လေဟာနယ်စွမ်းရည် သဘောတရား
Vol. 9 Ch. 131
အခန်း (၁၃၁) လေဟာနယ်စွမ်းရည် သဘောတရား။
ရင်တုန်ပန်းတုန်ဖြစ်နေကြသော ပြိုင်ပွဲကွင်းအပြင်ဘက်ရှိ ပရိသတ်များသည် ကောင်းကင်ယံတွင် ပြည့်လျှံနေသော မီးတောက်များကိုကြည့်ပြီး သူတို့၏ နှလုံးသားများထဲတွင်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြ၏။
ကောင်းကင်ယံရှိ မီးတောက်များ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားသည် ။ သာမာန် သိုင်းပညာရှင်နယ်ပယ်တဦးသည် ၎င်းကို အနည်းငယ် ထိမိပါက ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ပြိုင်ပွဲကွင်းပြင်ပေါ်ရှိ အပြာရောင်ကျောက်တုံးများပင်လျင် အရည်ပျော်လိုသည့် အရိပ်ယောင်များ ရှိလာခဲ့သည်။
ယင်းက ဤမီးတောက်များသည် မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင် သည်။
သို့သော် ကျန်းတိုင်သည် လျစ်လျူရှုထားဆဲဖြစ်သည်။ ကောင်းကင်ယံမှာ ပြည့်လျှံနေ သော မီးတောက်များကို သူရင်ဆိုင်ရန်အတွက် အလျင်စလိုဖြစ်ခြင်း သို့မဟုတ် တိုက်ကွက်ထုတ်ရန်အတွက်လည်း အချိန်နှေးကွေးခြင်းမရှိပါဘူး။ ယင်းက ပြောပြစရာ စကား ရှာမရသလိုပင်။
သို့သော် ထိုအရာသည် ကောင်းကင်ယံတွင် ပြည့်လျှံနေသော မီးတောက်များကို အမှန်တကယ် လုံးဝပျောက်ကွယ်သွားစေသည့် သာမန် ဆေဘာတိုက်ကွက်ဟု ထင်ရသည့် ခုတ်ပိုင်းမှုတစ်ခု ဖြစ်သည်။
"အာ့ ဘာဖြစ်သွားတာလဲဟ?" ပွဲကြီးစင်မြင့်ပေါ်ရှိ ပရိသတ်များသည် ဖြစ်ပျက်ခဲ့သည် များကို နားမလည်ခဲ့ကြပေ။ လျူရှီယူ၏ဓားဖြင့် တိုက်ခိုက်ခံရသော ကျန်းတိုင်သည် ပဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
သာမန်တပည့်များ မမြင်နိုင်ကြသော်လည်း ဘိုင်ချီဟန်၊ ကျိုးယု နှင့် တခြားလူများ သည် ယင်းအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
သူတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြပြီး အချင်းချင်း၏ မျက်လုံးထဲတွင် အံ့အား သင့်နေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်ပြောဆိုလိုက်သည် "ကျန်းတိုင်က လေဟာနယ် သဘောတရား ကို အမှန်တကယ် နားလည်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။"
"လေဟာနယ် သဘောတရားလား?" ကျန်းရွန်ရှင်းက အံ့သြစွာမေးလိုက်သည်။
လေဟာနယ်သဘောတရားနှင့် အချိန်သဘော တရားနှစ်ခုစလုံးသည် ဖမ်းဆုပ်ကိုင် နိုင်ရန် အလွန်ခက်ခဲသည်။ ၎င်းတို့သည် လေ၊ လျှပ်စီး ၊ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့၏ သဘောတရားခုနစ် အထက်တွင် ရှိသည်ဟု ဆိုနိုင်ပြီး ၎င်းတို့၏ စွမ်းအားသည် ကြီးမားလှသည်။
