← Chapters

အားလပ်ရက်များ......

Vol. 6 Ch. 79

အားလပ်ရက်များ......

Vol. 6 Ch. 79

ယနေ့ နန်ဖန်းကျောင်းတော်၏ ကျောင်းဆင်းအခမ်းအနားပြီးဆုံးချိန်တွင် ဘွဲ့ရကျောင်းသားများသည် ရှပြည်ထောင်စုအတွင်းရှိ ကောလိပ်အသီးသီးတွင် ဆက်လက်ပညာသင်ကြားကြရမည်ဖြစ်ပြီး အချို့သောသူများသည် သက်ဆိုင်ရာ သက်မွေးဝမ်းကြောင်းအလုပ်များအတွက် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်ရတော့ပေတော့မည်......

ယနေ့အခမ်းအနားပြီးဆုံးပြီးနောက် တစ်ယောက်နှင့် တစ်​ယောက် ဘယ်တော့မှ ပြန်ဆုံနိုင်ကြတော့မည်မဟုတ်ပေ။

အခမ်းအနားပြီးဆုံးပြီးနောက် လီလော့၊ လုချင်းအာ၊ ယုလန်နှင့် ကျောက်ခွော်တို့သည် ဌာနမှုး၏ သီးသန့်ခေါ်ယူမှုကြောင့် ဉယျာဉ်တစ်ခုထဲတွင် စုဝေးနေကြရသည်။

" မင်းတို့လေးယောက်ကြောင့် နန်ဖန်းကျောင်းတော်က အကောင်းဆုံးကျောင်းတော်ဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ခဲ့တာ.....မင်းတို့အပေါ် ကျေးဇူးကြွေးတင်မိနေပြီ....."

ကျောက်ခွော်ကတော့ ထုံးစံအတိုင်း ရယ်ကျဲကျဲနဲ့ခေါင်းကုတ်နေလေ၏။

တကယ်တမ်းဆို ဘာမျှ မယ်မယ်ရရမလုပ်ပေးနိုင်ဘဲ လီလော့ကိုအမှီပြု၍ ဂုဏ်တက်ခဲ့ရသည်ကို ကျောက်ခွော်သေချာနားလည်ပေသည်။

ယုလန်ကတော့ နန်ဖန်းအတွက် စွမ်းစွမ်းတမံ​ကြိုးစားပေးခဲ့သူတစ်ဉီးသဖွယ် အရှက်မရှိ ပြုံးဖီးနေလေ၏။

"ကျေးဇူးတင်စကားပြောဖို့ သက်သက်ခေါ်လိုက်တာလား....ဒီလိုလုပ်ဖို့ မလိုပါဘူးဗျာ...."

လီလော့က ပြုံးပြီးပြောလိုက်သော်လည်း ဌာနမှုးကတော့.....

" မင်းတို့လူငယ်တွေရဲ့အမြင်မှာ ဒီလူအိုကြီးကို အမြင်ကျဉ်းတဲ့သူလို့ထင်နေတယ်မဟုတ်လား...."

ယုလန်က စိတ်စိုးမာန်ဆိုးဖြင့်......

" ဌာနမှုးက ကျွန်တော် အလေးစားရဆုံးသူပါ....အဲ့တော့ ဌာနမှုးကိုယ့်ကိုကိုယ် အဲ့လိုတွေမပြောပါနဲ့....အမြင်ကျဉ်းတယ်ဆိုတဲ့စကားကို ဖယ်ထုတ်ပေးပါ...."

ဌာနမှူးက ယုလန်ကို ချိန်း​ခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သောကြောင့် ယုလန် အိလန့်တကြား နောက်ဆုတ်လိုက်မိသည်။

" ဟမ့်...."

" အခုချိန်ကစပြီး မင်းတို့တွေက နန်ဖန်းကျောင်းသားတွေ မဟုတ်တော့ဘူး....နောက်နှစ်လနေရင် မင်းတို့ရဲ့ အိမ်မက်ပန်းတိုင်ဖြစ်တဲ့ ကြယ်တာယာခရီးရှည်ကောလိပ်ကို သွားရတော့မယ်....မင်းတို့ ဘယ်နေရာပဲရောက်နေပါစေ မင်းတို့က နန်ဖန်းကျောင်းတော်ရဲ့ ကျောင်းသားဟောင်းတွေပါပဲ....."

" စာမေးပွဲကို ကောင်းကောင်းဖြေဆိုနိုင်ခဲ့ရုံနဲ့ မောက်မာမနေကြနဲ့....ရှပြည်ထောင်စုမှာ ချောင်းနေတဲ့ကျားတွေ ပုန်းနေတဲ့နဂါးတွေအများကြီးပဲ....."

" ဒါပေမယ့် ကျန်းချင်းအာလောက် အစွမ်းထက်မယ်ဆို ငါ အခုပြောခဲ့သမျှတွေကိုလျစ်လျူရှူထားနိုင်တယ်...."

