← Chapters

ပဲ့တင်ထပ်သံဆရာသခင်အဆင့် ၏ အဆင့်ငယ်သုံးဆင့်....

Vol. 6 Ch. 77

ပဲ့တင်ထပ်သံဆရာသခင်အဆင့် ၏ အဆင့်ငယ်သုံးဆင့်....

Vol. 6 Ch. 77

[TN/ အရင်ဆုံး ကျင့်ကြံခြင်းအဆင့်တွေကိုရှင်းပြပေးပါ့မယ်.....

ကနဉီးစတင်ကျင့်ကြံခြင်းကို စည်းတံဆိပ်ဆယ်ခုအဆင့်လို့​ခေါ်ပါတယ်....စည်း​တံဆိပ်တစ်ခုကနေ ဆယ်ခုအထိ အဆင့်ဆင့်ရှိတယ်....

စည်းတံဆိပ်ဆယ်ခုအဆင့်ရဲ့အထက်မှာ ပဲ့တင်ထပ်သံဆရာသခင်အဆင့်ရှိပြီး အဆင့်ငယ်သုံးခု ထပ်ခွဲထားပါတယ်....အဆင့်ငယ်တစ်ခုချင်းစီမှာလည်း အဆင့်လေးတွေ ထပ်ပြီးခွဲထားပါသေးတယ်.....

1...မျိုးစေ့ချ​ခြင်း ....1.... ကြည်လင်သော

မျိုးစေ့( အဆင့်နိမ့်/ အဆင့်မြင့် )2...မျိုးစေ့အောင်ခြင်း ( အဆင့်နိမ့်/ အဆင့်မြင့် )

2...မူလပုံသဏ္ဍာန်အဆင့်....( ပုံသဏ္ဍာန် 1မှ 5 အထိရှိ...)

3....ပဲ့တင်ထပ်သံအသွင်ပြောင်းခြင်းအဆင့် ( အဆင့်ငယ် 1မှ 4 အထိရှိ....)ကျန်သောအဆင့်များကို အလျဉ်းသင့်သလို ရေးပေးသွားပါ့မယ်.....]

နှစ်ကုန်စာမေးပွဲ ပြီးဆုံးခဲ့သော်လည်း လူထု၏ စိတ်လှုပ်ရှားမှုသည် ယခုချိန်ထိ လျော့ကျမသွားသေးပေ။

စာမေးပွဲပြီးဆုံးပြီးနောက် ကြယ်တာယာခရီးရှည်ကောလိပ် ဝင်ခွင့်ဖြေဆိုမည့်ကျောင်းသားများအတွက် တစ်ပတ်တာ အားလပ်ချိန်ပေးထားခဲ့သည်။

ပထမရရှိခဲ့သော လီလော့သည် ယခုရက်ပိုင်းအတွင်း အိမ်တွင်းအောင်းကာ ပဲ့တင်ထပ်သံပညာရပ်များကို လေ့လာနေခဲ့ပြီး ကျန်သောအချိန်များတွင် ဝိဉာဉ်ရည်နှင့် သန့်စင်သော အလင်းများ သန့်စင်ထုတ်လုပ်ခြင်းကို လေ့လာနေခဲ့သည်။

ဒင်.......

စံအိမ်ဟောင်းအတွင်းရှိ လေ့ကျင့်ရေးခန်းမထဲတွင်.....

လီလော့သည် ဓားတိုများကို ခွန်အားအပြည့်နှင့် ပစ်လွှတ်နေပြီး တစ်ဖက်လူ၏ ခံစစ်ကို ဖြိုခွင်းနေသည်။

လီလော့နှင့်တိုက်ခိုက်နေသူသည် ပဲ့တင်ထပ်သံဆရာသခင်အဆင့်၏ မျိုးစေ့ချခြင်းအဆင့်ကျွမ်းကျင်သူ သက်တော်စောင့်တစ်ယောက်ဖြစ်ပြီး လီလော့နှင့်အဆင့်တူအောင် အဆင့်နိမ့်ပြီး တိုက်ခိုက်ပေးနေခြင်းဖြစ်သည်။