ထို့ကြောင့်၊ အင်မော်တယ်ကမ္ဘာတွင်ပင် လေဟာနယ်သဘောတရားကို နားလည်သူ အများအပြားမရှိပေ။ တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ် မတိုင်ခင် လေဟာနယ် သဘောတရားကို နားလည်နိုင်သည်ဆိုလျင် ထိုလူ၏ နားလည်နိုင်စွမ်းသည် အလွန် ကောင်းမွန်ရလိမ့်မည်။ ပုံမှန်အားဖြင့် သူသည် အဓိကအင်အားစုကြီးများ ၏ ပြုစုပျိုးထောင်ပေးခြင်းကို ခံရလိမ့်မည်။
လေဟာနယ်နှင့် အချိန်တို့၏ စွမ်းအားသည် အလွန်အစွမ်းထက်သော်လည်း ၎င်းတို့ကို နားလည်ရန် အလွန်ခက်ခဲသည်။ ဥပမာအား ဖြင့်၊ ကျန်းတိုင်သည် လေဟာနယ် သဘော တရားတွေကို၏ ပထမအဆင့်တွင်ရှိနေသည်မှာ ထင်ရှားပြီး သူ၏ စွမ်းအားသည် လျူရှီယူ၏ မီးစွမ်းရည်သဘောတရား တတိယအဆင့်ထက် အားမနည်းပေ။ သို့သော် ဒုတိယအဆင့်သို့ တက်လှမ်းလိုလျှင် အချိန်ပိုကြာနိုင်သည်။
ချင်ယွင်နှင့် အခြားသူများ ထိတ်လန့်သွားရုံသာမက၊ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် အထူးတန်းစင်မြင့်ပေါ်တွင် ထိုင်နေသော အကြီးအကဲများသည် တုန်လှုပ်ခြောက်ခြားသည့် အမူအရာများကို ထုတ်ဖော်ပြသကာ ကျန်းတိုင်ကို ကြည့်သည့် သူတို့၏ အကြည့်များသည်လည်း ချီးမွမ်းမူများဖြင့် ပြည့်နက်နေသည် ။
လျူရှီယူ၏မျက်နှာသည် အလွန်ညို့မှိုင်းနေ၏။ သူ၏ရှေ့ရှိ ဤလူသည် လေဟာနယ် သဘောတရားကို အမှန်တကယ် နားလည်နိုင်ပြီး သူ၏ဓားများစွာထဲမှ ဓားတစ်လက် ဖြစ်သော ကောင်းကင်ဘုံလောင်ကျွမ်းခြင်းဓားကို တားဆီးနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဟမ့်၊ အဲဒါဟာ လေဟာနယ်သဘောတရားလေးပဲ မဟုတ်လား။ မင်းရဲ့ သဘောတရားက ငါ့ရဲ့ ကောင်းကင်ဘုံလောင်ကျွမ်းခြင်းဓားသိုင်းပညာရပ်ကို ဘယ်လောက်ထိ လှုပ်ခါနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်" လျူရှီယူက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ဓားအလင်းက ပိုလို့တောင် တောက်ပလာခဲ့သည်။
"စူး!"
ကျယ်လောင်သောဖီးနစ်အော်ဟစ်သံနှင့်အတူ၊ လျူရှီယူ၏နောက်တွင် မီးလျံဖီးစ်နစ် တစ်ကောင်သည် တဖြည်းဖြည်း သိပ်သည်းလာသည်။ မီးလျှံဖီးစ်နစ်သည် ၎င်း၏ ကြီးမားလှသော တောင်ပံများမှ တုန်လှုပ်ဖွယ်အပူချိန်ကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ ပရိသတ်များကို ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားရစေခဲ့သည်။
"အရမ်းပြင်းထန်လွန်တယ်။ ဒါက ကောင်းကင်ဘုံလောင်ကျွမ်းဓားသိုင်းပညာရပ်ရဲ့ ဒုတိယမြောက် သိုင်းကွက်... ကောင်းကင်ဘုံကိုးခုရဲ့ဖီးစ်နစ်ကခုန်ခြင်းဘဲ! " မျက်လုံးအမြင်စူးရှသော တစ်စုံတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်လေ၏။
