Chapter - 133
Vol. 9 Ch. 133
အခန်း (၁၃၃)
ရှီကန်ဟိုင်၏ပုံသဏ္ဍာန်သည် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ချင်ယွင်၏အနားသို့ ချက်ချင်းရောက်ရှိလာပြီး ပြင်းထန်သော ယင်မိစ္ဆာချီများဖုံးလွှမ်းထားသည့် သူ၏လက်ဖဝါးက လင်းယွင်၏နှလုံးသားဆီသို့ တိုက်ရိုက် ထိုးကျလာခဲ့သည်။
သူ၏လက်ဖဝါးက ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ခြင်း ထိုးဖောက်ဝင်ရောက် သွားပေမယ့် သူ၏ခန္ဓာကိုယ်ထဲကို ထိုးဖောက်စိမ့်ဝင်မှု နည်းနည်းလေးမှ မခံစားခဲ့ရပါဘူး။
"ပုံရိပ်ယောင်လား!"
ရှီကန်ဟိုင်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရက်စက်ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ရုပ်သွင်သည် ရှီကန်ဟိုင်၏နောက်ကွယ်တွင် ထူးထူးခြားခြား ပေါ်လာပြီး ရှီကန်ဟိုင်၏ နောက်ကျောကို လက်သီးဖြင့် ထိုးပစ်လိုက် သည်။
"ဟမ့်၊ ထွင်းဖောက်လှည့်ကွက်!" ရှီကန်ဟိုင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
သူသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ချင်ယွင်၏ လက်သီးချက်နှင့်ထိပ်တိုက် တွေ့ဆုံသည်။
"ဘုန်း!"
လေထုက ချက်ချင်းပေါက်ကွဲသွားပြီး နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားကြသည်။
"ယင်နတ်ဆိုးလက်ဝါးက ဘာလဲ ။"
ချင်ယွင်သည် မှိုင်မှိုင်းနေသောမျက်နှာအမူယာဖြင့် သူ၏အနက်ရောင် လက်သီးများကို ကြည့်လိုက်သည် ။
ယခုလေးတင် ရှီကန်ဟိုင်နှင့်သူ ထိပ်တိုက်တွေ့သည့်အခိုက်တွင် ရှီကန်ဟိုင်၏ ယင်မိစ္ဆာချီသည် ချင်ယွင်၏လက်သီးများဆီသို့ လျင်မြန်စွာ ထိုးဖောက် ၀င်ရောက်လာပြီး သူ့လက်ဖဝါးပေါ်ရှိ အရေပြားများသည် ချက်ချင်းပင် နီမြန်းလာ သည်။ တစ်ချိန်တည်းမှာပင်၊ ယင်မိစ္ဆာချီသည် ချင်ယွင်၏ ချီစွမ်းအင်လမ်းကြောင်း များဆီသို့ အရူးအမူး တိုးဝင်လာပြီး ချင်ယွင်၏ အတွင်းအင်္ဂါအစိတ်ပိုင်းများကို ဖျက်ဆီးရန် ကြိုးစားသည်။
ကံကောင်းထောက်မစွာ၊ ချင်ယွင် ကျင့်ကြံထားခဲ့သည်မှာ 'ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ' ဖြစ်သည်။ ၎င်းပညာရပ်ကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအင်သည် သာမန်ဝိညာဉ်စွမ်းအင်များ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။ ထို့ကြောင့်၊ ယင်မိစ္ဆာချီသည် ချင်ယွင်၏ ချီစွမ်းအင်လမ်းကြောင်း များအတွင်းသို့ ဝင်ရောက်လာသောအခါ၊ ချင်ယွင်၏ ဝိညာဉ်စွမ်းအင်က တိုက်ရိုက် ဝါးမြိုသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
၎င်းသည် ချင်ယွင်၏ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကြောင့်လည်း ဖြစ်သည်။ အခြားသာမန် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏တပည့်များသာဆိုလျှင်၊ ၎င်းတို့သည် ကြိုတင်ပြင်ဆင်ထားမရှိပါက၊ ဤယင်နတ်ဆိုးလက်ဝါးဖြင့် ရိုက်နှက်ခံရပါက ဆုံးရှုံးမှုကြီးမှာ သေချာပါသည်။
ယင်းမှကြည့်လျှင် ဤယင်နတ်ဆိုးတလက်ဝါးသည် သာမန်ရက်စက်ကြမ်းကြုတ်သည့် လက်ဖဝါးမဟုတ်ကြောင်း သိနိုင်ပါသည်။
"မှန်တယ်၊ မင်းက ငါ့ရဲ့ယင်မိစ္ဆာချီရဲ့ တိုက်စားမှုကို တွန်းလှန်နိုင်ခဲ့ပါတယ် " ရှီကန်ဟိုင်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးပြီးပြောသည် "ဒါဆိုလည်း မင်းက ငါ့ရဲ့ယင်အရိုးလက်သည်းကို အနိုင်ယူနိုင်သေးလားလို့ ငါသိချင်မိတယ်"
