← Chapters

ဆေးဖော်စပ်သည့်အခါ တစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်လာခဲ့လျှင် မည်သို့ပြုလုပ်မည်နည်း

Vol. 5 Ch. 474

ဆေးဖော်စပ်သည့်အခါ တစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်လာခဲ့လျှင် မည်သို့ပြုလုပ်မည်နည်း

Vol. 5 Ch. 474

ပိုင်ရှောင်ချန်းသည် ပိုင်လင်းက မည်သည့်အကြောင်းအရာကို ပြောနေလဲဆိုတာ စဥ်းစားရခက်နေသည်သာမဟုတ်၊ မည်သည်ကို ဆိုလိုနေလဲ နားလည်ရန်ပင် ဒုက္ခရောက်နေတော့သည်။ သို့သော်လည်း သူသည် ရပ်ကာ နားထောင်နေရုံမှလွဲ၍ တခြားမလုပ်နိုင်ပေ။

" စစ်တပ်တစ်ဖွဲ့လုံးမှာ စစ်သေနာပတိချုပ်တစ်ယောက်နဲ့ စစ်ဦးစီးမှူး ဆယ်ယောက်ရှိတယ် " ပိုင်လင်းက ဆက်ပြော၏။

" စစ်ဦးစီးမှူး တစ်ယောက်စီတိုင်းရဲ့ အောက်မှာ တပ်မှူးကြီးဆယ်ယောက်ရှိပြီး အဲ့လိုပဲ တပ်မှူးကြီးအောက်မှာ တပ်မှူးလေးတွေနဲ့ တပ်ခွဲမှူးတွေရှိတယ်"

"ငါကတော့ အရေခွံဆုတ်တပ်ရဲ့ လက်ရှိ စစ်သေနာပတိချုပ်ပဲ "

ပိုင်လင်းက ပိုင်ရှောင်ချန်းကို ပြန်ကြည့်ပြီး သူ၏ အကြည့်မှာ ယခင်ထက်ပင် ပိုပြီး စူးရှလာ၏။

" ငါက ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တဲ့ လူစားမဟုတ်ဘူး။ တည့်တိုးပဲ ပြောတတ်တယ်။ ပြီးတော့ အမြဲတမ်း စိတ်ရင်းနဲ့ပဲ ပြောတယ်။ ငါ့မှာ ထူးဆန်းတဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ တချို့လူတွေက ငါက စိတ်ဆတ်တယ်။ တချို့က ငါက သတ်ဖြတ်ရ ဝါသနာပါတယ်လို့ ပြောတယ်"

" တချို့ကပြောတယ်။ ငါက တစ်နေ့နေ့မှာ သေချာပေါက် နတ်အဆင့်ကျင့်ကြံသူ ဖြစ်လာမယ်တဲ့။ တချို့ကျပြန်တော့ ငါရဲ့ မယုံကြည်နိုင်ဖွယ် သဘာဝအတိုင်း မွေးဖွားလာတဲ့ ပါရမီ စွမ်းရည်တွေအကြောင်းပြောတယ်။ လူတွေက ငါ့ကို လူတော်လို့ခေါ်ပြီး စစ်နည်းဗျူဟာတွေ နည်းပရိယာယ်တွေကို နက်နက်နဲနဲ နားလည်သဘောပေါက်တယ်လို့ ပြောတယ်။ အဲ့လို အမျိုးမျိုး ပြောကြတာပဲ"

" ငါ အဲ့တာတွေကို မကြိုက်ဘူး။ အဲ့လို အရာတွေ နားထောင်ရတာလဲ စိတ်မဝင်စားဘူး။ အမှန်က ငါ လူတွေဆီက ကြားချင်တာ တစ်ခုပဲရှိတယ်။ အဲဒါ မင်း သိလား "

ပိုင်လင်းက ပေါက်တတ်ကရစကားများ ပြောနေသောကြောင့် ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ဆိုရလျှင် အတော်လေး ကသိကသောက် ဖြစ်ကြောင်း ဝန်ခံရပေမည်။ သူက စိတ်ထဲတွင် ပေါ်လာသည့် စကားများကို တောင်စဥ်ရေမရ လျှောက်ပြောနေသည့်အလားပင်။ ဥပမာဆိုရလျှင် အစောပိုင်းက သူစပြောခဲ့သောအကြောင်းများသည် ယခုသူပြောေနသောအကြောင်းများနှင့် မည်သို့မှ ဆက်စပ်မှုမရှိပေ။

ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ရပ်ပဲနေလေရာ ပိုင်လင်း မျက်မှောင်ကြုတ်သွားတော့သည်။

"မင်းကို မေးခွန်းမေးနေတယ်လေ။ ငါ လူတွေဆီက ဘာကြားချင်တာလဲ မင်းသိလားလို့ "

သူ၏မျက်လုံးအတွင်းရှိ အကြည့်မှာ ပိုင်ရှောင်ချန်းက မေးခွန်းဖြေရန် မျှော်လင့်နေ၏။

" ဟမ်... မသိဘူးဗျ "

ပိုင်လင်းသည် တကယ့်ကို ကြောင်တောင်တောင်လူတစ်ယောက်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းတွေးရင်း ပြောလိုက်သည်။

ပိုင်လင်း၏ မျက်လုံးများတွင် အေးစက်စက် အလင်းများ ဖြတ်ပြေးသွားပြီး ပြော၏။

" ငါက လူတွေ စိတ်မပါပဲ ပြောရင် မကြိုက်ဘူးဆိုတာ မင်း သိပါတယ်"

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း ပိုင်လင်း၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ထက် အတော်လေးမြင့်လေရာ ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူက လေးလေးနက်နက် တွေးနေသည့်ပုံပေါက်အောင် မျက်နှာအမူအရာကို ဖမ်းလိုက်လေသည်။ ထို့နောက် တခဏကြာသော် သူက ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်၏။ မျက်လုံးများ တလက်လက်တောက်နေရင်း သူက ပြောလိုက်သည်။

" ကျုပ်သိပြီ စစ်သေနာပတိချုပ်။ နောက်ကျရင် လူတွေ ခင်ဗျားကို သတိတရရှိနေပြီး တချိန်က စစ်တပ်ကြီးကို ဦးဆောင်၊ ရန်သူေတွအရာအားလုံးကို နှိမ်နင်းတဲ့အပြင် ဘဝတစ်လျှောက်လုံး မဟာတံတိုင်းကြီးကို ရွပ်ရွပ်ချွံချွံ ကာကွယ်သွားတဲ့ ပိုင်လင်းနာမည်နဲ့ စစ်သေနာပတိချုပ် တစ်ယောက်ရှိခဲ့တယ်ဆိုတာ အမှတ်ရစေချင်တာမလား "

ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် သူ၏မြှောက်လုံးများမှာ ပြီးပြည်စုံသောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေစဥ်တွင် ပိုင်လင်း၏ အမူအရာမှာ တင်းမာခက်ထန်သွား၏။

" မှားတယ် "

ပိုင်လင်းက အကျီလက်ကို ခါလိုက်ရင်း ပို၍တောက်ပလာသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ငါ လူတွေကို ပြောစေချင်တာက ပိုင်လင်းမှာ အံ့သြဖွယ်ကောင်းတဲ့ အဖိုးရှိတယ်ဆိုတာပဲ။ ဘာကြောင့်လဲဆိုတော့ ငါ့အဖိုးက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးပြီးရင် ဒုတိယမို့လို့ပဲ။ သူက.... နတ်အဆင့်မဟာအကြီးအကဲ တစ်ယောက်ပဲ "

" အဲ့တာ ဘာကို ဆိုလိုတာလဲ။ ဘာကို ဆိုလိုတာလဲဆိုတော့ ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးက ဘယ်သူမှ ငါ့ကို ဘယ်တော့မှ ရန်စရဲမှာမဟုတ်ဘူး။ ဒါ့အပြင် ငါ ရန်မူချင်တဲ့ ဘယ်သူ့မဆို လွတ်လွတ်လပ်လပ်ရန်မူလို့ရတယ်။ ပြီးတော့ မဟာတံတိုင်းမြို့တော်က လူတိုင်းနဲ့ ဘယ်သူ့ကိုမဆို ခြယ်လှယ်လို့ရတယ်။ အရေခွံဆုတ်တပ်မှာလည်း အံမခန်းနောက်ခံတစ်ခု ရတယ်။ ငါ အရေခွံဆုတ်တပ်ရဲ့ စစ်သေနာပတိချုပ်ဖြစ်လာတဲ့နေ့က စပြီး ငါလိုချင်တာ ဘာမဆို လုပ်နိုင်တယ်။ ငါ တစ်ခုခုလိုအပ်ရင် ဂိုဏ်းကနေ တောင်းလိုက်ရုံပဲ"