စင်မြင့်ပေါ်ရှိ ပရိသတ်များအားလုံး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာများကို ထုတ်ဖော်ပြသခဲ့ကြသည်။ ဤ ကျန်းတိုင်သည် လျူရှီယူကို ကောင်းကင်ဘုံကိုးခု ဖီးစ်နစ်ကခုန်ခြင်းသိုင်းကွက်ကို အသုံးပြုရန် အမှန်တကယ်ပင် စွမ်းဆောင်နိုင်ခဲ့သည်။
လျူရှီယူ၏ ပါးစပ်ထောင့်သည် လှောင်ပြောင်ဟန်ဖြင့် တွန့်ကွေးသွားသည်။ သူ၏ လက်ထဲရှိ ဓားအလင်းသည် တဖျပ်ဖျပ်လင်းလက်နေပြီး ကျန်းတိုင်ကို ခုတ်ပိုင်းလိုက်သည်။ တခဏအတွင်းမှာပင် ဓားအလင်းသည် နောက်မှ ချိတ်ဆက်ပြီး ကျန်းတိုင်ဆီကို ပြေး၀င်သွားသည်။
ကျန်းတိုင်သည် သူ၏လက်ထဲတွင် ဆေဘာကို ဆုပ်ကိုင်ထားသည်။ ဤအခိုက် အတန့်တွင် နောက်ဆုံး သူ၏မျက်နှာပေါ်တွင် တည်ကြည် လေးနက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း အလွန်တည်ငြိမ်နေဆဲ ဖြစ်သည်။
သူသည် ချက်ချင်းပင် စွမ်းအားကိုထုတ်ကာ မီးလျှံဖီးစ်နစ်ဆီသို့ ပြေးသွားခဲ့သည်။
မီးလျှံဖီးစ်နစ်သည် ဒေါသထွက်နေပုံရသည်။ ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ ၎င်း၏ကြီးမားသော ခြေသည်းကြီးများက ကျန်းတိုင်ကို တိုက်ရိုက်ဆွဲကုတ်လိုက်သည်။
သို့သော်လည်း မီးလျှံဖီးစ်နစ်သည် ကျန်းတိုင် နှင့် ထိပ်တိုက်ဆုံမိခါနီးတွင် ကျန်းတိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။ သူသည် လျူရှီယူ ၏နောက်တွင် ပြန်ပေါ်လာပြီး လျူရှီယူကို ခုတ်ပိုင်းလိုက်သည်။
"ဘာလဲဟ?" လျူရှီယူသည် အံ့သြသွားပြီး သူ၏နောက်ကျောက အေးစက်သွားသည်။ သူသည် နောက်အမြန်လှည့်ပြီး ကျန်းတိုင်၏ ဆေဘာကို ပိတ်ဆို့လိုက်သည်။
ဆေဘာနှင့်ဓား ထိပ်တိုက်ဆုံမိခြင်းကြောင့် လှပသော မီးပန်မီးပွားများ ထွက်ပေါ်လာသည်။
လျူရှီယူသည် သူ၏ ဓားကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ကျန်းတိုင်၏ခါးဆီသို့ တစ်ဖန် ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ကျန်းတိုင်၏ရုပ်အသွင်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြန်ပြီး လျူရှီယူ၏ ဓားခုတ်ပိုင်းမူက ပျက်ပြယ်သွားခဲ့ရသည်။
"လေဟာနယ် တွန့်ခေါက်ခြင်းလား။" မြောက်ဘက်အရပ်ရှိစင်မြင့်ပေါ်တွင်၊ ချင်ယွင်သည် နောက်ဆုံးတွင် ကျန်းတိုင်သည် မည်သည့်လေဟာနယ် စွမ်းရည် အမျိုးအစားကို နားလည်သဘောပေါက်ထားလဲဆိုသည်ကို သိလိုက်ရပြီ။
လေဟာနယ်စွမ်းရည်သဘောတရားကို လေဟာနယ်ချုံ့ခြင်းနှင့် လေဟာနယ် တွန့် ခေါက်ခြင်း ဟူ၍ နှစ်မျိုးခွဲထားသည်။
၎င်းတို့တွင် လေဟာနယ်တွန့်ခေါက်ခြင်းသည် လေဟာနယ်ကို အတူတကွ တွန့်ခေါက်ရန်ဖြစ်ပြီး လေဟာနယ်အတွင်း ခေါက်တုံ့ခေါက်ပြန် သွားလာခြင်း ရည်ရွယ် ချက်ကို အောင်မြင်ရန်ဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းကို တယ်လီပို့ခြင်းဟုခေါ်ပြီး ယခုကျန်းတိုင်အသုံးပြုနေသည့်အရာမှာ တယ်လီပို့ခြင်းပင် ဖြစ်သည်။ (တယ်လီပို့ခြင်းဟူသည် တည်နေရာရွေ့ပြောင်းခြင်းကိုဆိုပါသည်)