သူပြောပြီးသည်နှင့် ရက်စက်ပြင်းထန်သော ယင်မိစ္ဆာချီသည် ရှီကန်ဟိုင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။
ရှီကန်ဟိုင်သည် သူ၏လက်များကို လက်သည်းများအဖြစ်ဆန့်ထုတ်လိုက်ပြီး ယင်မိစ္ဆာချီသည် သူ၏လက်ချောင်းထိပ်များတွင် စုစည်းလာပြီး ဖော်မပြနိုင် လောက်အောင် ကြောက်စရာကောင်းနေသည်။
ယင်းနောက် ရှီကန်ဟိုင်၏ ရုပ်အသွင်သည် နောက်ဆက်တွဲပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ဘေး အနားမှာ ထူးထူးခြားခြား ပေါ်လာခဲ့သည်။ သူသည် ချင်ယွင်၏ ရင်ဘတ်ကို ဖမ်းဆုပ်ကိုင်တော့မည်။
ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်များက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူသည် ရှီကန်ဟိုင်ကို သနားညှာတာချင်းမရှိလက်သီးဖြင့် ထိုးလိုက်သည်။
ယင်အရိုးလက်သည်းသည် ဓားကဲ့သို့ ထက်မြက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် နက်နဲသော ဒဏ်ရာငါးချက် ကျန်ရစ်ခဲ့သည်။
ချင်ယွင်၏ လက်သီးများသည် ရှီကန်ဟိုင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး သူသည် လေးညှို့မှလွှတ်သောမြှားကဲ့သို့ ပျံသန်းလွင့် ထွက်သွားခဲ့သည် ။
ရန်သူတစ်ထောင်ကို သတ်ဖို့အတွက် ကိုယ့်ဘက်က လူရှစ်ရာကို ပျက်စီးစေခြင်းသည် ပြင်းထန်သော တိုက်ပွဲနည်းလမ်းတစ်ခု ဖြစ်သည်။
ပြိုင်ပွဲကွင်းပြင်အပြင်ဘက်မှ ပရိသတ်များသည် အံသြသွားကြသည်။ အဘယ်ကြောင့် ဤကဲ့သို့သူသေကိုယ်သေ တိုက်ခိုက်ကြသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"ဟမ့်၊ မင်းက သေချင်နေတာပဲ!" ရှီကန်ဟိုင် သည် သူ၏ ပါးစပ်ထောင့်မှ နီမြန်းသော သွေးများကို သုတ်လိုက်ပြီး ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
စောစောလေးက ထိုးလိုက်သည့် ချင်ယွင်၏ လက်သီးချက်က သူ့အတွက် မလွယ်ကူပါဘူး။ ယခုဆိုလျှင် ချင်ယွင်၏ လက်ချက်သည် ဂျင် သုံးသောင်းကျော်အထိ ရှိလာနိုင်သည်။
လက်သီးတချက်ဖြင့် ရှီကန်ဟိုင်၏နံရိုးသုံး ချောင်း တိုက်ရိုက်ကျိုးသွားခဲ့သည်။
ဤစွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။
သို့သော် ချင်ယွင်မှာလည်း ဒဏ်ရာအပြင်း အထန်ရခဲ့သည်။ ရှီကန်ဟိုင်၏ ယင်အရိုး လက်သည်းသည် သူ၏ရင်ဘတ်မှ အသားစကြီးတစ်စကို ဖယ်ထုတ်ထား သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ယင်မိစ္ဆာချီသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ချင်ယွင်၏ အထူးဝိညာဉ်စွမ်းအင်ကြောင့်သာ၊ အခြားလူများသာ ဆိုလျှင် မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး ယခုအချိန်တွင် မလှုပ်ရှားနိုင်တော့ပေ။
ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ဖြန့်ကျက်လိုက်ပြီး သူ၏ ဒဏ်ရာများသည် မြင်သာသောအမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ သည်။ အသက်ရှုကြိမ် အနည်းငယ်အတွင်းမှာပင် ပြန်လည်ကောင်းမွန်လုနီးပါးပင် ဖြစ်သွားခဲ့သည်။ ဤသည်ပင်လျှင် ချင်ယွင်သည် ရှီကန်ဟိုင်ကို ထိပ်တိုက် ရင်ဆိုင်ရဲရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