စည်းတံဆိပ်ဆယ်ခုအဆင့်၏ အထက်တွင် ပဲ့တင်ထပ်သံဆရာသခင်အဆင့်ရှိသည်။

ပဲ့တင်ထပ်သံဆရာသခင်အဆင့်ကို အဆင့်သုံးဆင့် ထပ်မံခွဲခြားထားသေးသည်။

ထပ်မံခွဲခြားထားသည့် ပထမအဆင့်ကို မျိုးစေ့ချခြင်းအဆင့်ဟု ခေါ်ကြပြီး ပဲ့တင်ထပ်သံနန်းတော်ထဲတွင် စွမ်းအားများသည် မျိုးစေ့တစ်ခုသဖွယ် စုစည်းလာပြီး အသစ်တဖန်ပြန်လည်မွေးဖွားခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ဒုတိယအဆင့်သည် မူလပုံသဏ္ဍာန်အဆင့်ဖြစ်ပြီး စွမ်းအားများသည် ပိုမိုနက်ရှိုင်း ရင့်ကျက်လာပြီး ပဲ့တင်ထပ်သံပေါ်တွင် ပုံသဏ္ဍာန်အမှတ်အသားများ ချန်ရစ်ပေးသော အဆင့်ဖြစ်သည်။

တတိယအဆင့်သည် ပဲ့တင်ထပ်သံအသွင်ပြောင်းခြင်းအဆင့်ဖြစ်သည်။ထိုအဆင့်သည် စစ်သူကြီးအဆင့်သို့ အသွင်ပြောင်းနိုင်ရန် လိုအပ်သော လိုအပ်ချက်များကို ပြင်ဆင်စုဆောင်းရသောအဆင့်ဖြစ်သည်။

စည်းတံဆိပ်ဆယ်ခုအဆင့်သည် ကနဉီးကျင့်ကြံခြင်းအဆင့်များသာဖြစ်ပြီး ပဲ့တင်ထပ်သံဆရာသခင်အဆင့်ရောက်မှသာ ကျင့်ကြံမှုလမ်းကြောင်းပေါ် ​​​ခြေချနိုင်ပြီဟု ဆိုနိုင်မည်။

၎င်းတို့ကြားတွင် ကြီးမားလှသော ကွာခြားချက်များရှိသည်။

တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းဖြင့် နှစ်ဉီးသားကြားရှိ ကွာခြားချက်များကို လီလော့ရှင်းလင်းစွာနားလည်လာခဲ့သည်။

သက်တော်စောင့်သည် စည်းတံဆိပ်ဆယ်ခုအဆင့်ထိ အဆင့်လျှော့ထားပေးသော်လည်း လီလော့ လေးကိုသာထုတ်မသုံးပါက ထိုသူကို ချိန်း​ခြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ထန်......

လီလော့ ရေအစွန်အဖျား ပညာရပ်ကို သုံးလိုက်သည့်အတွက် ဓားသွားပေါ်တွင် အပြာရောင် အလင်းတန်းများတောက်ပလာသည်။

သက်​တော်စောင့်ကို ထပ်မံခုတ်ပိုင်းလိုက်သော်လည်း သန်မာလှသည့် တွန်းကန်အားကြောင့် လီလော့ ထပ်မံနောက်ဆုတ်လိုက်ရပြန်သည်။

လီလော့ စိတ်တိုလာတာကြောင့် လက်ဟန်ပြလိုက်ပြီး တိုက်ခိုက်မှုကို အဆုံးသတ်လိုက်တော့သည်။

" အံ့သြစရာကောင်းလိုက်တာ....သခင်လေးပကစည်းတံဆိပ်ရှစ်ခုအဆင့်ပဲ ရှိသေးပေမယ့် သခင်လေးဆီကနေ ဖိအားတစ်ချို့ ခံစားနေရတယ်......"

