← Chapters

သိုင်းမြို့စားအဆင့် မိုးကြိုး မုန်တိုင်းသားရဲ

Vol. 10 Ch. 145

သိုင်းမြို့စားအဆင့် မိုးကြိုး မုန်တိုင်းသားရဲ

Vol. 10 Ch. 145

အခန်း (၁၄၅) သိုင်းမြို့စားအဆင့် မိုးကြိုး မုန်တိုင်းသားရဲ

ချင်ယွင်သည် ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်၏ ထူးဆန်းသော ပြောင်းလဲမှုကြောင့် အလွန်အံ့သြသွားခဲ့ရသည်။ ဤပြောင်းလဲမှုသည် သူ့အတွက် အကောင်းလား၊ အဆိုးလား သူမသိသောကြောင့် သူ၏ထင်မြင်ယူဆချက်ကို အတည်ပြုရန်အတွက် ချင်ယွင်သည် မိုးကြိုးသားရဲများစွာကို ရှာဖွေကာ ၎င်းတို့ကို သတ်ပစ်ခဲ့သည်။

ချင်ယွင်သည် ရာဂဏန်းနီးပါးရှိသည့် ထူးခြား သော လျှပ်စီးအလုံးများနှင့် ပေါင်းစပ်ပြီးနောက်၊ သူ၏ကိုယ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းပုံစံများပေါ်ရှိ အပြာရောင် အလင်းတန်းများသည် ပိုမိုသိပ်သည်းလာပြီး မူလအစိမ်းရောင်အလင်းနှင့် ပေါင်းစပ်ကာ ခရမ်းရွှေ ရောင်အလင်းဖျော့ဖျော့ပုံစံဖြစ်လာကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းက အလွန်တရာ လှပလွန်းသည်။

ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည်ပင် တဖြည်း ဖြည်း ရွှေရောင်အဆင်းရှိလာပြီး ချင်ယွင်၏ မူလကတည်းက ချောမောသော မျက်နှာကို ပို၍ပင် ထူးဆန်းသွားစေသည်။

"အင်း၊ ဒါက ဖရိုဖရဲလျှပ်စီးပဲ" ထိုအချိန်တွင် ‌ရှေးဟောင်းတာအို၏ အံ့အားသင့်သော အသံက ထွက်ပေါ်လာသည်။

"ဖရိုဖရဲလျှပ်စီးလား ၊ အဲဒါက ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

‌ရှေးဟောင်းတာအိုက ရှင်းပြလိုက်သည် "ဖရိုဖရဲလျှပ်စီးက ဒီကမ္ဘာလောကကြီးမှာ အထူးစွမ်းအင် အမျိုးအစားတစ်ခု ဖြစ်တယ်။ ၎င်းက ဖရိုဖရဲစွမ်းအင်များစွာထဲမှ မူလစွမ်းအင်တစ်မျိုး ဖြစ်တယ်။ ဒီမူလစွမ်းအင်အမျိုးအစားက အလွန်ရှားပါး လွန်းတယ်။

ယေဘုယျအားဖြင့် ပြောရလျှင် ဒီမူလစွမ်းအင် တွေဟာ ဖရိုဖရဲနယ်‌မြေများရဲ့ နက်ရှိုင်းတဲ့နေရာတွေမှာသာ ရှိနေတတ်တယ်။ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ဒီကမ္ဘာငယ်လေးမှာ တကယ်ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤကမ္ဘာကြီးမှာ ဖရိုဖရဲ စွမ်းအင်များရှိသည်ဟု သူ၏အဖေ ပြောပြဖူးသည်ကို တစ်ကြိမ်တစ်ခါမှ သူ မကြားဖူးပါဘူး။

