← Chapters

နေရာအတွက် တိုက်ပွဲ

Vol. 10 Ch. 137

နေရာအတွက် တိုက်ပွဲ

Vol. 10 Ch. 137

အခန်း (၁၃၇) နေရာအတွက် တိုက်ပွဲ

မျက်စိတစ်မှိတ်အတွင်း နံနက်ခင်းအချိန်က ရောက်ရှိလာခဲ့ပြီ။ ချင်ယွင် နှင့် ကျန်းရွန်ရှင်း တို့သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ အတူတကွ ရောက်ရှိ လာခဲ့ကြသည်။

မနေ့ညက ချင်ယွင် နှင့် ကျန်းရွန်ရှင်းတို့သည် တစ်ညလုံးနီးပါး အပြန်ပြန်လှန်လှန် တိုက်ပွဲ၀င်ခဲ့ကြပြီး ကျန်းရွန်ရှင်းသည် သေလုမျောပါးပင် ဖြစ်ခဲ့ရသည်။ ဒါတောင်မှ ကောင်းကောင်းမလုံလောက်သေးပါဘူး။ သူတို့နှစ်ယောက်လုံးသည် သာမန်လူများ မဟုတ်ကြပါဘူး။ မနက်ခင်းမှာ တခဏလောက် တရားထိုင်ကျင့်ကြံပြီးနောက် မနေ့ညက ပင်ပန်းနွမ်းနယ်မှုအားလုံး ပြန်လည်သက်သာလာခဲ့သည်။

ယခု ကျန်းရွန်ရှင်းသည် ချင်ယွင်၏ စိတ်ခံစားချက်ပျော်ရွှင်အောင် ပြုစုပျိုးထောင်ပေးမူ ကြောင့် သူမ၏ ချစ်စဖွယ် မျက်နှာလေးသည် ပို၍ပင် ချစ်စရာကောင်းလာသည်။ လူ့တိရိစ္ဆာန် များသည် သူမကိုမြင်သည့်အခါ အရူးအမူး ဖြစ်သွားကြသော်လည်း ဤအဆီရွှမ်းသည့် အသားတုံးကြီး သူတို့အနေဖြင့် ငေးကြည့်ရုံကလွဲပြီး မစားနိုင်ကြပါဘူး။ ရင်ခွင်ထဲတွင် အလှလေးကို ဆုပ်ကိုင်ပွေ့ဖက်ထားသော ချင်ယွင်ကို မနာလိုစိတ်ဖြင့်သာ စောင့်ကြည့်နေနိုင်ခဲ့ကြသည်။

မကြာခင်မှာပဲ မိုးကြိုးရင်ပြင်မှာ လူများနှင့် ပြည့်နေကြသည်။ ယနေ့သည် နောက်ဆုံးအကျော့၏ နောက်ဆုံးဗိုလ်လုပွဲဖြစ်သည်။ နောက်ဆုံးအကျော့တွင် ယမန်နေ့က ထိပ်တန်းငါးဦးမှ ထိပ်ဆုံးသုံးဦးသည် မိုးကြိုး၀ိညာဥ်တောင်သို့ ဝင်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။

ထို့ကြောင့်လည်း ချင်ယွင်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်းသို့ဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဤပြိုင်ပွဲတွင် ထိပ်တန်းနေရာ (၃) ခုကို ရယူရမည်ဖြစ်သည်။

ယခုအကြိမ် ဤအဆင့်ထိတက်ရောက်လာသော လူငါးဦးမှာ ဘိုင်ချီဟန်၊ ကျိုးယု၊

ချင်ယွင်၊ ကျန်းရွန်ရှင်း နှင့် ကျန်းတိုင်တို့ဖြစ်သည်။

ဤငါးယောက်အထဲတွင် ချင်ယွင်နှင့် ကျန်းတိုင်တို့သည် ယခုပြိုင်ပွဲ၏ မြင်းနက်များ ဖြစ်ကြသည်။ လူတော်တော်များများသည် ချင်ယွင်နှင့်ကျန်းတိုင်တို့သည် ယခုပြိုင်ပွဲ၏ အကြီးဆုံးမြင်းနက်တစ်ကောင်ဖြစ်သည်ကို သိရှိနိုင်ရန်

