← Chapters

အနိုင်အရှုံး ဆုံးဖြတ်ပေးခြင်း

Vol. 9 Ch. 135

အနိုင်အရှုံး ဆုံးဖြတ်ပေးခြင်း

Vol. 9 Ch. 135

အခန်း (၁၃၅) အနိုင်အရှုံး ဆုံးဖြတ်ပေးခြင်း။

ချင်ယွင်သည် သူ၏ခြေဖဝါးအောက်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး သူ၏ တစ်ကိုယ်လုံး မြေပြင်မှ ချက်ချင်းကြွတက်သွားသည်။ သူသည် လေထဲမှာပင် မြေကမ္ဘာသိမ်မွေ့နက်နဲနယ်ပယ်သိုင်းပညာရပ်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဆေဘာသည် ခုတ်ပိုင်းလိုက်သည်နှင့်ကြီးမားသော ဆေဘာချီကို တိုက်ရိုက် ဖွဲ့စည်းသွားသည်။ ဆေဘာချီတွင်လည်း ကြီးမားသော လျှပ်စီးစွမ်းအားများ ပါဝင်‌နေသည်။

"ဟမ့်၊ သုံးစားမရတဲ့လှည့်ကွက်လေးကများ။" ရှီကန်ဟိုင်သည် အေးစက်စွာ အော်ဟစ်ပြီး "မြေကမ္ဘာလိပ်နက်ကြီး၊ တိုက်ခိုက်စမ်း!"

ရွှံ့နွံထဲမှာ လုံးလုံးပြည့်နေသော မြေကမ္ဘာလိပ်နက်ကြီးသည် ဟိန်းဟောက်ကာ အဝါရောင်အလုံးကြီးကို ၎င်း၏ပါးစပ်မှ အလင်းတန်းတစ်ခုအဖြစ် ထုတ်လွှတ်လိုက် သည်။

အလင်းအလုံးသည် ချင်ယွင်၏ဆေဘာချီနှင့်ထိပ်တိုက်ဆုံမိပြီး ချက်ခြင်းပေါက်ကွဲ သွားကာ ကြီးမားလှသော ဆေဘာချီကို ဘာမှမရှိသည်၏အဖြစ်သို့ ရောက်ရှိသွား စေ၏။။

"မင်းဟာက တစ်ချက်တိုက်ခိုက်တာတောင် မခံနိုင်ပါလား!"

ရှီကန်ဟိုင်သည် ဤမြင်ကွင်းကိုမြင်သောအခါ၊ သူ၏မျက်နှာသည် အထင်အမြင် သေးသောအကြည့်များ ပေါ်လာသည်။

"တကယ်လား?"

သို့သော် ထိုအချိန်တွင် ချင်ယွင်၏အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ပုံသဏ္ဍာန်သည် လျှပ်စီးလက်သကဲ့သို့ လင်းလက်သွားပြီး လိပ်နက်ကြီး၏ ခေါင်းထက်တွင် ပေါ်လာသည်။

မြေကမ္ဘာလိပ်နက်ကြီးသည် ဟိန်းဟောက်ပြီး ချင်ယွင်ဆီသို့ ကိုက်ရန် သူ၏ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများတွင် လျှပ်စီးများ တဖျပ်ဖျပ်ခတ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးဖျက်ဆီခြင်း အငွေ့ အသက်များသည် ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ၏ဆေဘာကို အကြင်နာကင်းမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

ဆေဘာအလင်း ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီးတစ်ခုလုံး ချက်ချင်း မှိန်ဖျော့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်လှိုင်းများ ဖြစ်ပေါ်လာကာ ရေလျှံသကဲ့သို့ ချက်ချင်းပင် ကျဆင်းလာသည်။

"မဟုတ်ဘူး!" ရှီကန်ဟိုင်သည် ကမန်းကတန်း အော်ဟစ်လိုက်သည်။

သို့သော်လည်း ဆေဘာအလင်းသည် ချက်ချင်းပင် ဆင်းသက်လာခဲ့ပြီး အခြားအရာများ တွေးတောရန် သူ့အတွက် မဖြစ်နိုင်တော့။