‌ရှေးဟောင်းတာအိုသည် ချင်ယွင်၏ အတွေးများကို မှန်းဆထားမိပုံရသည်၊ 'ဟမ့် ၊ ဖရိုဖရဲ စွမ်းအင်က အရမ်းရှားပါးတယ်။ အဲဒါကို မင်းမသိတာက သာမာန်ပဲလေ။ ဒါက စကြဝဠာကြီးထဲမှာ အထူးခြားဆုံး စွမ်းအင်ပဲ။ ၎င်းစွမ်းအင်က ကမ္ဘာကြီးရဲ့ ချိန်ခွင်လျှာကို ထိန်းချုပ်ထားတယ်။ ဒီမိုးကြိုးမုန်တိုင်းသားရဲတွေမှာရှိတဲ့ ဖရိုဖရဲ လျှပ်စီးဟာ ဖရိုဖရဲစွမ်းအင်ဖြစ်ပေမယ့် ၎င်းက တကယ့်အစစ်အမှန် ဖရိုဖရဲလျှပ်စီးကိုမှီဖို့ အဝေးကြီးလိုသေးတယ်။ ဒါပေမယ့် ဒီသေမျိုးကမ္ဘာမှာ ဖရိုဖရဲ လျှပ်စီးကို မြင်ရဖို့က မလွယ်ကူဘူး။"

ချင်ယွင်သည် ရုတ်တရက် သဘောပေါက်လာပြီး ပြောလိုက်သည် "ဒီကမ္ဘာငယ်လေးရဲ့ လေထုထဲမှာ သေးငယ်တဲ့ ဒီလိုစွမ်းအင်အမျိုးစားတွေ ပါရှိနေတယ်။ ဒီစွမ်းအင်တွေ ဟာ ဒီကမ္ဘာငယ်လေးရဲ့ ပြိုကျသွားတဲ့နေရာကနေ စိမ့်၀င်နိုင်တာ ဖြစ်နိုင်သလား။ ပြီးတော့ ဒီမိုးကြိုးမုန်တိုင်းသားရဲ သတ္တဝါတွေဟာ ဒီကမ္ဘာငယ်လေးမှာပဲ အချိန်အတော်ကြာအောင် ရှင်သန်နေထိုင်ကြပြီး၊ သူတို့ဟာ ဒီထူးဆန်းတဲ့ လျှပ်စီးအလုံးတွေကို ဖန်တီးဖို့ ဒီဖရိုဖရဲလျှပ်စီးကြောင်းတွေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်တာများလား။"

"မင်းက သိပ်တော့မတုံးအဘူးပဲ၊ ဒီဖရိုဖရဲ လျှပ်စီးစွမ်းအင်တွေဟာ လေဟာနယ် ပြိုကျသွားတဲ့နေရာဖြစ်တဲ့ မိုးကြိုး၀ိညာဥ်တောင်တောင်ကြီးကနေ ကမ္ဘာငယ်လေး ထဲကို ယိုစိမ့်၀င်နေခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ဒီကမ္ဘာလေးက ပြောင်းလဲသွားခဲ့ရတာပဲ။ ငါခန့်မှန်းတာမမှားရင် မိုးကြိုး၀ိညာဥ်တောင်ကြီးဟာ လေဟာနယ်ပြိုကျဆုံး နေရာတစ်ခု ဖြစ်နိုင်ဆုံးပဲ။ ပြီးတော့ အဲဒီနေရာကနေ ဖရိုဖရဲ လျှပ်စီးစွမ်းအင်တွေ ယိုစိမ့်လာခဲ့တာဖြစ်ရမယ်။" ‌ရှေးဟောင်းတာအိုက ဆက်ပြောသည် ။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ယခင်က မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းက မိုးကြိုး၀ိညာဥ်တောင်သို့ မချဉ်းကပ်ရန် သတိပေးခဲ့ဖူးသည်။ ယခုတော့ အကြောင်းပြချက်ရှိလာပုံရသည်။ တစ်နှစ်ပတ်လုံး မိုးကြိုး၀ိညာဥ်တောင်ပေါ်မှ ထွက်ပေါ်လာသော လျှပ်စီးကြောင်းသည်လည်း ထူးထူး ခြားခြား လင်းလက်နေပုံရသည်။

အစစ်မှန်ဖရိုဖရဲလျှပ်စီးသည် လူသားများ အလွယ်တကူ စုပ်ယူရန်အတွက် အလွန်ကြောက်စရာကောင်းလှသည်။ သို့သော်လည်း ဤမိုးကြိုးသားရဲများ စုပ်ယူခံရပြီးနောက်၊ ၎င်းလျှပ်စီးစွမ်းအင်များသည် ပိုမိုအားပျော့လာပြီး ပို၍ သိမ်မွေ့ပျော့ပျောင်းလာသည်။ ထို့ကြောင့် သာမာန်ကျင့်ကြံသူများသည်ပင် ၎င်းတို့ကိုစုပ်ယူရန် အလွန်ကြီးမားသောပြဿနာမဟုတ်တော့ပေ။