"တော်လောက်ပြီ၊ ရှေ့ဆက်ပြီးတော့ ကိုယ့်အလုပ်ကို လုပ်ရအောင်!" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
ရှီကန်ဟိုင်သည် လေးလံသောဓားကြီးများတွင် အကျွမ်းကျင်ဆုံးဖြစ်ကြောင်း ကျန်းရွန်ရှင်းက ပြောခဲ့ဖူးသည်။ ယခင်က သူသည် ၎င်းတို့ကို မသုံးဖူးပေ။ ချင်ယွင်သည် အရည်အချင်းမပြည့်မီဟု သူခံစားရ၍ ဖြစ်ကောင်းဖြစ်နိုင်၏။
"ငါ ဝန်ခံရမယ်၊ မင်းမှာ အရည်အချင်းရှိတယ်။ မင်းက ငါ့ရဲ့ ယင်အရိုးလက်သည်း သိုင်းကွက်ကို တကယ်ခံနိုင်ရည်ရှိပြီး အဆင်ပြေနေသေးတယ်" ရှီကန်ဟိုင်၏ ပါးစပ်ထောင့်သည် ယုတ်ညံ့သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး သူ၏အပြုံးသည် ပို၍ပင် အေးစက်လာသည်။ "ဒါပေမယ့်၊ ကစားပွဲကို နေရာတိုင်းမှာ အဆုံးသတ်လို့ရတယ်။"
ထိုစကားကိုပြောပြီးနောက် ရှီကန်ဟိုင်သည် သူ၏လက်ထဲတွင် အနှိုင်းမဲ့ကြီးမား လေးလံသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ သဲများသည် အဝါရောင်စပါးအုံးမြွေတစ်ကောင်ကဲ့သို့ စတင်စုစည်းလာသည်။
သဲများသည် တရွေ့ရွေ့ဖြင့် တဟုန်ထိုး အရှိန်ပြင်းလာပြီး ထူထပ်လာကာ လေပြင်းများလည်း တိုက်ခတ်လာလေသည်။
ပတ်ဝန်းကျင်ရှိ အပျက်အစီးများ၊ သဲများနှင့် ကျောက်တုံးများသည် လွင့်ထွက်သွား သည်။ သဲပြင်အလယ်မှာရပ်နေသည့် ရှီကန်ဟိုင်သည် တောင်နတ်ဘုရားတပါး အလားပင်။ သူ၏ထူထပ်သောအငွေ့အသက်က ကောင်းကင်မိုးကြိုးရင်ပြင် တစ်ခုလုံး ကို ပျံ့နှံ့လွင့်စင်သွားစေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်လာသည်။
ထိုအချိန်တွင် သူ၏လက်ထဲတွင် ဆေဘာတစ်ချောင်း ပေါ်လာသည်။
ချင်ယွင်သည် သူ၏ဆေဘာကို လေ့ကျင့်ပြီးကတည်းက သူ၏လက်ထဲတွင် ဆေဘာ ကောင်းတစ်လက် တစ်ခါမှ မရှိခဲ့ပါဘူး။ သူသည် ဒိုင်းကြီးကို ဓားရှည်နှင့် ဆေဘာအဖြစ် ပြောင်းလဲပြီးနောက်၊ ချင်ယွင်သည် ဤဓားရှည်နှင့် ဤဆေဘာကို အလွန်နှစ်သက်သည်။
သူ၏လက်ထဲတွင် ဆေဘာကိုကိုင်လျက်၊ ချင်ယွင်၏ အငွေ့အသက်များသည် ပြောင်းလဲသွားခဲ့ပြီး တုနှိုင်းမရသည့် ရက်စက်ကြမ်းကြုတ်သော လျှပ်စီးအငွေ့အသက် တစ်ခုက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
ဘန်း!
ရှီကန်ဟိုင်သည် သူရှိနေသည့်နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ချင်ယွင် အထက်တွင် ကောင်းကင်ယံတွင် ချက်ချင်းပေါ်လာသည်။ ထိုက်တောင်ကဲ့သို့သော ဖိအားဖြင့် သူသည် ချင်ယွင်ဆီသို့ ဓားကြီးဖြင့် ခုတ်ချလိုက်သည်။
ချင်ယွင်သည် လေအရိပ်ခြေလှမ်းများကို အသုံးပြုပြီး ရှီကန်ဟိုင်၏ လေးလံသော ဓားကြီး၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ ရှီကန်ဟိုင်သည် ပိန်ပါးပြီး အားနည်းဟန် ရှိနေသော်လည်း သူ၏ခွန်အားသည် သာမန်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။
ဓားရှည်ကြီးတစ်ခုက ပြိုင်ပွဲကွင်းပြင်ကြီးတစ်ခုလုံးအား တိုက်ရိုက်ထိမှန် သွားသည်။ အပြာရောင်ကျောက်တုံးများအားလုံး ပေါက်ကွဲပြီး ပင့်ကူမျှင်များကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့သွားသည်။ ချင်ယွင်၏လက်ထဲရှိ ဆေဘာအလင်းသည် ရှီကန်ဟိုင်၏ ဝမ်းဗိုက်ဘက်ဆီသို့ ကွေ့ပတ်သွားပြီး ခုတ်ပိုင်းလိုက်သည်။ သို့ပေမယ့် ယင်းခုတ်ပိုင်းမှုက ရှီကန်ဟိုင်၏ ဓားကြီးဖြင့်တိုက်ခိုက်မူကို ခုခံတားဆီးခြင်းဖြစ်၏
ချွင်!