" အချုပ်ပြောရရင် ငါပြောနေတဲ့ အချက်က မင်း အရေခွံဆုတ်တပ်ကို ဝင်ရင် နတ်အဆင့် အကြီးအကဲချိန်ကလွဲလို့ ဒီမြို့တော်မှာ ဘယ်သူမှ ငါ့လောက် ကြီးကျယ်ခမ်းနားတဲ့တပ်အင်အား မရှိဘူး " ထို့နောက် သူက ပိုင်ရှောင်ချန်းအပေါ် အေးစက်စက်ကြည့်ကာ

" နားလည်လား"

" အင်.. ဟုတ်ကဲ့ "

ပိုင်ရှောင်ချန်းက ပိုင်လင်းကို တအံ့တသြစိုက်ကြည့်ကာ ပြောလိုက်သည်။ နောက်ဆုံး၌ စစ်သေနာပတိချုပ် ဤနေရာသို့ ဘာလာလုပ်သလဲဆိုသည်ကို သူလိုက်လေပြီ။ သူ၏မိသားစုနောက်ခံကို ကြွားဖို့သာ ဖြစ်နေတော့သည်....။ အမှန်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်း မကြာခဏ ကြွားလုံးထုတ်ပုံနှင့် မထူးခြားနားပင်။

သူပြောလိုက်သည့် အကြီးအကဲချိန်ဆိုသည်မှာ ချန်းယွဲ့ရှန်း၏ ဖခင် မျက်လုံးသုံးလုံး ချိန်ဟဲ့ထျန်ကို ဆိုလိုကြောင်း ပိုင်ရှောင်ချန်း ကောင်းကောင်းသိလေသည်။

ပိုင်လင်းက သဘောကျစွာ ခေါင်းညိတ်လိုက်၏။ သူ့ကို ခြံရံနေသည့် ယင်ယန်ဝိညာဉ်အဆင့်ပညာရှင်များမှာမူ ပိုင်လင်း၏ ပင်ကိုယ်စရိုက်နှင့်ပြောဆိုပုံများဖြင့် အတော်ကြာကြာနေသားကျနေသည့်အလား မည်သို့ပင်ဆိုစေ သူတို့ မျက်နှာများအပေါ်၌ အမူအရာတစ်ခုမှမရှိပေ။

ပိုင်လင်းက အလွန်လေးနက်သောလေသံဖြင့် ဆက်ပြော၏။

" ကဲ အခုတော့ လူတွေ ဘာအကြောင်းပြောတာ ငါကြားချင်လဲဆိုတာ မင်း နားလည်သွားပြီ။ ငါ့အတွက် အလုပ်လုပ်နေပေးသရွေ့ မင်းလိုတာ အကုန်ရမယ်ဆိုတာလဲ နားလည်သွားပြီ။ အခု မင်းဆီတာ ဘာလိုချင်တာလဲဆိုတာလဲ မင်း နားလည်သွားပြီ။ ငါ မင်းရဲ့ အကူအညီလိုတယ် " ဤအချိန်တွင် ပိုင်လင်း၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် တောက်ပလာ၏။

" မင်းကို ငါ့ရဲ့တပ်အတွက် လူ့ဘီလူးတွေကိုသတ်ဖို့ အမုန်းဝိညာဉ်တွေ ချေမှုန်းဖို့ တိုက်ပွဲတွေ အများကြီး ထပ်နိုင်ဖို့ အလုပ်ကြိုးစားပေးစေချင်တယ်"

" ဒါကြောင့် ငါမင်းကို အရေခွံဆုတ်တပ်ထဲ ထည့်လိုက်တာပဲ။ မင်း ဆေးဖော်စပ်ရာမှာ အလုပ်ကြိုးစားစေချင်တယ်။ မဟာတံတိုင်းပေါ်က ငါတို့ တိုက်ပွဲတွေမှာ အကူအညီပေးနိုင်တဲ့ ဆေးတွေဖော်။ မင်းအဲ့တာလုပ်ပေးနေသရွေ့ မဟာတံတိုင်းမြို့တော်မှာ မင်းလိုတာ ဘာမဆို ရမယ်။ အမှန်အတိုင်းပြောရရင် ဂိုဏ်းထဲမှာ မင်းအတွက် တခြားအရာတွေတောင်လုပ်ပေးနိုင်သေးတယ်"

