← Chapters

သဏ္ဍာန်မဲ့နတ်ဘုရားလှည်းဘီး

Vol. 6 Ch. 80

သဏ္ဍာန်မဲ့နတ်ဘုရားလှည်းဘီး

Vol. 6 Ch. 80

အိပ်ခန်းထဲတွင်..........

နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် လီလော့၏ ကျောပြင်ပေါ်သို့ ဖြာကျလျက်ရှိနေသည်။

လက်ထဲတွင်ဆုပ်ကိုင်ထားသော ကျောက်စိမ်းပြားကို နဖူးနှင့်ထိကပ်လိုက်ပြီး အာရုံစိုက်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုကျောက်စိမ်းပြားထဲတွင် မိဘများ ချန်ထားပေးခဲ့သော ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ရှိနေသည်။

အချိန်အတော်ကြာပြီးမှသာ လီလော့ မျက်လုံး ပြန်ဖွင့်လာသည်။ ပင်ပန်းနွယ်နယ်မှုကြောင့် မျက်ရိုးများကို နှိပ်နယ်နေရသော်လည်း အကြည့်များကတော့ တောက်ပလင်းလက်နေသည်။

ဤသည်မှာ လီလော့ မျှော်လင့်စောင့်စားနေခဲ့သော ဒုတိယမြောက် ပဲ့တင်ထပ်သံပင်ဖြစ်သည်။

ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကို လော့လာပြီးချိန်တွင် ပဲ့တင်ထပ်သံရယူရန် မည်မျှခက်ခဲကြောင်း သိနားလည်လာခဲ့ရသည်။

ပဲ့တင်ထပ်သံတုပခြင်းပညာရပ်သည် ကမ္ဘာပေါ်တွင်ရှိသမျှသော မရေမတွက်နိုင်သော  စွမ်းအင်များကို စုစည်းပြီး ပဲ့တင်ထပ်သံအဖြစ် ပုံဖော်ထုဆစ်ခြင်းပင်ဖြစ်သည်။

ဉပမာပေးရမည်ဆိုသော်....မီးပဲ့တင်ထပ်သံကို တုပဖန်တီးမည်ဆိုပါက မီးစွမ်းအင်ပါရှိသော အမျိုးမျိုးသော အရာဝတ္ထုများဆီမှ မီးစွမ်းအင်များကို ထုတ်ယူပြီး သဟဇာတဖြစ်အောင် ပုံဖော်ဖန်တီးရမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်၏အခက်အခဲဆုံးအပိုင်းသည် များစွာသော ပါဝင်ပစ္စည်းများကို ရှာဖွေရမည့်အပြင် သဟဇာတဖြစ်အောင်လည်း ချိန်ငြိရခြင်းဖြစ်သည်။

ပဲ့တင်ထပ်သံတုပခြင်းပညာရပ်သည် ပညာရပ်တစ်ခုတင်သာမကဘဲ ကြိုးစားအားထုတ်မှုကိုပါ ရင်းထားရသောအရာပင်ဖြစ်သည်။

ထိုပညာရပ်ကို ဖတ်ရှုပြီးနောက် ထိုပညာရပ်ကို ကျန်ရှိနေသော သက်တမ်းတစ်လျှောက်အသုံးပြုနိူင်မည်မှန်း နားလည်လိုက်ရသည်။

မိဘနှစ်ပါးသည် သူတို့၏လေ့လာတွေ့ရှိချက်များကိုပါ ထည့်သွင်းရေးသားထားပေးခဲ့သည်။ထို့ကြောင့် လီလော့အတွက် အချိန်ကုန်သက်သာပေလိမ့်မည်။

သစ်သားပဲ့တင်ထပ်သံကို ဒုတိယမြောက်ပဲ့တင်ထပ်သံအဖြစ်ရွေးချယ်ရန် အကြံပြုပေးခြင်းသည် ချန်ထားပေးခဲ့သမျှ အကြံပေးချက်များတွင် အကောင်းဆုံးသော အကြံပေးချက်ပင်ဖြစ်သည်။

