← Chapters

တတိယ တော်၀င် အကြီးအကဲ

Vol. 10 Ch. 147

တတိယ တော်၀င် အကြီးအကဲ

Vol. 10 Ch. 147

အခန်း (၁၄၇) တတိယ တော်၀င် အကြီးအကဲ။

ကျိုးယုသည် ဇ၀နဉာဏ်ရွှင်သူလည်းဖြစ် သည်။ ဤအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

"ပုံမှန်အားဖြင့်ဆိုရင်၊ ဒီသိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲများကို ဂိုဏ်းစည်းကမ်းထိန်း သိမ်းရေးတွေက တိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မတိုက်ခိုက်ထားခဲ့ဘူး။" ကျိုးယု၏မျက်လုံးများသည် ဤအကြောင်းကိုပြောနေစဉ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များက ထင်ရှား‌နေသည်။

ချင်ယွင်က အထင်သေးဟန်ဖြင့် ပြုံးပြီး ပြောသည် "အဲဒါက ဒီလောက်မရိုးရှင်းမှာ စိုးရတယ်။ ဒီသိုင်းမြို့စားအဆင့် မိုးကြိုးသားရဲက ငါ့ဘက်ကို တမင်ဆွဲဆောင် ပို့ခံလိုက်ရတာလို့တောင် ငါ သံသယဖြစ်မိတယ်။ သူက ငါ့ကိုသတ်ဖို့အတွက် ဒီမိုးကြိုးမုန်တိုင်းသားရဲကြီးကို မူလကတည်းက အသုံးပြုချင်ပေမယ့် ကံမကောင်းက မင်းနဲ့တွေ့ပြီး အခုလို ဖြစ်ပျက်သွားခဲ့တာပဲ။ ဒါက မင်းကို ဒီအရှုတ်ထုတ်ထဲ ပါ၀င်ပတ်သက်စေခဲ့တာပဲ။"

ကျိုးယုက ခေါင်းညိတ်လိုက်သည်။

တတိယတော်၀င်အကြီးအကဲသည် သူတို့အား တိတ်တဆိတ်စောင့်ကြည့်နေပြီး ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည်မှာ ဖြစ်နိုင်ချေရှိသည်။

သို့သော်၊ ဤတတိယ တော်၀င်အကြီးအကဲနှင့် ချင်ယွင်သည် နာကြည်းချက်များ သို့မဟုတ် ရန်ငြိုးရန်စများလည်း မရှိခဲ့ပေ။ အဆင့်မြင့် တတိယ အကြီးအကဲသည် အဘယ်ကြောင့် ချင်ယွင်ကို သတ်ချင်နေရသနည်း။၊

ချင်ယွင်သည် ကျိုးယု၏ အတွေးများကို မြင်နိုင်ပုံရပြီး ‌ပြောလိုက်သည်"သူက ငါနဲ့ ရန်ငြိုးရန်စမရှိပေမယ့် ရှီကန်ဟိုင်က ငါနဲ့ ရန်ငြိုးရှိတယ်လေ။ ငါခန့်မှန်းတာ မမှားဘူးရင် ဒီတတိယ တော်၀င်အကြီးအကဲက ရှီကန်ဟိုင်နဲ့ တစ်ခုခုတော့ ပတ်သက်ရမှာပဲ"

ကျိုးယုက ခေါင်းညိတ်ပြီး ငြိမ်ကျသွားသည်။

ချင်ယွင်သည် ကျိုးယု၏ပခုံးကို ပုတ်လိုက်ပြီး "ငါ ဒီ မိုးကြိုး၀ိညာဥ်တောင်ထဲကို ဝင်ကို ၀င်ရလိမမ့မယ်။ ပြီးတော့ ငါက ချင်ရွှန်းရွှန်း ကို ကယ်တင်ဖို့အတွက် ဒီကို လာခဲ့တာ။ မင်းကတော့ ဒီမှာပဲ နေသင့်တယ်။ တတိယတော်၀င် အကြီးအကဲက မင်းကို သိပ်ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။"