ဟုတ်ပါသည်၊ သူက လေဟာနယ်သဘောတရား၏ ပထမအဆင့်တခုတည်းကိုသာ ဆုပ်ကိုင်ထားနိုင်ပြီး အလွန်ရိုးရှင်းသော လေဟာနယ်တွန့်ခေါက်ခြင်း နည်းပညာရပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ သူသည် သေးငယ်သောအကွာအဝေးကိုသာ တယ်လီပို့နိုင်ပြီး ကြီးမားသောဧရိယာကို တယ်လီပို့နိုင်ခြင်း မရှိသေးပါ။
သို့သော် ဤအရာသည်ပင် ကြောက်စရာကောင်းနေပြီဖြစ်သည်။ ဤအရာ တစ်ခုတည်းကို အားကိုးရုံဖြင့်ပင် ကျန်းတိုင်သည် လျူရှီယူ၏တိုက်ခိုက်မှုအားလုံးကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ပြီး လျူရှီယူသည် သူ့အားဘာမှမတတ်နိုင်ပေ။ ထို့အပြင် သူသည် လျူရှီယူ၏ အားနည်းချက်များကို အဆက်မပြတ် ရှာဖွေနိုင်ခဲ့သည်။
ဝှီး!
ကျန်းတိုင် သည် လျူရှီယူ၏ အနားတွင် ထူးထူးခြားခြား ပေါ်လာပြီး သူ၏ရင်ဘတ်ကို အညှာမတာစွာ ထိုးသတ်လိုက်သည်။
လျူရှီယူသည် ချက်ချင်းပင် ပုဇွန်ထပ်တစ်ကောင်ကဲ့သို့ ကွေးညွှတ်ကာ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ကျန်းတိုင်၏ပုံရိပ်သည် လျူရှီယူ၏ နောက် တွင် ပေါ်လာပြန်သည်။ သူသည် လျူရှီယူ၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးကာ လျူရှီယူကို မြေပြင်ပေါ်သို့ ခေါက်သိပ်လိုက်သည်။
လျူရှီယူသည် ဒေါသတကြီး ပြန်ထရန်ရုန်းကန်ချင်သော်လည်း ကျန်းတိုင်သည် သူကို နင်းထားပြီး မလှုပ်နိုင်တော့ပေ။
"အဲဒီနေ့ မင်းငါ့ကို နင်းချေခဲ့တုန်းက ငါ မင်းကို ဒီလိုနင်းထားနိုင်မယ့်နေ့မျိုးကို ရောက်ရှိလာလိမ့်မယ်လို့ မင်း မမျှော်လင့်ခဲ့ဘူးမလား" ကျန်းတိုင်၏ အသံသည် အေးစက်နေပြီး လက်စား ချေလိုက်ရသည့်အတွက် စိတ်လှုပ်ရှားမှု အရိပ် အယောင်များဖြင့် ရောထွေးနေသည်။
လျူရှီယူ၏ မျက်နှာသည် ပြာနှမ်းနေပြီး သွားများကို တင်းတင်းကြိတ်ထားသည်။ သူသည်ပြန်ထရန် ရုန်းကန်ချင်ပေမယ့် ကျန်းတိုင်က သူ့ကို မြေပြင်ပေါ်မှာ ဖိနင်းထားသေးသည်။
"ကျန်းတိုင် ၊ငါ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်တယ်!" လျူရှီယူက မလိုလားမှုအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။
ပြိုင်ပွဲကွင်းပြင်အပြင်ဘက်မှ ပရိသတ်များလည်း အံသြသွားကြသည်။ သူတို့သည် တွေဝေနှစ်မျောနေခဲ့ကြ၏။ သူတို့သည် ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခင်မှာ လျူရှီယူသည် ကျန်းတိုင်၏ ခြေဖဝါးအောက်မှာ နင်းထားခံနေရပြီ။ သူသည် ကျန်းတိုင်ကို လွယ်လွယ်ကူကူနှင့် မရှုံးသင့်ဘူးမဟုတ်ပါလား။