ထိုသို့ အကြံပေးရခြင်းမှာလည်း ပထမပဲ့တင်ထပ်သံကို ရယူခဲ့စဉ်က ဆုံးရှုံးခဲ့သော သွေးအနှစ်သာရများနှင့် ဆက်စပ်နေသည်။ရေအလင်းပဲ့တင်ထပ်သံသည် ကုသရေးအတွက် အသုံးဝင်သော်လည်း သစ်သားပဲ့တင်ထပ်သံသည် အကောင်းဆုံးသော အာမခံချက်ဖြစ်သည်။

သစ်သားပဲ့တင်ထပ်သံတွင် ကုသရေးအတွက်သာမကဘဲ အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်သော အစွမ်းသတ္တိရှိသည်။

ရေ၊ အလင်း၊ သစ်သားစသည့် ကုသရေးအတွက် ကောင်းမွန်သော ပဲ့တင်ထပ်သံများကို ပိုင်ဆိုင်ထားပါက မည်မျှပင် ထိခိုက်ဒဏ်ရာရစေကာမူ အမြူတေကို ထိခိုက်နိုင်တော့မည်မဟုတ်ပေ။

" သစ်သား ပဲ့တင်ထပ်သံဆိုပဲ......"

လီလော့ အတွေးနက်သွားခဲ့သည်။ အစပိုင်းက ဒုတိယမြောက်ပဲ့တင်ထပ်သံအတွက် ပြင်းထန်သော ပဲ့တင်ထပ်သံအမျိုးအစားကို ရည်ရွယ်ထားသော်လည်း မိဘများက သစ်သားပဲ့တင်ထပ်သံကို အကြံပြုထားသည့်အတွက် ပြန်လည်တွေးတောရပေတော့မည်။

ရေအလင်းပဲ့တင်ထပ်သံသည် အားနည်းသော ပဲ့တင်ထပ်သံမဟုတ်သည့်အတွက် သစ်သားပဲ့တင်ထပ်သံကို ဒုတိယမြောက်ပဲ့တင်ထပ်သံအဖြစ်ရွေးချယ်ခြင်းသည် မဆိုးလှသော ရွေးချယ်မှုဖြစ်နိုင်သည်။

ထို့အပြင် သစ်သားပဲ့တင်ထပ်သံသည် ထိန်းချုပ်နိုင်သော ပဲ့တင်ထပ်သံဖြစ်သည့်အတွက် ပြိုင်ဘက်များကို ထောင်​ခြောက်ဆင်ရန် အသုံးဝင်သော ပဲ့တင်ထပ်သံပင်ဖြစ်သည်။

လီလော့ ဆုံးဖြတ်ချက်ချပြီးနောက်  ပဲ့တင်ထပ်သံစွမ်းအားသုံး၍ ကျောက်စိမ်းပြားကို ဖိချေလိုက်တော့သည်။

ဝမ်........

ကျောက်စိမ်းပြားထဲမှ အလင်းတန်းများဖြာထွက်လာပြီး ခြောက်ရောင်ခြယ်လှည်းဘီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

လှည်းဘီး၏ တစ်ဖက်ခြမ်းတွင် အပေါက်ငယ်ပေါင်း ၈၆ ပေါက်ရှိနေပြီး ကျန်တစ်ဖက်တွင်အပေါက်ပေါင်း ၄၂ပေါက်ရှိနေသည်။

အပေါက် ၈၆ ခုသည် ပင်မပဲ့တင်ထပ်သံအတွက်ဖြစ်ပြီး အပေါက် ၄၂ ခုသည် အကူပဲ့တင်ထပ်သံအတွက်ဖြစ်သည်။

လှည်းဘီး၏အလယ်တွင် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းတစ်ချို့ရှိနေသည်။

" သဏ္ဍာန်မဲ့နတ်ဘုရားလှည်းဘီးဆိုတာ ဒါလား......"