သက်တော်စောင့်ဖြစ်သူက လီလော့ကို လက်သီးနှင့် လက်ဖဝါးထပ်၍ အရိုအသေပြုနေသည်။

သက်တော်စောင့်၏ ချီးကျူးမှုသည် အနှစ်မပါသော ချီးကျူးမှုမဟုတ်ခဲ့ပေ။ လီလော့နှင့် အဆင့်တူအောင် နှိမ့်ချပြီးချိန်တွင် အမှန်ပင် ချိန်း​ခြောက်နိုင်စွမ်းရှိကြောင်း သိရှိရသည် မဟုတ်လော....

လေ့ကျင့်ရေးခန်းမထဲတွင် ရှိနေသော အခြားသော သက်တော်စောင့်များကလည်း သဘောတူဟန်ဖြင့်ခေါင်းညိတ်နေကြသည်။

သူတို့အားလုံးသည် ယခုချိန်တွင် လီလော့ကို လေးစားသော အကြည့်များဖြင့်သာ ကြည့်နေကြလေပြီ.....

လီလော့ နှစ်ကုန်စာမေးပွဲတွင် ပထမရပြီးကတည်းက ဗလာနန်းတော်ရှိနေခြင်းကြောင့်အသုံးမကျသူဟု နာမည်တပ်ခံရခြင်းများသည်လည်း အကုန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျန်းချင်းအာနှင့် အဆင့်မတူန်ိုင်ရင်တောင် လီလော့ကို မည်သူမျှ အထင်သေးဝံ့တော့မည်မဟုတ်ပေ။

လော့လန်အိမ်တော်၏ သခင်ငယ်လေးသည် ယခုချိန်မှစ၍ အစွမ်းကုန်ထွန်းတောက်လာပေတော့မည်။

လီလော့သည် သက်တော်စောင့်များကို ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး အခန်းဝမှာ ရပ်စောင့်နေသော ချိုင်ဝေရှိရာဆီ လျှောက်သွားလိုက်သည်။

ပိုနီပန်းပွင့်သဏ္ဍာန်ချည်ထိုးထားသော အနီရောင်စကပ်လေးကို ဝတ်ဆင်ထားသော ချိုင်ဝေသည် ပွင့်လန်းကာစ ပန်းတစ်ပွင့်နှယ် နုပျိုလှပနေသည်။

သက်တော်စောင့်များသည် ချိုင်ဝေ့ကို ပေါ်တင် မကြည့်ရဲကြသော်လည်း မျက်လုံးထောင့်ကနေ ခိုး ခိုးကြည့်နေကြသည်။

ဤသည်မှာ ပုရိသာတို့၏ သဘာဝသာပင်.....

" အစ်မ ချိုင်ဝေ......"

"သခင်လေးကတော့ ပထမရပြီးကတည်းက ဝီရိယရှိရှိလေ့ကျင့်နေတော့တာပဲနော်...."

" ထျန်ရှုစီရင်စုရဲ့ ပထမနေရာဆိုတာ သိပ်တော့လည်း မက်လောက်စရာမှမရှိတာ...တစ်ချို့စီရင်စုတွေမှာဆို စည်းတံဆိပ်ဆယ်ခုအဆင့်ပြိုင်ပွဲဝင်တွေလည်း ရှိနေတယ်တဲ့..... "

မှန်ပေသည် ။ ထျန်ရှုစီရင်စုသည် ရှပြည်ထောင်စု၏ အလယ်အလတ်အဆင့် စီရင်စုတစ်ခုသာဖြစ်ပြီး အခြားသော အဆင့်မြင့်စီရင်စုပေါင်းများစွာရှိသေးသည်မဟုတ်လော......

" အစ်မ ကျွန်တော့်ဆီလာတာ ဘာကိစ္စများရှိလို့လဲ ....."

" ယန်လင်းချီရောက်နေတယ်....ကြည့်ရတာ တစ်ခုခုဖြစ်နေပြီထင်တယ်...."

" ဒါဆိုလည်း သွားကြမယ်လေ....."

လီလော့တို့သည် လေ့ကျင့်ရေးခန်းမကနေ ထွက်လာခဲ့ကြပြီး ဧည့်ခန်းမတွင် ရှိနေသော ယန်လင်းချီရှိရာဆီသွားခဲ့ကြသည်။

ယန်လင်းချီသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေကိုင်းမျက်မှန်အဝိုင်းလေးကို တပ်ဆင်ထားသော်လည်း အမူအရာကတော့ တည်တင်းလျက်ရှိနေသည်။

ယန်လင်းချီက လီလော့တို့ ထိုင်လိုက်ပြီးသည်နှင့်.....