ထိုကဲ့သို့မဟုတ်လျှင် အကယ်၍ သူသာ ထိုအစစ်အမှန် ဖရိုဖရဲလျှပ်စီးများကို တိုက်ရိုက် စုပ်ယူလိုက်မည်ဆိုလျှင် သူသည် ပြာဖြစ်ပြီး အဆုံးသတ်သွားနိုင်သည်။

"ဒါဆို ဒီဖရိုဖရဲလျှပ်စီးကြောင်းများကို စုပ်ယူလိုက်တာက ဘာအကျိုးရှိလို့လဲ။" ချင်ယွင်က အံ့အားသင့်ကာ ထပ်မေးသည်။

"အရူး!" ‌ရှေးဟောင်းတာအိုက ကျိန်ဆဲပြီး "ဖရိုဖရဲလျှပ်စီးဟာ စကြာဝဠာကြီးရဲ့ မူလစွမ်းအားနဲ့ သက်ဆိုင်နေတယ်။ ဒီစွမ်းအင်ကို စုပ်ယူခြင်းရဲ့အကျိုးကျေးဇူးက ဘာများဖြစ်မယ်လို့ မင်းထင်လဲ?"

ချင်ယွင် ခေါင်းခါယမ်းလိုက်သည်။

‌ရှေးဟောင်းတာအို၏ ဒေါသတကြီး အသံကထွက်လာသည် ၊ "မင်းလို လူညံ့လူအ တပည့်ကို ငါ ဘာလို့များ ခေါ်လိုက်မိပါလိမ့် " ဒီဖရိုဖရဲ လျှပ်စီးက စကြဝဠာကြီးရဲ့ မူလ စွမ်းအားနဲ့ သက်ဆိုင်တယ်‌လေ။ ဒီစွမ်းအင်ကိုစုပ်ယူပြီးတဲ့နောက်၊ ဒီစွမ်းအင်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အကန့်အသတ်မရှိ ကြံ့ခိုင်ခံ့သန်မာစေပြီး ဖရိုဖရဲအစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်နဲ့ ဆင်တူတဲ့ အထူးရုပ်ကိုယ်ခန္ဓာတစ်ခု ကိုတောင် မွေးဖွားပေးနိုင်တယ်။ ဒီစွမ်းအင်ရဲ့အကျိုးက အဆုံးမရှိဘူး။ ဒီဖရိုဖရဲ လျှပ်စီးကြောင်းကို စုပ်ယူပြီးတဲ့နောက်၊ မင်းရဲ့ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံး ရလာဒ်ကိုတောင် ငါ မသိနိုင်တော့ဘူး။ "

ချင်ယွင်သည် တခဏကြာအောင် ပြောစရာစကား မဲ့သွားရ၏။ ရှေးဟောင်းတာအိုတောင်မှ ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်သွားမလဲဆိုတာ မသိတော့ဘူးလား "

ဒါပေမယ့် မင်းသာ ဒီလမ်းစဥ်အတိုင်း ဆက်လျှောက်မယ်ဆိုရင် ရလာဒ်က မဆိုးဘူးလို့ငါယုံတယ်။ ဟိုးအရင်က ဒါမှမဟုတ် နောက်ပိုင်းမှာတောင် ဘယ်သူမှ မရောက်ဖူးတဲ့ ကောင်း ကင်ဘုံကိုတောင် အံတုနိုင်တဲ့ ရုပ်ခန္ဓာကိုယ်မျိုး ရှိကောင်းရှိလာလိမ့်မယ်။” ‌ရှေးဟောင်းတာအိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၏ ကနဦးအဆင့်ရှေ့ပြေး ပုံစံကို မွေးဖွားခဲ့ပြီးကတည်းက အနက်ရောင်မျဉ်းတစ်ကြောင်းကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ထိုအချိန်တုန်းက သူသည် လျှပ်စီးကပ်‌ဘေးဒုက္ဒကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသည်။ အကယ်၍ သူသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ရုပ်ခန္ဓာကိုယ် တစ်ခုကို မွေးဖွားခဲ့မည်ဆိုလျှင်၊ သူသည် ကောင်းကင်လျှပ်စီး၏ တိုက်ရိုက် ထိမှန်ခြင်းခံရဦးမည် မဟုတ်ပါလော။

