မကျေပွဲ နွဲဲကြပြီ......
Vol. 6 Ch. 83
စင်မြင့်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက်များဖြင့် အခန်းငယ်လေးများ ကန့်ပေးထားပြီး ယန်လင်းချီသည် အခန်းငယ်တစ်ခုထဲတွင် ပစ္စည်းပစ္စယများကို သေချာစွာစစ်ဆေးလျက်ရှိသည်။
လီလော့ရောက်လာသည်ကို မြင်တာနဲ့......
" နင်ဘယ်သွားသွား အဲ့ကောင်မလေးနဲ့ ပူးကပ်မနေဘဲ မသွားတတ်တော့ဘူးလား....."
ကြည့်ရသည်မှာ လီလော့တို့နှစ်ဉီး တွဲလျှောက်လာသည်ကို မြင်သွားခဲ့ပုံရသည်။
" တိုက်ဆိုင်သွားလို့ပါဗျာ....."
" ကောင်မလေးကိုကြည့်ရတာ နင့်ကိုနည်းနည်းတော့ စိတ်ဝင်စားနေတယ်ထင်တယ်...."
" မဖြစ်နိုင်ပါဘူးဗျာ...ရိုးရိုးသားသား ခင်မင်ကြတာကို တမျိုးမထင်ပါနဲ့......"
" ထားပါတော့...ငါနဲ့လည်း ဆိုင်မှမဆိုင်တာ....ဒါပေမယ့် ကောင်မလေးကြည့်ရတာ အဆင့်တန်းရှိမယ့်ပုံပဲ.....နင့်ရဲ့ မိဖုရားလေးတွေကို ကောလိပ်မှာ ဘယ်လိုချုပ်ထားမလဲ ငါသိချင်လိုက်တာ...... "
" မိဖုရားဆိုတာကြီးကို မသုံးစမ်းပါနဲ့....ဒါဆို ကျွန်တော်က ဘာဖြစ်သွားမလဲ....ဘုရင်လား....."
" နင်ထင်ချင်သလိုသာထင်တော့...."
" ဒါ ငါ အခုသန့်စင်မယ့် ဝိဉာဉ်ရည်အမျိုးအစားရဲ့ ဖော်စပ်ပုံပဲ....နင်သေချာ ဖတ်ကြည့်ထားလိုက်ဉီး....."
ယန်လင်းချီက ပြောပြောဆိုဆိုနဲ့ စာလိပ်တစ်လိပ်ကမ်းပေးလာတယ်.....
လီလော့ စာလိပ်ကိုသေချာဖတ်ကြည့်လိုက်သည့်အခါ ထိုဖော်စပ်ပုံသည် အဆင့်လေး ရေညှိပြာဝိဉာဉ်ရာအမျိုးအစားဖြစ်နေမှန်း သိလိုက်ရသည်။
ထိုဝိဉာဉ်ရည်သည် သန့်စင်ရန်ခက်ခဲလှသော အမျိုးအစားဖြစ်နေသာ့်အတွက် စုန်ချီယုနှင့်ရင်ဆိုင်ရင် ယန်လင်းချီ မည်မျှ ပြင်ဆင်ထားကြောင်း ကောင်းကောင်းကြီး နားလည်လိုက်ရသည်။
ပါဝင်ပစ္စည်းပေါင်း ၄၀၀ ကျော်သည့်အတွက် ဤသည်မှာ အတော်ပင် ခက်ခဲလှပေမည်။
" အဆင့်လေး ဖော်စပ်ပုံဆိုတာ ဒါမျိုးကိုး.....မယုံနိူင်စရာပဲနော်....."
အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူဖြစ်သော လီလော့သည် ပါဝင်ပစ္စည်း ၁၀၀ ကျော်လောက်သာပါဝင်သော ဖော်စပ်ပုံများကိုသာလေ့လာခဲ့ရသည့်အတွက် အထူးအဆန်းဖြစ်နေသည်မှာ အဆန်းတော့မဟုတ်ပေ။
ထို့အပြင် ပါဝင်ပစ္စည်းများကိုပေါင်းစပ်ရာ၌လည်း အဆင့်လေးသည် ပို၍ပင် ရှုပ်ထွေးခက်ခဲလှပေသည်။
ဝန််ထမ်းအချို့က ပါဝင်ပစ္စည်းများကို လာပို့ကြသည့်အခါ လက်ထောက်ဖြစ်သော လီလော့ကသာ သေချာစစ်ဆေးပြီး လက်ခံခဲ့ရသည်။
လီလော့၏ စေ့စပ်သေချာမှုကြောင့် ယန်လင်းချီ ပြုံးလိုက်မိလေသည်။
သိပ်မကြာခင်မှာပင် ထျန်ရှုစီရင်စုရှိ ဝိဉာဉ်ရည်ထုတ်လုပ်ရေးစံအိမ်များ၏ ဉက္ကဌများလည်း တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။ ထိုသူများထဲတွင် ထင်းရှူစံအိမ်ကိုယ်စားပြု စုန်ချီယုလည်း ပါဝင်နေသည်။
စုန်ချီယု စင်ပေါ်တင်လာသည်နှင့်တပြိုင်နက် ယန်လင်းချီနှင့် အကြည့်ချင်းစစ်တိုက်နေလေကြသည်။
ယန်လင်းချီသည်အပေါ်ယံတွင် ဘာမျှမဖြစ်ပုံမရသော်လည်း သွေးကြောများ ထင်းနေသည်အထိ လက်သီးဆုပ်ထားလေ၏။
" အစ်မကိုကြည့်ရတာ သူ့ကို တော်တော်မုန်းနေပုံပဲနော်...."
ယန်လင်းချီသည် ဝိဉာဉ်ရည်သန့်စင်ခြင်းမှလွဲ၍ မည်သည့်အရာကိုမှ ခေါင်းထဲထည့်ထားသူမဟုတ်ပေ။ယန်လင်းချီ၏ စုန်ချီယုအပေါ် အပြုအမူများကြောင့် လီလော့ သိချင်လာမိသည်။
" ငါတို့တွေ အတော်ရင်းနှီးခဲ့ကြဖူးတယ်.... သူ့ကိုငါတို့ အဖွဲ့ထဲထည့်ပေးဖို့ ဆရာ့ကို ငါကိုယ်တိုင်တောင်းဆိုခဲ့ပေးဖူးတယ်....ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးအဆင့်မှာ သူ့အမှားကြောင့် ငါ့တို့အဖွဲ့ရှုံးခဲ့ရတယ်...ဒါနဲ့ ဆရာလည်း ဒေါသထွက်ပြီး သူ့ကို အဖွဲ့ထဲကထုတ်လိုက်တယ်....."
" အဲ့ဒါက တကယ့် ပြသာနာမဟုတ်သေးဘူး....သူ ငါတို့အဖွဲ့က အထုတ်ခံရပြီးတော့ ငါတို့ရဲ့ ပြိုင်ဘက်အဖွဲ့နဲ့သွားပူးပေါင်းခဲ့တယ်....အတိအကျပြောရရင် ရည်ရွယ်ချက်ရှိရှိနဲ့ ငါတို့ အဖွဲ့ကို ရှုံးအောင်လုပ်သွားတာ...."
" ဒါဆို......"
လီလော့၏အမေးကို ယန်လင်းချီ ဆက်မဖြေတော့ဘဲ ငြိမ်ကျသွားခဲ့သည်။ ယန်လင်းချီဆက်မပြောပေမယ့် စုန်ချီယုသည် အခြားအဖွဲ့ကနေ လွှတ်လိုက်သူမှန်း ဉီးနှောက်ရှိသူတိုင်းတွေးမိပေလိမ့်မည်။
ထို့ကြောင့် စုန်ချီယုကို အဖွဲ့ထဲထည့်ပေးဖို့ အကြံပေးခဲ့သော် ယန်လင်းချီသည်လည်း ဆရာဖြစ်သူ၏ အထင်လွဲမှုကို ခံရပေမည်။ထို့ကြောင့် စုန်ချီယုကို မုန်းတီးနေရခြင်းဖြစ်သည်။
ပါဝင်ပစ္စည်းများကို စနစ်တကျ စီရီနေသော ယန်လင်းချီကို အချက်ပေးသံကြားရသည့်အထိ သူမကို လီလော့ မနှောက်ယှက်တော့ပေ။
စင်မြင့်ပေါ်တွင် ဝန်ထမ်းအချို့က ကြွရောက်လာကြသော စံအိမ်ဉက္ကဌများကို ကြေငြာပေးနေကြသည်။
ရွှေနဂါးဘဏ်တိုက်၏ ပွဲကြည့်စင်တွင် ဉက္ကဌလုက လီလော့တို့ကိုကြည့်ပြီး သဘောကျနေဟန်ဖြင့်ရယ်မောနေ၏။
" ဒီကောင်လေးကို နေရာတိုင်းမှာ တွေ့နေရတာပဲ....."
