← Chapters

မြေကမ္ဘာ လိပ်နက်

Vol. 9 Ch. 134

မြေကမ္ဘာ လိပ်နက်

Vol. 9 Ch. 134

အခန်း (၁၃၄) မြေကမ္ဘာ လိပ်နက်။

အနောက်ဘက်အရပ်စင်မြင့်‌ပေါ်ရှိ ဘိုင်ချီဟန်နှင့် ကျိုးယုတို့၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။ ပြိုင်ပွဲကွင်းပြင်ထဲရှိ လူနှစ်ယောက်၏ ခွန်အားက သူတို့ထက် အားမနည်းပါဘူး။ ယင်းက သူတို့ကို ကြိုးစားကြည့်ချင်စိတ်ကို ဖြစ်စေပေါ်သည်။

"ဘာလဲ၊ မင်းမစောင့်နိုင်တော့ဘူးလား" ဘိုင်ချီဟန်က အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းရော အတူတူပဲ မဟုတ်လား?" ကျိုးယုသည် ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်ပြီး

သူ၏မျက်လုံးများတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဆန္ဒများ ပြည့်နှက်နေသည်။

ဓားနှင့်ဆေဘာများထိပ်တိုက်ဆုံမိသောအခါ၊ ချင်ယွင်နှင့် ရှီကန်ဟိုင်တို့သည် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။

ယခုချိန်တွင် သူတို့ခြေထောက်အောက်ရှိ ပြိုင်ပွဲကွင်းပြင်သည် လုံးဝပျက်စီးသွားခဲ့ပြီး သူတို့၏ မျက်နှာများသည်လည်း လုံးဝကို ထူးခြားနေသည်။

ချင်ယွင်သည် သူ၏ဆေဘာကိုကိုင်လျက် ရပ်နေပြီး သူ၏ ၀တ်ရုံများသည် တဖျတ်ဖျတ် ရိုက်ခတ်နေကာ သူ၏ အငွေ့အသက်သည်လည်း အလွန်လွှမ်းမိုးနိုင်စွမ်း ရှိနေ၏။

ရှီကန်ဟိုင်သည်လည်း သူ၏လက်ထဲတွင် ဓားကြီးတစ်လက်ကို ကိုင်ထားသည်။ သူ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ပါးစပ်ထောင့်က အေးစက်ပြီး ရက်စက်သော အပြုံးကို သယ်ဆောင်လာသည်။ အဝါရောင် ဖျော့ဖျော့မြေကြီးစွမ်းရည်ဝိညာဉ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တည်ရှိနေပြီး ပိုမိုသိပ်သည်းလာသည်။

" မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ ဒီလိုဆိုရင် တော့ မင်းဒီမှာပဲ ရပ်လိုက်လို့ရပြီ။" ရှီကန်ဟိုင်က ရယ်မောလိုက်သည်။ သူ၏ ပါးစပ်ထောင့်ရှိ လှောင်ပြောင်မှုသည် တဖြည်းဖြည်း ကြီးမားလာပြီး အထင်အမြင်သေးသည့် လှောင်ပြောင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်ယွင်၏ နှုတ်ခမ်းများက ပြုံးကာ တွန့်ကွေး သွားခဲ့ရင်း ပြောလိုက်သည် "မင်းမှာ သိုင်းကွက်ရှိသမျှ အကုန်ထုတ်ပြီး စမ်းကြည့်လို့ရတယ်!"

"ဟမ့်!" ရှီကန်ဟိုင်သည် မျက်လုံးများကို မှေးကျဉ်းကာ အေးစက်စွာ နှာခေါင်းရှုံ့ ရင်းအော်ပြောလိုက်သည် "ကောင်းပြီ၊ မင်းကိုယ်တိုင်က သေချင်နေမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့!"

