စွမ်းအား ပြသခြင်း
Vol. 10 Ch. 148
အခန်း (၁၄၈) စွမ်းအားပြသခြင်း
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားပျော့ကို သူ၏လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး သူ၏ အငွေ့အသက်သည် ချက်ချင်း တောက်လောင်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုသည် မိုးကြိုး၀ိညာဥ်တောင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ကြီးမားလှသော အရှိန်အဟုန်ကြောင့် မိုးကြိုး၀ိညာဥ်တောင်တစ်ခုလုံး လှုပ်ခါသွားကာ တတိယတော်၀င် အကြီးအကဲ ဖန်တီးထားသော ရေလှိုင်းများသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။
အင်မော်တယ်ဧကရာဇ်တပါးသည် အမှန်ပင် အင်မော်တယ်ဧကရာဇ် ဖြစ်ထိုက်ပေသည်။ သူ၏ရုပ်ခန္ဓာသည် လုံးဝပျက်စီးသွားပြီ ဖြစ်သော်လည်း သူ၏စိ တ်ဝိညာဉ်စွမ်းအားသည် ပြင်းပြင်းထန်ထန်စွာ အားနည်းသွားသော်လည်း၊ ၎င်းသည် သေးငယ်သည့်သိုင်းမြို့စား ကျွမ်းကျင်သူလေး ခုခံနိုင်သည့်အရာမဟုတ်ပေ။
တတိယတော်၀င် အကြီးအကဲ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏အငွေ့ အသက်များ ရုတ်တရက် အရှိန်ဟုန်ပြင်းစွာ မြင့်တက်လာသော ချင်ယွင်ကိုကြည့်လိုက်ရင်း ကြောက်ရွံ့မှု အရိပ်အယောင်များက သူ၏ မျက်လုံးများတွင် မထိန်းနိုင်ဘဲ ပေါ်လာသည်။ ပြင်းထန်သောဖိအားကြောင့် သူသည် အသက်ပင် မရှူနိုင်တော့ပေ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သေးငယ်တဲ့ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ် ကျွမ်းကျင်သူလေးတစ်ယောက်မှာ ဒီလောက် ပြင်းထန်တဲ့ ဖိအားတစ်ခု ဘယ်လိုလုပ်ရှိနိုင်မှာလဲ" တတိယတော်၀င် အကြီးအကဲသည် အံ့အားသင့်သွားသည်။
ချင်ယွင် ထုတ်လွှတ်လိုက်သည့် ဖိအားက သိုင်းမြို့စားနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီး သိုင်းဧကရာဇ်နယ်ပယ်ကိုတောင် ကျော်လွန်နေပါပြီ။ သူ့ကို ဒူးထောက်ဖို့အထိပင် ဖိအားပေး၏။
ချင်ယွင်သည် သူ၏ဓားကို လက်ထဲတွင်ကိုင်ထားပြီး ရှည်လျားသည့် အနက်ရောင် ဆံပင်ရှည်များက လေထဲတွင် ကခုန်နေကာ သူ၏မျက်လုံးများက ကမ္ဘာကြီးကို ငုံ့ကြည့်နေသကဲ့သို့ပင် ။ ဤအခိုက်အတန့်တွင် သူသည် အတိတ်ခေတ်၏ ကျက်သရေရှိသောဘ၀သို့ ပြန်လည်ရောက်သွားပုံရသည်။
"ဟမ့်၊ ဒီတော့ ခင်ဗျားက သိုင်းမြို့စားတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ၊ ခင်ဗျား ကျုပ်ဓားကို ခံယူရဲလား"
ချင်ယွင်က အေးစက်စွာ အော်မေးလိုက်သည်။ သူ၏အသံက တိမ်တိုက်များထဲ မိုးခြိမ်းနေသကဲ့သို့ပင်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားပျော့သည် တဖြည်းဖြည်း တက်လာပြီး ကောင်းကင်နှင့်မြေကြီး ပြိုလဲသွားသကဲ့သို့ ကြီးကျယ်ခမ်းနားတဲ့ ဓားဆန္ဒက ချက်ချင်း ပွင့်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် မိုးကြိုး၀ိညာဥ်တောင်တစ်ခုလုံးသည် ပို၍ပင် တုန်လှုပ် သွားခဲ့သည်။ လက်သီးဆုပ်အရွယ် ကျောက်တုံးများသည် အမှန်တကယ်ပင် လေထဲတွင် လွင့်ပျံလာပြီး တုန်ခါနေကြသည်။
တတိယတော်၀င် အကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပင် ပြာဝေသွားသည်။ တောင်ဝှေးကိုင်ထားသော သူ၏လက်သည် အဆက်မပြတ် တုန်ခါလာသည်နှင့်အမျှ သူ၏ နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုအာရုံက သူ့အလိုလို ပေါ်လာသည်။
"အက္ခရာဓားသိုင်းရဲ့ ပထမဆုံးစကားလုံး...