"ငါနင်တို့ကို အသိပေးစရာရှိတယ်.....လီလော့ ထောက်ပံ့ပေးနေတဲ့ လျှို့ဝှက်ရေအရင်းမြစ်ကြောင့် ရှီးယန်စံအိမ်ရဲ့ထုတ်ကုန်တွေ ရောင်းအားကောင်းလာပြီး အကျိုးမမြတ်တွေလည်း အများကြီးရထားတယ်.....ဒီအတိုင်းဆို တစ်နှစ်စာဝင်ငွေက တစ်သန်းနဲ့အထက်မှာ ရှိနိုင်ပြီး အရင်းဖယ်လိုက်မယ်ဆို အမြတ်ကြီးပဲ သုံးသိန်းလောက်တော့ ကျန်မယ်....."

လီလော့ အတော်လေး ပျော်သွားမိခဲ့သည်။ ကောင်းကင်ရွှေသုံးသိန်းဆိုသည်မှာ ထျန်ရှုစီရင်စုတစ်ခုလုံးတွင်ရှိနေသာ လော့လန်အိမ်တော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ တစ်နှစ်စာဝင်ငွေနှင့် ညီမျှပေသည်။ ထို့ကြောင့် ရှီးယန်စံအိမ်၏ အောင်မြင်မှုသည် ကြီးမားလှသော အောင်မြင်မှုဟု ဆိုရပေသည်။

ရှီးယန်စံအိမ် အောင်မြင်ရခြင်းမှာ လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်ကြောင့်ပင်ဖြစ်သည်။လီလော့သည် စည်းတံဆိပ်ရှစ်ခုအဆင့်သို့ရောက်နေပြီဖြစ်သောကြောင့် လျှို့ဝှက်ရေးအရင်းမြစ်များကို ယခင်ကထက် ပိုမိုထုတ်လုပ်လာနိုင်သဖြင့် အဆင့်နှစ် ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများ ထုတ်လုပ်ရာတွင်ပါ အသုံးပြုလာနိုင်ပြီဖြစ်သောကြောင့် ယခုလို အကျိုးမြတ်များစွာရရှိလာခဲ့ခြင်းဖြစ်သည်။

လီလော့ အကြမ်းဖျဉ်းတွက်ကြည့်သည့်အခါ ကောင်းကင်ရွှေသုံးသိန်းဆိုပါက အဆင့်ခြောက် ဉာဉ်ရည်နှင့်သန့်စင်သောအလင်း ဆယ်ပုလင်းခန့်သာ ဝယ်ယူနိုင်ပေမည်။

သိပ်ကိုနည်းပါးလွန်းနေသေးသည်။

လီလော့ ခါးသီးမှုကို လက်ခံရုံမှတပါး အခြားမရှိခဲ့ပေ။ ပဲ့တင်ထပ်သံ အဆင့်မြှင့်တင်ခြင်းသည် ခက်ခဲလွန်းလှသော လုပ်ငန်းစဉ်တစ်ခုသာပင်.......

ရှီးယန်စံအိမ်အကြောင်း သတင်းပို့ပြီးသွားပေမယ့် ယန်လင်းချီက လီလော့ကို ဆက်မေးလိုက်သည်။

" နင် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ချင်းဖန်မျှော်စင်မှာ စုန်ချီယုနဲ့တွေ့ ခဲ့တယ်ဆို....သူနဲ့အတူ မိုလင်းဆိုတဲ့သူရော ပါလာသေးလား...."

ယန်လင်းချီ၏ အမေးကြောင့် လီလော့ အတော်ပင် အံ့သြသွားလေသည်။

" တွေ့ခဲ့တယ်.....အဲ့ကောင် ပြသာနာရှာလို့ ကျွန်တော်နဲ့တောင် ကတောက်တဆဖြစ်ခဲ့ကြသေးတယ်....."