ထိုသို့ပြောပြီးနောက် ရှီကန်ဟိုင်သည် ကျယ်လောင်စွာအော်လိုက်ပြီး မြေပြင်ပေါ်ရှိ အပျက်အစီးများနှင့် ဖုန်မှုန့်များသည် ပြင်းထန်စွာ မြင့်တက်လာခဲ့သည်။ ၎င်းတို့သည် ရှီကန်ဟိုင်ဆီသို့ တရွေ့ရွေ့ ရောက်ရှိလာကြပြီး ရှီကန်ဟိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဧရာမသဲကျောက်လေဆင်နှာမောင်းတစ်ခု ဖြစ်လာခဲ့သည်။

ရှီကန်ဟိုင်သည် သဲကျောက်လေဆင်နှာမောင်းအလယ်တွင် ရပ်နေပြီး၊ သူ၏ဓားကို ကောင်းကင်ယံကို ညွှန်ပြနေကာ ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးကို ဖော်ပြ၍ မရသော ဖိအားတစ်ခု ပျံ့နှံ့သွားသည်။

ဤဖိအားတစ်ခုတည်းကြောင့် သာမန်တပည့်များသည် အသက်ပင် မရှူနိုင်ကြပေ။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ။ ရှီကန်ဟိုင်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် မျက်နှာနီမြန်းနေသော အပြင်စည်းဂိုဏ်းဝင် တပည့်တစ်ဦးသည် တုန်လှုပ်ခြောက်ခြားပြီး မအော်ဟစ်ပဲ မနေနိုင်တော့။ ရှီကန်ဟိုင်ကိုကြည့်သော သူ၏အကြည့်သည် အလွန် ကြောက်လန့်နေပုံရသည်။

"ဒါက ရှီကန်ဟိုင်ရဲ့ ဝှက်ဖဲဖြစ်တဲ့... တောင်ဖြိုသိုင်းကွက်ဖြစ်နိုင်မလား !" ရှီကန်ဟိုင်၏ အကြောင်းကို သေချာနားလည်သူတစ်ယောက်က အော်ပြောလိုက်တယ်။

ထိုလူ၏ပတ်ဝန်းကျင်ရှိလူများကြားလျှင် မျက်လုံးများ ပြူးကျယ်သွားကြသည်။ ရှီကန်ဟိုင်မှာ အလွန်ကြောက်စရာကောင်းသည့် ဓားသိုင်းကွက် တစ်ကွက် ရှိသည်ဆိုသည်ကို သူတို့ကြားဖူးသည်မှာ ကြာခဲ့ပါပြီ။ ယခုအချိန်အထိ မည်သူမျှ မမြင်ဖူးသေးပါဘူး။ ယနေ့ သူက ထိုဓားသိုင်းကွက်များကို ထုတ်သုံးတော့မှာလား။

"ဟမ့်၊ မင်း ငါ့ဓားကို ခံယူရဲလား"

အလွန်လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်များက ရှီကန်ဟိုင်ပတ်ပတ်လည်မှာ ရိုင်းစိုင်းစွာ ကခုန်နေခဲ့သည်။ သူသည် သူ၏လက်ထဲက ဓားရှည်ကြီးကို အသာအယာ ဝှေ့ယမ်းပြီး

ရှီကန်ဟိုင်ပတ်ပတ်လည်မှာ လှည့်ပတ်နေသော ဧရာမ သဲကျောက်မုန်တိုင်းကြီးသည် မီတာနှစ်ဆယ်ထက်မကရှည်သော ဧရာမ သဲကျောက်ဓားရှည်ကြီးတစ်ချောင်းအဖြစ် သိပ်သည်းလာ၏။