သူတို့နှစ်ယောက်ကို တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့ဆုံရန် စောင့်မျှော်နေကြသည်။

ချင်ယွင်နှင့် ကျန်းတိုင်တို့သည် ဘိုင်ချီဟန်နှင့် ကျိုးယုတို့ကို အနိုင်ယူနိုင်ခြင်းနှင့်ပတ်၍ သူတို့အနေဖြင့် စဉ်းစားနေစရာမလိုပေ။ ဤအရာသည် ရိုးရိုးရှင်းရှင်း မဖြစ်နိုင်ပေ။ ဘိုင်ချီဟန်နှင့် ကျိုးယုတို့သည် ဂိုဏ်း၏ထိပ်တန်း ပါရမီရှင် နှစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြပြီး ၎င်းတို့၏ စွမ်းအားသည် နားမလည်နိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။

ယခင်နောက်ဆုံးပြိုင်ပွဲတွင် သူတို့နှစ်ဦးသည် ထိပ်တိုက်တွေ့ဆုံဖူးကြသော်လည်း သူတို့နှစ်ဦးသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံရသည်။ သူတို့ မည်မျှ အစွမ်းထက် သည်ကို မည်သူမျှ မသိခဲ့ကြပေ။

သူတို့၏မျက်လုံးထဲတွင် ချင်ယွင်နှင့် ကျန်းတိုင်တို့သည် အကြီးမားဆုံး မြင်းနက်ကြီး မည်သူပင် ဖြစ်နေပါစေ ဘိုင်ချီဟန်နှင့် ကျိုးယုတို့၏ တောင်တန်းများကိုတော့ လှုပ်ရှားလို့မရနိုင်ပါဘူး။

ဝှီး! ဝှီး!

ဤအခိုက်အတန့်တွင် လေဟာနယ်စုတ်ဖြဲသည့် အသံနှစ်ခုသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခု၏ အလင်းတန်းများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားကာ မြင့်မားသောစင်မြင့်ပေါ်တွင် ပေါ်လာသည်။

ထိုပုံရိပ်နှစ်ခုပေါ်လာသည်နှင့်အမျှ ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးမှ ရူးသွပ်ဖွယ် အားပေးသံများ ထွက်ပေါ်လာသည်။

မှန်ပါသည်၊ ဤလူနှစ်ယောက်ကတော့ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းနှင့် တော်၀င်အကြီးအကဲ ရှင်းယွန်တို့ပါ။

ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အားကောင်းသောကြောင့်၊ တော်ဝင်အကြီး အကဲနှင့် မိုးကြိုး၀ိညာဥ်ဂိုဏ်း၊ ဂိုဏ်းခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက် ကြည့်ရုံဖြင့် သူမြင်နိုင်ခဲ့သည်။ တော်ဝင်အကြီးအကဲ ရှင်းယွန်သည် သိုင်းမြို့စား နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ တွင်သာရှိသော်လည်း မိုးကြိုး၀ိညာဥ် ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် သိုင်းမြို့စားနယ်ပယ် န၀မအဆင့် ကောင်းကင် အလွှာသို့ ရောက်ရှိနေပြီး ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ယင်းကြောင့် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် အမှန်တကယ်ပင် ထူးထူးခြားခြားဖြစ်ကြောင်း ခံစားရစေခဲ့သည်။ သူသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နိုင်ခဲ့သည်။ ဤသည်မှာ ဘိုင်ယွန်စီရင်စုတွင် မရေမတွက် နိုင်သော တည်ရှိမှုများထဲမှ တစ်ခုဖြစ်သည်။

မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်ဆောင် သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ပြီးနောက် သူက ပြောသည်"ဒီနေ့ကတော့ မိုးကြိုး ၀ိညာဥ်ဂိုဏ်းရဲ့ သုံးလပတ်ပြိုင်ပွဲ နောက်ဆုံးအကျော့ ဖြစ်ပြီး၊ ထိပ်ဆုံးငါးယောက်ထဲက သုံးယောက်ကို ရွေးချယ်သွားမှာပါ၊ ဒီတပည့်သုံးယောက်ဟာ မိုးကြိုး၀ိညာဥ်တောင်ကို ဝင်ခွင့်ရပ ါလိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ၊ ဘိုင်ယွန်စီရင်စုရဲ့ သုံးကြိမ်မြောက် အကယ်ဒမီပြိုင်ပွဲကို မကြာခင်ကျင်းပတော့မှာ ဖြစ်တယ်။ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဂိုဏ်းတစ်ခုစီကနေ တပည့်သုံးဦးကို ရွေးချယ်သွားမှာဖြစ်တယ်။

ဒါကြောင့် ဒီပြိုင်ပွဲမှာလည်း ထိပ်တန်းတပည့်သုံးယောက်က ငါတို့ရဲ့ မိုးကြိုး ၀ိညာဥ်ဂိုဏ်းကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နောက်ပိုင်းကိစ္စကိုတော့ တော်ဝင်အကြီးအကဲက လူတိုင်းအတွက် ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို ဦးစီးကျင်းပလိမ့်မယ်။"

မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်ခေါင်ဆောင်သည် ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင် နက် မိုးကြိုးရင်ပြင်တစ်ခုလုံး စိတ်လှုပ်ရှားမူများဖြင့် ပြည့်နှက်သွားခဲ့သည်။ အကယ်ဒမီပြိုင်ပွဲသည် ဘိုင်ယွန်စီရင်စုရှိ ရာနှင့်ချီသော ကျောင်းတော်များနှင့် ဂိုဏ်းများမှ တစ်ပြိုင် နက်တည်း စုပေါင်းတိုက်ခိုက်ကြသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဘိုင်ယွန်စီရင်စု၏ လက်ရွေး စင် တပည့်များအားလုံးကို စုစည်းထားခြင်း ဖြစ်သည်။

နောက်ဆုံးအကြိမ်တွင်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းသည် ဘိုင်ယွန်ကျောင်းတော်နှင့် လင်းတန်ဂိုဏ်းတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် သူတို့သည် တတိယအဆင့်သို့သာ ရောက်ရှိခဲ့သည်။ ယခုနှစ်ရော ဘာဖြစ်လာမလဲ?

လူတိုင်းသည် မျှော်လင့်ချက်များဖြင့် ပြည့်နေပြီး၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် ဘိုင်ယွန်ကျောင်းတော်နှင့် လင်းတန်ဂိုဏ်း တို့အပေါ်ရောက်ပြီး စားရင်းများကို ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

တပည့်များအားလုံးသည် စိတ်လှုပ်ရှားနေချိန်မှာပဲ တော်ဝင်အကြီးအကဲ၏ ကျယ်လောင်သည့်အသံက ထွက်ပေါ်လာသည်"အခု ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအကျော့ ဗိုလ်လုကို ကျင်းပပါတော့မယ်။ ထိပ်ဆုံးသုံးယောက်ကို ရွေးချယ်ဖို့ အတွက် အမှတ်တွေကို အသုံးပြုသွားမှာဖြစ်တယ်။ ပြိုင်ပွဲတစ်ပွဲနိုင်ရင် တစ်မှတ်ရမှာဖြစ်ပြီး ရှုံးတဲ့လူက အမှတ်ရမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းတို့ငါးယောက် ပတ်လည် တိုက်ခိုက်ရမယ်…”

“ကျွန်မ နှုတ်ထွက်ပါတယ် ! ထိုအချိန်တွင် ပြိုင်ပွဲကွင်းပြင်ထဲမှ စူးရှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်းသည် အသံလာရာအရင်းအမြစ်ဆီကို အံ့သြတကြီးဖြင့် ကြည့်နေကြသည်။

ကျန်းရွန်ရှင်းသည် ရှေ့တစ်လှမ်းတိုးပြီး "ကျွန်မက ဒီပြိုင်ပွဲကိုစွန့်လွှတ်ပြီး နှုတ်ထွက်ဖို့ ရွေးချယ်ပါတယ်"