ထိုလှည်းဘီးသည် လီလော့အတွက် ဒုတိယမြောက်ပဲ့တင်ထပ်သံဖန်တီးရာတွင် အထူးအရေးပါသော ပစ္စည်းဖြစ်သည်။ ဤအရာသည် လီလော့တတ်နိုင်သော အတိုင်းအတာထက်ကျော်လွန်နေသော ပစ္စည်းဖြစ်ပြီး မိဘနှစ်ပါး အမျှော်မြင်ကြီးစွာချန်ထားပေးခဲ့သောကြောင့်သာ ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။

လီလော့သည် ဒုတိယမြောက်ပဲ့တင်ထပ်သံဖန်တီးနိုင်ရန်အတွက် ပစ္စည်းမျိုးစုံ စုဆောင်းပြီးသန့်စင်ဖန်တီးရမည်ဖြစ်ပြီး လှည်းဘီးတွင်ပါသော အပေါက်ငယ်လေးများကို ပြည့်စုံအောင်ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ပြီးပြည့်စုံအောင်ပေါင်းစည်ရာတွင် သွေးအနှစ်သာရများကိုပါ ပေါင်းထည့်ပေးရမည်ဖြစ်သည်။

လီလော့သည် ခြောက်ရောင်ခြယ်လှည်းဘီးကို အတန်ကြာအောင်ငေးကြည့်ပြီးနောက် ကျောက်စိမ်းပြားကို လှုပ်ခါပြီး လှည်းဘီးကို ပြန်လည်သိမ်းဆည်းလိုက်သည်။

//ဒုတိယပဲ့တင်ထပ်သံအတွက် သစ်သားပဲ့တင်ထပ်သံကို ပင်မအဖြစ်သုံးမယ်ဆို အကူအဖြစ်ဘယ် ပဲ့တင်ထပ်သံကိုသုံးရမလဲ.....//

[TN/ လီလော့ရဲ့ ပထမပဲ့တင်ထပ်သံက ရေပဲ့တင်ထပ်သံဆိုပေမယ့် အလင်းပဲ့တင်ထပ်သံကို အကူအဖြစ်ပေါင်းစပ်လိုက်တာကြောင့်ရေအလင်းပဲ့တင်ထပ်သံဖြစ်သွားခဲ့တယ်...အဲ့လိုပဲ ဒုတိယပဲ့တင်ထပ်သံကို ဖန်တီးတဲ့အခါမှာ သစ်သားပဲ့တင်ထပ်သံကို အဓိကထားပြီး ဖန်တီးမယ်ဆိုပေမယ့်လည်း အကူ ပဲ့တင်ထပ်သံတစ်ခုခုထပ်ပေါင်းဉီးမယ်ဆိုတဲ့သဘောပါ....]

ညနေစောင်းသည်အထိ လီလော့ ထိုင်စဉ်းစားနေခဲ့သည်။

နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်ပြီး စာလုံးနှစ်လုံး ချရေးလိုက်လေတော့သည်။

သစ်သား......

မြေကြီး......

ထိုနှစ်ခုကိုပေါင်းစပ်လိုက်ပါက မြေသစ်သားပဲ့တင်ထပ်သံဖြစ်ပေါ်လာပေလိမ့်မည်။

မြေဓာတ်သည် သစ်သားအတွက် အကောင်းမွန်ဆုံးသော ပံ့ပိုးထောက်ပံ့မှုဖြစ်သည့်အတွက် သစ်သားပဲ့တင်ထပ်သံအတွက် အကောင်းဆုံး အကူပဲ့တင်ထပ်သံသည် မြေပဲ့တင်ထပ်သံပင်ဖြစ်သည်။

နဂိုရှိရင်းစွဲ ရေနှင့် အလင်းပဲ့တင်ထပ်သံတို့သည်လည်း သစ်သားပဲ့တင်ထပ်သံအတွက် အတော်လေးသင့်လျော်ပေသည်။

မြေပဲ့တင်ထပ်သံသည် ခုခံရေးပိုင်းတွင်အားသာသောကြောင့် လီလော့အတွက် ပို၍ပင်အဆင်ပြေနေသေးသည်။

ဆုံးဖြတ်ချက်ချပြီးသည်နှင့်တပြိုက်နက် လီလော့ အခန်းထဲမှထွက်လာပြီး ချိုင်ဝေ့ကို အလျင်စလို လိုက်ရှာလေတော့သည်။

" သခင်လေးက သစ်သားနဲ့မြေစွမ်းအင် ပစ္စည်းတွေ လိုချင်တယ်? ???"