ကြောက်မက်ဖွယ်ရာ ထူထပ်သိပ်သည်းသော အငွေ့အသက်နှင့် ဓားချီသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သကဲ့သို့ ကောင်းကင်မိုးကြိုးရင်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ချင်ယွင်သည် ကောင်းကင်ယံတွင် သဲများနှင့် ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားသော ဧရာမ ဓားကြီးကို ကြည့်လိုက်သည်။ သူလည်း အနည်းငယ် အံ့သြသွားသည်။ ရှီကန်ဟိုင်၏ စွမ်းအားသည် သာမန်မျှသာမဟုတ်ကြောင်း သူ ဝန်ခံရမည်။ သူသည် ပဉ္စမနေရာထက် အများကြီး ပိုသန်မာခဲ့သည်မှာ သေချာပါသည်။ ဤဓားကြီးတိုက်ခိုက်မှု တစ်ခုတည်းကပင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူများကို ခြိမ်းခြောက်နိုင်သည်။

သို့သော် သူသည် ဤအရာကြောင့်သာ သူ့ကို ကြောက်စေလိုလျှင်တော့ ချင်ယွင်ကို လျှော့တွက်လွန်းရာ ရောက်သည်မဟုတ်ပေလော။

"ဘာဖြစ်လို့ မခံယူရဲရမှာလဲ?"

ချင်ယွင်က အားပါးတရ အော်လိုက်ပြီး သူ၏ လက်ထဲရှိဆေဘာသည် မိုးခြိမ်းသံ ၊ လျှပ်စီး မြွေများနှင့်အတူ တဟုန်ထိုး လှိမ့်တက်လာပြီး ပေါက်ကွဲလျှပ်စီးဆန္ဒက ပေါက်ကွဲထွက်လာသည်။

ဤသည်မှာ ချင်ယွင်သည် သူ၏ ပေါက်ကွဲလျှပ်စီးသဘောတရားကို သူ၏ဆေဘာ ပညာရပ်အတွင်း ပေါင်းစပ်ခြင်းဖြင့် ဖန်တီးထားခဲ့သော ပထမဆုံး သိုင်းကွက်ဖြစ်သည်။

"သေစမ်း၊ တောင်တန်းများနှင့် ကမ္ဘာမြေကြီး ပြိုကျလိုက်စမ်း!" ရှီကန်ဟိုင်သည် ကျယ်လောင်စွာ ဟောက်လိုက်သည်။ သူ၏လက်ထဲမှ လေးလံသော ဓားရှည်ကြီးကို လေထုထဲသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။ ဧရာမသဲ ကျောက်တုံးဓားကြီးသည် ခေါင်းထက်တွင် ရပ်နေရာမှ ချင်ယွင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားသည်။ တခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး မှုန်ဝါးသွားသလိုပဲ။ တောင်တန်းနှင့် မြစ်ရေပြင်များ ပြိုလဲပြီး ကမ္ဘာမြေကြီးသည်လည်း လှုပ်ခါလာသည် ။

ချင်ယွင်၏ မျက်လုံးများမှ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ ပေါက်ကြားလာပြီး သူ၏လက်ထဲရှိ ဆေဘာမှ မိုးကြိုးသားရဲဟိန်းဟောက်နေကဲ့သို့ တဝှီးတဝှီး မြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏အရှိန်အဟုန်သည် ထပ်ခါ

ထပ်ခါ မြင့်တက်လာခဲ့သည်။ သူ၏လက်ထဲတွင်ရှိသော ဆေဘာသည် တုနိုင်း၍ မရနိုင်လောက်အောင် ပြင်းထန်လှသော လျှပ်စီးဆန္ဒကို သယ်ဆောင်သွားရင်း လေထဲမှ ထိုးကျလာသော သဲကျောက်ဓားကြီးကို တိုက်ရိုက် ခုတ်ပစ်လိုက်သည်။