သို့သော်လည်း ယင်းသည် ချင်ယွင်၏ အတွေးသက်သက်သာ ဖြစ်ပြီး သူသည် အရှုံးကို ၀န်ခံရန် ဘယ်တုန်းကမှ ဆန္ဒရှိသူမဟုတ်ခဲ့ပေ။

သူသည် သူ၏ ကောင်းကင်ဘုံကို စိန်ခေါ်မည့်လမ်းစဉ် မည်မျှ‌ဝေးဝေး လျှောက်လှမ်းနိုင်မည်ကို သူမြင်ချင်မိသည်။

ကောင်းကင်ဘုံကိုယ်တိုင်က သူ့ကို မသတ်သမျှ သူသည် နေ့နှင့်ညကိုပင် ဇောက်ထိုးလှန်နိုင်လိမ့်မည် ။

ထို့နောက် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်တောင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူသွားလေရာလမ်းတလျောက် သူတွေ့ခဲ့ရသည့် မိုးကြိုးမုန်တိုင်းသားရဲမှန်သမျှကို ချင်ယွင်က သတ်ပစ်ခဲ့သည်။

ချင်ယွင်သည် သူသတ်ပစ်ခဲ့သည့် မိုးကြိုးသားရဲ အရေအတွက် မည်မျှရှိမှန်းပင် မမှတ်မိ တော့ပေ။ တစ်ထောင်မရှိလျှင်ပင် အနည်းဆုံး မိုးကြိုးမုန်တိုင်းသားရဲ ရှစ်ရာလောက်ရှိမည်ဟု သူခန့်မှန်းသည်။

ချင်ယွင်၏ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များက မိုးကြိုးမုန်တိုင်းသားရဲများကို လုံးဝအမျက် ထွက်စေခဲ့သည်။

သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူနှင့်အဆင့်တူ မိုးကြိုးမုန်တိုင်းသားရဲသည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာသောအခါ၊ ချင်ယွင်သည် တိမ်မည်းများက မြို့ကို ဖြိုခွင်း တိုက်ခိုက်လိုက်သလို ခံစားလိုက်ရသည်။

သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲသည် အမြင့် မီတာနှစ်ဆယ်နီးပါးရှိပြီး အလျား မီတာ သုံးဆယ် ရှည်သည် ။ ၎င်းသည်ချင်ယွင်၏ ရှေ့မှာရပ်နေသည့် မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ပင်။

ဤမိုးကြိုးမုန်တိုင်းသားရဲသည် လုံးဝနက်ပြာ ရောင်ဖြစ် သည်။ ၎င်း၏ခြေတစ်လှမ်းဖြင့် မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤသိုင်းမြို့စား အဆင့် မိုးကြိုးမုန်တိုင်းသားရဲသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အစွမ်းသာရှိသော်လည်း ၎င်းသည် ချင်ယွင်ခုခံနိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကို ဤဧရာမသတ္တဝါကြီးကို ရှာဖွေတွေ့ရှိပြီးနောက် နောက်ပြန်လှည့်၍ ထွက်ပြေးသွား ခဲ့သည်။

အမှန်မှာ၊ သိုင်းမြို့စားအဆင့်ရှိ ဤမိုးကြိုးမုန်တိုင်းသားရဲကြီးသည် ချင်ယွင်ကို ရှာဖွေတွေ့ရှိသည်နှင့် တပြိုင်နက် ၎င်းသည် ချင်ယွင်ဆီသို့ အရူးအမူး ပြေးသွားခဲ့သည်။ အရွယ်အစား ကြီးမားသော်လည်း ၎င်း၏ အရှိန်ဟုန်သည် အလွန်မြန်ဆန်သည်။ ၎င်းမိုးကြိုးမုန်တိုင်းသားရဲကြီး ဖြတ်သန်းသွားလေရာရာ၊ ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် ပြိုလဲကျပြီး မြေပြင်မှ ဖုန်မှုန့်များလည်း မြင့်တက်လာခဲ့သည်။

ချင်ယွင်သည် မြန်နှုန်းမြင့်လျှပ်စီးကို အရှိန် အဟုန်မြှင့်ရန် သူ၏ခွန်အားကို အပြည့်သုံးလိုက်သော်လည်း သူ၏နောက်မှလိုက်လာသည့် သားရဲကြီးနှင့် နီးကပ်လွန်းသဖြင့် သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည်လည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

"မြေနိုးသားရဲကြီး၊ ငရဲကိုသွားစမ်း!"