"မိုလင်းက ပေချီစီရင်စုမှာရှိတဲ့ မိုမိသားစုဝင်တစ်ယောက်....မိုမိသားစုပိုင်တဲ့ မှင်ရေစံအိမ်က ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်း လုပ်ငန်းမှာ ရှပြည်ထောင်စုရဲ့ ထိပ်တန်းအဆင့်တစ်ဆယ်အတွင်း ဝင်တဲ့အထိ ကြီးကျယ်တယ်....သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ အခြေခံအုတ်မြတ်တွေက ငါတို့ထင်ထားတာထက်တောင် နက်ရှိုင်းသေးတယ်....."

" ငါရထားတဲ့ သတင်းအတိုင်းဆို စုန်မိသားစုက မိုမိသားစုနဲ့ လက်တွဲပြီး မှင်ရေစံအိမ်ကို ထျန်ရှုစီရင်စုဆီခေါ်သွင်းလာလိမ့်မယ်...."

ချိုင်ဝေ ပြောလိုက်သည့် စကားကြောင့် လီလော့မျက်မှောင်ကြုံ့သွားခဲ့သည်။

စုန်မိသားစုကတော့ အထောက်အပံ့တွေရှာနေလေပြီ.......

" ချင်းဖန်မျှော်စင်မှာ ဖြစ်ခဲ့တာက စုန်ချီယုရဲ့ စနက်ပဲဖြစ်ရမယ်.....သူက နင်နဲ့ မိုလင်းကြားမှာ မကျေလည်မှုတွေဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့တာ...."

"အဲ့မိန်းမက သိပ်ကို အတွက်အချက်ကောင်းတဲ့သူ....သူ့သွားမယ့်လမ်းကို ဘယ်သူမှတားဆီးထားလို့မရဘူး....."

ယန်လင်းချီ၏ လေသံထဲတွင် မနှစ်မြို့ခြင်းများ ပြည့်ဝစွာပါဝင်နေသည်။

လီလော့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။စုန်ချီယုကို လျှော့တွက်ခဲ့မိသည့်အတွက် သူမ၏ ရည်ရွယ်ချက်ကို လီလော့ ဖြည့်ဆည်းပေးသလိုဖြစ်ခဲ့လေသည်။

"စုန်ချီယုရောက်လာတာက နောက်လမှာ ကျင်းပမယ့် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်း ပွဲတော်အတွက်ပဲဖြစ်ရမယ်....သူက ထျန်ရှုစီရင်စုရဲ့ အကောင်းဆုံး ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်လာအောင် ထင်းရှုးစံအိမ်ကို ကိုယ်စားပြုပြီး ဝင်ပြိုင်လိမ့်မယ်....."

" အစ်မယန်...အစ်မက ရှီးယန်စံအိမ်ကို ကိုယ်စားပြုသူပါ....အစ်မ သူ့ကိုနိုင်လောက်လား....."

" ငါတို့တွေက ပြိုင်ဘက်ဟောင်းကြီးတွေ...ကြယ်တာယာခရီးရှည်ကောလိပ်မှာကတည်းက ယှဉ်ပြိုင်လာကြတာ...ရှုံးခဲ့တာတွေလဲ ရှိတယ်၊ နိုင်ခဲ့တာတွေလည်း ရှိတယ်....ဒီတစ်ခေါက်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ငါလဲ မပြောတတ်ဘူး....သူ့ကို လျှော့တွက်လ်ို့တော့မဖြစ်ဘူး....ဘာပဲဖြစ်ဖြစ်ပါ....ငါဘက်က အကောင်းဆုံးကြိုးစားပြင်ဆင်ထားမှာပါ....."

ငွေကိုင်းမျက်မှန်အဝိုင်းလေး၏ အောက်တွင် တိုက်ပွဲဆာလောင်စိတ်များ တောက်လောင်နေသော မျက်ဝန်းတစ်စုံရှိနေသည်။စုန်ချီယုသည် ယန်လင်းချီ၏ ရင်ထဲသို့ မီးစပစ်ထည့်ခဲ့ပုံရသည်။

"မသိရင် အစ်မလင်းချီနဲ့သူက ကမ္ဘာမကြေရန်ဘက်တွေအတိုင်းပဲ....."