ကျိုးယုက အေးစက်စွာ နှာခေါင်းရှုံ့ပြီးအော်ဟစ်လိုက်သည် "ဟမ့်၊ ငါကျိုးယုက သေရမှာ ကြောက်တဲ့သူတစ်ယောက်လို့ မင်းထင်နေတာလား။"

ထိုစကားကိုပြောပြီးနောက် ကျိုးယုသည် ရှေ့မှ ဦးဆောင်ပြီး မိုးကြိုး၀ိညာဥ်တောင် ထဲသို့ လျှောက်သွားခဲ့သည်။

ချင်ယွင် အံ့ဩသွားသည်။ သူသည် ကျိုးယုကို သူ၏ ဘေးကင်းမူအတွက် ဤနေမှာနေခိုင်းခဲ့သည်။ အမှန်တကယ်တော့၊ မိုးကြိုး၀ိညာဥ်တောင်သည် အန္တရာယ်များလွန်းသော်လည်း ကျိုးယု၏စရိုက်အရ ယခုလောက် ပြတ်သား လိမ့်မည်လို့ သူမမျှော်လင့်ထားခဲ့ဘူး။ သူ၏စကားက ကျိုးယု၏ဆုံးဖြတ်ချက်ကို လှုံ့ဆော်ပေးခဲ့သည်။

ကျိုးယုကို မစည်းရုံးနိုင်မှန်း ချင်ယွင်က သိထားသောကြောင့် ကျိုးယုနောက် အမြန်လိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သို့သော် မိုးကြိုး၀ိညာဥ်တောင်သို့ရောက်ပြီး မကြာမီမှာပင် ခါးကုန်းခန္ဓာကိုယ်နှင့် လမ်း လျှောက်တုတ်တစ်ချောင်းကိုင်ထားသည့် အဘိုးအိုတစ်ဦးသည် အဝေးရှိ ကောင်းကင်ယံတွင် ထူးထူးခြားခြား ပေါ်လာသည်ကို သူတို့ မတွေ့ခဲ့ကြပေ။

အဘိုးအို၏ဆံပင်များသည် မီးခိုးရောင်ဖြစ်ပြီး သူ၏ပုံစံက ပိန်လှီနေသည်။ သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ညှိုးနွမ်းနေသောသစ်ပင်ခြောက်ကဲ့သို့ သူ၏မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ သူက မှုန်ကုပ်ကုပ်ပြုံးကာ အဝါဖျော့ဖျော့သွားနှစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ ထို့ကြောင့် သူ၏မျက်နှာက ရက်စက်ဆိုးသွမ်းကာ ပိုမို၍ အေးစက်လာသည်။

'"ဒီ သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက် နိုင်ခဲ့တာ တကယ်ကို ကံကောင်းလွန်းတယ်။ ဒါက တကယ်ကို ငါ မမျှော်လင့်ထားတဲ့ အရာပဲ။ ဒါပေမယ့် အခုအချိန်မှာ ပထမအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က တံခါးပိတ် ကျင့်ကြံနေကြပြီး ဒီကမ္ဘာငယ်လေးထဲမှာရှိတဲ့ အရာအားလုံးကို ငါ တာဝန် ယူထားရတယ်။ မိုးကြိုး၀ိညာဥ်တောင်ရဲ့ လက်ထဲကနေ မင်း ဘယ်နှစ်ခါ လွတ်မြောက်နိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"

အဘိုးအိုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်နှာပေါ်ရှိ နက်မှောင်သော အပြုံးက ပို၍ပင် တင်းမာလာသည်။ ထို့နောက် သူ၏ လက်ထဲတွင်ရှိသော တောင်ဝှေးဖြင့် သူ၏ခြေ ထောက်အောက်ရှိ လေဟာနယ်ကို ပုတ်လိုက်ရာ ရေကဲ့သို့ လှိုင်းလုံးများ ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

မှန်ပါသည်၊ ဤအဘိုးကြီးသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တတိယတော်၀င် အကြီးအကဲဖြစ်ပြီး၊ သူသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။

ယခုအချိန်တွင် ချင်ယွင်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူတဦးမှ သူ့ကို ပစ်မှတ်ထားနေကြောင်း မသိခဲ့ပေ။ ထိုအချိန်တွင် သူနှင့် ကျိုးယုတို့သည် မိုးကြိုး၀ိညာဥ်တောင်ရှိ မတ်စောက်သော တောင်တက်လမ်းပေါ်တွင် လျှောက်လှမ်းနေကြသည်။

