← Chapters

အဆင့်ငါး.....

Vol. 6 Ch. 84

အဆင့်ငါး.....

Vol. 6 Ch. 84

" ရေခဲမြစ် ​ရေညှိ ဆံချည်တစ်မျှင်စာ...."

"တောင်ဝိဉာဉ်နွယ်ပင် သုံးခု....."

"မြစ်ချောင်းတစ်ထောင် ရေစက် သုံးစက်....."

"......"

ရှီးယန်စံအိမ်၏ သန့်စင်ရေးအလုပ်ရုံလေးထဲတွင် ယန်လင်းချီ၏ အသံများကိုသာ ကြားနေရပြီး လီလော့သည် ယန်လင်းချီ တောင်းသမျှ ပါဝင်ပစ္စည်းတိုင်းကို သေချာစွာ တိုင်းတာပေးနေသည်။

ယန်လင်းချီသည် လီလော့ ကမ်းပေးနေသော ပါဝင်ပစ္စည်းများကို ဖန်ပုလင်းတစ်လုံးထဲသို့ထည့်လိုက်ပြီး ၎င်းတို့ကို သန့်စင်ရန်အတွက် ရေပဲ့တင်ထပ်သံစွမ်းအားများကိုပါ ထည့်သွင်းပေါင်းစပ်လိုက်လေသည်။

ပြိုင်ပွဲဝင်နေချိန်တွင် အပိုစာသားများ ပြောမနေကြဘဲ သန့်စင်ခြင်းလုပ်ငန်းစဉ်တွင်သာ အာရုံစိုက်ထားခဲ့ကြသည်။

လီလော့သည် ယန်လင်းချီအတွက် အကောင်းဆုံး လက်ထောက်အဖြစ်ပံ့ပိုးကူညီပေးနေလေ၏။ လီလော့၏ ပါဝင်ပစ္စည်းများအပေါ် ကျွမ်းကျင်စွာနားလည်နိုင်မှုသည် အကောင်းဆုံးအဆင့်တွင်ရှိနေသည်။

လီလော့သည်လည်း ယန်လင်းချီထံမှ များစွာသင်ယူလေ့လာနိုင်ခဲ့သည်။ ယန်လင်းချီ၏ သန့်စင်မှုသည် စည်းစနစ်ကျပြီး သေသပ်လှပေသည်။

အကယ်၍ ယန်လင်းချီနေရာမှာ လီလော့ဆိုပါက တခဏအတွင်းမှာပင် ရှုပ်ပွကုန်လိမ့်မည်ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ယန်လင်းချီ၏ ပညာစွမ်းသည် အတော်အတန်မြင့်မားသော အနေအထားတွင်ရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။

ဤသည်မှာ အစပိုင်းမျှပင်ရှိသေးသည်။

ဒိုင်လူကြီးများက ပြိုင်ပွဲဝင်များကို ကြည့်ရှုပြီး အမှတ်ပေးနေကြသလို ပရိတ်သတ်များကလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အားပေးနေကြသည်။

အချိန်တချို့ ကုန်လွန်ပြီးချိန်တွင် ယန်လင်းချီ၏ ရှေ့တွင် အပြာရောင်သဲ့သဲ့လင်းလက်နေသော ဖန်ပုလင်းအချို့ တန်းစီနေလေပြီ.....

ပထမပိုင်းပြင်ဆင်မှု ပြီးဆုံးခဲ့ပြီဖြစ်သည်။

နဖူးပေါ်တွင် ချွေးစက်များ ခိုသီးနေသော်လည်း ယန်လင်းချီမသုတ်အားသေးပေ။သူမ၏ အာရုံအလုံးစုံသည် လက်ထဲတွင်ကိုင်ထားသော ဖန်ပုလင်းပေါ်တွင်သာ ရောက်ရှိနေလေ၏။

သန့်စင်ထားသော ပါဝင်ပစ္စည်းများကို ပေါင်းစပ်ခြင်းသည် လွယ်သည်ဟုထင်ရသော်လည်း အင်မတန်ခက်ခဲလှပေသည်။

