← Chapters

ဌာနမှုးဝေရှ၏ လက်တုံ့ပြန်မှု.....

Vol. 6 Ch. 78

ဌာနမှုးဝေရှ၏ လက်တုံ့ပြန်မှု.....

Vol. 6 Ch. 78

အားလပ်ရက် ကုန်ဆုံးသွားပြီးနောက် လီလော့ နန်ဖန်းကျောင်းတော်သို့ ရောက်လာခဲ့ရပြန်သည်။

ယခုချိန်တွင် ကျောင်းတော်ဂိတ်တံခါးဝကြီးကို အောက်မေ့တသဖွယ်တစ်ခုအဖြစ် ကြည့်နေခဲ့မိသည်။

ယနေ့သည် နန်ဖန်းကျောင်းတော်သားဘဝကို အပြီးသတ်ရမည့်နေ့ဖြစ်ပြီး ကျောင်းသားဘဝ အမှတ်တရတွေသည်လည်း ဆုံးခန်းတိုင်ခဲ့လေပြီ.....

အနာဂတ်တွင် မည်သို့ပင်ဖြစ်လာစေကာမူ နန်ဖန်းကျောင်းတော်သည် လီလော့အား ကျင့်ကြံရေးအုတ်မြစ်ချပေးခဲ့သော ကျောင်းတော်ဖြစ်နေဉီးမည်သာ.....

အမှန်တိုင်းပြောရမည်ဆိုပါက ယခုချိန်တွင်  အာရုံစိုက် ချီးမြှောက်ခြင်းများကို လီလော့ ကြောက်နေပြီဖြစ်သည်။

နန်ဖန်းကျောင်းတော်ကို စရောက်စဉ်အခါက မိဘနောက်ခံကြောင့် လူအများ၏ အာရုံစိုက်ခံခဲ့ရသော်လည်း ဗလာနန်းတော်ရှိနေမှန်း စိလိုက်ရချိန်တွင် အခြေနေအရပ်ရပ်သည် ကောင်းကင်နှင့် ငရဲတမျှ ကွာခြားသွားခဲ့သည်မဟုတ်လော....

ထိုသင်ခန်းစာကြောင့် လီလော့တစ်ယောက် သိုသိုသိပ်သိပ်နေထိုင်ကာ ခွန်အားကို တိတ်ဆိတ်စုဆောင်းရန်သာ ဆုံးဖြတ်ခဲ့သည်။

မြို့စားအဆင့် သို့မဟုတ် ဘုရင်အဆင့်ရောက်မှသာ သက်တောင့်သက်သာနေနိုင်မည်ဖြစ်သောကြောင့်ပင်.....

သို့သော်လည်း နှစ်ကုန်စာမေးပွဲကြောင့် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရပြန်သည်။

" သေချင်းဆိုး ရှီယွမ်...သေချင်းဆိုး စုန်ယွမ်ဖန်....."

လီလော့ ကျိန်ဆဲလိုက်မိလေသည်။မိမိသည် ထိပ်တန်းအဆင့်တစ်ဆယ်အတွင်းဝင်ရုံလောက်နှင့်သာ ကျေနပ်နေမည့်သူဖြစ်သော်လည်း ထိုနှစ်ယောက်၏ နှောက်ယှက်မှုကြောင့် ပထမနေရာ ရခဲ့လေသည်။

" လုချင်းအာလည်း အလိုတူအလိုပါပဲ...တကယ်ဆို ပထမနေရာကို ယူလို့ရနေရဲ့သားနဲ့....."

"ကြည့်စမ်း.... ကျေးဇူးကန်းနေလိုက်တာ....ငါ့မှာ အနိုင်လဲ ပေးလိုက်ရသေးတယ် ကွယ်ရာမှာလဲ အပြောခံရသေးတယ်...."

လီလော့ လှည့်ကြည့်လိုက်သောအခါ နန်ဖန်းကျောင်းဝတ်စုံဝတ်ဆင်ထားသော လုချင်းအာကို မြင်လိုက်ရသဖြင့် အရှက်ပြေ ချောင်းဟန့်လိုက်ရသည်။

လုချင်းအာသည် စိတ်ဆိုးနေပုံမရဘဲ လီလော့ကို ပြုံးပြနေ၏။

သူတို့နှစ်ဉီးကို ကြည့်ရသည်မှာ လိုက်ဖက်လွန်းလှသော စုံတွဲသဖွယ် ဖြစ်နေသောကြောင့် လီလော့သည် မနာလိုသောအကြည့်များ၏ ပစ်မှတ်ဖြစ်လာလေတော့သည်။