မိုးကြိုး၀ိညာဥ်တောင်သည် အလွန်ကြီးမားပြီး အလွန်ထူးဆန်းသည်။ တစ်နှစ်ပတ်လုံး

လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများကြောင့် ဤနေရာတွင် အသီးအရွက်များ သစ်ပင်ပန်းမာန်များ ပေါက်ရောက်ခြင်းမရှိပေ။ သို့သော် ထူးဆန်းသော ကျောက်တုံးများစွာ ရှိသည်။ ဤကျောက်တုံးများသည် ကျောက်သစ်တောတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ၎င်းတို့ထဲမှ လျှောက်သွားသောအခါ လူများသည် လမ်းပျောက်ရန် လွယ်ကူသည်။

ဤအရာက ကြောက်စရာ မဟုတ်ပါဘူး။ ကြောက်စရာကောင်းတာက ကျောက်သစ်တောထဲတွင် နေရာအနှံ့ လေဟာနယ်အက်ကွဲကြောင်းများ အများပြားရှိနေပြီး လျှပ်စီးများသည် ထိုလေဟာနယ်အက်ကြောင်းများထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာသည့် လျပ်စီးများဖြစ်သည်။

ဤလျှပ်စီးများသည် အလွန်ကြောက်စရာကောင်းသည်။ အနည်းငယ် ပွတ်တိုက်ခံရရုံဖြင့်ပင် သူတို့ကို သတ်ပစ်နိုင်သည်။ ထို့ကြောင့် ချင်ယွင်နှင့်ကျိုးယုတို့သည် ဖြည်းညှင်းစွာ လမ်းလျှောက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်ကြရသည်။

ထို့ကြောင့် ချင်ယွင်နှင့်ကျိုးယုတို့သည် တောင်အလယ်သို့ရောက်ရန် ငါးနာရီခန့်ကြာခဲ့ သည်။

"သတိထားပါ!"

ထိုအချိန်တွင် ကျိုးယု၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး ချင်ယွင်ကို လှမ်းအော်သည်။

ချင်ယွင်၏ တုံ့ပြန်မှုသည် အလွန်လျင်မြန်ပြီး သူ၏ အင်အားအားလုံးကို လျင်မြန်စွာ စုဆောင်းကာ နောက်သို့ ပစ်ထိုးလိုက်သည်။

"ဘုန်း!"

ချင်ယွင်သည် သူ၏နောက်တွင် ရုတ်တရက် ပေါ်လာသော မိုးမခတောင်ဝှေးအိုတစ်ချောင်းကို လက်သီးဖြင့် ထိုးလိုက်မိသည်။ သို့သော် မိုးမခတောင်ဝှေးအို၏ စွမ်းအားသည် အလွန်ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင်၏လက်သီးသည် တောင်ဝှေးကို ထိလိုက်သည့်အခိုက်တွင် နောက်ပြန် လွင်စင်သွားခဲ့ရသည်။

ချင်ယွင်သည် မရပ်တန့်နိုင်မီ ကျောက်တိုင်ငါးတိုင်ကို ဆက်တိုက်ချိုးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် စူးရှသော နာကျင်မှုကို ခံစားရသည်။ ယခုတစ်ကြိမ် သူခံစားခဲ့ရသော ဒဏ်ရာများသည် မိုးကြိုးသားရဲကြီး၏ ဧရာမခြေသည်းကြီး တိုက်ခိုက်မူထက် ပေါ့ပါးခြင်းမရှိပေ။

ကျိုးယု၏လက်တွင်လည်း လှံရှည်တစ်ချောင်း ပေါ်လာသည်။ အရှင်သခင်လှံသည် ထိုးနှက် ချက်တစ်ချက်တည်းဖြင့် ရုတ်တရက် ပေါ်လာသော ပုံရိပ်ဆီသို့ ချက်ချင်း ထိုးလိုက်လေသည်။

"ဟမ့်၊ ထွက်သွားစမ်း။။"