ကျဆင်းလာနေသောဧရာမဓားကြီးသည် ပြိုင်ပွဲကွင်းပြင်တစ်ခုဆီသို့ ချက်ချင်းပြိုကျသွားသည်။ အလယ်တွင် ကြီးမားသော လျှိုမြောင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဤဓားကြီး၏ ဖုန်မှုန့်များသည် ချင်ယွင်ကို လုံးလုံးလျားလျား မြှုပ်နှံကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုပရိသတ်များသည် သူတို့၏ မေးရိုးများမြေပြင်ဆီ နိမ့်ကျနေသည်ကို မြင်နိုင်သည်။ ဓားတစ်ချောင်း၏တိုက်ခိုက်မှုသည် မည်ကဲ့သို့ ဤမျှလောက် အစွမ်းထက်နိုင် ရသနည်း။

ရှီကန်ဟိုင်သည် ဖုန်မှုန့်များမှဖြစ်ပေါ်လာသော တောင်ငယ်လေးကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။

မင်းက မြင်းနက်ကြီးဆိုတော့ရော ဘာဖြစ်မလဲ။

ငါရှီကန်ဟိုင်ရှေ့မှာ အရာအားလုံးက ဝေဝေဝါးဝါး ပုံရိပ်ယောင်တွေပါပဲ။

"ဟမ့်၊ အသုံးမကျတဲ့ အမှိုက်!" ရှီကန်ဟိုင်သည် သည် အေးစက်စွာ နှာခေါင်းရှုတ်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ဘေးနားရှိ ဓားရှည်ကြီးကို ဆွဲကိုင်ကာ ထွက်ခွာသွားခဲ့သည်။

"ပြီးသွားပြီလား?" စင်မြင့်ပေါ်ရှိ ပရိသတ်များ အံ့အားသင့်သွားကြသည်။

သို့သော် အားလုံးက ပြီးသွားပြီဟု ထင်နေကြသည့်အချိန်တွင် ဖုန်မှုန့်များမှ ဖြစ်ပေါ်လာသော တောင်ကုန်းငယ်လေးသည် ရုတ်တရက် ပေါက်ကွဲသွားသည်။

ပိန်ပိန်ပါးပါးနှင့် ဖြောင့်စင်းသွယ်လျသော အသွင်အပြင်တခုသည် အတွင်းပိုင်းမှ လန့်ထွက်လာ၏။ ထိခိုက်ဒဏ်ရာမပြောနှင့်၊ သူ၏ ကိုယ်ပေါ်ရှိအဝတ်အစားများမှာပင် ဖုန်မှုန့်အရိပ်အရောင်များကို မတွေ့ရပေ။

ဒီလူက ချင်ယွင် မဟုတ်ရင် ဘယ်သူလဲ။

"မဖြစ်နိုင်ပါဘူး၊ သူက ဘယ်လိုလုပ် အန္တရာယ် ကင်းကင်းနိုင်မှာလဲ။" ဖုန်မှုန့်တောင်လေးပေါ်မှ ဆင်းလာသော ချင်ယွင်ကို ကြည့်လိုက်ရင်း တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ရှီကန်ဟိုင်၏ တောင်ဖြိုဓားသိုင်းသည် ကောင်းကင်ကို လှုပ်ခါစေနိုင်သော ဓားတိုက်ကွက်ဟု ဆိုနိုင်သည်၊ ၎င်း၏ စွမ်းအားသည် ကြီးမားလှသည်။ သို့သော်လည်း ချင်ယွင်သည် ဤဓားသိုင်း၏တိုက်ခိုက်မှုကို ဒဏ်ရာကင်းစွာ ခံနိုင်ရည်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာသည် ရိုးရိုးရှင်းရှင်း မှန်းဆလို့ မရနိုင်ပါဘူး။

ရှီကန်ဟိုင်သည် ချင်ယွင်ထွက်လာသည်ကိုမြင်သောအခါ သူ၏အမူအရာသည် အလွန်ပင် မှိုင်းညို့သွားခဲ့သည်။