ဤသည်မှာ မနေ့ညက ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့ ဆွေးနွေးခဲ့ကြသည့်အရာ ဖြစ်သည်။ ကျန်းရွန်ရှင်းသည် ဘိုင်ချီဟန်နှင့်ကျိုးယုတို့ကို မယှဉ်နိုင်သောကြောင့် ချင်ယွင်သည် သူမနှုတ်ထွက်ရန်အတွက် ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရွန်ရှင်းသည် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။ ထို့အပြင် ကျန်းတိုင်၏ လေဟာနယ်နယ်မြေစွမ်းအား သည် အလွန်ထူးဆန်းသည်။ ကျန်းရွန်ရှင်းသည် ထိပ်တန်းငါးဦးသို့ ဝင်ရောက်ရန် အလွန်ခက်ခဲနေပြီဖြစ်သည်။

ချင်ယွင်သည် ကျန်းရွန်ရှင်းအတွက် စဉ်းစားပေးပြီး ဤပြိုင်ပွဲကို စွန့်လွှတ်ရန် ပြောခဲ့ခြင်းဖြစ်သည်။

ကျန်းရွန်ရှင်း၏ စကားကိုကြားသောအခါ တော်ဝင် အကြီးအကဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ နောက်ဆုံးတော့ သူက "တစ်ယောက်ယောက်က ဒီပြိုင်ပွဲကို စွန့်လွတ်ခဲ့တဲ့အတွက်ကြောင့် ထိပ်ဆုံးသုံးနေရာအတွက် တိုက်ပွဲဝင်ဖို့ လူ လေးယောက်ပဲ ကျန်တော့တယ်။ စည်းမျဉ်းတွေကို နည်းနည်းပြောင်းပြီး နှစ်ယောက်တစ်တွဲ နှစ်ယောက်တစ်တွဲ တွဲကြည့်ရအောင်။ စကားတွေနဲ့အချိန် ထပ်မဖြုန်း‌တော့ဘူး။။ ပထမပွဲက ဘိုင်ချီဟန် နဲ့ ကျန်းတိုင်တို့ရဲ့ပြိုင်ပွဲဖြစ်တယ်။ လင်းယွင်နဲ့ ကျိုးယုတို့က ဒုတိယပွဲစဉ်အဖြစ် ကြေငြာလိုက်တယ်။ ကောင်းပြီ၊ ပထမပွဲစဥ်ကို တရားဝင်ဖွင့်တော့မယ်လို့ ကြေညာလိုက်တယ်။"

တော်ဝင်အကြီးအကဲက အမိန့်ပေးသောအခါ၊ ပြိုင်ပွဲကွင်းပြင် အပြင်ဘက်မှ ပြင်းပြင်း

ထန်ထန် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်း လူတိုင်းသွေးများ ဆူပွက် လာကြသည်။

ယင်းကိုကြားလျှင် ချင်ယွင်သည် အနည်းငယ် အံ့သြသည့်အမူအရာကို ထုတ်ဖော် လိုက်သည် ။ ဘိုင်ချီဟန်က နောက်ဆုံးတော့ လှုပ်ရှားတော့မှာလား။

ဘိုင်ချီဟန်သည် အလွန်အစွမ်းထက်ကြောင်း သူကြားသိရသည်မှာ အတော်ကြာလှပြီ ဖြစ်ပြီး နောက်ဆုံးတွင် သူမည်မျှ သန်မာသည်ကို မြင်တွေ့ခွင့်ရတော့မည်။ ကျန်းတိုင်သည် ဘိုင်ချီဟန်ကို မည်မျှအထိ တွန်းပို့နိုင်မည်ဆိုသည်ကို သူ မသိပေ။

သူ၏ပြိုင်ဘက်က အမှန်တကယ် ကျိုးယုဖြစ်နေသည် ။ သူသည် ကျိုးယု၏ လှံသိုင်းပညာ ရပ်ကို အချိန်အ‌တော်ကြာကတည်းက တွေ့ကြုံချင်ခဲ့သော်လည်း သိပ်မကြာခင်မှာ ကျိုးယုနှင့်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရုတ်တရက် ချင်ယွင်သည် သူ့ဆီသို့ စူးစိုက်ကြည့်လာသည့် အကြည့်တခုကို ခံစားလိုက်ရသည်။ ချင်ယွင်သည် အကြည့်ပိုင်ရှင်ဆီကို အမြန်ကြည့်လိုက်လျှင် ဤအကြည့်ပိုင်ရှင်သည် ကျိုးယုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျိုးယု၏ မျက်လုံးများသည် ချင်ယွင်ကို တိုက်ခိုက်ရန် စောင့်မျှော်နေသကဲ့သို့ တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ကျိုးယုကို ပြုံးပြပြီး လက်တီးဆုပ်သည့် အမူအယာ လုပ်ပြလိုက်သည်။

ကျိုးယုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သသည်။ ချင်ယွင်၏ ရိုင်းစိုင်းသော အသွင်အပြင်ကြောင့် သူသည် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်မှာ ထင်ရှားသည်။

ချင်ယွင်သည် အိုးတိုးအန်းတန်း ပြုံးလိုက်မိသည်။ ဤကျိုးယု၏ မျက်နှာသည် အနှစ်တစ်သောင်းကြာအောင် မပြောင်းလဲဘဲရှိနေသည့် ရေခဲတုံးကြီးကဲ့သို့ ဖြစ်နေသည်။

အမှန်တကယ်တော့ ဤကျိုးယုသည် လူဆိုးမဟုတ်သော်လည်း အလွန် အေးစက်လွန်းသည်မှလွဲပြီး ဘာမှမထူးခြားကြောင်း သူသိထားပြီးဖြစ်သည်။ သူ၏ စိတ်ထဲတွင် သူသည် တိုက်ခိုက်ဖို့သာ အာရုံရှိ၏။

ချင်ယွင်သည်လည်း တိုက်ပွဲကို ရူးသွပ်သူတစ်ယောက် ဖြစ်ပေသည်၊ သို့သော် သူသည် တိုက်ခိုက်ရန်အတွက်သာ အစွဲအလမ်းကြီးသော ကျိုးယုကဲ့သို့ မဟုတ်သည်မှာ သေချာပါသည်။ ပျော်ရွှင်သောဘဝဟူသည် အလွန်ပျော်ရွှင်သောအရာတွေပေါ်မှာ ရူးသွပ်နေဖို့လည်း မလိုအပ်ပေ။

ဤအခိုက်အတန့်တွင် ပြိုင်ပွဲကွင်းပြင် အပြင်ဘက်မှ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းသော အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာသည်။

ပထမပွဲက ပြိုင်ပွဲဝင် နှစ်ယောက် အထူးသဖြင့် ဘိုင်ချီဟန်သည် ပြိုင်ပွဲကွင်းပြင်ထဲ ဝင်နေပြီဆိုသည်ကို တွေ့လိုက်ရသည်။ သူသည် ခံ့ညားထည်၀ါသည့် မည်သည့်အရိပ်အယောင်မျှ ပြသခြင်းမရှိဘဲ ပြိုင်ပွဲစင်မြင့်ပေါ်သို့ ခြေလှမ်း တစ်လှမ်းချင်း လှမ်းတက်လာခဲ့ပေမယ့် မိုးကြိုးရင်ပြင်ရှိ ပရိသတ်များသည် သူ၏ အသွင်အပြင်ကြောင့် မျက်နှာနီရဲသည်အထိ အော်ဟစ်အားပေးခဲ့ကြသည်။

ဤဘိုင်ချီဟန်သည် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ထိုက်သည်ဟု ချင်ယွင် ခံစားမိသည်။ ဂိုဏ်းထဲတွင် သူ၏ကျော်ကြားမှုက တကယ့်ကို သာမန်မဟုတ်ပေ။ အထူးသဖြင့် ထိုအမျိုးသမီး တပည့်များသည် ဘိုင်ချီဟန် ကို ကြည့်နေသောအခါတွင် သူမတို့၏အဝတ် အစားများကို ချွတ်ကာ ဘိုင်ချီဟန်ရင်ခွင်ထဲသို့ အပြေးအလွှား ပြေးဝင်ချင်နေပုံရသည်။ ယင်းက အလွန်ပူလောင်လွန်းပြီး လူများကို ရူးသွပ်သွားစေနိုင်သည်။

All Chapters