မိုးမခတောင်ဝှေးပိုင်ရှင်သည် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်ပြသရင်း လေထုထဲတွင် ပေါ်လာသည်။ သူသည် ဒေါသတကြီးအော်လိုက်ပြီး သူ၏လက်ထဲမှ တောင်ဝှေးကို ဆက်ခနဲလှုပ်ကာ ကျိုးယု၏လှံကို တိုက်ရိုက်ထိုးလိုက်သည်။

ကျိုးယု၏တိုက်ခိုက်မှုသည် ချက်ခြင်း ပြိုကျပြီး သူလည်း လွင့်ထွက်သွားခဲ့ရသည်။ သူသည် သွေးအန်ပြီး အဝေးတစ်နေရာတွင် လဲကျကာ သတိလစ်သွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ရုတ်တရက်ပေါ်လာသော ဤအဖိုးအိုသည် မည်သူလဲဆိုသည်ကို ချက်ခြင်းသိလိုက်သည်။

သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ဆွဲကိုင်လိုက်ပြီး ရွေ့လျားနဂါးဓား၀င်္ကပါကို တခဏချင်း အသက်သွင်းလိုက်သည်။

ရာနှင့်ချီသော လေဓါးတိုလေးများသည် ကြီးမားသော နဂါးကြီးအဖြစ်သို့ ချက်ချင်းပြောင်းသွားပြီး တတိယတော်၀င်အကြီးအကဲဆီ တွန်းပို့ရင်း ဟိန်းဟောက်လိုက်လေသည်။

"ဟမ်၊ ကလေးကစားစရာအကွက်လေးတွေ"

တတိယတော်၀င်အကြီးအကဲသည် ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသော လေဓါးကိုမြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ သို့သော် သူ၏လက်ထဲရှိ မိုးမခတောင်ဝှေးကို ခပ်ဖွဖွလေး ကိုင်လိုက်ရင်း သူသည် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

လေဟာနယ်တစ်ခုလုံးတွင် လှိုင်းဂယက်များ ဆက်တိုက် ထွက်ပေါ်လာသည်။ ဧရာမ နဂါးလေဓားများသည် မမြင်နိုင်သော လေနံရံတစ်ခုကို ဝင်တိုက်မိပုံရပြီး လုံးလုံး ကွဲအက်သွားရသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။

ဤတတိယတော်၀င်အကြီးအကဲ၏ ရေစွမ်းရည်နယ်မြေ (ဒိုမိန်း)သည် အမှန်တကယ် တွင် စတုတ္ထအဆင့် ရေစွမ်းရည်အတက်အကျ နယ်မြေ ဖြစ်သည်။ ဤ တော်၀င်တတိယအကြီးအကဲ၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ် ကျင့်ကြံခြင်းအခြေခံဖြင့်ဆို ချင်ယွင်ထံမှ မည်သည့် တိုက်ခိုက်မှုကိုမဆို သူ့အနေဖြင့် အလွယ်တကူ ဖြိုခွဲသွားနိုင်သည်။

"ဓားတစ်ချောင်း လေဟာနယ်!"

ဤအရာကို လက်သင့်မခံနိုင်သည့် ချင်ယွင်သည် နောက်တစ်ကြိမ် ထပ်မံ ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းသည် ချက်ချင်းပင် လေဟာနယ်ကိုထိုးဖောက်ပြီး အဘိုးအိုဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

အဘိုးအိုသည် သူ၏လက်ထဲမှ တောင်ဝှေးကို နောက်တစ်ကြိမ် ညွှန်ပြရင်း အထင်သေးဟန်ဖြင့် ပြုံးပြလိုက်သည်။ မူလက အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူကို သတ်ဖြတ်ရန် လုံလောက်သော ဤနိဗ္ဗာန ဓားချက်သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့ရသည်။

ဘန်း!

