← Chapters

မိုလင်းပဲဖြစ်ပြန်ပြီလား.....

Vol. 6 Ch. 82

မိုလင်းပဲဖြစ်ပြန်ပြီလား.....

Vol. 6 Ch. 82

ရုတ်တရက်ကြားလိုက်ရသော စကားသံတိုးတိုး​ကြောင့် လုချင်းအာ လှည့်ကြည့်လိုက်သည့်အခါ စပ်ဖြဲဖြဲ ပြုံးပြနေသော လီလော့ကို မြင်လိုက်ရလေသည်။

လုချင်းအာ၏ ပြုံးရွှင်သွားသော မျက်နှာလေးသည် ခုနကနှင့် လားလားမျှ တူမနေတော့ပေ။

" နင့် ယင်ကောင်ရိုက်တံက စျေးကြီးလွန်းတယ်....နင် ငါ့ကိုဓားပြတိုက်နေတာလားဟယ်....."

" ဒါကတော့ နင့်နားက ယင်ကောင်က အကောင်ကြီးပြီး အရမ်းညစ်ပတ်နေလို့လေ...."

လီလော့၏ အတည်ပေါက်ပြောဆိုနေမှုကြောင့် လုချင်းအာ မရယ်ဘဲမနေနိုင်တော့ပေ။

ထိုအချိန်တွင် မိုလင်းသည် မည်းမှောင်နေသော အမူအရာနှင့် လီလော့ကို စိုက်ကြည့်လိုက်ပြီး.....

"လီလော့...မင်း ပြသာနာလာရှာပြန်ပြီလား...."

" ကျုပ်တို့ဘာသာ တစ်ကျောင်းတည်းသားချင်းစကားပြောနေတာ...ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ...."

" ငါက မင်းရဲ့စီနီယာနော်...မင်း ရိုင်းစိုင်းမနေနဲ့....ဒီလိုအပြုအမူမျိူးအတွက် ကောလိပ်ရောက်ရင် မင်း ပြန်ပေးဆပ်ရမယ်...."

" ကြည့်ရတာ ကျုပ်တော့ ကောလိပ်ကို သက်တော်စောင့်တွေ များများခေါ်သွားရမယ့်ပုံပဲ....."

ဤသည်မှာ ချင်းဖန်မျှော်စင်တွက် ဖြစ်ပျက်ခဲ့သော ကိစ္စကို ပြန်သတိပေးနေခြင်းမှန်း မိုလင်း နားလည်လိုက်သည်။သို့တိုင်အောင် ယခုချိန်တွင် မိုလင်း ပြန်လည်ချေပရန် အကြောင်းအရင်းရှာမရသေးတာကြောင့် ဒေါသများကိုသာ မြိုသိပ်လိုက်ရသည်။

"ရယ်နိူင်တုန်းတော့ ရယ်ထားဉီးပေါ့ကွာ....ငါတို့ မှင်ရေစံအိမ်ရဲ့ ဝိဉာဉ်ရည်တွေ ထျန်ရှုစီရင်စုကို လွှမ်းမိုးနိုင်တဲ့ နေ့ကျရင် မင်းတို့ ရှီးယန်စံအိမ်ကို စုတ်ပြတ်သတ်သွားစေရမယ်...."

မိုလင်း ပြောချင်ရာပြောပြီးသည်နှင့် ​ဝတ်ရုံလက်စကို ခါယမ်းကာ ဒေါသတကြီးလှည့်ထွက်သွားလေတော့သည်။

လီလော့ စိတ်ပျက်နေဟန်နှင့် လူချင်းအာကို လှည့်မေးလိုက်လေသည်။

" ဒီလို အရူးမျိုးကို နင်ဘယ်လိုဆွဲဆောင်ထားတာလဲ....."

လုချင်းအာ မျက်မှောင်ကြုံ့လိုက်ပြီး......

" ပေါက်ကရတွေ မပြောစမ်းနဲ့.... ငါ့ဘာသာ စျေးဆိုင်တွေ လိုက်ကြည့်နေတာ...အဲ့အရူးကဘယ်လိုကနေ ဘယ်လို ရောက်လာမှန်းငါလည်းမသိဘူး...."