"ဥပမာ မင်း အဏ္ဏဝါခေါ်သံဂိုဏ်းကလူတွေ ဂိုဏ်းထဲဝင်နိုင်ဖို့ ရှင်းကုံကျစ်တာအိုဂိုဏ်းကို နေရာများများ ဖွင့်ပေးစေချင်လား"

" မင်းရဲ့ ဓားစာခံအဆင့်အတန်းကို ဖယ်ရှားချင်လား"

"ငါကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင်မှ ငါ့အဖိုးက လုပ်ပေးနိုင်တယ်။ တစ်ခုပဲလိုတာက မင်းရဲ့ စစ်မှုရေးရာ အကူအညီပဲ “

" ဒါကြောင့် ပိုင်ရှောင်ချန်း ငါမင်းကို အရင်ရက်က သုံးသွားခဲ့တဲ့ ဆေးလုံးတွေ ဖော်စပ်ပေးစေချင်တယ်။ ငါအများကြီးလိုတယ်။ များလေကောင်းလေပဲ။ ပြီးတော့ ဖြစ်နိုင်ရင် အရင်ထက်ပိုပြီးတောင် အားပြင်းစေချင်တယ်"

များသောအားဖြင့် ပြောစကားများအရ လူချမ်းသာများသည် မည်သည်ကိုမှ မကြောက်လန့်ကြပေ။ ပုံမှန်အတိုင်းပြောရလျှင် လိမ္မာပါးနပ်သော လူချမ်းသာများသည် ထိုအတိုင်းပင်။ ထို့နောက် ပို၍ ကြောက်စရာကောင်းသည်မှာ ရည်မှန်းချက်ကြီးသော လူချမ်းသာများပင်။ သူတို့သည် အားလုံးအထဲတွင် ကြောက်စရာအကောင်းဆုံးဖြစ်၏....

ပိုင်ရှောင်ချန်းမှာ အမှန်အတိုင်းဆိုရလျှင် ပိုင်လင်းကို အတန်ငယ် အထင်ကြီးနေလေပြီ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးက ပိုင် မျိုးရိုးဖြစ်ကြသည်ကို စဉ်းစားလိုက်ရင်း ပိုင်လင်းမှာ မှီခိုအားထားရန် စွမ်းအားကြီးသည့်လူရှိပြီး သူ့မှာ မရှိလေရာ အတန်ငယ်စိတ်ပျက်ဖွယ်ကောင်းလေသည်။

အမှန်တကယ်ဆိုရလျှင် ပိုင်လင်း၏ တောင်းဆိုချက်မှာ ပိုင်ရှောင်ချန်းမျှော်မှန်းထားသည့်အတိုင်းပင်။ ထို့ပြင် သူဆေးဖော်စပ်လျှင် ဖြစ်လေ့ရှိသော အရာများကို စဉ်းစားလိုက်ရင်း ဖြစ်နိုင်ချေများကို အစကတည်းက အနည်းဆုံးပြောပြထားလျှင် ကောင်းမည်ဟု သိလိုက်လေသည်။

သူ မပြောခဲ့လျှင် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ပြီး နောက်တစ်ကြိမ် ပိုင်လင်းကို တွေ့ပါက ထိုလူ ဒေါကန်လိမ့်မည်မှာ အသေအချာပင်။

ဤနေရာမှာ သူလုပ်ချင်တိုင်း လုပ်လို့ရသည့် အဏ္ဏဝါခေါ်သံဂိုဏ်းမဟုတ်။ သူ့ကို ဘေးကင်းလုံခြုံစေသည့် တုလင်ဖေးရှိသော ရှင်းကုံကျစ်တာအိုဂိုဏ်း ဌာနချုပ်လည်းမဟုတ်။

ယခုတွင် သူက စစ်ပွဲတစ်ခု၏ ရှေ့တန်းတွင်ဖြစ်သည်။ မဟာတံတိုင်းကြီး အလွန်မှာ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ မည်သို့ဖြစ်ပွားနေကြောင်း သူမြင်ခဲ့ရပြီး မြို့တစ်ခုလုံး သတ်ဖြတ်လိုသော အရှိန်အဝါများပြည့်နေကြောင်း အာရုံရခဲ့သည်။ သူသာ ကပ်ဘေးတစ်ခုခု ဖြစ်စေခဲ့လျှင် သူ၏ သနားစရာ အသက်လေးကို ကာကွယ်ရန် ဒုက္ခတွေ့မည်ဖြစ်ပြီး မြို့တော်က ပျံပြေးရုံကလွဲ၍ ရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ကြောင်း သူကောင်းစွာတွေးကြည့်နိုင်လေသည်။

ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်လင်းကို အလွန်လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

" စစ်သေနာပတိချုပ်၊ ကျုပ် ခင်ဗျားအတွက် ဝိညာဉ်စုစည်းဆေးလုံးတွေကို သေချာဖော်စပ်ပေးပါ့မယ်။ ပြဿနာလုံးဝမရှိပါဘူး။ ဒါပေမယ့် ကျုပ် က အဲ့ဆေးလုံးဖော်ပြီး ဆေးဖော်စပ်တဲ့ဖြစ်စဉ်မှာ ရုတ်တရက် ထွက်လာနိုင်တဲ့ ဖောက်ပြန်ခြင်းတွေနဲ့ အကျွမ်းဝင်နေပြီ။ ရိုးရိုးသားသားပြောရရင် ဘာကြောင့် အဲ့လို ကိစ္စတွေဖြစ်လာမှန်း ကျုပ်တောင်မှ သေချာမပြောနိုင်ဘူး"

အနည်းငယ် စိုးရိမ်လာသော်လည်း အမှန်တရားကို မဖုန်းကွယ်ချင်သည့်အတွက် သူက ဆက်ပြော၏။

" ခင်ဗျား ပိုအားပြင်းတဲ့ ဝိညာဉ်စုစည်းဆေးလုံးတွေလိုချင်ရင်တော့ ကျုပ် လေ့လာချက်တွေ စမ်းသပ်ချက်တွေ ထပ်လုပ်ဖို့ လိုတယ်။ ကျုပ် မလုပ်နိုင်ဘူးပြောတာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်ပြောချင်တာက ကျုပ် ငယ်ငယ်ထဲက အခုအချိန်အထိ ဆေးဖော်စပ်တဲ့ အချိန်တိုင်း အမြဲတမ်း ပွက်လောရိုက်သွားစေတော့တာပဲ... "

" ကိစ္စမရှိဘူး " ပိုင်လင်းက အရေးမပါသည့်ဟန်ဖြင့် လက်ကို ခါရမ်းလိုက်သည်။

" ဆေးဖော်ရင် ဘာတွေများ ဖြစ်နိုင်မှာမလို့လဲ"

"ကျုပ် တကယ်ပြောတာ စစ်သေနာပတိချုပ်" ပိုင်ရှောင်ချန်းက ဂရုတစိုက်ပြောလိုက်သည်။

" စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုန်းက ကျုပ် ဆေးဖော်စပ်တာကြောင့် ဂိုဏ်းတစ်ခုအပေါ်မှာ အက်စစ်မိုးတွေ ရွာလာတယ်။ လူအများကြီး အဝတ်တွေ အရည်ပျော်ကျကုန်တယ်.... နောက်တစ်ကြိမ်ကျ တိရစ္ဆာန်တစ်အုပ်လုံး ပုံပြောင်းကုန်တယ်။ ဘယ်လောက်ဆိုးရွားသလဲဆိုတာ ခင်ဗျား တွေးနိုင်မှာတောင် မဟုတ်ဘူး"

"နောက်တစ်ကြိမ်ကျ ကျုပ် ကောင်းကင်ဘုံက မိုးကြိုးကို ရန်စမိလို့ ကျုပ်ရဲ့ အင်မော်တယ် ဂူတစ်ခုလုံး ပျက်စီးသွားတယ်..... နောက် ကျုပ်ကြောင့် မြွေတစ်သောင်းလျှိုထဲက မြွေတွေအားလုံး သောင်းကျန်းပြီး ဂိုဏ်းထဲဝင်လာပြန်ရော " ပိုင်လင်းနောက်ရှိ ယင်ယန်ဝိညာဉ်အဆင့် ပညာရှင်များမှာ အတန်ငယ်ထိတ်လန့်နေလေပြီ။

ပိုင်လင်းမှာမူ တခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် သူ၏လက်ကို အရေးမပါသည့်ဟန်ဖြင့် ခါလိုက်ပြန်သည်။