အဘိုးအိုသည် လေဟာနယ်ကို နောက်တကြိမ် ပုတ်လိုက်ပြန်သည်။ ချင်ယွင်သည် ချက်ချင်းပင် ရေလှိုင်းများ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏နှလုံးခုန်သံကို ရုတ်တရက် ခံစားလိုက်ရသည်။ မမြင်နိုင်သော ဧရာမလက်တစ်စုံက သူ့ကို ရုတ်တရက် ချုပ်ကိုင်လိုက်သကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်ထဲမှ သွေးပူများ ထွက်လာသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအင်အတက်အကျလဲ" ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ဤစတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူ၏ လက်ထဲတွင် ဤရေစွမ်းရည်အတက်အကျနယ်မြေကို အသုံးပြုခြင်းသည် အရာအားလုံးကို ရိုးရှင်းစွာ ဖျက်ဆီးပစ်လိုက်သည်။

"မျိုးမစစ်ကောင်လေး၊ မင်းကမဆိုးပါဘူး။ မင်းက ငါ့ကိုတိုက်ခိုက်မူကို တစ်ချက်လေးမှ ဒဏ်ရာရတဲ့အရိပ်ယောင်မရှိဘဲ ခံနိုင်ရည်ရှိပြီး မသေခဲ့ဘူး" အဘိုးအိုသည် ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးများက ဝမ်းနည်းမှုနှင့်အတူ ပျော်စေပြက်စေဟန်ဖြင့် တောက်ပနေပြီး အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများက အဘိုးအိုအား စိုက်ကြည့်နေစဉ် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြောလိုက်သည် "ခင်ဗျား ကျုပ်ကို ဘာလို့ လိုက်သတ်နေတာလဲ။"

"ဘာလို့လဲဟုတ်လား၊ မင်းလ မသိဘူးလား?" အဘိုးအိုက ရွှတ်နောက်နောက်ပုံစံဖြင့်

ပြောသည်။

"ရှီကန်ဟိုင် နဲ့ ခင်ဗျားရဲ့ဆက်ဆံရေးကဘာလဲ" ချင်ယွင် မျက်လုံးမှိတ်ကာ မေးလိုက်သည်။

အဘိုးအိုက အေးစက်စွာပြုံးပြီး "ရှီကန်ဟိုင်က ငါ့မြေးပါ" ဟု ပြောလိုက်သည်။

ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ သူ၏ရှေ့ရှိ အဖိုးအိုသည် အမှန်တကယ်တော့ ရှီကန်ဟိုင်၏ အဖိုးဖြစ်နေသည်။ သူသည် ရှီကန်ဟိုင်၏အဘိုးနှင့် တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ခေါင်းဆောင် ရှီဂျီ၏ဖခင်ဖြစ်သည်ဟု ဆိုလိုရာ ရောက်သည်မဟုတ်ပါလော။

မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တတိယတော်၀င် အကြီးအကဲသည် ရှီမျိုးနွယ်စုနှင့် ဤမျှသော ဆက်ဆံရေးကောင်းရှိလိမ့်မည်ဟု ချင်ယွင်မထင်ထားခဲ့ပေ။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်တောင်မှ ဤကိစ္စကို သိမှာမဟုတ်လောက်ပေ။ ရှီမျိုးနွယ်စုသည် လုံလုံလောက်လောက် ဖုံးကွယ်ထားခဲ့၏။

"ကောင်လေး ၊ သွားသေလိုက်တော့!"

အဘိုးအို၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည်။ သူ၏ လက်ထဲက မိုးမခတောင်ဝှေးအိုက တိုက်ရိုက်ထွက်လာပြီး ရေလှိုင်းများက ချက်ချင်း လွင့်စင်သွားတော့သည်။

"ခင်ဗျား ကျုပ်ကို သေစေချင်ရင်တောင် ခင်ဗျားမှာ အရည်အချင်းမရှိသေးဘူး!"

ထိုသို့ပြောပြီးနောက်၊ ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက် ဓားပျော့သည် ချက်ချင်းပင် တောက်ပလာပြီး ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက မိုးကြိုး၀ိညာဥ်တောင်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားလေသည်။

တခဏချင်းမှာပဲ၊ မိုးကြိုး၀ိညာဥ်တောင်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ် ဧကရာဇ် ‌ရှေးဟောင်းတာအိုဆရာသခင်သည် နောက်ဆုံးတွင် လှုပ်ရှားခဲ့ရသည်။

All Chapters