မိုလင်းလို အရူးမျိုးနဲ့ စွပ်စွဲပြောဆိုသည့် အတွက် လုချင်းအာ စိတ်ဆိုးသွားလေ၏။

ထို့ကြောင့် လီလော့ကလည်း စိတ်ဆိုး​ပြေအောင်ချော့သည့်အနေဖြင့်.....

" ကျုပ်အမှားပါ...အစ်မကြီးချင်းအာက ကြာပန်းလေးလို လှပသူပါ...ကံမကောင်းလို့သာ နွားချီးပုံထဲကျသွားတာပါ....."

"မှင်ရေစံအိမ်က စုန်မိသားစုနဲ့ပူးပေါင်းလိုက်တာကို အတိအလင်းကြေငြာလိုက်ပြီဆိုတော့ ဒီပွဲတော်ကာလမှာ သူတို့တွေ တစ်ခုခုလှုပ်ရှားကြလိမ့်မယ်ထင်တယ်...."

လုချင်းအာသည် လီလော့၏ အပြောင်အပျက်များကို လျစ်လျူရှုလိုက်ပြီး သူမ သိထားသမျှကို သဲလွန်စပေးနေလေ၏။

" စိတ်မပူပါနဲ့....ငါလည်း ပြင်ဆင်ထားပါတယ်....."

လုချင်းအာ သိချင်စိတ်ပြင်းပြလာသော်လည်း ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည့်အနေဖြင့်......

" နင် စည်းတံဆိပ်ကိုးခုအဆင့်ရောက်နေပြီမလား....."

" နင် စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်နေပြီမလား....."

လီလော့သည် မေးခွန်းကို မေးခွန်းဖြင့်သာတုံ့ပြန်လိုက်သည်။ သူမ ခန္ဓာကိုယ်မှ ဖြာထွက်နေသော စွမ်းအာအချို့သည် အရင်ကထက်ပင်ပို၍ အေးစက်နေသဖြင့် ထိုသို့ထင်လိုက်ရခြင်းဖြစ်သည်။

နှစ်ကုန်စာမေးပွဲဖြေဆိုစဉ်က စည်းတံဆိပ်ကိုးခုအဆင့်ရောက်နေသော လုချင်းအာသည် တစ်လအတွင်း စည်းတံဆိပ်ဆယ်ခုအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

လုချင်းအာကလည်း လီလော့ကို မသိမသာခေါင်းညိတ်ပြလိုက်သည်။ လုချင်းအာ ယူလာသော ထီးတစ်လက်ကြောင့် ပူပြင်းသောနေရောင်ခြည်အောက်တွင် အနည်းငယ် အရိပ်ရနေသည်ဟုဆိုရပေမည်။

"ကောလိပ်ကိုမသွားခင် ဆရာသခင့်အဆင့်လောက်တော့ ရောက်နေမယ်လို့ ထင်တာပဲ...."

" အထင်ကြီးစရာကောင်းလိုက်တာ...."

လီလော့သည် လုချင်းအာကို လက်မထောင်ပြီး ချီးကျူးလိုက်လေသည်။

" နင်လည်း ကြိုးစားဉီးနော်...ထျန်ရှုမှာ ပထမရတယ်ဆိုပေမယ့် ကောလိပ်ကိုရောက်ရင် အခြားစီရင်စုတွေက ပါရမီရှင်တွေနဲ့တွေ့ရမှာ.....ငါ ကြားထားတာတော့ ကောလိပ်ကိုရောက်တာနဲ့ အတန်းခွဲဖို့ စာမေးပွဲထပ်ဖြေရမယ်တဲ့...အဲ့စာမေးပွဲက နှစ်ကုန်စာမေးပွဲထက် ပိုခက်တယ်တဲ့....."

လီလော့ ခေါင်းညိတ်ပြလိုက်သည်။သူသည်လည်း ကျောင်းသားသစ်များကို လျှော့မတွက်ရဲပေ။ ထျန်ရှုစီရင်စုသည် အလတ်အလတ်အဆင့် စီရင်စုတစ်ခုသာဖြစ်သည့်အတွက် ထျန်ရှုစီရင်စု၏ ပထမနေရာကိုရရုံနှင့် ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေပါက သူ့လောက်ရူးနှမ်းသူ ရှိနိုင်ပါဉီးမလား.....