သို့သော်လည်း လီလော့သည် ပထမနေရာရထားသူဖြစ်သည့်အတွက် လုချင်းအာထက်ပင် ဂုဏ်သတင်းကျော်ဇော်နေပြီဖြစ်သောကြောင့် အရင်ကလို ကဲ့ရဲ့စကားများကို တဲ့တိုးမပြောရဲကြတော့ပေ။

နှစ်ယောက်သားအတူ လမ်းလျှောက်လာကြရင်း နှုတ်ဆက်လာသူများကိုလည်း ခေါင်းညိတ်ပြနေရသေးသည်။

အတန်ကြာလမ်းလျှောက်နေပြီးနောက် ဆူညံအော်ဟစ်နေသော ကျောင်းသားတစ်စုကို လှမ်းမြင်လိုက်ရသည်။

" စုန်ယွမ်ဖန် အရှုံးသမား!!!! မင်း ဘယ်မျက်နှာနဲ့ ကျောင်းကို လာရဲသေးတာလဲ! !!!"

ကြားလိုက်ရသော အသံကြောင့် လီလော့မျက်လုံးပြူးသွားခဲ့ရသည်။

// ဒီကောင် စုန်ယွမ်ဖန် ကျောင်းကို လာရဲသေးတယ်....//

လီလော့နှင့် လုချင်းအာတို့နှစ်ဉီး လူအုပ်ကြား တိုးဝှေ့ပြီး ကြည့်ကြည့်လ်ိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော စုန်ယွမ်ဖန်ကို စုန်မိသားစု သက်တော်စောင့်နှစ်ဉီးက အသင့်အနေအထားနဲ့ ကာကွယ်ပေးနေကြသည်ကို မြင်လိုက်ရသည်။

စုန်ယွမ်ဖန်၏ ရှေ့တွင်မူ ပါးစပ်မှသွေးများ စီးကျနေသော လူတစ်ဉီးကို တွေ့လိုက်ရသည်။

ထိုသူသည် အခြားသူမဟုတ်ဘဲ ယုလန်ဖြစ်နေလေ၏။

//ဒီကောင် ဘာလှည့်ကွက်တွေသုံး နေပြန်ပြီလဲ....//

"ဟာ...အစ်ကိုလော့တို့ အစ်မချင်းတို့ ရောက်လာတာအတော်ပဲ.....ဒီကောင် စုန်ယွမ်ဖန် အရမ်း အတင့်ရဲတာပဲ....နန်ဖန်းကို သစ္စာဖောက်ထားတာတောင် မျက်နှာပြောင်တိုက်ပြီး လာရဲသေးတဲ့အပြင် အစ်ကို ယုလန်ကိုလည်း လက်သီးနဲ့ ထိုးလိုက်သေးတယ်....."

ကျောင်းသားတွေက လီလော့တို့ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ဝိုင်းဝန်းတိုင်တန်းကြလေသည်။

လီလော့ အမှန်ပင် ထိတ်လန့်သွားခဲ့မိသည်။

// ဒီကောင် တကယ် ဉီးနှောက်မရှိတာပဲ...ကျောင်းကိုလာရဲသေးတဲ့အပြင် ကျောင်းသားတွေ ရှေ့မှာတင် ယုလန်ကို ထိုးလိုက်သေးတယ်....//

ယုလန် ပါလာပြီဖြစ်သည့်အတွက် ပြသာနာသည်ထင်သလောက်ရိုးရှင်းမည်မဟုတ်မှန်း လီလော့ နားလည်လိုက်လေပြီ.....

လီလော့သည် မြေပြင်ပေါ်တွင် လူးလိမ့်နေသော ယုလန်ကို တစ်ချက်ကြည့်လိုက်မိသည့်အခါ ကျောက်ခွော်လောက်ပင် သရုပ်ဆောင်မကောင်းမှန်း သိလိုက်ရသည်။

" သေလိုက်ပါလား...ငါ သူ့ကို ဘယ်တုန်းက ထိုးလိုက်လို့လဲ...ငါ့လမ်း ငါသွားမယ်ဆိုပြီး နည်းနည်းလေးတွန်းလိုက်တာ...အားတောင် ထည့်မထားဘူးကွ! !!"