အားလုံးက ဌာနမှုးကို ခေါင်းညိတ်ပြလိုက်ကြသည်။ ယုလန်မှလွဲ၍ ကျန်သုံးယောက်စလုံးသည် တည်ငြိမ်သူများဖြစ်ကြသည်။ စာမေးပွဲကြောင့်သာမဟုတ်ပါက လီလော့သည် ယခုချိန်ထိ သိုဝှက်နေဉီးမည်ဖြစ်သောကြောင့် လီလော့၏ အားသာချက်များကို မသိနိုင်ကြသေးပေ။

သြဝါဒချွေပြီးနောက် ဌာနမှုးက ဆေးလုံးများထည့်ထားသော အဝါဖျော့ရောင်ပုလင်းများကို ဝတ်ရုံလက်စထဲမှ ထုတ်ပေးလာ၏။

"ဒါက ခါးသက်သောကြာပန်းဆေးလုံးတွေ....မင်းတို့ စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်ရင် သုံးလို့ရပြီ...ဒီဆေးလုံးတွေက စွမ်းအင်စုဆောင်းမှုကို အရှိန်မြှင့်ပေးနိူင်ပြီး ဆရာသခင်အဆင့်ရောက်ဖို့ အခွင့်အရေးပိုများစေတယ်.....စာမေးပွဲအတွက်ပေးတဲ့ ဆုကြေးအဖြစ် သတ်မှတ်လိုက်....."

ထိုဆေးလုံးများသည် လီလော့အသုံးပြုခဲ့သော ဝိဉာဉ်ရည်များထက်ပင် အဖိုးတန်နေသောကြောင့် လေးယောက်စလုံး ဝမ်းသာသွားခဲ့ကြသည်။ ဤသည်မှာ ဌာနမှုး၏ ရက်ရောမှုပင်ဖြစ်သည်။

ရှန်းလိသစ်ပင်မှ တစ်စက်ချင်းစီကျလာသောအရည်များသည် ခါးသက်သောကြာပန်းဆေးလုံး၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။ ထိုသို့သောဆေးလုံးများကို အဆင့်မြင့်ကျောင်းတော်များကသာ ဖော်စပ်နိုင်ကြသည်။ထိုဆေးလုံးသည် စည်းတံဆိပ်ဆယ်ခုအဆင့်များအတွက် အကောင်းမွန်ဆုံးရွေးချယ်မှုပင်ဖြစ်လေသည်။

ပဲ့တင်ထပ်သံမျိုးစေ့ချခြင်းအဆင့်တွင် ကျရှုံးသူပေါင်းများစွာရှိသည်။ ခါးသက်သောကြာပန်းဆေးလုံးသည် ထိုကျရှုံးမှုများကို လျှော့ချပေးနိုင်စွမ်းရှိပေသည်။

"ဌာနမှုး....ဌာနမှုးကို တစ်ယောက်ယောက်ကသာ အမြင်ကျဉ်းတဲ့သူလို့ပြောလာခဲ့ရင် ကျွန်တော် အဲ့လူကို လာရိုက်ပေးပါ့မယ်....."

ယုလန်က အတည်ပေါက်ကြီး ကတိပေးလိုက်လေသည်။

ဌာနမှုးသည် ယုလန်၏ အ​ပြောင်အပျက်များကို ဂရုစိုက်မနေတော့ဘဲ ဆေးလုံးများကို ခွဲဝေပေးနေ၏။

" ကြယ်တာယာခရီးရှည်ကောလိပ်က ရှပြည်ထောင်စုရဲ့ အကောင်းဆုံးကောလိပ်ဆိုတာ လက်မခံချင်ပေမယ့်လည်း လက်ခံရမှာပဲ....... မင်းတို့တွေ အဲ့ကိုရောက်မှသာ အစစအမှန်လောကကြီးနဲ့ တကယ် ထိတွေ့ရတော့မှာ....မင်းတို့ရဲ့အနာဂတ်တွေ တောက်ပနေပါပြီ....ငါကတော့ ဒီနန်ဖန်းကျောင်းတော်ကနေပဲ မင်းတို့ဆီကသတင်းကောင်းတွေကို စောင့်မျှော်နေတော့မယ်......"

ဌာနမှုး၏ ရိုးသားသော ရင်တွင်းစကားများကြောင့် လေးယောက်စလုံး စိတ်လှုပ်ရှားကုန်ကြလေသည်။ ထို့နောက် ဌာနမှုးကို အရိုအသေပေးပြီး ပြန်ဖို့ပြင်လိုက်ကြသည်။

ဌာနမှုး​က ရယ်​မောနေရင်းကနေ လီလော့ကို လှမ်းခေါ်လိုက်ပြီး.....

" ကောင်လေး....မင်းက မိဘတွေစိတ်မပျက်ရအောင် အကောင်းဆုံးကြိုးစားခဲ့သားပဲ....."