ဆေဘာအလင်းသည် ကြီးမားသောလျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး လိပ်နက်ကြီး၏ ကိုယ်ခန္ဓာထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ ဤလိပ်နက်ကြီးကို နှစ်ခြမ်းခွဲပြီး ချက်ချင်းဆိုသလိုပင် မြေမှုန်ဖုံမှုန့်အဖြစ်သို့ ပြန်ရောက်သွားတော့သည်။

ပြိုင်ပွဲကွင်းပြင်အပြင်ဘက်ရှိ ပရိသတ်များသည် အံသြသွားကြသည်။ ချင်ယွင်၏ ဆေဘာတိုက်ခိုက်မှုသည် ဤမျှပင် ပြင်းထန်လွန်းလှသည်လား။

သူသည် ရှီကန်ဟိုင်၏ မြေကမ္ဘာလိပ်နက်ကြီး ကို တစ်ချက်တည်းဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်။

သို့သော် ပို၍ အံ့သြစရာကောင်းသည်မှာ လူတိုင်း၏မျက်လုံးများ ပြူးကျယ်လာသည်နှင့်အမျှ ချင်ယွင်သည် လျှပ်စီးအဖြစ် ပြောင်းလဲသွားပြီး ရှီကန်ဟိုင်၏အနားတွင် ပေါ်လာခြင်းဖြစ်သည်။ သူသည် သူ၏လက်ထဲရှိ ဆေဘာကို အလျားလိုက် ရိုက်လိုက်ပြီး ရှီကန်ဟိုင် ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ရှီကန်ဟိုင်သည် ချက်ချင်းပင် သွေးအန်ကာ သူ၏ရင်ဘတ်သည် နစ်၀င်သွားခဲ့သည်။ သူ၏နံရိုးများ ကျိုးသွားကာ အတွင်းအင်္ဂါအစိတ်အပိုင်းများ ဒဏ်ရာရသွားသည်။

သူ၏တစ်ကိုယ်လုံးသည် နောက်ပြန် လွင့်ထွက်သွားခဲ့ပြီး သူ၏နောက်ရှိ အထူးတန်းစင်မြင့် နံရံပေါ် ထိုးကျသွားသည်။ သူသည် နံရံပေါ်တွင်လူသားပုံစံ တိုက်ရိုက် ခွက်၀င်သွားခဲ့ပြီး လုံးလုံး လျားလျား သတိလစ်သွားခဲ့သည်။

ပရိသတ်များသည် မထိန်းနိုင်ဘဲ တံတွေးတလုတ် မျိုချရုံသာ တတ်နိုင်တော့သည်။ စောပိုင်းလေးက ထိုတိုက်ကွက်ကိုကြည့်ရုံဖြင့်ပင် ရှီကန်ဟိုင်ကိုအသာထား ရိုက်နှက်ခံရသည့် မည်သူမဆို သူတို့သည် အနှိုက်မယ့်နာကျင်မူကို ခံစားရလိမ့်မည်။

ချင်ယွင်သည် ဝင်ကြွားစွာဖြင့် သူ၏ ဆေဘာကို ရုတ်သိမ်းလိုက်ပြီး ရှီကန်ဟိုင်ကို လှည့်ပင်မကြည့်တော့။

အကယ်၍ ဆေဘာသည် အနည်းငယ်လှည့်သွားသည်နှင့် ၊ ၎င်းသည် ရှီကန်ဟိုင်၏ ခန္ဓာ ကိုယ်ကို ဆေဘာ၏ကိုယ်ထည်ဖြင့်ထိမည်မဟုတ်ဘဲ ဆေဘာအသွားဖြင့်ထိပြီး နှစ်ပိုင်းပြတ်သွားမည်ဖြစ်သည်။

သို့သော် ဤပြိုင်ပွဲသည် နောက်ဆုံးတွင် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်ကို ချင်ယွင်သိသည်။ အကယ်၍ သူသာ ရှီကန်ဟိုင်ကို အရာအားလုံးဖြင့် စွန့်စားပြီး အမှန်တကယ်သတ်ဖြတ်ခဲ့မည်ဆိုလျှင်၊ သူသည် မိုးကြိုး၀ိညာဥ်တောင်ကို ဝင်ခွင့်ရရန် အရည်အချင်းမဆိုထားနှင့် ထိပ်ဆုံးသုံးယောက်ထဲ၀င်ခွင့်ရရန်ပင် ဆုံးရှုံးရလိမ့်မည်။ သူသည် ဂိုဏ်းမှ နှင်ထုတ်ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ၊ အခြားကိစ္စတစ်ခုကြောင့် ချင်ယွင်သည် ဤကဲ့သို့သောအရာမျိုးကို မစွန့်စားရဲပေ။