သာမာန်လူများ၏ အမြင်တွင် ဖန်ပုလင်းထဲသို့ ပဲ့တင်ထပ်သံစွမ်းအားများပေါင်းထပ်လိုက်ခြင်းဖြစ်နေသော်လည်း ၎င်း၏နောက်ကွယ်တွင် တိကျသော ထိန်းချုပ်မှုများနှင့် ရှုပ်ထွေးလှသော အရာများတည်ရှိနေသည်။

ဤအချိန်သည် အရာအားလုံးကို အဆုံးအဖြတ်ပေးမည့်အချိန်ဖြစ်သည်။ အဆင့်မြင့် ပဲ့တင်ထပ်သံပြုပြင်သူများပင်လျှင် အတွေ့အကြုံမရှိပါက ထိုအဆင့်တွင် ရှုံးနိမ့်ကြစမြဲပင်......

ယန်လင်းချီကို လီလော့ စိုးရိမ်တကြီးသေချာစောင့်ကြည့်နေလိုက်ပြီး ပါဝင်ပစ္စည်းအချို့ထဲတွင် ရေပဲ့တင်ထပ်သံစွမ်းအားအချို့ကို မသိမသာ ထည့်သွင်းပေးလိုက်သည်။

" ကောင်းကင်သစ်ရွက်အရည်...."

ယန်လင်းချီ တောင်းသမျှတိုင်းကို လီလော့ လျင်မြန်စွာ ပြင်ဆင်ပေးနေသည်။

ယန်လင်းချီသည် ကောင်းကင်သ်ရွက်အရည်ကို ရေပဲ့တင်ထပ်သံစွမ်းအားသုံး၍ အချို့သော ပါဝင်ပစ္စည်းများနှင့်ပေါင်းစပ်လိုက်သည့်အခါ အံ့သြခဲ့ရလေသည်။

ဒီတစ်ခေါက် ပေါင်းစပ်မှုသည် အရင်ကထက်ပို၍ပင် လွယ်ကူချောမွေ့နေသောကြောင့်ပင်.....

သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများကို ပုလင်းထဲပို့လွှတ်လိုက်ချိန်တွင် စွမ်းအားအချို့ကို အာရုံခံမိလိုက်သော်လည်း ပြိုင်ပွဲဝင်နေချိန်ဖြစ်သည့်အတွက် သေချာစူးစမ်းရန် အချိန်မရှိခဲ့ပေ။

လီလော့ကလည်း ယန်လင်းချီ၏ အမူအရာတစ်ခုချင်းစီကို တိတ်တဆိတ်အကဲခတ်နေခဲ့သည်။ကြည့်ရသည်မှာ သူ ထည့်သွင်းပေးလိုက်သော စွမ်းအားများသည် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်အတွက် အထောက်အကူပေးနိုင်ပုံရသည်။

လီလော့၏ ရေပဲ့တင်ထပ်သံစွမ်းအားသည် လျှို့ဝှက်ရေအရင်းမြစ်ကဲ့သို့ပင် အစွမ်းလှသောကြောင့် ဤသို့ အထောက်အကူပြုနိုင်ခြင်းသည် အံ့စြစရာမဟုတ်တော့ပေ။

လီလော့၏ ရေအလင်းပဲ့တင်ထပ်သံသည် အခြားသော ဒြပ်စင်တစ်ခုပဲ့တင်ထပ်သံများနှင့်နှိုင်းယှဉ်ပါက အဆင့်တစ်ခုစာ ပိုသာနေသည်။

ယန်လင်းချီ၏ ပဲ့တင်ထပ်သံသည် အဆင့်ခုနှစ် အဆင့်နိမ့် ရေပဲ့တင်ထပ်သံဖြစ်သည့်အတွက် လီလော့၏ အဆင့်ခြောက် ရေအလင်းပဲ့တင်ထပ်သံကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

သူမသည် အဓိက သန့်စင်နေသူဖြစ်ပြီး လီလော့၏ ကျင့်ကြံမှုအဆင့်သည် စည်းတံဆိပ်ကိုးခုအဆင့်သာရှိသေးသည့်အတွက် သူမကို ကူညီပေးရုံသာ တတ်နိူင်ခဲ့ပါသည်။

ထို့အပြင် ယန်လင်းချီ သူ့အကူအညီမလိုဘဲ ရေညှိပြာဝိဉာဉ်ရည်ကို ဖော်စပ်နိုင်သည့်အတွက် လီလော့ အပေါ်ယံမျှသာ ကူညီခဲ့ခြင်းဖြစ်သည်။

အရှိန်အဟုန်ပြင်းလှသော ယှဉ်ပြိုင်မှုများကြားတွင် အချိန်သည်လည်း တဖြည်းဖြည်းကုန်ဆုံးလာနေလေ၏။

သန့်စင်မှုနောက်ဆုံးအဆင့်သို့ရောက်မှသာ လီလော့ သက်ပြင်းချနိုင်တော့သည်။ ဤအဆင့်ပြီးပါက နောက်ဆုံးပေါင်းစပ်မှုအဆင့်သာ ကျန်တော့သည်မဟုတ်လော....