ခုတ်ပိုင်းခြင်း!"
ချင်ယွင်ပြောသောစကားလုံးတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ အမိန့်တစ်ခုလိုပင် ဖြစ်၏။ သူစကားလုံးများကို ပြောလိုက်တိုင်း သူ၏လက်ထဲရှိ ဓားစွမ်းအင်က ပို၍ပို၍ပင်ထူထဲလာခဲ့ပြီး ပြင်းထန်သော အကြောက်တရားသည်လည်း တတိယတော်၀င် အကြီး အကဲ၏ ရိုးတွင်းခြင်ဆီအထိပင် ပို၍နက်ရှိုင်းလာခဲ့သည်။
ချင်ယွင်သည် 'ခုတ်ပိုင်းခြင်း'ဟူသော စကား လုံး ပြောပြီးသောအခါတွင် ကမ္ဘာကြီး တစ်ခုလုံးကို ဓားတချက်ဖြင့် ခုတ်ဖြတ်သွားပုံရသည်။ ယင်းက ကမ္ဘာကြီး ပြိုလဲတော့မည့်ပုံပင်။ သိပ်မကြာခင်စက္ကန့်အတွင်းမှာပင် ချက်ခြင်းပြိုကျတော့မည့် အတိုင်းပင်။
တတိယတော်၀င်အကြီးအကဲ၏ ဦးရေပြားမှာထုံနေပြီး နဖူးမှာ ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်တွင် သူသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
မှန်ပါသည်။ သူထွက်ပြေးသွားခဲ့သည်။ အဝေးရောက်အောင်ပင် ထွက်ပြေးသွားခဲ့သည်။ သူသည် ပြန်လှည့်ကြည့်ဖို့တောင် သတ္တိမရှိတော့ပေ။
ချင်ယွင်သည် တတိယတော်၀င်အကြီးအကဲထွက်ပြေးသွားသည်ကိုမြင်သောအခါ ဓားထဲ၌ရှိသော ရှေးဟောင်းတာအိုဆရာသခင်အား သူ၏စိတ်ထဲမှတဆင့် ပြောလိုက်သည် "ဆရာ၊ ဘာကြောင့် သူ့ကိုလွတ်မြောက်ခွင့် ပေးလိုက်ရတာလဲ။ အခုပဲ သူ့ကို သတ်လိုက်ပါ!"