ဓားကြီးနှင့်ဆေဘာ ထိပ်တိုက်ဆုံမိခြင်းကြောင့် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ကို ချက်ချင်းနစ်မြုပ်သွားစေသည်။
စင်မြင့်ပေါ်ရှိ ပရိသတ်များသည် အံ့ဩသွားကြကာ သူတို့၏ပါးစပ်များပင် ကျယ်လောင်စွာ ပွင့်ဟသွားကြသည်။ သူတို့နှစ်ယောက်၏ ဓားနှင့်ဆေဘာ ထိပ်တိုက် ဆုံမိပြီးနောက် ပြင်းထန်လွန်းသည့် စွမ်းအင်လှိုင်းရိုက်ခတ်မူကြောင့် သူတို့ နှစ်ယောက်၏ ပါးစုန့်များပြင် တုန်လှုပ်သွားကြသည်။ အကယ်၍ သူတို့သာ တိုက်ရိုက်ခုတ်ပိုင်းခြင်း ခံရမည်ဆိုလျှင်၊ အသားအပိုင်းစ များအဖြစ် ပြောင်းလဲသွား ကြလိမ့်မည်။
ချင်ယွင်သည် သူ၏ ဆေဘာကို အမြန်ဝှေ့ယမ်းလိုက်သည်။ သူ့ဆေဘာပညာရပ်၏ အခြေခံဆယ့်သုံးကွက်ဟန်ပန်များကို ကွက်ကွက် ကွင်းကွင်း လှုပ်ရှားပြသလိုက် သည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် ကျားဟိန်းသံနှင့် နဂါးဟိန်းသံ၏ စွမ်းအားများကို သယ်ဆောင်လာသည်။ ဆေဘာချီဆင်းသက်ရာ နေရာတိုင်း၊ အရာအားလုံးသည် ရှည်လျားသော အက်ကွဲ ကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှီကန်ဟိုင်၏ဓားချီသည် ထူထပ်သိပ်သည်း၏။ သူ၏ဓားကြီး ဆင်းသက်လာတိုင်း တွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့သည်။ ပြင်းထန်သောဓားချီသည်ချင်ယွင်၏ခန္ဓာကိုယ်ကိုထိလိုက်တိုင်း၊ ချင်ယွင်သည် ပြင်းထန်သောရိုက်ခတ်မှုကို ခံရပြီး သူ၏အရေပြားကို ပြင်းထန်စွာနာကျင်စေသည်။
ချွင်!
နောက်ထပ် မြေကြီးတုန်ခါပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ချင်ယွင် နှင့် ရှီကန်ဟိုင်တို့သည် ဥက္ကာခဲများကဲ့သို့ တိုက်မိကြသည်။ ချက်ချင်းပင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ချက်ခြင်းပြိုကျပြီး ပြိုင်ပွဲကွင်းရှေ့ရှိ တပည့်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုလဲ။ ဘယ်လောက်ပြင်းထန်လိုက်လဲ"
လူတိုင်းသည် အံသြသွားကြသည်။ သူတို့၏ မေးရိုးများသည် မြေပြင်ပေါ်သို့ ကျသွားသည်။ ဤနှစ်ယောက်ကား ရက်စက်လွန်းလှသည်။ သူတို့သည် အလွန်ကြီး မားသော ဆိတ်သုဉ်းခြင်းသားရဲများကြားတွင် လက်တွေ့ကျကျ တိုက်ခိုက်နေသကဲ့သို့ ဖြစ်သည်။
ဤသည်မှာ စွန်းအားထိပ်တိုက်ဆုံမိခြင်း ဖြစ်ပြီး၊ သူတို့၏စိတ်ကူးဆန်ဆန် သိုင်းစွမ်းရည်များထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသည်။
လူတွေက စွမ်းအားကို ပိုတောင့်တကြသည်။ ထိပ်တိုက် တွေ့ဆုံမှုက ပိုအားကောင်း လေလေ၊ ပိုစိတ်လှုပ်ရှားစရာ ကောင်းလေပင်။
ရှီကန်ဟိုင်နှင့် ချင်ယွင်တို့ကြားက ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်အားလုံး၏ စိတ်အားထက်သန်မှုကို လုံးလုံးလျားလျား ဖြစ်ပေါ်စေခဲ့ပါသည်။