ရှီကန်ဟိုင်အတွက်လား၊ သူ့ကိုသတ်ရန် အခွင့်အလမ်းများစွာ ရှိလာနိုင်သည့်အတွက် သူက လုံးဝအလျင်လိုစရာမလိုပါဘူး။

ရှီကန်ဟိုင်က သတိလစ်နေပြီဖြစ်သော ကြောင့် တော်၀င်အကြီးအကဲသည် ဤပွဲကို

ချင်ယွင်အနိုင်ရကြောင်း တိုက်ရိုက်ကြေငြာခဲ့သည်။ ဤနည်းဖြင့် ချင်ယွင်သည် ထိပ်ဆုံးငါးဦးသို့ တိုက်ရိုက်တက်လှမ်းခဲ့သည်။

နောက်တစ်ခုက အောက်ဆုံးငါးယောက်အတွက် အဆင့်သတ်မှတ်ပြိုင်ပွဲဖြစ်သည်။ ထိပ်တန်း သုံးယောက်အတွက် ပြိုင်ပွဲကို မနက်ဖြန်မရောက်မချင်း တရားဝင် ကျင်းပမှာ မဟုတ်ပါဘူး။ ထိုကြောင့် လက်ကျန်တိုက်ပွဲများသည် ချင်ယွင်နှင့် မည်သို့မျှ မသက်ဆိုင်သည့်အတွက် ချင်ယွင်သည် တိုက်ရိုက်ထွက်သွားခဲ့သည်။ (‌အောက်ဆုံး၅ယောက်ဟူသည်အဆင့်ခြောက်မှအဆင့်တစ်ဆယ်ကိုရည်ညွှန်းဟန်)

ချင်ယွင်သည် သူ၏ခြံဝင်းထဲသို့ ပြန်သွားပြီး သူ၏အခန်းထဲသို့ တိုက်ရိုက်ဝင်လိုက်သည်။ တင်ပျဉ်ခွေထိုင်ပြီးနောက် ရှေးဟောင်းခေတ်အစိမ်းရောင် ကြာပန်းပညာရပ်ကို စတင်ဖြန့်ချီလိုက်သည်။

ယခုပင် ရှီကန်ဟိုင်နှင့် တိုက်နေချိန်တွင် ချင်ယွင်သည် သူအဆင့်ချိုးဖြတ် သွားတော့မည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။ ယခုသူသည် ကျင့်ကြံခြင်းပညာရပ်ကို အသက်သွင်းလိုက်သောအခါတွင် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်း ဆူပွက်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များသည် ချင်ယွင်၏ ဒန်တန်ဆီသို့ အရူးအမူး စီးဝင်လာကြပြီး သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးများတဆင့် ဒန်တန်ဆီသို့ စီးဆင်းသွားကြသည်။

ချင်ယွင်၏ဒန်တန်သည် တက်ကြွမှုအပြည့်ရှိ နေသည်။ ဝိညာဉ်စွမ်းအင်မှ ဖြစ်ပေါ်လာသော ရေအိုင်သည် လှုပ်လျားနေပြီး ကြာပန်းပွင့်မှဖြစ်ပေါ်လာသော ရနံ့များသည် ရေကန်တစ်ခုလုံးကို ဝိညာဉ်ချီတိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွား ခဲ့သည်။

ချင်ယွင်၏အခန်းတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အလွန်သိပ်သည်းပြီး ထူထဲသော မြူခိုးများအဖြစ်သို့ တိုက်ရိုက် အရည်ပျော်သွားခဲ့သည်။

ချင်ယွင်သည် မြူခိုးများထဲတွင် ထိုင်နေပြီး သူ၏ပတ်ဝန်းကျင်တွင် မျက်စိဖြင့် မြင်နိုင်သော ရေငွေ့များ ဖြစ်ပေါ်ကာ ဝိညာဉ်ချီများကို အရူးအမူး ဝါးမြိုသွားခဲ့သည်။

"ဖျစ်!"