စုန်ယွမ်ဖန် ဒေါသထွက်လွန်းနေသဖြင့် နဖူးပေါ်တွင် သွေး​ကြောများပင် ထောင်ထနေ၏။

အမှန်တိုင်းပြောရမည်ဆိုပါက သူ ( စုန်ယွမ်ဖန်)သည်လည်း နန်ဖန်းကျောင်းတော်ကို မလာချင်ခဲ့ပေ။ သို့သော်လည်း လူကိုယ်တိုင် လာရောက် လက်ခံခြင်းမရှိသော သူများကို ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း စုန်မိသားစုဆီ စာလွှာရောက်လာသောကြောင့်သာ အခုလိုရောက်လာခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် မရမတွက်နိုင်သော ကျိန်ဆဲမှုများကို ကြားရမည်မှန်းသိသော်လည်း ရောက်လာရန်ရွေးချယ်ရုံမှတပါး အခြားမရှိခဲ့ပေ။

ဤပြသာနာ၏ နောက်ကွယ်တွင် တစ်ယောက်ယောက်ရှိနေမှန်း သိနေသောကြောင့် လီလော့နှင့် လုချင်းအာတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး စုန်ယွမ်ဖန်ကို လျစ်လျူရှူထားလိုက်ကြတော့သည်။

သိပ်မကြာခင်မှာပင် လုံခြုံရေးအဖွဲ့များရောက်လာပြီး စုန်ယွမ်ဖန်နှင့် သူ၏ သက်တော်စောင့်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်လေသည်။

" မင်းတို့ ဘာလုပ်တာလဲ....."

သက်တော်စောင့်များကလည်း လုံခြုံရေးအဖွဲ့ဝင်များကို ပြန်အော်နေသည်။

" မင်းတို့က နန်ဖန်းကျောင်းတော် ပိုင်နက်ထဲမှာတောင် ရိုက်နှက်ရဲတယ်ပေါ့...အသက်ရှင်ရတာကို ငြီးငွေ့နေပြီလား...."

လုံခြုံရေးအဖွဲ့ဝင်များကလည်း ပြန်အော်ပြီးပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး စုန်ယွမ်ဖန်တို့ တစ်သိုက်ကို ဖိနှိပ်လိုက်လေ၏။

ထိုအချိန်တွင် ဌာနမှုးဝေရှသည် ဆရာတစ်သိုက်ခြံရံ၍ ရောက်ချလာလေသည်။

ဌာနမှုး ကြည့်ရသည်မှာ အတော်ဒေါသထွက်နေပုံရပြီး အဝေးကနေပင် လှမ်းအော်နေလေ၏။

"ဟေ့ကောင်တွေ ငါပိုင်နက်ထဲလာပြီး လူရိုက်ရဲတယ်ဆိုတော့ ငါ့ကို အသက်မရှိတော့ဘူးများ ထင်နေကြတာလား....နန်ဖန်းကျောင်းတော်ပိုင်နက်ထဲကိုလာပြီး စည်းကမ်းချိုးဖောက်ရဲတယ်ပေါ့......"

ဒေါသထွက်လွန်းနေသဖြင့် ဌာနမှုး၏ မျက်နှာသည် စိမ်းပြာရောင်သမ်းနေလေ၏။ ကျောင်းသားများကလည်း ဌာနမှုး၏ ​ဒေါသကိုလန့်နေသဖြင့် ဇက်ပုကုန်ကြလေသည်။

စုန်ယွမ်ဖန်သည်လည်း ဌာနမှုးကို မြင်လိုက်ရသဖြင့် ရင်တုန်ပန်းတုန်ဖြစ်နေလေ၏။

ဌာနမှုးက မြေပြင်ပေါ်တွင် လူးလိမ့်နေသော ယုလန်ကို တစ်ချက်ကြည့်လိုက်ပြီး စုန်ယွမ်ဖန်ကို ဒေါသတကြီးအော်ဟစ်လိုက်သည်။

"စုန်ယွမ်ဖန်! !! မင်း သတ္တိသိပ်ကောင်းနေတယ်ပေါ့.....တစ်ကျောင်းတည်းသားအချင်းချင်းကိုတောင် ဒီလောက်ထိ ရက်ရက်စက်စက် လုပ်လိုက်ရသလား....."

စုန်ယွမ်ဖန်အတော်ပင် ဒေါသထွက်နေပြီဖြစ်သည်။

// သိပ်ကိုလွန်သွားပြီ.....ငါ နည်းနည်းလေးပဲ တွန်းလိုက်တာကို ရက်ရက်စက်စက်လုပ်တယ်တဲ့.....//

ဌာနမှုးက စုန်ယွန်ဖန်ကို နည်းနည်းလေးမှ ဂရုစိုက်မနေဘဲ......

"အခုချိန်ကစပြီး စုန်ယွမ်ဖန်ကို နန်ဖန်းကျောင်းတော်သားအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ......"

" သူတို့ကို မောင်းထုတ်လိုက်တော့! !!"

အမိန့်ရလိုက်သည်နှင့်တပြိုင်နက် လုံခြုံရေးအဖွဲ့ဝင်များသည် စုန်ယွမ်ဖန်နှင့် သက်တော်စောင့်နှစ်ယောက်ကို ကျောင်းပြင်ဘက်ဆီသို့ ထမ်းထုတ်သွားခဲ့ကြသည်။

စုန်ယွမ်ဖန်ကတော့ တွန်းထိုးရုန်းကန်နေပြီး.....