န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူပင်လျှင် သူ၏ သိုင်းကွက်ကို ခံနိုင်ရည်မရှိနိုင်ပဲ ပြိုလဲကျရလိမ့်မည်။ သူ၏မျက်စိရှေ့မှာပင် လင်းယွင်သည် ဤသိုင်းကွက်ကို လက်ခံခဲ့သည်သာမက လုံးလုံး လျားလျား ထိခိုက်မှုလည်း မရှိခဲ့ပေ။ အရေးအကြီးဆုံးက သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ တွင်သာရှိနေသည်။

အကယ်၍ သူကိုယ်တိုင်နှင့် ကျင့်ကြံမှုနယ်ပယ်တူညီနေပါက သူသည် သူ့ကိုချက်ချင်း သတ်ပစ်နိုင်မည် မဟုတ်ပါလား။

ယင်းကြောင့် အမြဲတမ်းမာနကြီးခဲ့သူ ရှီကန်ဟိုင်သည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော မနာလိုစိတ်များ ပေါက်ဖွားလာကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်သည် ဥက္ကာပျံတိုက်ပွဲဝင်ဆေဘာကို ကိုင်ဆောင်ထားပြီး ဆေဘာတစ်ဝိုက်တွင် ရစ်ပတ်နေသော လျှပ်စီးများသည် ကျားနှင့် နဂါးတို့၏အငွေ့အသက်ကို တိုးတိုး တိတ်တိတ် ထုတ်လွှတ်ပေးသည်။

"ဘာလဲ၊ အံ့သြသွားတာလား " ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းသည် တဟားဟား ရယ်မောနေသည့်ဟန်ဖြင့် တွန့်ကွေးသွားသည်။ သူ၏အရိုးများဆီက လွှမ်းမိုးကြီးစိုး နိုင်စွမ်းရှိသော အငွေ့အသက်က ချက်ချင်း ပျံ့ထွက်လာခဲ့ပြီး သူ့နှလုံးသား၏ အောက်ခြေမှပင်ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။

"ဟမ့်၊ မင်းက ငါ့ရဲ့ တောင်ဖြိုသိုင်းကွက်ကို သိအနိုင်ယူနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ငါဝန်ခံရမယ်။ ဒါပေမယ့် ငါ့တောင်ဖြိုသိုင်းကွက်ကို ထားဆီးနိုင်ရုံနဲ့ မင်းငါ့ကို တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား။ ဒါက မိုက်မဲတဲ့အိပ်မက်တစ်ခုပဲ" ရှီကန်ဟိုင်သည် လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်ပြီး သူ၏အပြုံးတွင် ဒေါသအရိပ် အယောင်နှင့် လှောင်ပြောင်သည့် အရိပ် အမြွက်များ သယ်ဆောင်လာသည်။

ချင်ယွင်က မထူးဆန်းသလို ပြုံးလိုက်ပြီး "တခြား သိုင်းကွက်တွေ ရှိသေးတယ်ဆိုရင်

အဲဒါတွေကိုအားလုံးကို သုံးကြည့်လိုက်ပါ။ ငါ အဲဒီသိုင်းကွက်တွေကို တစ်ခုပြီးတစ်ခု လိုက်ပါကစားပေးမယ်။"

ဤစကားကိုကြားလျှင် ရှီကန်ဟိုင်သည် ချက်ချင်းပင် ဒေါသဖြစ်သွားသည်။ မိုးကြိုး ၀ိညာဥ်ဂိုဏ်းတွင် တပည့်တဦးတစ်ယောက်ကမှ သူ့ကို ဤကဲ့သို့ မပြောဝံ့ခဲ့ပေ။ ကျိုးယု နှင့် ဘိုင်ချီဟန်တို့ပင်လျှင် သူ့အား ဤမျှ ရိုင်းရိုင်းစိုင်းစိုင်း မပြောဖူးပေ။