ဒင်........

ထိုအချိန်တွင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ဒိုင်လူကြီး၏ ကြေငြာချက်ကိုပါတဆက်တည်းကြားလိုက်ရသည်။

" အစိမ်းရောင်အလင်းစံအိမ်ကိုယ်စားပြု ကျောက်ဖန်းက အဆင့်လေး အစိမ်းရောင်အလင်း သန့်စင်သောအလင်းကို အောင်မြင်စွာသန့်စင်နိုင်ခဲ့တယ်....သန့်စင်မှု 55% ပါ....."

" လက်သည်းဖြူစံအိမ်ကိုယ်စားပြု လွီတုန်းက လက်သည်းဖြူ ဝိဉာဉ်ရည်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့တယ်....သန့်စင်မှု 56% ပါ....."

ကြေငြာသံများ ဆက်တိုက်ကြားနေရသော်လည်း ယန်လင်းချီသည် တည်ငြိမ်စွာဖြင့် ရေညှိပြာဝိဉာဉ်ရည်ပုလင်းကို ဆုပ်ကိုင်ထားနေ၏။

သို့သော်လည်း ကြေငြာသံတစ်ခုကြောင့် ယန်လင်းချီ၏ တည်ငြိမ်မှုများ ပျောက်ရှခဲ့လေသည်။

" ထင်းရှုးစံအိမ်ကိုယ်စားပြု စုန်ချီယုက အဆင့်ငါး မြင့်မြတ်သောအံဖွယ် ဝိဉာဉ်ရည်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့တယ်....သန့်စင်မှု 53% ပါ.....ဝိုးးးးးးး"

ကျယ်လောင်စွာအော်ဟစ်အားပေးသံများကို စုန်ချီယု ပြုံးပြုံးကြီ ရှုစားနေလေ၏။

အဆင့်ငါး ဝိဉာဉ်ရည်.....

ထင်းရှူးစံအိမ်ရဲ့စုန်ချီယုက အဆင့်ငါး ဝိဉာဉ်ရည် သန့်စင်နိုင်တယ်တဲ့လား......

မြောက်များစွာသော ပဲ့တင်ထပ်သံပြုပြင်သူများ ဖြူဖျော့ကုန်ကြလေသည်။

//အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူချင်းအတူတူ စုန်ချီယုက အဆင့်ငါး ဝိဉာဉ်ရည်ကို သန့်စင်နိူင်တယ်ဆိုတော့ .....ဒါက အပြတ်အသတ်အနိုင်ပိုင်းသွားတာမဟုတ်ဘူးလား.....//

မည်သို့ပင်ဖြစ်စေ ဒိုင်လူကြီးများ အကဲဖြတ်ပေးထားသော ရလဒ်ဖြစ်သောကြောင့် လက်မခံချင်သော်လည်း လက်ခံရမည်သာ.....

စုန်ရှန်းနှင့် မိုလင်းတို့နှစ်ဉီးစလုံး အောင်ပွဲခံကာ ပျော်ရွှင်နေခဲ့ကြသည်။

လော့လန်အိမ်တော်အတွက် သတ်မှန်ပေးထားသောနေရာတွင်မူ ချိုင်ဝေတစ်ယောက် လီလော့တို့ကို စိုးရိမ်နေ​သော အကြည့်များနှင့် လှမ်းကြည့်နေလေ၏။

လေထုထဲတွင် တင်းမာမှုများ ထူထပ်သိပ်သည်းနေသည်။

ယန်လင်းချီ၏ လက်ချောင်းများသည် တစ်စက်ကလေးမျှ လှုပ်ရှားမရတော့အောင် တောင့်တင်းအေးခဲနေလေသည်။

သူမ မသိလိုက်ခင်မှာပင် ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်သံစွမ်းအားများ ဖြာထွက်လာခဲ့သည်။

" ဘယ်လိုဖြစ်ပြီး အဆင့်ငါး ဝိဉာဉ်ရည် သန့်စင်နိုင်တာလဲ....."

ဖန်းးးးးး

ဖြာထွက်လာသော ပဲ့တင်ထပ်သံစွမ်းအားများကြောင့် သူမ လက်ထဲတွင်ကိုင်ထားသော ဖန်ပုလင်း ကွဲကြေသွားပြီး ဝိဉာဉ်ရည်များသည် သူမ လက်ချောင်းများမှတဆင့် ကြမ်းပြင်ပေါ်သို့ စီးကျကုန်သည်။

ခေါင်းငိုက်စိုက်ချကာ စားပွဲပေါ်လက်ထောက်ထားသောကြောင့် ဖရိုဖရဲကျဆင်းလာသော ဆံနွယ်များသည်  သူမ၏မျက်နှာကို ဖုံးအုပ်ထားသလိုဖြစ်နေသည်။

ဆက်ကြိုးစားနေလို့လဲမထူးတော့ဘူး......

စုန်ချီယုက အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်သည့်အတွက် မည်သို့ပင် ကြိုးစားနေပါစေ ထူးခြားလာတော့မည်မဟုတ်ပေ။

ဆံနွယ်များကြားကနေ ယန်လင်းချီ မျက်ရည်ဝဲနေသည်ကို လီလော့ မြင်လိုက်ရသည်။

ဤသည်မှာ ယန်လင်းချီ၏ ပြိုလဲနေပုံကို ပထမဆုံးကြိမ်အဖြစ် မြင်တွေ့ရခြင်းပင်ဖြစ်သည်။

လီလော့ စုန်ချီယုကို လှမ်းကြည့်လိုက်သောအခါ သူမကလည်း လီလော့တို့ကိုလှောင်ပြောင်သရော်သော အကြည့်များနှင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။

လီလော့ တခဏမျှ ငြိမ်ကျသွားပြီးနောက် ယန်လင်းချီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး......

"အစ်မလင်းချီ....အစ်မက စုန်ချီယုထက် ပိုတော်တဲ့သူပါ.....သူဘယ်လိုနည်းနဲ့ အဆင့်ငါးဝိဉာဉ်ရည် သန့်စင်လိုက်လဲမသိပေမယ့် သူလုပ်နိုင်ရင် အစ်မလည်း လုပ်နိူင်မှာပါ....."

ယန်လင်းချီက လီလော့ကို ခေါင်းခါပြလိုက်ပြီး......

" ငါ တစ်ခါမှ မအောင်မြင်ခဲ့ဘူး....တစ်ခါလေးတောင် မအောင်မြင်ခဲ့ဖူးဘူး....."

" အရင်ကမလုပ်နိုင်ပေမယ့် အခုလုပ်နိုင်ရင် လုပ်နိုင်မှာပါ...ကျွန်တော်တို့တွေ နောက်ကောက်ကျနေပြီးပြီပဲ....ဘာများထပ်ဆုံးရှုံးစရာရှိသေးလို့လဲ...."

လီလော့ သူမ၏ လက်ချောင်းလေးများကို သေချာ သုတ်ပေးလိုက်ပြီး.....

"အစ်မလင်းချီ....ရှီးယန်စံအိမ် နိုင်နိုင် ရှုံရှုံး ကျွန်တော့်အတွက် ဘာမှမဖြစ်ဘူး....အစ်မက ထူးချွန်တဲ့ ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ပါ....အစ်မ သူ့ကိုဘယ်နည်းနဲ့မှ ရှုံးစရာအကြောင်းမရှိဘူး....."

ယန်လင်းချီသည် ငယ်ရွယ်သော်လည်း အကြီးဖြစ်သော သူမကိုအားပေးနေသည့် လီလော့ကို တမေ့တမောငေးကြည့်နေခဲ့မိသည်။

နောက်ဆုံးမှာတော့ ယန်လင်းချီ ခေါင်းညိတ်လိုက်ရပါတော့သည်။

" ဒါဆို ကြိုးစားကြည့်ကြတာပေါ့....."

All Chapters