ဖြစ်ပျက်ခဲ့သမျှသည် လျှပ်တပြက်အတွင်း ဖြစ်ပျက်သွားခဲ့၏။ အားနည်းသော တပည့်များ သည် ၎င်းနောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို မမြင်နိုင်ပေ။ သူတို့သည် ကျန်းတိုင် ဖျပ်ခနဲလင်းလက်သွားသည်ကိုသာ မြင်လိုက်ရပြီး ကျန်းတိုင်သည် လျူရှီယူကို သူ၏ခြေထောက်ဖြင့် နင်းထားနေပြီ။
"မင်းရှုံးသွားပြီ!" ကျန်းတိုင်က အေးစက်စွာပြောသည်။ ထိုစကားကို ပြောပြီးနောက် သူသည် နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ လျူရှီယူကို အနိုင်ယူပြီး သူ၏ခြေဖဝါးအောက်မှာ နင်းချေကာ သူ၏နှလုံးသားထဲက မောက်မာမှုကို အနိုင်ယူနိုင်ခဲ့သည်။ သူသည် ထိုနှစ်တုန်းက အဖြစ်ပျက်များတွက် လက်စား ချေနိုင်ခဲ့သည်။
လျူရှီယူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အံတင်းတင်း ကြိတ်လိုက်သည်။ သူ၏ မျက်လုံးများသည် ချက်ချင်းနီရဲလာသည်။ ရုတ်တရက်ပင် သူ၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်ပေါ်လာသည်။
ထို့နောက် သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း မတ်တတ်ထလာပြီး သူ၏လက်ထဲက ဓားသည် အကာအကွယ်မဲ့နေသော ကျန်းတိုင် ဆီသို့ လျင်မြန်စွာ ထိုးသွင်းလိုက်သည်။
စင်မြင့်ပေါ်မှ ပရိသတ်များသည် ဒေါသအကြီးကျယ် ထွက်ခဲ့ကြသည်။ ဤလျူရှီယူသည် မုန်းတီးစရာ ကောင်းလွန်းလှသည်။ သူသည် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့သော်လည်း သူသည် အခြားပြိုင်ကို ခိုးဝင်တိုက်ခိုက်ရန် အခြားတဖက်၏ ကြိုတင်ပြင်ဆင်မှု မရှိမှုကို အခွင့်ကောင်းယူခဲ့သည်။ သူသည် ရိုးရှင်းစွာပင် စက်ဆုပ်ဖွယ်ကောင်းသော လူယုတ်မာတဦးဖြစ်သည်။
"ရပ်!" စင်မြင့်ပေါ်ရှိ တော်ဝင်အကြီးအကဲက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ပုံရိပ်က လျူရှီယူဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည် ။ သို့သော်လည်း သူသည် အဝေးတွင်ရှိနေဆဲဖြစ်ပြီး လျူရှီယူသည် ကျန်းတိုင်နှင့် အလွန်နီးကပ်သောကြောင့် နောက်ကျလွန်းနေပြီဖြစ်သည်။
အားလုံးက အသံထွက်ခါနီးတွင် ကျန်းတိုင်၏ ရုပ်အသွင်က ပျောက်ကွယ်သွားခဲ့ပြီး လျူရှီယူ၏ဓားသည်လည်း လွတ်ထွက်သွားခဲ့သည်။
လျူရှီယူ၏ မျက်နှာသည် ချက်ချင်းပင် ပြာဝေသွားသည်။
"အရှက်မဲ့လိုက်တာ!"
ထိုအချိန်မှာပဲ ကျန်းတိုင်၏အသံက ထပ်မံပြီးထွက်ပေါ်လာသည်။ ထို့နောက် ကျန်းတိုင်သည် လျူရှီယူ၏နောက်တွင် ပေါ်လာပြီး သူ၏လက်ထဲမှ ဆေဘာကို ဝှေ့ယမ်းလိုက်သည်။
"အား!"
သွေးများ ပန်းထွက်လာသည်။
ဓားကိုင်ထားသည့် လက်တစ်ဖက်က အော်ဟစ်အသံနှင့်အတူ လွှင့်ထွက်သွားခဲ့လေသည်။