သူ့ကိုမှီသွားသည်ကိုတွေ့ရလျှင် ချင်ယွင်သည် ချက်ချင်းပင်ပြန်လှည့်ပြီး သူ့၏ဆေဘာကို ထုတ်ကာ ကောင်းကင်တုန်ခါ မြေတုန်အောင်ခုတ်ပိုင်း သိုင်းကွက်ဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။

သို့သော်၊ လျှပ်စီးလင်းလက်နေသည့် ဧရာမဆေဘာအလင်းတန်းကြီးသည် သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲ၏ဦးခေါင်းပေါ်ကို ကျဆင်းသွားခဲ့ပြီး ဤမိုးကြိုးမုန်တိုင်းသားရဲ၏ ဦးခေါင်းပေါ်တွင် သွေးစွန်းနေသော အမာရွတ်တစ်ခုသာ ချန်ထားရစ်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။

ဧရာမမိုးကြိုးမုန်တိုင်းသားရဲကြီးသည် ချင်ယွင်ကြောင့် ဒဏ်ရာရသွားပုံရပြီး ချက်ခြင်း ဒေါသဖြစ်လာခဲ့သည်။ ၎င်းသည် ဦးခေါင်းကို ကောင်းကင်ပေါ် မော့ပြီး ဟိန်းဟောက် လိုက်သည်။ လျှပ်စီးများသည် ၎င်း၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ချင်ယွင်ဆီသို့ အရှိန်ဟုန်ပြင်းစွာဖြင့် တိုး၀င်လာပြန်သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်၏အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

"လခွမ်း၊ ဒီကောင်က ဘာလို့ဒီလောက်တောင် သန်မာနေရတာလဲ၊ ငါ့ရဲ့ခုတ်ပိုင်းချက်က ဒဏ်ရာတိမ်တိမ်လေးတခုပဲ ရသွားတယ်။ ဘာလို့ သောက်ရမ်း အစွမ်းထက်နေရတာလဲ!" ချင်ယွင်သည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

သို့သော် ယခုအခိုက်အတန့်တွင် ဤကြောက် မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းသားရဲသည် ရှေ့သို့ ပြေးဝင်လာခဲ့ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ တိုက်ရိုက် ခုန်အုပ်နေသည်။ တောင်ထိပ်ကိုပင် လှုပ်ခါသွားစေနိုင်သည့် ကြီးမားလှသော ခြေသည်းကြီးက ချင်ယွန်းဆီ တိုက်ရိုက်ထိမှန်သွားသည်။

"မကောင်းတော့ဘူး!"

ချင်ယွင်သည် ကျယ်လောင်စွာအော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးစွမ်းအင် များက သူ၏တစ်ကိုယ်လုံးကို ချက်ချင်းပျံ့နှံ့သွားပြီး ထိုခြေသည်းကြီး ဆီကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်သည်။

ကံမကောင်းစွာပဲ၊ အရာအားလုံးဟာ သစ်ပင်ကိုလှုပ်ခါနေသည့် ပုရွက်ဆိတ် တစ်ကောင်နှင့် အလားတူနေခဲ့ပါသည်။

ချင်ယွင်သည် ဧရာမသားရဲ၏ ခြေသည်းဖြင့် ပရိုက်နှက်ခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံး လွင့်ထွက်သွားခဲ့သည်။ မရေမတွက်နိုင်သောသစ်ပင်များကို တိုး၀င်ဖြတ်ကျော်ကာ မီတာတစ်ထောင်နီးပါး ပျံသန်းလွင့်စင်ပြီးမှ ရပ်သွားခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ!"

ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိရန်ကြိုးစားပြီး မတ်တပ် ထရပ်လိုက်သည်။ သူ၏ရင်ဘတ်က ပေါက်ကွဲသွားခဲ့ပြီး အနည်းဆုံး နံရိုးဆယ်ချောင်း ကျိုးသွားခဲ့သည်။

All Chapters