လီလော့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး မျောလွင့်နေသော တိမ်စိုင်များကို မော့ကြည့်လိုက်မိသည်။ လီလော့ ဆို့နင့်လာခဲ့လေပြီ..

အ​ခြားသူများ၏ မှတ်ချက်များအပေါ် ဂရုတစိုက်မရှိခဲ့သော်လည်း ဌာနမှူး၏ စကားများကြောင့် စိတ်နှလုံးသားတစ်ခုလုံး လှုပ်ရှားခဲ့ရလေသည်။

အပေါ်ယံတွင် မည်မျှ ဟန်ဆောင်နေစေကာမူ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် သူ့မိဘများကို အများသူငါ နှိမ့်ချပြောဆိုခြင်းများအပေါ် အလွန်အမင်းဂရုစိုက်တတ်သော စိတ်ထားလေး ကိန်းဝပ်နေပါသည်။

အားကိုးယုံကြည်ထိုက်သူ မိဘနှစ်ပါးကို လီလော့ သိပ်ချစ်ပါတယ်.....

သူ့မိဘများကလည်း သူ့ကို သိပ်ချစ်ခဲ့ကြပါတယ်.......

...........................

နန်ဖန်းကျောင်းတော်၏ ကျောင်းဆင်းအခမ်းအနားပြီးဆုံးပြီးနောက် လီလော့၏ နေ့ရက်များသည် ပုံမှန်အချိန်ဇယားအတိုင်းသာ လည်ပတ်လျက်ရှိသည်။

နှစ်လတာ အားလပ်ရက်ကုန်ဆုံးပြီးချိန်တွင် ကြယ်တာယာခရီးရှည်ကောလိပ်ကို သွားရတော့မည်ဖြစ်ပြီး ရှပြည်ထောင်စု၏ ပါရမီရှင်များနှင့်တွေ့ဆုံရတော့မည်ဖြစ်သည်။

ကြယ်တာယာခရီးရှည်ကောလိပ်တွင်လည်း နန်ဖန်းတုန်းကထက် သိုသိုသိပ်သိပ်နေထိုင်ရန်သာ ဆုံးဖြတ်ထားပြီးပါပြီ.......

နှစ်လတာ အားလပ်ရက်အတွင်း စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်ရန် ကြိုးစားအားထုတ်မည်ဖြစ်ပြီး အခြေနေပေးပါက ပဲ့တင်ထပ်သံဆရာသခင်အဆင့်သို့ပင် တက်လှမ်းနိုင်မည်ဟုလည်း ယုံကြည်ထားပါသည်။

အခြားသော စီရင်စုများတွင် စည်းတံဆိပ်ဆယ်ခုအဆင့်နှင့် ပထမရသွားသူများရှိသည်ဟု ကြားထားသည့်အတွက် နောက်နှစ်လ အကြာတွင် ထိုသူများသည် ဆရာသခင်အဆင့်သို့ ရောက်ရှိနေကြမည်မှာ သေချာလှပေသည်။

လီလော့ နောက်ကောက်မကျန်ချင်ခဲ့ပေ....

ထို့အပြင် သူ့ဘဝသက်တမ်းသည် အကန့်အသတ်ရှိသည့်အတွက် ငါးနှစ်အတွင် မြို့စားအဆင့်ရောက်အောင် ကြိုးစားကျင့်ကြံရပေမည်။

သိိုသိုသိပ်သိပ်နေထိုင်ရန် အရေးကြီးသကဲ့သို့ပင် ရှင်သန်ဖို့သည်လည်း အရေးကြီးသည် မဟုတ်လော......

......... ............

အားလပ်ရက်များ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည့်အလျှောက် လဝက်အကြာတွင် လီလော့ စည်းတံဆိပ်ကိုးခုအဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ကျင့်ကြံမှုတွင်သာမကဘဲ ပဲ့တင်ထပ်သံပညာရပ်ကိုလည်း ကြိုးစားလေ့ကျင့်ခဲ့သည့်အတွက် ယခုဆိုလျှင် အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်လာခဲ့လေပြီ။

လဝက်အတွင် တိုးတက်လာမှုများကြောင့် လီလော့ အတော်ပင် ကျေနပ်မိနေသည်။

ဆရာသခင့်အဆင့်နှင့် နီးကပ်လာသည်နှင့်အမျှ မိဘများ ချန်ထားပေးခဲ့သော ပဲ့တင်ထပ်သံရယူခြင်းပညာရပ်ကို စတင်လေ့လာကြည့်သည့်အခါ လီလော့အတွက် တွေးတောစရာ မေးခွန်းများရှိလာခဲ့သည်။

ဆရာသခင့်အဆင့်ရောက်သည့်အခါတွင် ဒုတိယပဲ့တင်ထပ်သံနန်းတော်ထဲ့သို့ မည်သည့်ပဲ့တင်ထပ်သံအမျိုးစားမျိုး ပေါင်းထပ်ရမည်ကို သေချာအလေးထား စဉ်းစားရပေတော့မည်။

All Chapters