ဉက္ကဌလုသည် တူမဖြစ်သူကို လှမ်းပြောလိုက်သည်။
"ဟုတ်တယ်...သူလည်း ပဲ့တင်ထပ်သံပြုပြင်သူဆိုတော့ အတွေ့အကြုံရှာဖို့ ဝင်ပြိုင်တာနေမယ်....."
ဉက္ကဌလုသည် တူမဖြစ်သူ လုချင်းအာကို စိုးရိမ်ကြီးလှည့်ကြည့်လိုက်ပြီး.....
" ချင်းအာ....နင်နဲ့လီလော့ကိုကြည့်ရတာ သိပ် ရင်းနှီးနေသလိုပဲနော်...."
" အဲ့တာ ဘာမှားနေလို့လဲ...."
" ချင်းအာ....လီလော့က စေ့စပ်ထားပြီးပြီနော်...."
လုချင်းအာသည် သလင်းကျောက်နံရံနောက်က လီလော့ကို ငေးကြည့်လိုက်ပြီး....
" အဲ့ဒီ့ စေ့စပ်မှုဆိုတာကလည်း အမည်ခံသက်သက်ပါပဲ....ဟုတ်တယ်မဟုတ်လား "
" နင့်ကိုဘယ်သူပြောလဲ....."
"အစိုးရိမ်လွန်မနေပါနဲ့ ဉီးလေးရယ်...သမီး သူ့ကို မကြိုက်ပါဘူး....လီလော့က သမီးကိုကယ်ပေးထားတဲ့အတွက် သးငယ်ချင်းကောင်းတွေလို ဆက်ဆံရေးပဲရှိကြတာပါ...သူငယ်ချင်းတောင် ဖြစ်ခွင့်မရှိတော့ဘူးလား...."
"မဟုတ်ပါဘူး....."
ဉက္ကဌလုတစ်ယောက် ကပျာကယာလက်ခါပြလိုက်ပြီးနောက် စိတ်အေးသွားဟန်နဲ့ သက်ပြင်းချလိုက်လေသည်။
"နင် သူ့ကို မကြိုက်ရင်တော့ အကောင်းဆုံးပဲပေါ့.... ကြယ်တာယာခရီးရှည်ကောလိပ်မှာတက်ဖို့ နင့်အမေရှိတဲ့ ရှမြို့တော်ကိုသွားရတော့မယ်မဟုတ်လား....နင့်အမေရှေ့မှာ လီလော့အကြောင်း ယောင်လို့တောင် မပြောမိစေနဲ့....."
ထိုစကားကြောင့် လုချင်းအာ အတော်ပင်အံ့သြခဲ့ရသည်။
" ဘာလို့လဲ ....."
" အရင်မျိုးဆက်တွေရဲ့ မကျေလည်မှုတွေပါ....မမေးတာအကောင်းဆုံးပဲ....နင့်အမေရှေ့မှာ လီလော့အကြောင်းတော့ သွားမပြောမိစေနဲ့....."
မရေရာသော အကြောင်းပြချက်အချို့ကြောင့် လုချင်းအာ စိတ်တ်ိုနေသော်လည်း ခေါင်းသာညိတ်ပြလိုက်လေသည်။
ဒူ....ဒူ......
ပြိုင်ပွဲစတင်မည်ဖြစ်ကြောင်း အချက်ပေးသော အသံကြောင့် ပရိတ်သတ်များ၏ အော်ဟစ်အားပေးသံများ ဆူညံကုန်သည်။
တခဏအကြာတွင် စင်မြင်ပေါ်ရှိ သန့်စင်ရေးအလုပ်ခန်းလေးများထဲတွက် ရေပဲ့တင်ထပ်သံ၊ အလင်းပဲ့တင်ထပ်သံစွမ်းအားများ ဖြာထွက်လာပြီး ပြိုင်ပွဲဝင်အသီးသီးကလည်း ပါဝင်ပစ္စည်းများကို စတင် သန့်စင်နေကြသည်။
ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းပွဲတော် တရားဝင်စတင်ခဲ့လေပြီ......