လီလော့၏ တောင်းဆိုမှုသည် ထူးဆန်းနေသော်လည်း ချိုင်ဝေ မငြင်းခဲ့ပေ။

" စံအိမ်ဟောင်းထဲက သိုလှောင်ခန်းထဲမှာတော့ နည်းနည်းရှိလောက်ဉီးမယ်ထင်တယ်....အဲ့တာနဲ့မှမလောက်သေးဘူးဆိုရင် စျေးကွက်ထဲကနေ ထပ်မှာပေးမယ်...."

ထိုပစ္စည်းများသည် စျေးမပေါသော်လည်း ယခုချိန်တွင် ရှီးယန်စံအိမ်မှရသောဝင်ငွေများကြောင့် သိပ်စဉ်းစားနေဖို့ မလိုတော့ပေ။

" ကျေးဇူးပါပဲ အစ်မချိုင်ဝေရယ်....."

လိုချင်တာ ရသွားပြီဖြစ်သည့်အတွက် လီလော့သည် ချိုင်ဝေ့ကို ထပ်မရှုပ်တော့ဘဲ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

တက်ကြွနေသော လီလော့ကို ကြည့်ပြီး ချိုင်ဝေ ပြုံးလိုက်မိလေ၏။

ထို့နောက် စစ်လက်စ စာရင်းများကို ထားခဲ့လိုက်ပြီး လီလော့ တောင်းဆိုသည့်အရာများကို သူမကိုယ်တိုင်သွားယူပေးခဲ့သည်။

ချိုင်ဝေ၏ ကြိုးစားပေးမှုကြောင့် နှစ်နာရီအကြာတွင် တောင်းဆိုသောအရာများသည် လီလော့ရှေ့သို့ရောက်လာခဲ့ပြီဖြစ်သည်။

အခန်းထဲတွင်.......

လီလော့သည် အစိမ်းရောင် အပင်တစ်ပင်ကို

ကျောက်စိမ်းသေတ္တာထဲမှ ဆွဲထုတ်လိုက်သည်။

လေပြွန်သဏ္ဍာန် အစိမ်းရောင်ပန်းပွင့်များရှိနေသော ထိုအပင်သည် သစ်သားစွမ်းအင်ပါဝင်နေသော ရှားပါး သစ်ခေါင်းလောင်းပင်ဖြစ်သည်။

ပဲ့တင်ထပ်သံရယူပုံသွင်းခြင်းပညာရပ်ကို စိတ်ထဲကနေ ရွတ်ဆိုလိုက်ပြီး လက်ချောင်းများဆီသို့ ပဲ့တင်ထပ်သံစွမ်းအားများပို့လွှတ််လိုက်သည်။

ဝုန်းးးးဝုန်းးးး

တခဏအကြာတွင် လီလော့ လက်ဖဝါးပေါ်၌

လက်မအရွယ်အစားလောက်သာရှိသော မီးတောက်လေးတစ်ခုဖြစ်ပေါ်လာ၏။ထိုမီးတော​က်သည် ထွင်းဖောက်မြင်နိူင်သည်အထိတောက်ပနေသည်။

" ပဲ့တင်ထပ်သံရယူခြင်းမီးတောက်ဆိုတာ ဒါလား......"

ထိုမီးတောက်သည် ပဲ့တင်ထပ်သံရယူပုံသွင်းခြင်းပညာရပ်၏ အဓိကကျသော အရာပင်ဖြစ်သည်။ ထိုမီးတောက်ဖြင့် သန့်စင်ထားသော ပစ္စည်းများကိုသာ ပဲ့တင်ထပ်သံဖန်တီးရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

သို့သော်လည်း လီလော့၏ စွမ်းအားနည်းမှုကြောင့် သေးငယ်သော မီးတောက်ကိုသာ ဖန်တီးန်ိုင်သေးသည်။

" ဟူး.....ဒါလေးနဲ့ပဲ အရင်သန့်စင်ရတော့မှာပေါ့....."