လီလော့တို့ အေးရာအေးကြောင်းစကားပြောနေစဉ်တွင် မိုလင်းကတော့ ဒေါသတကြီးဖြင့် ထင်းရှုးစံအိမ်အတွက် ပေးထားသော နေရာကိုပြန်သွားခဲ့သည့်အခါ သူ့ကို စောင့်ကြိုနေသော စုန်ချီယုကို မြင်လိုက်ရသည်။

"ရှင် ဘယ်သူ့ကို ဒေါသထွက်နေတာလဲ...."

" ဟိုကောင် လီလော့နဲ့ ထပ်တွေ့လာတာ...."

" ပူမနေစမ်းပါနဲ့....ဒီနေ့ပြီးတာနဲ့ သူရှင့်အပေါ်ပြုမူခဲ့သမျှအတွက် နောင်တရနေတော့မှာ....."

"အင်းပါ....မင်းရော အဆင်သင့်ဖြစ်ပြီလား....."

" ကျွန်မက ယန်လင်းချီနဲ့ လက်ရည်တူတယ်ဆိုပေမယ့် ရှင်တို့ မိုမိသားစုရဲ့ လျှို့ဝှက်သန့်စင်နည်းကြောင့် သေချာပေါက်အနိုင်ရမှာပါ....မာနကြီးတဲ့ မိန်းမပျက်ကို အနိုင်ယူဖို့

ကျွန်မ မစောင့်နိုင်တော့ဘူး.....ကျွန်မ အနိုင်ရသွားတဲ့အခါ ဖြစ်ပျက်သွားမယ့် သူ့မျက်နှာကို မြင်ချင်လှပြီ......"

စုန်ချီယု၏ ပေါ့ပါးသော ရယ်မောသံနှင့် လှုပ်ခါနေသာ ခါးသိမ်သိမ်လေးကြောင့် မိုလင်း နှလုံးသားတစ်ခုလုံး ယားယံလာသလိို ခံစားလိုက်ရပြီး သူမ၏ ခါးလေးကို ဆွဲဖက်လိုက်လေသည်။

စုန်ချီယုကလည်း ပညာသားပါပါ ရှောင်တိမ်းလိုက်ပြီး......

"ကျွန်မအဖေနဲ့တွေ့တဲ့အခါ လက်ထပ်ဖို့ အရင်ကမ်းလှမ်းလိုက်ပါ....ဒီလိုမှမဟုတ်ရင်တော့ ထျန်ရှုကနေပြန်ဖို့သာ ပြင်ဆင်ထားလိုက်တော့....."

"မင်းသာ ဆန္ဒရှိမယ်ဆို ချက်ချင်း စေ့စပ်မယ်ဆိုလည်း ကိုယ့်ဘက်က ကိစ္စမရှိပါဘူး....."

" အင်းပါ...အချိန်ကောင်းကို စောင့်ကြတာပေါ့......"

မိုလင်း ခေါင်းညိတ်ရုံသာတတ်နိုင်ပါတော့သည်။

ပြိုင်ပွဲကျင်းပရာဆီသို့ အကြည့်လွှဲလိုက်ချိန်တွင် စုန်ချီယု၏ အကြည့်များသည် တမဟုတ်ချင်း အေးစက်သွားလေသည်။  လုချင်းအာကို မိုးလင်း လိုက်ကပ်နေသည်ကို သူမ မြင်လိုက်ရသည်။

သူမကို အပေါစားတစ်ယောက်လိုသဘောထားနေသော မိုလင်းအား အသုံးမဝင်တော့ပါက လျစ်လျူရှုထားမိပေလိမ့်မည်။

သို့သော်လည်း မှင်ရေစံအိမ်နှင့် အပေးအယူလုပ်ဖို့အတွက် မိုလင်း၏ အကူညီလိုနေသေးသည့်အတွက် သူမ သည်းမခံချင်သော်လည်း သည်းခံရပေဉီးမည်။

ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်သွားချိန်တွင် သူမ မိုလင်းကို သေချာပေါက် ကန်ထုတ်ပစ်မည်သာ......

