲလုပ်နိုင်တယ်"။
ထိုသို့ပြောပြီးနောက် အဋ္ဌမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်တွင်ရှိသည့် လျူရှီယူ၏အငွေ့အသက်က လုံးလုံးလျားလျား ထွက်ပေါ်လာ သည်။ သူ၏ လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး သူ၏တစ်ကိုယ်လုံးသည် အနီရောင်အလင်းတန်းအသွင်ပြောင်းလဲကာ ကျန်းတိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွား တော့သည်။
ကျန်းတိုင်သည် ကြောက်ရွံခြင်းမရှိဘဲ သူ၏ လက်ထဲရှိဆေဘာကို ဝှေ့ယမ်းကာ ဆီးကြိုနှုတ်ဆက်လိုက်သည်။
ချွန်!
ဆေဘာနှင့်ဓားရှည်တို့ ထိပ်တိုက်ဆုံမိရာဥက္ကာပျံနှစ်စင်း အချင်းချင်း တိုက်မိသွား သည့်အလား ခမ်းနားထည်ဝါသော ပေါက်ကွဲသံများက ပြိုင်ပွဲကွင်းပြင် တခုလုံး ပြန့်နှံ့သွားခဲ့၏။
ထိုနောက် သူတို့နှစ်ယောက်စလုံးသည် တိုက်ရိုက် တိုက်ခိုက်ကြပြန်၏။ လျူရှီယူ၏ ဓားချီသည် ပင်လယ်ထဲ ထွက်ပေါ်လာသောရေလွှမ်းမိုးနေသော နဂါးတစ်ကောင်ကဲ့သို့ ကန့်လန့်ဖြတ် တိုက်ခိုက်၏ ။ ဓားတစ်ချက်စီတွင် ပြင်းထန်သော စွမ်းအားများ ပါ၀င်ပြီး ကျန်းတိုင်ကို တိုက်ခိုက်သည်။
ကျန်းတိုင်သည်လည်း သူ့ထက်နိမ့်ကျခြင်းမရှိပေ။ သူ၏လက်ထဲတွင်ရှိဆေဘာသည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရေတစ်စက်မျှမစင်ဘဲ လျူရှီယူ၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့သည်။
သူတို့၏ တိုက်ခိုက်မှုနှင့် ခုခံမှုများကြောင့် ဓားချီနှင့်ဆေဘာချီတို့သည် အကြီးအကျယ် ပေါက်ကွဲ ပျက်စီးသွားခဲ့ပြီး ပြိုင်ပွဲကွင်းပြင်အပြင်ဘက်ရှိ ပရိသတ်များသည် မျက်စိများ ပင် ပြာဝေသွားကြ၏။။
ချွင်!
နောက်ထပ် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားပြီးနောက် သူတို့နှစ်ဦးသည် လျင်မြန်စွာ ခုန်ထွက်ပြီး တစ်ဖက်နှင့်တစ်ဖက် ရပ်တန့်နေခဲ့သည်။
"ဟမ့်၊ မင်းက ဘယ်လိုကာကွယ်ရမလဲ ဆိုတာပဲ သိတယ်မဟုတ်လား၊ ဒီတော့၊ မင်းငါ့တိုက်ကွက် ဘယ်နှစ်ကွက် ခုခံနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်!" လျူရှီယူက အေးစက်စွာ ဟစ်အော်လိုက်သည်။
လျူရှီယူ စကားဆုံးသောအခါ သူ၏လက်ထဲရှိ ဓားမှ မီးတောက်တစ်ခု ထွက်ပေါ် လာသည်။ ကြောက်စရာကောင်းသော မီးတောက်သည် အမှန်တကယ်ပင် အပြာရောင်ဖြစ်ပြီး အလွန်လှပသော်လည်း မီးတောက်မှ ထုတ်လွှတ်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများသည် လူတစ်ယောက်၏ နှလုံးသားကို တုန်ရင်စေသည်။
"လျူရှီယူက ကောင်းကင်ဘုံလောင်ကျွမ်း ဓားသိုင်းပညာရပ်ကို အသုံးပြုတော့ မှာလား။" တစ်စုံတစ်ယောက်သည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။
ဤအံ့အားသင့်စရာ အော်ဟစ်သံနှင့်အတူ လူတိုင်းသည် အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ဖော်နေကြသည်။ ကောင်းကင် လောင်ကျွမ်းဓားသိုင်း ပညာရပ်သည် လျူရှီယူ၏ ဝှက်ဖဲဖြစ်သည်။ သူသည် ဤပညာရပ်ကိုယခုလို မြန်မြန်အသုံးပြုမည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ ကျန်းတိုင်သည်လည်း အားနည်းပိုမရပေ။
ဘိုင်ချီဟန်၊ ကျိုးယုနှင့် တခြားလူများသည်လည်း စိတ်ဝင်တစားကြည့်နေကြရင်း စူးစမ်းလိုသည့် အမူအရာများကို ထုတ်ပြထားကြသည်။
သို့သော် ကျန်းတိုင်သည် ဤမြင်ကွင်းကိုမြင်သောအခါ လျူရှီယူ၏ ကောင်းကင်ဘုံ ကျွမ်းဓားသိုင်းပညာရပ်ကို လုံးဝဂရုမစိုက်သလို သူ၏မျက်နှာပေါ်တွင် အနည်းငယ်လေးမျှ လှုပ်ခတ်မှု အတက်အကျ မရှိပေ။ သို့သော်လည်း သူ၏ လျစ်လျူရှုသော အမူအရာသည် မောက်မာသည့် လျူရှီယူ၏နှလုံးသားထဲတွင် လုံးဝ ဒေါသထွက်စေခဲ့သည်။
"ဟမ့်၊ မင်း ဘယ်လောက်ကြာကြာ ငြိမ်သက်နေနိုင်လဲဆိုတာ ငါကြည့်ချင်တယ်" လျူရှီယူသည် ဒေါသထွက်သွားခဲ့သည်။ သူ၏ဓားပေါ်ရှိ မီးတောက်များက တဖန် မြင့်တက်လာပြန် သည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်လေထုသည် လောင်ကျွမ်းလာခဲ့ပြီး မငြိမ်မသက်ဖြစ်မှုများဖြင့် ပြည့်နှက်လာနေသည်။ သူ၏ အရေ ပြားမှာတောင် မီတာပေါင်းများစွာ အကွာအဝေးမှ ပူလောင်သော ဝေဒနာကို ခံစားရသည်။
"ကောင်းကင်ဘုံလောင်ကျွမ်းဓားသိုင်းပညာရပ်ရဲ့ပထမဆုံးသိုင်းကွက်၊ ကောင်းကင်ဘုံ ကိုးပါးဓား!" လျူရှီယူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲရှိ မီးလျှံသည် လုံး၀ ပေါက်ကွဲသွားခဲ့သည်။ သူသည် သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီး အပြာရောင်မီးတောက်များသည် ကောင်းကင်ယံမှာ ပြည့်နှက်နေပြီး
ကျန်းတိုင်ဆီသို့ ပြေးသွားကာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသည်။ မီးလျှံသည်ကောင်းကင်ဘုံကိုးခုလုံးကို ပျံ့နှံ့သွားပုံရသည်။