" နင် ကြယ်တာယာခရီးရှည်ကောလိပ်ကို ရောက်ရင် ငါနဲ့သူနဲ့ ဘယ်လောက်​တောင် အကြောမတည့်သလဲ သိလာလိမ့်မယ်...."

" စုန်မိသားစုတွေ မှင်ရေစံအိမ်ရဲ့ ထုတ်ကုန်တွေကို ထျန်ရှုစီရင်စုရဲ့ စျေးကွက်ထဲကို အတင်းအကြပ်ထိုးဖောက်လာမှာကိုပဲ ငါ ကြောက်နေတာ....."

"မှင်ရေစံအိမ်ရဲ့ ထုတ်ကုန်တွေက ဘယ်လောက်များ ကောင်းလို့လဲ....."

"သူတို့တွေသာ ထျန်ရှုရဲ့ စျေးကွက်ကို ထိုးဖောက်မယ်ဆို အဆင့်သုံးအောက် ဝိဉာဉ်ရည်တွေကိုပဲ ပစ်မှတ်ထားလိမ့်မယ်.....ငါ သိထားရသလောက်ဆို မှင်ရေစံအိမ်ရဲ့ အဆင့်တစ် ဝိဉာဉ်ရည်ဖြစ်တဲ့ ကြယ်နက် ဝိဉာဉ်ရည်က သန့်စင်မှု 62% ရှိတယ်.....အဆင့်နှစ် ဖြစ်တဲ့ လနက် ဝိဉာဉ်ရည်က သန့်စင်မှု 61%..... "

"အဆင့်သုံး မဟူရာဂုဏ်ကျက်သရေ ဝိဉာဉ်ရည်ကတော့ သန့်စင်မှု 60% ရှိတယ်....."

လီလော့ မျက်ခုံးပင့်လိုက်မိလေပြီ.....

မှင်ရေစံအိမ်သည် ထျန်ရှုစျေးကွက်ကို အမှန်ပင် ထိုးဖောက်နိုင်လောက်ပေသည်။မှင်ရေစံအိမ်၏ ထုတ်ကုန်တစ်ခုချင်းဆီတိုင်းသည် ရှီးယန်စံအိမ်၏ ထုတ်ကုန်များထက် သာလွန်နေပေသည်။ လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်ကြောင့်သာမရှိခဲ့လျှင် ထိုမျှထက်ပင် ကွာခြားနေလိမ့်မည်သာ.....

သို့သော်လည်း လီလော့ သိပ်စိုးရိမ်မနေခဲ့ပေ။ ဖော်မြုလာချင်း မယှည်နိုင်သော်လည်း လီလော့၏ လျှို့ဝှက်ရေအရင်းအမြစ်ကိုတော့ မည်သူမျှ ယှဉ်နိူင်လိမ့်မည်မဟုတ်ပေ။

ရှီးယန်၏ အဆင့်မြှင့်ထားသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် ပထမအသုတ်သည် လီလော့ အဆင့်ငါး ရေအလင်းပဲ့တင်ထပ်သံရှိစဉ်တုန်းက သန့်စင်ပေးခဲ့သော လျှို့ဝှက်ရေအရင်းမြစ်များကိုသုံး၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ယခုတွင်မူ လီလော့၏ ပဲ့တင်ထပ်သံသည် အဆင့်ခြောက်သို့ရောက်ရှိသွားပြီဖြစ်သောကြောင့် ပိုမိုသန့်စင်သော ရေအရင်းမြစ်များကို ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်သည်။

သို့သော်လည်း အဆင့်မြင့်လာသော ရေအရင်းမြစ်ကို အခုလောလောဆယ် ထုတ်သုံးဉီးမည်မဟုတ်ပေ။ မှင်ရေစံအိမ်၏လုပ်ရပ်များ စည်းလွတ်ဝါးလွတ် ဖြစ်လာချိန်မှသာ ဝှက်ဖဲအနေဖြင့် ထုတ်သုံးရမည်။