လီလော့ သစ်ခေါင်းလောင်း ပန်းပွင့်တစ်ပွင့်ကို မီးတောက်ထဲပစ်ထည့်လိုက်သည့်အခါ မီးတောက်ကို ကောင်းစွာမထိန်းချုပ်နိုင်သောကြောင့် ချက်ချင်းပင် ပြာကျသွားလေသည်။

// ဘာမှမဖြစ်ဘူး....ကျရှုံးခြင်းက အောင်မြင်ခြင်းရဲ့မိခင်ပဲ....//

ဤသို့ဖြင့် လေးကြိမ်တိုင်တိုင် ပြာကျခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။

" ဟာကွာ...ဘာလို့ အဲ့လောက် ခက်နေရတာလဲ......"

လီလော့ စိတ်ပျက်လာလေပြီ.....ထို့ကြောင့်ကျရှုံးမှုများကို သင်ခန်းစာအဖြစ်သာ မှတ်သားထားလိုက်ပြီး နောက်တစ်မျိုး ပြောင်းဖို့ စီစဉ်လိုက်သည်။

အတော်များများကို မီးရှို့ပြာချပြီးနောက် မြေစွမ်းအားရှိသော မြက်ပင်တစ်ပင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။

သန့်စင်ထားသော အညိုရောင်အရည်များကို သဏ္ဍာန်မဲ့နတ်ဘုရားလှည်းဘီးပေါ်ရှိ အပေါက်ထဲသို့ ထည့်လိုက်သောအခါ ထိုအပေါက်လေးထဲမှထွက်ပေါ်လာသော အလင်းတန်းများသည် အခြားအပေါက်တစ်ခုနှင့်သွားရောက်ချိတ်ဆက်သွားခဲ့သည်။

ဤသည်ကို မြင်ရသောအခါ လီလော့ အမှန်ပင် ပျော်ရွှင်နေမိခဲ့သည်။

ထို့ကြောင့် သန့်စင်ထားသော အခြားပစ္စည်းတစ်ခုကို အလင်းတန်းချိတ်ဆက်နေသော

အပေါက်လေးထဲသို့  ဖြည့်သွင်းလိုက်သည့်အခါ လှည်းဘီးသည် ငြင်းဆန်သည့်အနေဖြင့် စတင်တုန်ခါလာခဲ့သည်။

ဤသည်မှာ လီလော့ ထည့်သွင်းလိုက်သော ပစ္စည်းသည် လီလော့လိုချင်သောပဲ့တင်ထပ်သံနှင့် မကိုက်ညီကြောင်း ပြသနေခြင်းပင်ဖြစ်သည်။

ထို့ကြောင့် လီလော့ ထိုပစ္စည်းကို ပြန်ထုတ်လိုက်ပြီး အခြားသောပစ္စည်းများနှင့် စမ်းသပ်လိုက်ပြန်သည်။

တော်တော်များများနှင့် စမ်းသပ်ပြီးမှသာ ပထမထည့်သွင်းလိုက်သောပစ္စည်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်သော ပစ္စည်းကို ရှာတွေ့လေတော့သည်။

လှည်းဘီးပေါ်ရှိ အပေါက်ငယ်များကို အပြည့်ဖြည့်ရမည့်အပြင် ပင်မနှင့်အကူပဲ့တင်ထပ်သံများ၏ အစွမ်းသတ္တိများကိုလည်း သေချာစွာထိန်းညှိရပေဉီးမည်။

သို့သော်လည်း ညနေမိုးချုပ်သွားသည့်တိုင် အပေါက်လေးလေးခုကိုသာ ဖြည့်နိုင်သေးသည်။

လီလော့သည်လည်း အလွန်ပင်ပန်းနေလေပြီ.....

ပဲ့တင်ထပ်သံဆရာသခင်ရောက်ရန် အချိန်လိုသေးသဖြင့် လီလော့ အလျင်မလိုခဲ့ပေ။

ထို့​ကြောင့် ထိုလှည်းဘီးကို အချိန်ယူကာ ဖြည်းဖြည်းချင်း ဖြည့်ပေးနိုင်ပါသည်။

ထို့လှည်းဘီးပေါ်ရှိပေါက်များ ပြည့်သွားချိန်တွင် လီလော့အတွက် ဒုတိယမြောက် ပဲ့တင်ထပ်သံရရှိလာမည်ဖြစ်သည်။

All Chapters