"မင်းရဲ့ မောက်မာမှုအတွက် နာကျင်စေမယ့် တန်ဖိုးကို ငါပေးမယ်။" ရှီကန်ဟိုင်သည် ဒေါသတကြီး ဟောက်လိုက်သည်။ သူ၏လက်ထဲမှ လေးလံသော ဓားရှည်ကြီးသည် မြေပြင်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံး တုန်ခါသွားပြီး ယင်းက ကြောက်စရာကောင်းသည့် ရှေးဟောင်းခေတ် ရက်စက် ကြမ်းကြုတ်သော သားရဲအချို့ မြေပြင်မှ ထိုးဖောက်ဝင်ရောက်လာတော့မည့် ထင်မှတ်ရ၏။

"အရင်တုန်းကတော့ ကျိုးယုအတွက် ဒီသိုင်း ကွက်ကို ချန်ထားဖို့ ငါ စီစဉ်ထားခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ကို တွန်းအားပေးနိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အဲ့ဒါကြောင့် ငါ့ရဲ့မြေကမ္ဘာလိပ်နက်ကို ကောင်းကောင်းမြည်းစမ်းကြည့်ရအောင်!"

ရှီကန်ဟိုင်၏ အသံသည် အနှိုင်းမဲ့ အုံ့မှိုင်းနေပြီး သူ၏နောက်မှ ဆံပင်များသည် ဆိတ်ငြိမ်သော နတ်ဆိုးတွင်းနက်ကြီးတစ်ခုလို ရိုင်းစိုင်းစွာ ကနေသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ အချင်း နှစ်ဆယ်မီတာခန့်ရှိသော ဧရာမလိပ်နက်ကြီးသည် မြေကြီးထဲမှ တိုက်ရိုက်ဖောက်ထွက်လာပြီး သူ့ကို အရှင်လတ်လတ် ဝါးမျိုချင်သကဲ့သို့ ချင်ယွမ်ဆီသို့ ကိုက်လိုက်သည်။

ချင်ယွင်သည် လိပ်နက်ကြီး၏သွေးထွက်နေသောပါးစပ်ကို ရှောင်တိမ်းရန် သူ၏ မြန်နှုန်းမြင့်လျှပ်စီး အရှိန်ဟုန်ကို အလျင်အမြန်အသုံးပြုခဲ့သည်။

လိပ်နက်ကြီးသည် ချင်ယွင်နောက်သို့ မလိုက်ခဲ့ပေ။ အဲဒီအစား သူက ချင်ယွင်ကို

ဟိန်းဟောက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဟောက်သံသည် ကြီးမားသော မုန်တိုင်းကြီးကို ဖြစ် ပေါ်စေသည်။

ချင်ယွင်သည် သူ၏ ဆေဘာကိုကိုင်လျက် ရပ်နေကာ သူ၏ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။ မည်မျှပင် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ဖွယ်ကောင်းသော မုန်တိုင်းကြီးသည်ဖြစ်နေပါစေ သူသည် လုံးလုံးလျားလျား ရွေ့လျားခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ လျှပ်စီးများသည် လျှပ်စီးများအတွင်း ရေချိုးနေသော မိုးကြိုးစစ်နတ်ဘုရားတပါးအလား ထင်မှတ်ရစေ၏။

"မြေကမ္ဘာ သိမ်မွေ့နက်နဲနယ်ပယ် သိုင်းပညာရပ်တခုလား။ ဒီနေ့တော့ မင်းရဲ့လိပ်ခွံက ပိုမာကြောမလား ဒါမှမဟုတ် ငါ့ရဲ့လျှပ်စီးခုတ်ပိုင်းမူက ပိုအားကောင်းမလားဆိုတာ ငါကြည့်ချင်တယ်"

ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာသည်။ သူ၏အသံကျဆင်း လာသည်နှင့်အမျှ ချင်ယွင်အနီးတစ်ဝိုက်တွင် လျှပ်စီးတိုင်လုံးများသည် ချက်ချင်းပင် ပြိုကျသွားသည်။

All Chapters