" အသေးအဖွဲလေးတွေပါ ။ အဲ့လိုဟာမျိုးတွေကြောင့် ဘယ်သူမှ ထိခိုက်မှာမဟုတ်ဘူး"

ပိုင်လင်းနှင့်အတူပါလာသော ယင်ယန်ဝိညာဉ်အဆင့်ပညာရှင်နှစ်ယောက်မှာ အမှန်တကယ်ဆိုရလျှင် စစ်တပ်မှ စစ်ဦးစီးမှူးများဖြစ်သော်လည်း သူတို့ပင်လျှင် ကြောက်လန့်တုန်ရီနေတော့သည်။ ပိုင်ရှောင်ချန်း ကွက်ကွက်ကွင်းကွင်းရှင်းပြနေသော ဖော်ပြချက်များမှာ သူတို့ မည်မျှပင် ပိုင်းခြားစိတ်ဖြာပါစေ ကပ်ဘေးများအလားပင် ထင်ရတော့သည်။

အားလုံးအထဲ အဆိုးဆုံးမှာ ပိုင်ရှောင်ချန်း လိမ်ပြောနေခြင်းမဟုတ်ကြောင်း သူတို့ပြောနိုင်လေသည်.... သူဆေးဖော်စပ်ခြင်း၏ အကျိုးဆက်များကို သူတို့အား အမှန်တကယ်ပြောပြနေသည် မဟုတ်ပါလော။

ပိုင်လင်း၏ မျက်ခွံများအတန်ငယ်လှုပ်ရှားသွားပြီး ဤတစ်ကြိမ်တွင်တော့ အချိန်အတော်ကြာကြာပင် တွေဝေတုံ့ဆိုင်းနေလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏လက်ကို အရင်တစ်ခေါက်ထက်ပင် ပို၍အားပါပါ ခါလိုက်သည်။

" ကိစ္စမရှိဘူး။ စစ်တပ်အတွက် အဲ့ဆေးလုံးဖော်ဖို့ မင်းက တာဝန်ယူထားတာပဲ။ မင်းဘာလိုလို တောင်းသာတောင်း။ ဆေးဖော်တုန်း တစ်ခုခုဖြစ်လာရင် ငါတာဝန်ခံမယ်"

အချိန်အတော်ကြာပြီးနောက်တွင်တော့ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်လေသည်။ သူပြောနိုင်သည်ကတော့ အခု သူသည် ရိုးရိုးသားသား သတိပေးထားပြီး နောင် တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ခဲ့လျှင် အရေးမကြီးတော့ပေ။

" ဒါပေမယ့်…" သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“ ဒီလိုပြောတဲ့လူတိုင်း အမြဲတမ်း နောင်တရသွားကြတာပဲ.... "

ယနေ့အထိ သူ့ဘဝတစ်လျှောက်လုံး ဆေးဖော်စပ်ရာတွင် ဖြစ်ပွားခဲ့သည့် အရာ များအားလုံး ပြန်တွေးလိုက်သည့်အချိန်တိုင်း သူအမြဲသက်ပြင်းချမိသည်။ ဤနေရာတွင် သူလိုသမျှအားလုံးရနိုင်ကြောင်း ပိုင်လင်းပြောခဲ့သည်ကို စဉ်းစားလိုက်ရင်း သူ အားနာမနေတော့ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ။ ကျုပ် ခင်ဗျားရဲ့ အကောင်းဆုံး ဈေးအကြီးဆုံး ဆေးပေါင်းဖိုတစ်ရာလိုတယ်။ တစ်ခုစီတိုင်းက ဆေးလုံး အသုတ်သုံးဆယ်ကို အောင်အောင်မြင်မြင်ဖော်စပ်နိုင်ရမယ်။ အဆင့်မြင့် ဆေးအငွေ့အသက်တွေရှိသင့်တယ်။ ပြီးတော့ အကုန်လုံးက တစ်ထပ်တည်းတူနေရမယ်။ ဒါမှ တစ်ခုချင်းစီနဲ့ အသားကျအောင်လုပ်ဖို့ ကျုပ်အချိန်မကုန်မှာ....."

တခဏကြာသော် သူကထပ်ပြောသည်။

" ...ပြီးတော့.. ဒါမှ ကျုပ်ရဲ့ စစ်ရေးအကူအညီကိုလည်း အလကားမဖြစ်စေမှာ "

All Chapters