အချက်ပေးသံကြောင့် သူမ၏ အတွေးများ ပြတ်တောက်သွားပြီး လူထု၏ ဆွေးနွေးသံများလည်း စထက်တပိုးဆူညံလာခဲ့သည်။

စုန်ချီယု စောင့်မျှော်နေသောအချိန် ကျရောက်လာခဲ့လေပြီ.......

အချက်ပေးသံကြောင့် လီလော့နှင့် လုချင်းအာတို့သည်လည်း လူအုပ်ကြီးနှင့်အတူ ပြိုင်ပွဲစင်မြင့်ရှိရာဆီသွားခဲ့ကြသည်။

ပြိုင်ပွဲစင်မြင့် ရှိရာဆီလာနေသာ ယန်လင်းချီကို လီလော့ အဝေးပင် လှမ်းမြင်နေရသည်။မိုးမခကိုင်းသဏ္ဍာန် နွဲ့နှောင်းသော ကိုယ်နေဟန်ထားရှိသူ ယန်လင်းချီသည် ပုရိသတို့၏ အကြည့်များကို သိမ်းပိုက်ထားလေ၏။

" နင်တို့လော့လန်အိမ်တော်က ဝန်ထမ်းတွေကို ရုပ်ကြည့်ပြီး ငှားကြတာလား...အစ်ချိုင်ဝေဆိုလည်း တကယ်လှတယ်...အခုရှီးယန်စံအိမ်ရဲ့ဉက္ကဌမလေးကလည်း ရေခဲဘုရင်မလေးလို လှလိုက်တာ......"

လုချင်းအာက ယန်လင်းချီကိုမြင်လိုက်သည်နှင့် လီလော့ကို စကားနာထိုးစနောက်နေလေ၏။

လုချင်းအာကို လီလော့ ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်တော့သည်။ လုချင်းအာပြောသည့်အတိုင်း ချိုင်ဝေနှင့် ယန်းလင်းချီတို့သည် လှပသော မိန်းမပျိုလေးများဖြစ်သည်မဟုတ်လော......

အမှန်တကယ်တမ်းတွင်မူ ထိုနှစ်ယောက်ကို ပို့လိုက်သူမှာ ကျန်းချင်းအာဖြစ်ပြီး လီလော့သာလျှင် လူရှုလူပွေတစ်ဉီးအဖြစ် အထင်ခံနေရလေသည်။

" ငါက ဒုတိယဉီးလေးရှိတဲ့ဆီသွားရမှာ...နင် လိုက်ဉီးမလား....."

သူမသည် ရွှေနဂါးဘဏ်တိုက်အတွက် ပြင်ဆင်ပေးခါးသောနေရာကို ညွှန်ပြပြီး မေးလိုက်ခြင်းဖြစ်သည်။ရွှေနဂါဘဏ်တိုက်သည် ဝိဉာဉ်ရည်ထုတ်လုပ်သည့် စံအိမ်မဟုတ်သော်လည်း ထိုလုပ်ငန်းများနှင့် နက်ရှိုင်းစွာဆက်နွယ်နေသော စီးပွားဖက်ဖြစ်သဖြင့် အခုလို အထူးတလည်နေရာပေးခံရခြင်းဖြစ်သည်။

" ဟင့်အင်း...မလိုတော့ဘူး...ငါက စင်ပေါ်တက်ရမှာ....."

"နင်က ပြိုင်ပွဲဝင်မလို့လား....."

" ဟုတ်တယ်....အစ်မလင်းချီရဲ့ လက်ထောက်အဖြစ် ပြိုင်ပွဲဝင်မလို့.....ငါလည်း ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ပါပဲဟာ....."

" ဒါဆို ငါနင့်ကို အားပေးနေမယ်နော်......"

လုချင်းအာ ထွက်ခွာသွားသည်နှင့် လီလော့လည်း ယန်လင်းချီရှိရာ စင်မြင့်ပေါ်သို့ တက်သွားခဲ့လေတော့သည်။

All Chapters