စာရွက်တစ်ရွက်ကို ဖောက်ထုတ်လိုက်သကဲ့သို့ ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာကို တိုက်ရိုက်တက်လှမ်းခဲ့သွားခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများကိုဖွင့်ပြီး ညစ်ညမ်းသောလေထုကို သူ၏ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေသည်။

ဤအဆင့်ချိုးဖြတ်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းစေပြီး ပို၍ လန်းဆန်းစေသည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည်လည်း ပိုမိုသိပ်သည်း လာကာ သူ၏ ရုပ်ခန္ဓာကိုယ်ပင်လျှင် အနည်းငယ်တိုးတက်လာပုံရသည်။

ချင်ယွင်သည် ကျန်းရွန်ရှင်းကိုရှာရန် အပြင်ထွက်ခါနီးတွင် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ရုတ်တရက် အသက်ရှူသကဲ့သို့ တောက်ပလာ သည်။

"အင်း၊ ဒီကောင်လေးနှစ်ယောက်ကလည်း အဆင့်ချိုးဖြတ်သွားပုံရတယ်။" ချင်ယွင်သည် အံ့သြဟန်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲကို ဒေါသထန်ပြင်းဧရာမလူဝံလေး နှစ်ကောင်ကို ထည့်ထားပြီးကတည်းက ဤကောင်လေးနှစ်ကောင်သည် ရှောင်ဘိုင်၏ရင်ခွင်ထဲတွင် အိပ်ပျော်နေခဲ့သည်။ သူတို့နိုးလာသောအခါ ရှောင်ဘိုင်နှင့်အတူ ဝိုင်းဖွဲ့ကစားကြသည်။

ရှောင်ဘိုင်သည် ဤကောင်လေးများကို ညီငယ်များကဲ့သို့ ဆက်ဆံပြီး ကောင်းစွာ ဂရုစိုက်နေပုံရသည်။

ဤကောင်လေးနှစ်ကောင်သည် အနီ‌ရောင်နှင့် အနက်ရောင်ရှိပြီး ချင်ယွင်က သူတို့ကို ရှောင်ဟောင်နှင့် ရှောင်ဟေးဟု တိုက်ရိုက် နာမည်ပေးထားသည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ရှောင်ဟောင်နှင့် ရှောင်ဟေးတို့၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ရန် အကျိုးသက်ရောက်မှုရှိသည် ။ ၎င်းတို့သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲတွင် နေခြင်းဖြင့် နေ့စဉ်နေ့တိုင်း အစိမ်းရောင် ကြာပန်းစည်းတံဆိပ်၏တန်ခိုးဖြင့် လွှမ်းခြုံထားခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် အဆင့်နှစ်ဆိတ်သုဉ်းခြင်းသားရဲ အဖြစ်သို့ ဖြတ်ကျော်သွားခဲ့သော အချက်ကို ပေါင်းထည့်လိုက်လျှင် ဤကောင်‌လေးများသည် ပို၍ပင် ထူးကဲလာခဲ့သည်။

ရှောင်ဟောင်သည် နီမြန်းသောအမွှေးနှင့်အတူ နဖူးတွင် တတိယမျက်လုံးဖြင့် မွေးဖွားခဲ့လာသည်။ သို့သော် သူသည် ၎င်းမျက်လုံးကိုတင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ဘယ်တော့မှ ဖွင့်မရပေ။ ယခု သူသည် အဆင့်နှစ် ဆိတ်သုဉ်းခြင်း သားရဲအဖြစ်သို့ ဖြတ်ကျော် သွားသဖြင့် ၎င်းမျက်လုံးသည် လျော့ရဲသွားသည့် လက္ခဏာများ ပြသနေပုံရသည်။ အချိန်တိုအတွင်း အပြည့်အ၀ဖွင့်နိုင်မည်ဟု ခန့်မှန်းထားသည်။

ရှောင်ဟေးသည်လည်း ထူးဆန်းသော ဖြစ်စဉ်တစ်ခုဖြင့် မွေးဖွားလာခဲ့သူဖြစ်သည်။ သူ့မှာ အတောင်ပံတစ်စုံ ပါရှိသည်။ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ရှောင်ဟောင်၏ ပြင်းထန်သော အငွေ့အသက်နှင့် ကွဲပြားပြီး ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း၏ အသွင်အပြင်ဖြစ်သည်။

