မိုးကြိုး ၀ိညာဥ်တောင်
Vol. 10 Ch. 146
အခန်း (၁၄၆) မိုးကြိုး၀ိညာဥ်တောင်။
"ဒီသိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲကြီးဟာ သူ့အတွက် ထိပ်တိုက် တိုက်ခိုက်ဖို့ ကြောက်စရာကောင်းလွန်းတယ်။
ချင်ယွင်သည် သူ၏ဒဏ်ရာများကို ကုစားရန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို အလျင်အမြန် ဖြန့်ဝေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏မြန်နှုန်းမြင့်လျှပ်စီးကို အသုံးပြုကာ မိုးကြိုး၀ိညာဥ်တောင်သို့ လျင်မြန်စွာ ပြေး၀င်သွားခဲ့သည်။
မိုးကြိုးမုန်တိုင်းသားရဲကကြီးသည် ချင်ယွင် လွတ်မြောက်သွားသည်ကို မြင်လိုက်ရသော အခါ၊ သူ့ကို လွယ်လွယ်ကူကူနှင့် မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း ။ ၎င်းသည် ဒေါသတကြီး ဟိန်းဟောက်ပြီး ချင်ယွင်ဆီသို့ ပြေးသွားပြန်သည်။
၎င်း၏အရှိန်ဟုန်သည် အလွန်မြန်ဆန်လွန်းသည်။ သူလှမ်းလိုက်သည့် ခြေတစ်လှမ်းတိုင်းသည် မီတာတစ်ရာကျော်အကွာတွင်ရှိပြီး ချင်းယွင်ကို လွယ်လင့်တကူ မှီလာခဲ့သည်။
သူ့ကို ဖမ်းမိတော့မှာကိုမြင်ရလျှင် ချင်ယွင်သည် အလွတ်စိုးရိမ်သွားခဲ့သည်။
"အခု ငါ ဘာလုပ်သင့်လဲ!" တိုက်ခိုက်ကြစို့ကွာ။
သို့သော်လည်း ချင်ယွင်သည် အားကိုးရာမဲ့နေပြီး မိုးကြိုးမုန်တိုင်းသားရဲကို တိုက်ရန် ပြင်ဆင်နေချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် အဝေးမှ လျင်မြန်စွာ လင်းလက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းသားရဲကြီးနှင့် ထိပ် တိုက်ဆုံမိသွားခဲ့သည်။
"ရွှေရောင်အလင်းတန်း!"
ကျိုးယုက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏လက်ထဲတွင်ရှိသော ခရမ်းရောင် ရွှေလှံသည် လျင်မြန်စွာ လည်ပတ်နေပြီး မိုးကြိုးမုန်တိုင်းသားရဲ၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စူးရှသော ရွှေရောင်အလင်း တန်းတစ်ခုသည် ၎င်း၏ဝမ်းဗိုက်အတွင်း အပေါက်တစ်ပေါက်ကို တိုက်ရိုက်ပေါက်ထွက်သွားပြီး သွေးစိမ်းများ အဆက်မပြတ် ထွက်ကျလာသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ ယခုအချိန်တွင် ကျိုးယု ပေါ်လာပြီး အချိန်မီလုပ်ဆောင်ရန် သူ မမျှော်လင့်ထားပေ။
သို့သော်လည်း ချင်ယွင်သည် သူ့အပြုံးကို မထိန်းထားနိုင်ခင် ကျိုးယုကြောင့် ဒဏ်ရာရသွားသော မိုးကြိုးမုန်တိုင်းသားရဲကြီးသည် ကောင်းကင်ယံကိုမော့ကာ ဟိန်းဟောက်လိုက်ပြီး ရူးသွပ်သည့်အခြေအနေသို့ ရုတ်တရက် ဝင်ရောက် သွားခဲ့သည်ကို သူမြင်လိုက်ရ၏။ လျှပ်စီးများသည် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး၊ ၎င်း၏ကြီးမားလှသော ခြေသည်းများက ကျိုးယုဆီသို့ ရိုက်ခတ်သွားသည်။
"မကောင်းတောဘူး!"
ကျိုးယုသည် လေထဲ၌ ရှိနေခဲ့ပြီး သူ၏ခွန်အားကို ချေးငှားယူရန် နေရာမရှိပေ။ သူသည်မိုးကြိုးမုန်တိုင်းသားရဲကြီး၏ ခြေဖဝါးကြောင့် လွင့်ထွက်သွားရတော့မည်။
"ရွေ့လျားနဂါးဓား၀င်္ကပါ!"
ချင်ယွင်သည် သူ၏ခါးမှ မြူနှင်းချောက်နက်ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီး၏ လေစွမ်းရည်စွမ်းအားများကို ချက်ခြင်းစုစည်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မရေမတွက်နိုင်သော လေဓားလေးများသည် မီတာဆယ်ဂဏန်းမျှ ရှည်လျားသော ဧရာမမိုးပြာရောင် နဂါးကြီးအဖြစ်သို့ ချက်ချင်းပင် ပေါင်းစပ်သွားခဲ့သည်။
ဧရာမနဂါးကြီးသည် ပျံထွက်သွားပြီး မိုးကြိုးမုန်တိုင်းသားရဲကြီး၏ပတ်ပတ်လည်မှာ ချက်ချင်းပင် ရစ်ပတ်သွားသည်။ ၎င်းလေဓားလေးများ သည် မိုးကြိုးမုန်တိုင်းသားရဲ
ကြီး၏ကိုယ်ပေါ်တွင် ချွန်ထက်သော လေဓားများကဲ့သို့ ချိတ်ဆွဲသွားသည်။
မိုးကြိုးမုန်တိုင်းသားရဲကြီး၏ တစ်ကိုယ်လုံးသည်ချက်ချင်းပင် ကွဲအက်သွားပြီး ၎င်း၏ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်။ နာကျင်မှုကြောင့် ၎င်း၏အော်သံများက ကမ္ဘာငယ်လေးတစ်ခုလုံးကို တုန်ခါကျယ်လောင်စေခဲ့သည်။
ကျိုးယုသည်လည်း &မြင်ကွင်းကို မြင်လိုက်ရလျင် အံ့အားသင့်သွားတယ်။ သူသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး မိုးကြိုးမုန်တိုင်းသားရဲကြီး၏ တိုက်ခိုက်နိုင်သော အကွာအဝေးမှ လွတ်မြောက်သွားခဲ့သည်။
ချင်ယွင်သည် ဤအချိန်တွင် မရပ်တန့်နိုင် သေးပေ။ သူ၏ဓားဆန္ဒသည် ချက်ခြင်း အသက်ဝင်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ လေများနှင့် တိမ်တိုက်များသည်
ချက်ခြင်းပင် အုံကြွလာခဲ့သည်။
ဓားတစ်ချောင်းက ခုတ်ပိုင်းလာပြီး ဓားအလင်းက ကောင်းကင်ဘုံကိုးခု၏ ကြယ်ရောင်မြစ်ကဲ့သို့ တောက်ပနေ၏။
ဧရာမဓားကြီးတစ်စင်းသည် ဥက္ကာပျံကဲ့သို့ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး မိုးကြိုးမုန်တိုင်းသားရဲကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားသည်။
"ဘုနိး!"
ကောင်းကင်ဓားသည် မိုးကြိုးမုန်တိုင်းသားရဲကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်တွင် တိုက်ရိုက်ပစ်လဲကျသွားကာ ၎င်း၏ နောက်ကျောတွင် ဒဏ်ရာကြီးကြီးမားမားကျန်ခဲ့ပြီး သွေးစိမ်းများက အဆုံးမသတ်နိုင်ဘဲ စီးကျနေသည်။
မိုးကြိုးမုန်တိုင်းသားရဲကြီး၏ အဆုံးမဲ့ဒေါသနှင့်အတူရောထွေးနေသော သနားစရာ ကောင်းသည့် အော်ဟစ်အသံသည် တောတောင်တစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။
"သွားကြရအောင်။ ဒီတိုက်ခိုက်မှုက တခဏလောက်သာ တားဆီးထားနိုင်လိမ့်မယ်။ သူ့ကို အမှန်တကယ် ဒဏ်ရာမရစေနိုင်ခဲ့ဘူး။ သူ ပြန်ကောင်းလာတဲ့အခါ ငါတို့အနေနဲ့ သေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး" ချင်ယွင်က ကျိုးယုကို အမြန် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်တောင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ ထုံးစံအတိုင်း၊ ကျိုးယုသည်လည်း ဤအနေထားကို သဘောပေါက်သွားပြီသူ၏ရုပ်အသွင်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား ကာ ချင်ယွင်နောက်မှ လိုက်ပါသွားခဲ့သည်။
ချင်ယွင် နှင့် ကျိုးယုသည် အမွှေးတိုင်တစ်တိုင်ထွန်းကြာချိန်တိုင်အောင် ထွက်ပြေး လွတ်မြောက်ပြီးနောက် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ ပြီးနောက်တွင် သစ်ပင်များ ပြိုလဲကျသည့်အသံကို ကြားလိုက်ရသည်။
ချင်ယွင်နှင့် ကျိုးယုတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ဖြစ်ပျက်ခဲ့သည်ကို သိကြသည်။
သေချာသည်မှာ သူ၏ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့သည့် မိုးကြိုးမုန်တိုင်း သားရဲကြီးဖြစ်ပေလိမ့်မည်။ ၎င်း၏ ဒေါသသည် ကောင်းကင်ယံသို့ပင် ပျံတက်သွားခဲ့ပြီး သူတို့ဆီကို အလွန်လျင်မြန်သော အရှိန်ဖြင့် တွန်းပို့လိုက်သည်။
"မိုးကြိုးမုန်တိုင်းသားရဲတွေတောင် မချဉ်းကပ်ဝံ့တဲ့ မိုးကြိုး၀ိညာဥ်တောင်ကို သွားကြရအောင်။" ကျိုးယုက ပြောသည်။
ချင်ယွင်သည်လည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် မိုးကြိုး၀ိညာဥ်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့ပြန်သည်။
ဤမိုးကြိုးမုန်တိုင်းသားရဲ၏အရှိန်သည် အလွန်လျင် မြန်ပြီး ချင်ယွင်နှင့်ကျိုးယုတို့ကို လျင်မြန်စွာဖြင့် မှီလာခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်နှင့် ကျိုးယုတို့သည် နောက်ဆုံးတွင် မိုးကြိုး၀ိညာဥ်တောင်တန်းသို့ ဝင်ရောက်လာခဲ့ကြသည်။
မိုးကြိုးမုန်တိုင်းသားရဲကြီးသည် ချင်ယွင်နှင့် ကျိုးယုတို့ မိုးကြိုး၀ိညာဥ် တောင်တန်းအတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသောအခါတွင် ၎င်းသည် ချက်ချင်းပင် နောက်ထပ် ရှေ့ဆက်မတက်ဝံ့တော့ပေ။ မိုးကြိုး၀ိညာဥ်တောင်၏ နယ်နိမိတ်အစမှာ လျောက်ပတ်ပြီး အဆက်မပြတ် လှည့်လည်ပတ်နေသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေပုံရသည်။ သူသည် သူ၏ဦးခေါင်းကို မြှောက်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ချင်ယွင်နှင့်ကျိုးယုတို့ ထွက်လာမည်ကို စောင့်မျှော်လျက် အပြင်ဘက်တွင် အစောင့် အကြပ်အဖြစ် ရပ်နေလေသည်။
ချင်ယွင်နှင့်ကျိုးယုတို့သည် မိုးကြိုးမုန်တိုင်းသားရဲ ကြီးလိုက်မလာသည်ကို တွေ့လိုက်ရသောအခါ သက်သာရာရသွားသည်။
ဤသားရဲကြီး၏အစွမ်းသည် အလွန်ပြင်းထန်လွန်းသည်။ ကျိုးယု၏ရွှေရော င်အလင်းတန်း၊ ချင်ယွင်၏သတ်ဖြတ်ခြင်းသိုင်းကွက်နှစ်ခုဖြစ်သည့် ရွေ့လျားနဂါးဓား ၀င်္ကပါနှင့် ဓားဆန္ဒတို့ ၏ ပူပေါင်းစွမ်းအားသည်ပင် ဤသားရဲကြီးကို လုံးဝ ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ယင်းက ၎င်းသားရဲကြီး မည်မျှ ကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။
"ငါ့အသက်ကို နောက်တကြိမ်ထပ်ပြီးကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"ကျိုးယုသည် ချင်ယွင်ကိုကြည့်ရင်း ပြောသည်။
ယခုလေးတင်၊ သူသည် အနီးနားရှိ သာမန် မိုးကြိုးသားရဲအချို့ကို လိုက်ရှာ နေသော်လည်း ချင်ယွင်သည် သိုင်းမြို့စားအဆင့်မိုးကြိုးမုန်တိုင်းသားရဲကြီး၏ လိုက်လံခြင်းခံနေရကို မြင်လိုက်ရသည်။ ထို့ကြောင့် ကျိုးယုသည် သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲကြီးကို အပြင်း အထန်တိုက်ခိုက်ရန်အတွက် သူ၏ ရွှေရောင်အလင်း တန်းကို တွန့်ဆုတ်ခြင်းမရှိ အသုံးပြုခဲ့သည်။
သို့သော်လည်း ဤ သိုင်းမြို့စားအဆင့် မိုးကြိုး မုန်တိုင်းသားရဲကြီး၏ ခန္ဓာကိုယ်သည် အလွန်ကြောက်စရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏လှံသည် ၎င်း၏ ခန္ဓာ ကိုယ်ကို ဖြတ်သွားသော်လည်း ၎င်း၏ဝမ်းဗိုက်တွင် ကြီးမားသောအပေါက်တစ်ခု သာကျန်ရစ်ခဲ့ပြီး ၎င်းကို ဒေါသဖြစ်စေခဲ့သည်။
အကယ်၍ ချင်ယွင်သည် သူ၏သတ်ဖြတ်ခြင်း သိုင်းကွက်နှစ်ခုကို အချိန်မီ အသုံးမပြုပါက၊ သူသည် မိုးကြိုးမုန်တိုင်းသားရဲ၏ ခြေသည်းကြီးသည် သူ့အား ထိမှန်မည်ဖြစ်ပြီး သူမသေဆုံးလျှင် ဒဏ်ရာအပြင်းအထန် ရသွားမည်ဖြစ်သည်။
"ဒီတစ်ခါ မင်း ငါ့ကို ကယ်လိုက်တာလေ ။ ငါတို့နှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် ဘာကြွေးဘူးမှ မရှိတော့ဘူး" ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး အမှုမထားသကဲ့သို့ ပြောလိုက်သည်။
အစောပိုင်းလေးက ကျိုးယုသည် မျက်ကွယ်ပြုထားနိုင်သော်လည်း သူသည် ပြောင်မြောက်စွာ ပြုမူခဲ့သည်။ ဤသူသည် စိတ်ခံစားချက်ကိုဦးစားပေးပြီး ဖြောင့်မတ်သူတစ်ဦး ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။ ပုံမှန်အားဖြင့် သူ၏အမူယာသည် အေးစက်နေသော်လည်း သူ၏နှလုံးသားက နွေးထွေးနေဆဲ ဖြစ်သည်။
"ငါတို့ဘာဆက်လုပ်ရမလဲ၊ ဒီအကောင်ကြီးက အပြင်ကစောင့်နေတာ။ ငါတို့အပြင်ကို မထွက်နိုင်ဘူး။" ကျိုးယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ချင်ယွင်သည် ဘာမှပြန်မပြောနိုင်ပေ။ ယင်းအစား သူသည် ကြောက်စရာကောင်းပြီး လျှပ်စီးများဖုံးလွှမ်းနေသော သူ၏နောက်က မိုးကြိုး၀ိညာဥ်တောင်ကြီးကို ကြည့်ရူရန် သူ၏ ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။
ယခင်က သူသည် ဤတောင်ကြီးကို အဝေးမှသာ ကြည့်နေခဲ့ရပြီး ထွက်ပေါ်နေသည့် အန္တရာယ်ရှိသော အငွေ့အသက်မိားက ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။ တဖျပ်ဖျပ်ဖျပ်ခတ်နေသော လျှပ်စီး များသည် အဆုံးအစမဲ့ အဖျက်စွမ်းအားအငွေ့အသက်များ ထုတ်လွှတ်နေသည်။
မိုးကြိုး၀ိညာဥ်တောင်ခြေတွင် ဖျက်စီးခြင်းအငွေ့အသက်အန္တရာယ်သည် ပိုမိုပြင်းထန် လာသည်။ သူသည် ဧရာမတောင်ထိပ်ပေါ်ရှိ လျှပ်စီးများကို ပြန်ကြည့်လိုက်ပြီး အကြည့်တစ်ချက်ဖြင့်ပင် သူ၏ဦးရေပြားသည် ကြောက်ရွံ့မှုနှင့်အတူ ထုံကျင်လာသည်။
ဤလျှပ်စီးများသည် သာမန်လျှပ်စီးများနှင့်မတူကြောင်း သူခံစားနိုင်သည်။ ၎င်းတို့သည် သာမန်လျှပ်စီးများထက် အဆပေါင်း ဆယ်ဆ သို့မဟုတ် ရာနှင့်ချီ၍ အားကောင်းပုံရသည်။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများသည်ပင် ဤလျှပ်စီးကြောင်းများကို ထိလိုက်လျှင် ၎င်းတို့သည် ပြာများအဖြစ် အဆုံးသတ်သွားမည် ဖြစ်သည်။
ချင်ယွင်၏အမူအရာကိုမြင်လျှင် ကျိုးယုသည် အနည်းငယ်အံ့အားသင့်သွားသည်။ "မင်း ဒီမိုးကြိုး၀ိညာဥ်တောင်ထဲကို ဝင်ချင်နေတာတော့ မဟုတ်ဘူးမလား။ ဒီ မိုးကြိုး၀ိညာဥ် တောင်က သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲများထက် ပိုကြောက်စရာ ကောင်းတယ်။ မင်းအထဲကိုဝင်သွားရင် သေဖို့လမ်းပဲရှိတယ်။ “
ချင်ယွင်က ပြုံးလိုက်ပြီး ကျိုးယုကို မျက်စောင်းတချက်ထိုးကာ ပြောလိုက်သည် "ဒီနေ့ မင်းဘာလို့ ဒီလောက်စကားများနေရတာလဲ"
ကျိုးယုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချင်ယွင်ကို လျစ်လျူရှုလိုက်သည်။
ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ကျိုးယု၏ ပင်ကိုယ်စရိုက်က အပြင်မှာ အေးစက်ပြီး အတွင်းထဲမှာ ပူပန်တတ်သူဆိုတာကို သူနောက်ဆုံး သိလိုက်ရပြီ။
"အမှန်တိုင်းပြောရရင် ငါဒီတစ်ခါ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်ဖို့အတွက် နောက်ထပ်အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်၊ အဲဒါက ချင်ရွှန်းရွှန်းကိုရှာဖို့ပဲ။ ချင်ရွှန်းရွှန်းက မိုးကြိုး၀ိညာဥ်တောင်ထဲမှာရှိဖို့ အရမ်းဖြစ် နိုင်တယ်၊ ဒါကြောင့် ငါ မိုးကြိုး၀ိညာဥ်တောင်ထဲကို ဝင်ရမယ်။" ချင်ယွင်သည် လေးနက်သောအမူအရာပြန်ပေါ်လာပြီး ကျိုးယုကအား ပြောလိုက်သည်။
ထိုစကားကိုကြားပြီးနောက် ကျိုးယုသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “ ချင်ရွှန်းရွှန်းက မသေဘူးလား” ။
ချင်ယွင်က ခေါင်းယမ်းလိုက်ပြီး "သူမမသေသေးပါဘူး၊ သူမဟာ မိုးကြိုး၀ိညာဥ်တောင်ရဲ့တစ်နေရာရာမှာ ပိတ်မိနေတာပဲ၊ ကြည့်ကြည့်လိုက်လေ၊ သူမရဲ့အသက်သလင်းကျောက် ကြည်လင်နေဆဲပဲ"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ချင်ရွှန်းရွှန်း၏ အသက်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အနီရောင် အသက်သလင်း ကျောက်သည် အလင်းရောင်ဖျော့ဖျော့နှင့်အတူ တဖျပ်ဖျပ်ဖျပ်ခတ်နေဆဲဖြစ်သည်။
ကျိုးယု၏ နဖူးအရေပြားများက တွန့်သွားပြီး နက်ရှိုင်းသထက် နက်ရှိုင်းလာရင်း "ဒါပေမယ့် တတိယ တော်၀င်အကြီးအကဲက ချင်ရွှန်းရွှန်းဟာ မိုးကြိုး၀ိညာဥ်တောင်မှာ လျှပ်စီးလက်များရဲ့ရိုက်ခတ်မူကိုခံရပြီးနောက် ပြာကျသွားတာကို မြင်လိုက်ရတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ သူ လိမ်ပြောတာများ ဖြစ်နိုင်မလား"
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် ရန်လိုသည့်အရိပ်အယောင်များဖြင့် တောက်ပလာပြီး သူ့ကိုယ်သူ တွေးတောကာ မေးလိုက်သည် "အဆင့်မြင့် တတိယအကြီး အကဲလား? မျှော်လင့်ထားသည့်အတိုင်း၊ ဤတတိယ တော်၀င်အကြီးအကဲသည် ရှီကန်ဟိုင်နှင့် ပူးပေါင်းကြံစည်သူဖြစ်ရလိမ့်မည်"