သုံးယောက်သား အတန်ကြာဆွေးနွေးပြီးနောက် ယန်လင်းချိီသည် ပြိုင်ပွဲအတွက်ပြင်ဆင်ရင် အလျင်အမြန်ထွက်ခွာသွားလေတော့သည်။

ယန်လင်းချီ ထွက်သွားပြီးသည့်အခါ ချိုင်ဝေက ဝတ်ရုံလက်စထဲကနေ ပုလင်းသုံးလုံးထုတ်ယူလိုက်ပြီး လီလော့ရှေ့တွင် ချထားပေလိုက်သည်။

"ဒါ...ဒါတွေက အဆင့်ခြောက် ဝိဉာဉ်ရည်တွေမဟုတ်လား....."

လီလော့သည် လတ်တလောတွင် လက်ကျန် အဆင့်ငါးဝိဉာဉ်ရည်များကိုသာ သုံးနေရသည်။ အဆင့်​ခြောက်သို့ ရောက်နေပြီဖြစ်သောကြောင့် အဆင့်ငါးဝိဉာဉ်ရည်များသည် အကျိုးသက်ရောက်မှုသိမရှိတော့ပေ။

သို့သော်လည်း အဆင့်ခြောက်ဝိဉာဉ်ရည် စျေးနှုန်းကြောင့် ချိုင်ဝေ့ကို ထပ်မမှာရဲတော့သည့်အတွက် ရှမြို့တော်ရောက်မှသာ ဝယ်ယူရန်တွေးထားခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်ဘဲ ချိုင်ဝေ့ထံမှ အံ့ဖွယ်လက်ဆောင်ရခဲ့လေပြီ.....

" သခင်လေးက ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေကို အကန့်အသတ်မရှိ ဘာ့ကြောင့် သုံးစွဲနေလဲ ကျွန်မ မသိဘူး....သိလည်း မသိချင်ခဲ့ဘူး....ဒါပေမယ့် သခင်လေး စွမ်းဆောင်ပြခဲ့တာတွေက ဒါတွေနဲ့ ထိုက်တန်မှန်း သက်သေပြနေတယ်...."

" ဒါ့ကြောင့်မို့ ဘဏ္ဍာရေးကြပ်တည်းနေပေမယ့်လည်း ဒီအစ်မကြီးက မင်းအတွက် သုံးပုလင်းတော့ရအောင် ဝယ်ထားပေးတယ်....ပမာဏက သိပ်အများကြီး မဟုတ်ပေမယ့် အသုံးဝင်နိုင်ကောင်းပါရဲ့......"

ချိုင်ဝေ၏ တွေးတောပေးမှုကြောင့် လီလော့ အတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည်။

" အစ်မချိုင်ဝေ ရိုက်မှာကိုသာ မကြောက်ရင် ကျွန်တော် အစ်မကို ပြေးဖက်မိမှာ....."

ချိုင်ဝေက ပန်းပွင့်သဏ္ဍာန် ခေါက်ယပ်တောင်လေးကို တဖြတ်ဖြတ်ခတ်နေရင်း ချစ်စဖွယ် ရယ်မောနေလေ၏။

"ကောလိပ်ကိုရောက်ရင် ကောင်မလေးတွေရှေ့မှာ ဒီလိုစကားတွေ သွားပြောမနေနဲ့ဉီး.....ငါလို အသက်ကြီးတဲ့သူတောင် နင့်ရဲ့ ပျားရည်လိုချိုသာတဲ့စကားနဲ့ ခပ်ချောချောမျက်နှာလေးကြောင့် ခွန်အားမဲ့သလိုခံစားနေရတယ်...."

ထွက်ခွာသွားတဲ့ ချိုင်ဝေကို ငေးကြည့်ရင်း လီလော့ သက်ပြင်းချလိုက်မိသည်။

//အစ်မချိုင်ဝေတောင် မရှောင်နိုင်တော့ဘူးဆိုတော့ စွကျိုးနည်း ရုပ်ချောမှုကြီးပါလား..

All Chapters