"လက်မခံနိုင်ဘူး! !!! ကျွန်တော် ဘာအပြစ်မှမလုပ်တဲ့အတွက် ကျွန်တော့်ကိုကျောင်းထုတ်လို့မရဘူး!!!!"

" ဒါဆိုလည်း ငါ့အကြောင်းကို ကြယ်တာယာခရီးရှည်ကောလိပ်ဆီ သတင်းပို့လိုက်ပေါ့....သူတို့ငါ့ကို အလုပ်ဖြုတ်လိုက်ရင်တော့ မင်း ကောလိပ်ဝင်ခွင့်ရရနိုင်လိမ့်မယ်....."

စုန်ယွမ်ဖန်၏ အော်သံများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

"သရုပ်ဆောင်သွားကြတာ အရမ်းမိုက်တယ်...."

လီလော့ လုချင်းအာကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"စုန်ယွမ်ဖန်သာ ထိပ်တန်းဆယ်ယောက်စာရင်ဝင်ခဲ့မယ်ဆို သူ့ကို ဌာနမှုးကတောင် ဖယ်ထုတ်နိုင်မှာမဟုတ်ဘူး....ဒါပေမယ့် နင်သူ့ကိုဖယ်ထုတ်လိုက်တဲ့အတွက် ဌာနမှုးမှာ သူ့ကို ဝင်ခွင့်တစ်နေရာစာမပေးဖို့ တခြားနည်းလမ်းတွေ ရှိသွားတယ်လေ....."

" တခြားသူသာဆို စည်းမျဉ်းစည်းကမ်းတွေ ထည့်စဉ်းစားမယ်ဆိုပေမယ့် ဌာနမှုးကတော့ သဘောထားသေးသိမ်သူပီပီ ဘယ်သူမျက်နှာမှထောက်ထားမနေဘဲ ဒေါသ​​ဖြေနေပြီ......"

စုန်ယွမ်ဖန် ကန်ထုတ်ခံရပြီးနောက် ကျောင်းသားအားလုံး ငြိမ်ကျသွားလေတော့သည်။

တခဏအကြာတွင် လက်ခုပ်တီးသံများ ဆူညံစွာထွက်ပေါ်လာလေ၏။

ဌာနမှုးက အားလုံးကို လက်ဝှေ့ယမ်းပြလိုက်ပြီး အခုထိ ဟန်ဆောင်နေသေးသော ယုလန်ကို ​ခြေဖျားနှင့် ကန်လိုက်ပြီး.....

"ဆိုးဝါးလိုက်တဲ့ သရုပ်ဆောင်စွမ်းရည်......ဒီအဘိုးကြီးသာ အရေမထူဘူးဆို ရှက်လွန်းလို့သေမှာပဲ....."

ယုလန်က ဌာနမှုး၏ ခြေထောက်နားသို့ လူးလိမ့်သွားပြီး.....

"ဌာနမှုးက ရုတ်တရက်ကြီး တောင်းဆိုလာတော့ ဘာမှတောင် ပြင်ဆင်ချိန်မရလိုက်ဘူးလေဗျာ....ခံစားချက်ဆိုတာ တဖြည်းဖြည်းချင်း လုပ်ယူရတာဗျ......"

ဌာနမှုးက စိတ်ဆိုးချင်ယောင်ဆောင်နေသော်လည်း ပျော်နေမှန်း သိသာလွန်းလှသည်။

" နန်ဖန်းကို ဂုဏ်တက်အောင် မလုပ်ပေးနိုင်တဲ့ကျောင်းသားတွေကို သည်းခံနိူင်ပေမယ့် သိလျက်နဲ့ သစ္စာဖောက်တဲ့သူတွေကိုတော့ သည်းခံနေမှာမဟုတ်ဘူး....."

" ဘယ်လောက်ပဲ ဒုက္ခကို ဖိတ်ခေါ်နေသလိုဖြစ်နေပါစေ သူတို့ဆီကို နန်ဖန်းရဲ့ပိုင်ဆိုင်မှု တစ်စလေးတောင် မပေးချင်ဘူး....."

လီလော့ ရယ်မောလိုက်မိသည်။

ဌာနမှုး၏ သဘောထားသေးသိမ်မှုသည် ဂန္တဝင်တွင်ခဲ့သော်လည်း ယနေ့အဖို့တော့ သိပ်ကိုချစ်စရာကောင်းနေပေသည်။

အနည်းဆုံးတော့ စုန်ယွန်ဖန်ကို မောင်းထုတ်နိုင်ခဲ့ပြီဖြစ်သဖြင့် တစ်ရန်အေးသွားပြီဖြစ်လေသည်။

All Chapters