ရှောင်ဟောင်သည် ဒဏ္ဍာရီလာ ဇူယန်၏သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ကာ ကောင်းကင်ဖွင့်မျက်လုံးကို ပိုင်ဆိုင်ထားကြောင်း ချင်ယွင်သည် အကြည့်တစ်ချက်ဖြင့် ပြောပြနိုင်သည်။ သို့သော် ချင်ယွင်သည် ဤ ရှောင်ဟေး၏အမွေဆက်ခံခဲ့သည့် ရှေးဟောင်းနတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို မပြောပြနိုင်ခဲ့ပေ။

သို့သော် ရှောင်ဟေး၏ အငွေ့အသက်သည် ရှောင်ဟောင်ထက် မနိမ့်ကျသောကြောင့် ၎င်းသည် အံ့သြဖွယ် နတ်ဘုရားသားရဲအချို့ ဖြစ်ရမည်။

နဂါးကိုးကောင်နှင့် ကလေးကိုးကောင်တို့သည် မတူကွဲပြားခြားနားကြသည်။ ထို့ကြောင့် မျိုးရိုးဗီဇဆက်ခံခြင်းများသည် ၎င်းတို့၏သားစဉ် မြေးဆက်တွင် ရှားပါးကြသော်လည်း မဖြစ်နိုင်ဘူးတော့မဟုတ်ပေ။ ထိုနေ့တုန်းက (ကံတရားကြီးသည်) ချင်ယွင်ဆီကို ဤကောင်လေးနှစ်ကောင်ကို ပို့ဆောင်ပေးခဲ့သည်။ ဤကောင်လေးနှစ်ကောင်သည် သာမန်ထက်သာလွန်ထူးရှားသည်ဟု သူခံစားမိပြီး ၎င်းတို့သည် အနာဂတ်တွင် အုပ်စိုးရှင်များအဖြစ် တည်ရှိလာမည်မှာ သေချာပါသည်။

ချင်ယွင်သည် ဒေါသထန်ပြင်းဧရာမလူဝံလေးများကို ကယ်တင်ရန် သူရွေးချယ်ခဲ့ခြင်း ဖြစ်သောကြောင့် ယခုအချိန်တွင် သူသည် ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။ မဟုတ်လျှင် သူသည်ရှောင်ဟောင် နှင့် ရှောင်ဟေးတို့ကဲ့သို့ ထူးခြားဆန်းပြားသည့် သားရဲနှစ်ကောင်ကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

ရှောင်ဟောင် နှင့် ရှောင်ဟေးတို့၏ လက်ရှိအင်အားသည် အဆင့်နှစ်သာရှိသေးပြီး သူ့ကို မကူညီနိုင်သော်လည်း၊ သူတို့၏ ကြီးထွားမှုသည် အနာဂတ်တွင် သေချာပေါက် တိုးတက်လာမည်ဖြစ်သည်။ သူတို့၏ရှေးဟောင်းခေတ် နတ်ဘုရားသားရဲ သွေးမျိုးဆက်ဖြင့်၊ ၎င်းတို့သည် အနာဂတ်တွင် ကြီးမားသောတိုက်ပွဲ၀င်စွမ်းအားကို သေချာပေါက် ရရှိမည်ဖြစ်သည်။

ချင်ယွင်၏ ပါးစပ်ထောင့်များ ပွင့်ထွက်သွားသည်။ ဤကောင်လေးနှစ်ကောင်ကို သူ ဂရုမစိုက်တော့ပေ။ သူသည် ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာကို ဆင့်ခေါ်လိုက်သည်။

ရှီကန်ဟိုင် နှင့် ဤတိုက်ပွဲတွင် ချင်ယွင်သည် သူ၏ ဆေဘာပညာရပ်ကို မြှင့်တင်နိုင်ခဲ့သည်၊ အထူးသဖြင့် ချင်ယွင်ကို ထိုးထွင်းသိမြင်နားလည်မှု အချို့ကိုပေးဆောင်ခဲ့သည်။ အထူး သဖြင့် သူ အသုံးမပြုနိုင်လုနီးပါးဖြစ်နေသော ကောင်းကင်တုန်ခါမြေတုန်အောင်ခုတ်ပိုင်း ဆေဘာဓားသိုင်း၏ .. ပထမသိုင်းကွက် အတွက် ဖြစ်သည်။

စာစဉ် (၉)ပြီးပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters