ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်
Vol. 29 Ch. 397
အခန်း (၃၉၇) ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်
အလယ်ပိုင်းလွင်ပြင်ဒေသ။
ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များတိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်၏ ကောင်းကင်ထက်တ်ွင် လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
သူက ကောင်းကင်ထက်ဆီ မော့ကြည့်လိုက်ပြီး တစ်ဖက်လူ၏ အဖြေစကားကို စောင့်ဆိုင်းနေဟန် ရှိ၏။
တစ်ဖက်လူက ဝေးကွာသည့်နေရာတစ်ခုမှပင် ကောင်ငယ်လေးကို လှမ်းပြီး အကူအညီပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သေချာပေါက် သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။ ထို့ပြင် ထိုလူသားက သူ့ကို ထူးခြားသည့် ခံစားချက်ကို ပေးစွမ်းသည်။
သေရည်ဆိုင်ရှင်အဘိုးအိုသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ တစ်ဖက်လူက သူ့နာမည်ကို ပြောမည်လား ၊ မပြောဘူးလား မသိရှိနိုင်ပေ။
အဘိုးအို ကောင်းကင်ထက်လှမ်းမျှော်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။
တစ်ဖက်လူ၏ အပြုအမူက အနည်းငယ်ထူးခြားသည်မှာ အမှန်ပင်။
ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် သူ၏ရန်သူကို ကြည့်လိုက်သည်။
သူက ကြေးမုံမှန်ကို ရုတ်သိမ်းလိုက်ပြီးအန္တရယ်ကင်းသည့်နေရာသို့ အမြန်ဆုံးသွားရောက်နိုင်စွမ်း ရှိသည်။
သို့သော် နာမည်…
တစ်ဖက်လူက သူ့နာမည်ကို မေးမြန်းနေပြီဖြစ်လေရာ သူတို့ကို ခန့်မှန်းစေခြင်းထက် အတည်ပြုပြောကြးလိုက်ခြင်းက ပိုမိုကောင်းမွန်နိုင်သည်။
ကျန်းလန်က ပါးစပ်ကိုဟကာ စကားပြောလိုက်သည်။
ထိုအချိန် ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေသည့် နတ်လူသားမျိုးနွယ်မှ ပါရမီရှင်ကျင့်ကြံသူသည် ကောင်းကင်ထက်မှ ရုတ်ချည်းထွက်ပေါ်လာသည့် အသံကို ကြားလိုက်ရသည်။
ထိုအသံက မိုးနဲ့မြေတစ်နေရာမှ ထွက်ပေါ်လာသည့်အသံဖြစ်ပြီး အခြားသူများကြားသိရန် ခက်ခဲသည်။
"ကျုပ်က ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင် ဖြစ်တယ်"
ထိုအသံတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်စွမ်းအားတစ်ခု ပါရှိနေသည်။
ထိုအသံကို ကြးသည့်အခါ သေရည်ဆိုင်ရှင်အဘိုးအိုသည်လည်း အံ့အားသင့်သွားသည်။
နတ်လူသားမျိုးနွယ်မှ ပါရမီရှင်ကျင့်ကြံသူကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး သူ့စိတ်ထဲတွေးတောနေသည့်အကြောင်းအရာကို မည်သူမှ မသိရှိနိုင်ပေ။
သူက...
"ကျုပ်တို့ ပြန်တွေ့ကြမယ်"
***
ကျန်းလန် ချက်ချင်းပင် အဆက်အသွယ်ဖြတ်တောက်လိုက်ပြီး တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို သိမ်းဆည်းလိုက်သည်။
သူ့နဖူးထက်တွင် ချွေးစေးများတောက်တောက်ကျဆင်းလျှက် ရှိ၏။
အန္တရာယ်များလွန်းသည်။
"ဒီလူက အတော်လေး တန်ခိုးစွမ်းအားမြင့်မားတယ် ၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ တာ့လော်အင်မော်တယ်အဆင့်ထက် မကျော်လွန်နိုင်ဘူး ၊ ဒီလူက နတ်လူသားမျိုးနွယ်တွေအတွက်တော့ ကြယ်တစ်ပွင့်ပဲ"
ကျန်းလန် သိသလောက် နတ်လူသားမျိုးနွယ်များ၏ ခေါင်းဆောင်ပိုင်းများက အရင်မျိုးဆက်ဟောင်းများမဟုတ်ဘဲ နောက်ပိုင်းမျိုးဆက်လူငယများ ဖြစ်ကြသည်။
ထိုလူငယ်သည်လည်း ခေါင်းဆောင်ပိုင်းများထဲမှတစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိုသူက အနာဂတ်တွင် သူရင်ဆိုင်ရမည့်ရန်သူ။
တာ့လော်အင်မော်တယ်အဆင့်ဆိုသည်က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသည့် တည်ရှိမှုဖြစ်သည်။
သို့သော် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် တာ့လော်အင်မော်တယ်များ နည်းပါးခြင်းမရှိပေ။ သူတို့ထွက်ပေါ်လာသည်က ရှားပါးခြင်းသာ ဖြစ်သည်။
"ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်" ဆိုသည့်အမည်က ခွန်လွန်တောင် ၊ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် ထွက်ပေါ်လာဖူးသည့် အမည်နာမဖြစ်သည်။ ဧကရာဇ်ရှီးဟယ် သူ့ကိုပေးအပ်ထားသည့် နတ်ဘုရားရာထူးနာမည်ဖြစ်၏။
အနာဂတ်တွင် သူက ထိုနာမည်ကို ပြောင်းလဲပစ်မည်ဖြစ်သည့်တိုင်…
ယခုအချိန်မှာတော့ ထိုနာမည်ကသာ သူ မည်သူဖြစ်သည်ဆိုသည့် ဦးတည်ချက်ကို ပျောက်ဆုံးစေမည် ဖြစ်သည်။
ထိုနာမည်က ခွန်လွန်တောင်ကို ညွှန်ပြသည်ဆိုသော်လည်း တိကျသေချာခြင်း မရှိပေ။ ဤနည်းအားဖြင့် သူ ပိုမိုကောင်းမွန်စွာ ပုန်းကွယ်နေနိုင်မည် ဖြစ်သည်။
သူ့အတွက်လည်း အချိန်ပိုမိုရရှိမည် ဖြစ်၏။
ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ချက်ချင်းပင် နေရာမှ ထွက်ခွာသွားသည်။ ထို့နောက် တစ်ယောက်တည်း ကျင့်ကြံရန် နေရာတစ်ခုကို ထပ်မံရှာဖွေသည်။
အားအင်များ ပြန်လည်ပြည့်ဝလာမှ ခွန်လွနတောင်သို့ ပြန်လာခဲ့သည်။
"တစ်ခုခု မှားနေသလို ငါ ခံစားရတယ် ၊ ငါမကူညီခင်ကတည်းက ကောင်လေးပြေးတာ အရမ်းမြန်လွန်းတယ် ၊ တကယ်ဆိုရင် စစ်မြေပြင်က အကျယ်ကြီးပဲ ၊ အဲဒါကို ဖြတ်ကျော်ဖို့ဆိုတာ အချိန်အတော်ယူရမှာ…"
"ပြီးတော့ ကောင်လေး ဒီလောက်ကြာကြာဖြတ်ပြေးသွားတာတောင် ဘယ်အင်မော်တယ်မှ ကောင်လေးကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းလန်သည် လေထဲတွင် ပျံသန်းရှင်း စိတ်ထဲတွင် ပဟေဠိ ဖြစ်နေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူ အဖြေတစ်ခု ရလိုက်သည်။
"သေရည်ဆိုင်ရှင်အဘိုးအိုက သူ့ရဲ့တန်ခိုးစွမ်းအားကို အသုံးချပြီး ကောင်လေးကို ကာကွယ်ပေးထားတာလား"
ထိုအချက်က ဖြစ်နိုင်ခြေများသည်။
အမှန်တော့ တာ့လော်အင်မော်တယ်တစ်ယောက်ကို သူ တိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်ပေ။
မိုးကောင်းကင်အင်မော်တယ်က မိုးကောင်းကင်အင်မော်တယ် အဆင့်သာဖြစ်ပြီး တာ့လော်အင်မော်တယ်ကို ယှဉ်နိုင်စရာအကြောင်း မရှိပေ။ သို့သော် ကောင်ငယ်လေးကို တားဆီးသည့် တာ့လော်အင်မော်တယ်ကို သူ ရင်ဆိုင်နိုင်ခဲ့သည်။
စစ်မြေပြင်တွင် မိုးကောင်းကင်အင်မော်တယ်များစွာရှိသော်လည်း သူတို့ကို ဗဟိုအင်အားစုဟု မသတ်မှတ်နိုင်ပေ။
တာ့လော်အင်မော်တယ်တစ်ယောက်ကိုသာ စစ်မြေပြင်တွင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
အစစ်အမှန်အင်မော်တယ်များက…
ရှေ့တန်းတွင်တိုက်ရသည့် သာမန်စစ်သည်တော်များသာ ဖြစ်သည်။
တာအိုအင်မော်တယ်များကတော့ များများစားစား မရှိကြပေ။
ခွန်လွန်တောင်တွင် တာအိုအင်မော်တယ် (၁၀)ယောက်ခန့် ရှိနိုင်သည်။ အခြားအင်အားကြီးအုပ်စုများတွင်လည်း ထိုမျှလောက်သာ ရှိပေလိမ့်မည်။
တာအိုအင်မော်တယ်၏အထက်တွင်တော့...
ဤသည်က သူနားလည်နိုင်သည်ထက် ကျော်လွန်သည့်ကိစ္စဖြစ်သည်။
နတ်ဘုရားများ သို့မဟုတ် သူတော်စင်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက ခန့်မှန်းရုံသာတတ်နိုင်ပြီး လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် တိတိပပ နားလည်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် အချိန်မကျသေးဘဲ ထိုအကြောင်းများကို အလွန်အကျွံသိရှိရန်လည်း မလိုပအပ်ပေ။ များများသိခြင်းက လူတစ်ယောက်၏တိုးတက်မှုကို ထိခိုက်လွယ်စေသည် မဟုတ်ပါလား။
သို့သော်…
နေရာတိုင်းတွင် သဘာဝဘေးအန္တရယ်ကပ်ဆိုးများ အဘယ့်ကြောင့် ဖြစ်ပေါ်နေရကြောင်းကိုတော့ ကျန်းလန် နားလည်သွားခဲ့ပြီ ဖြစ်၏။
များပြားလှစွာသောအင်အားကြီးအုပ်စုများက တိုက်ခိုက်နေကြလေရာ စစ်မြေပြင်များမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများက အနီးပတ်ဝန်းကျင်ဒေသများသို့ အဆုံးမရှိ ဆက်လက်ပျံ့နှံ့သွားကြသည်။ ထိုတန်ခိုးစွမ်းအားများ စီးဆင်းသွားမှုက နေရာဒေသအတော်များများကို အနည်းနှင့်အများ လွှမ်းမိုးမှုရှိလာသည်။
တန်ခိုးစွမ်းအားလှိုင်းလုံးများ ပျံ့နှံ့သွားသ်ည့အခါ ကမ္ဘာမြေကြီး၏ ဒြပ်စင်များ ဖျက်စီးခံလိုက်ရသည်။ ဤသည်က သက်ရှိများ ၊ သစ်ပင်များနှင့် ကမ္ဘာလောကကြီး၏ ဂေဟစနစ် ဟန်ချက်ညီမှုကို ပျက်စီးစေသည်။
ထိုသို့သောသက်ရောက်မှုများက အင်မော်တယ်များအတွက် မသိသာသော်လည်း သာမန်လူများအတွက်တော့ သဘာဝဘေးအန္တရယ်များ ဖြစ်ပေါ်လာစေသည်။
သိရှိနားလည်သွားပြီးနောက် ကျန်းလန် ခေါင်းခါယမ်းလိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူလည်း ဘာမှလုပ်မပေးနိုင်ပေ။
သူက ထိုကိစ္စများကို နားလည်ရန်သာ ကြိုးစားနိုင်ခဲ့သည်။ တန်ခိုးစွမ်းအားမြင့်မားခြင်းမရှိသည့် မိုးကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် သူတတ်နိုင်သည့်အရာ ဘာမှမရှိပေ။
သူ့ကိုယ်သူ အန္တရယ်ကင်းအောင် ကာကွယ်ရန်သာ တတ်နိုင်သည်။ သူ၏ရည်ရွယ်ချက်က တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာရန်ပင် ဖြစ်သည်။
သို့မှသာ တတ်နိုင်သည့်တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။
သူ့တွင် တန်ခိုးစွမ်းအားမြင့်မားလာမှသာ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူ့သြဇာကို အသုံးချနိုင်မည် ဖြစ်သည်။ မဟုတ်လျှင်တော့ သူ့ကံကြမ္မာက အဆုံးသတ်သွားပေလိမ့်မည်။
***
နွေဦးရာသီကုန်ဆုံးပြီးနောက် ရာသီအလီလီ ပြောင်းလဲခဲ့လေသည်။
ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်။
မက်မွန်ပင်အောက်တွင် လုန်ယွိ ထိုင်နေပြီး သူမနံဘေးရှိ ကျောက်သားထက်တွင် အလျားလိုက်မျဉ်းငယ်တစ်ခုကို လုန်ယွိ ရေးခြစ်လိုက်သည်။
"ဆယ့်ငါးနှစ် ၊ တစ်လ…"
သူမ ရေရွတ်လိုက်သည်။
ထို့နောက် သူမက သစ်ပင်အောက်တွင်ထိုင်ရင်း အပင်ထက်မှ သစ်ကိုင်းသစ်ခက်များကို လှမ်းမျှော်ကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။
"တကယ်ပဲ ဆယ့်ငါးနှစ်နဲ့ တစ်လတောင် ရှိသွားပြီပဲ"
ထို့နောက် သူမက ခေါင်းကိုလှည့်လိုက်ပြီး နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ကျန်းလန် ထွက်ခွာသွားသည်မှာ (၁၅)နှစ်တိုင်တိုင်ကြာခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိ ပြန်မလာသေးပေ။ သူ ဘယ်အချိန်ပြန်လာမည်ကို သူမလည်း မသိရှိပေ။
ကျန်းလန်မရှိသည့် နှစ်များတစ်လျှောက် သူမ စနစ်တကျကျင့်ကြံခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ကျန်းလန်သည်ပင် သူမကို ကျော်တက်သွားနိုင်သည်။
သို့ပေသိ…
သူမ ကျင့်ကြံချင်စိတ်မရှိဘဲ ကျန်းလန်ပြန်လာမည့်အချိန်ကိုသာ စောင့်မျှော်နေချင်ခဲ့သည်။
ယခင်တစ်ခေါက် ကျန်းလန် ခရီးထွက်ခွာစဉ်က နှစ်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ယခုတော့ ကျန်းလန်နှင့် ဝေးကွာသွားရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ထိုစဉ်…
"ဂိုဏ်းတူအစ်မ…"
လင်စီးယာ၏ ခေါ်သံကို ကြားလိုက်ရသည်။
လုန်ယွိက တောင်ထွတ်အပြင်ဘက်သို့ တစ်ချက်လှမ်းမျှော်ကြည့်ရင်း လင်စီးယာ ဝင်ရောက်လာနိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။
လင်စီးယာကိုတွေ့သည်နှင့် လုန်ယွိက အရင်ဆုံးစကားဆိုနှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူညီမလေး… ၊ မင်း အင်မော်တယ် ဖြစ်သွားပြီလား"
"ဟုတ်တယ်… ဂိုဏ်းတူအစ်မ…"
လင်စီးယာကို ကြည့်ရသည်မှာ ဝမ်းသာပျော်ရွှင်နေဟန် ရှိသည်။
"အခက်အခဲနည်းနည်းပါးပါးရှိပေမယ့် ကျွန်မ ကျော်ဖြတ်နိုင်ခဲ့တယ် သိလား ၊ ဒါနဲ့… ဂိုဏ်းတူမောင်လေး ခရီးက ပြန်မလားသေးဘူးလား"
လုန်ယွိက ခေါင်းညိတ်ရင်း…
"ဟုတ်တယ် ၊ သူပြန်မလာသေးဘူး"
"ဂိုဏ်းတူအစ်မ စိတ်မကောင်းဖြစ်နေတာလား"
လင်းစီယာက ခဏမျှ စဉ်းစားနေပြီးနောက်…
“ဂိုဏ်းတူအစ်မ ၊ ကျွန်မ တစ်ခုလောက်မေးမယ်နော် ၊ ဂိုဏ်းတူမောင်လေး ခရီးထွက်မသွားခင် ဂိုဏ်းတူအစ်မတို့နှစ်ယောက် တစ်ခုခုများ စိတ်ဆိုးဒေါသထွက်စရာ ဖြစ်ခဲ့ကြသေးလား"
"စိတ်ဆိုးဒေါသထွက်စရာ တစ်ခုခု… ဟုတ်လား"
ထိုနေ့က အဖြစ်အပျက်များကို လုန်ယွိ ပြန်စဉ်းစားကြည့်လိုက်သည်။
"မဖြစ်ခဲ့ဘူးထင်တာပဲ…"
လင်စီးယာက လုန်ယွိကို ကြည့်လိုက်ရင်း…
"မဖြစ်ခဲ့ဘူး ဟုတ်လား ၊ ဒါဖြင့် ဘာတွေများ ဖြစ်ခဲ့သေးလဲ"
လုန်ယွိက လင်စီးယာကို ကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည်။ နောက်ဆုံးတော့ သူမက အဖြစ်အပျက်များကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"အဲဒီနေ့က ဂိုဏ်းတူမောင်လေးက ငါ့ကို မျက်လုံးမှိတ်ခိုင်းတယ်…"
ထိုနေ့က ဘာဖြစ်ခဲ့သည်ကို သူမက လင်စီးယာကို အကြမ်းဖျင်းပြောပြပြီးနောက်…
"အဲဒီလိုဖြစ်ပြီးတာနဲ့… ငါလည်း ထွက်ပြေးလာခဲ့တယ် ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေး စိတ်ဆိုးမသွားလောက်ဘူး မဟုတ်လား"
လုန်ယွိ၏စကားများကို ကြားလိုက်သည်နှင့် လင်စီးယာမှာ အံ့သြတုန်လှုပ်စွာဖြင့် အပြူးသားဖြစ်သွားတော့သည်။
"ဂိုဏ်း… ဂိုဏ်းတူမောင်လေးက… သူ.. သူ.. သူ.. သူ.. သူ… သူ… သူ…"
လုန်ယွိမျက်နှာမှာ အနည်းငယ်နီမြန်းသွားသော်လည်း သူမက နေရာတွင်ပင် ငြိမ်ငြိမ်လေးထိုင်နေဆဲပင်။
လင်စီးယာ သူမကိုယ်သူမ ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးမှ…
"ဂိုဏ်းတူအစ်မ… စိတ်မပူပါနဲ့ ၊ ဒါဆိုရင်တော့ ဂိုဏ်းတူမောင်လေး အမြန်ဆုံးပြန်လာမှာပါ ၊ ဂိုဏ်းတူအစ်မလို ပြိုင်ဘက်ကင်းအလှဧကရီတစ်ပါးရဲ့ နှုတ်ခမ်းလေးကို အနမ်းခြွေပြီးမှတော့ အဲဒီအထိအတွေ့ကို သူ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး ၊ အခုဆိုရင် သူ ပြန်လာချင်လွန်းလို့ တစ်ပိုင်းသေနေလောက်ပြီ"
လုန်ယွိက တိုးလျသည့်လေသံဖြင့်…
"အဲဒီလိုလား"
လင်စီးယာပြောစကား ကြားတော့မှ သူမ အနည်းငယ်စိတ်အေးသွားရတော့သည်။
***
တောင်ခြေသေရည်ဆိုင်။
အဋ္ဌမမင်းသား စားပွဲများကို သုတ်နေရင်း မှောက်နေသောထိုင်ခုံများကို နေရာတကျ ပြန်ထားနေသည်။
ယခုပင် ဦးလေးလုန်ရဲ့ရောက်လာပြီး ဖီရှိုးနှင့် ဝုန်းဒိုင်းကျဲတိုက်ခိုက်ကာ ထွက်ခွာသွားကြပြီ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူ ဖီရှိုးကို ဝိညာဉ်ကျောက်တုံးများစွာ ပေးခဲ့ရသည်။
ဦးလေးလုန်ရဲ့နှင့် ဖီရှိုး (၂)ယောက်ပေါင်းပြီး သူရှာဖွေထားသည့် ငွေကြေးများကို လိမ်လည်နေကြဟန်ပင်။ အရင်တုန်းက ဖီရှိုးကောင်က ကောင်ငယ်လေးကို လှည့်စားခဲ့သည်။ ယခု သူ့ကို လှည့်စားရန်ကြိုးစားနေပြန်သည်။
"နောက်တစ်ခါ ဦးလေးလုန်ရဲ့လာရင် သူထိုင်မယ့်စားပွဲကို ဆိုင်အနောက်ဘက် ရွှေ့ထားမယ် ၊ အဲဒီမှာ သူတို့ (၂)ယောက် မျက်နှာချင်းဆိုင်ပဲ ၊ သူတို့ ထသတ်ကြလည်း ကိစ္စမဘူး ၊ သေရည်ဆိုင်ကို ထိခိုက်မှာ မဟုတ်တော့ဘူး"
အဋ္ဌမမင်းသား မကျေမနပ်ဖြင့် ရေရွတ်ပြောဆိုနေ၏။
ထိုစဉ်…
"အစ်ကို…"
ခေါ်သံကြောင့် အဋ္ဌမမင်းသား လှည့်ကြည့်လိုက်သည်။
သူက ချက်ချင်းပင် လှံရှည်ဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် ယန်ရှီးယွင်က ပါးနပ်စွာပင် ခပ်ဝေးဝေးတစ်နေရာသို့ နောက်ပြန်ခုန်ထွက်သွားသည်။
"……"
ချီလင်ကောင်မလေးသည် လုန်မန်၏ အပြုအမူများနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်လေ၏။