'"မင်းက မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထင်သလို ပေါ့ပေါ့ဆဆ အသုံးချနိုင်မယ်လို့ မင်းထင်နေတာလား။ အခုလေးတင် ငါဟာ ငါ စုဆောင်းထားတဲ့ စိတ်ဝိညာဉ် စွမ်းအားရဲ့ နှစ်တစ်ထောင်နီးပါးလောက်သုံးခဲ့ရပြီး သူ့ကိုသာ ဓားနဲ့ခုတ်ပိုင်းလိုက်ရင် ငါစုဆောင်းထားတဲ့ စိတ်ဝိညာဉ်စွမ်းအားရဲ့ နှစ်ပေါင်း တစ်သောင်း စာလောက် ကုန်ဆုံးသွားရလိမ့်မယ်။ ပြီးတော့နောက်တကြိမ် ငါ ပြန်အိပ်ပျော်သွားလိမ့်မယ် ။" ရှေးဟောင်းတာအိုဆရသခင်က ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
ချင်ယွင်သည် အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။ အစောပိုင်းလေးက အရာအားလုံးသည် ရှေးဟောင်းတာအိုဆရာသခင်၏ အများထင်ကြီးအောင် ဟန်ဆောင်လိမ်ညာ၍ လှန့်လုံးထုတ်လိုက်ခြင်း ဖြစ်သည်ပေါ့။
အကယ်၍ အစောပိုင်းလေးက ထိုဓားကိုသာ ခုတ်ပိုင်းလိုက်မည်ဆိုလျှင် တော်၀င် တတိယ အကြီးအကဲကို အသေသတ်နိုင်ပါလိမ့်မည် ။ သို့သော် ရှေးဟောင်းတာအို ပေးဆပ်ရမည့်တန်ဖိုးသည်လည်း အလွန်လေးလံနေပေလိမ့်မည်။ အနှစ်တစ်သောင်း အတွင်း သူသည်ပြန်နိုးထလာနိုင်မည် မဟုတ်ပေ။
"ကောင်လေး ၊ မင်းဘာတွေ အံ့အားသင့်နေသေးတာလဲ၊ ဒီတော်၀င်အကြီးအကဲကို ကြောက်လှန့်လို့ရပေမယ့် သူသတိပြန်၀င်လာတဲ့အခါ လှည့်စားခံရတာကို သူသိသွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်း လွတ်မြောက်ချင်ရင်တောင် မင်းလွတ်မြောက်ဖို့ နည်းလမ်းမရှိတော့ဘူး" ရှေးဟောင်းတာအိုဆရာသခင်၏အသံက ထပ်မံထွက်ပေါ်လာသည်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ အမှန်မှာ၊ သူသည် ယင်းကို တတိယတော်၀င် အကြီးအကဲထံမှ ကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ အကယ်၍ တတိယတော်၀င် အကြီးအကဲသာ ထပ်မံရောက်ရှိလာပါက၊ ချင်ယွင်သည် သူ၏ သေခြင်းတရားကို ထိုင်စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ဟု ဆိုရလိမ့်မည်။
သို့သော် ချင်ယွင်သည် ချက်ချင်းထွက်ခွာရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူသည် သတိလစ်နေသည့် ကျိုးယု၏ နံဘေးကို လျှောက်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်အဆောင်ကို ထုတ်ယူပြီး သူ၏လက်ဖြင့် ကြိတ်ချေလိုက်သည်။
အဆောင်သည် ကွဲကြေသွားသည်နှင့် ကျိုးယုကို လွှမ်းခြုံထားသည့် အလင်းတန်းတစ်ခုက ကောင်းကင်မှ ချက်ချင်းဆင်းသက်လာသည်။ ထို့နောက် ကျိုးယုသည် ပျောက်သွားခဲ့သည်။ ကျိုးယုကို တယ်လီပို့ပြီးသွားပြီဆိုတာ ရှင်းပါသည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် လုံးဝစိတ်သက်သာရာရ သွားခဲ့သည်။
"ကောင်စုတ်လေး၊ နောက်ထပ် မီတာငါးရာလောက်မှာ ထိုင်ပါ။ အဲဒီမှာ ဂူတစ်ခုရှိတယ်။ အဲဒါက သိပ်ထူးဆန်းပုံမပေါ်ဘူး။" ရှေးရှေးဟောင်းတာအိုဆရာသခင် ညွှန်ပြလိုက်သည်။
ဂူလား?
ချင်ယွင်သည် အံ့အားသင့်သွားပြီး အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ရှေးဟောင်းတာအိုဆရာသခင်ပြောခဲ့သည့် ဂူဆီသို့ လျှောက်သွားသည်။
သို့သော် ဂူထဲသို့ သူလျှောက်သွားသည့်အခိုက်တွင် ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားခဲ့သည်။
မြေနိုး၊ ဒီဂူက ဘယ်နေရာမှာလဲဟ။
ဤသည်မှာ ကြီးမားသော လေဟာနယ် ပြိုကျသည့် နေရာတခုဖြစ်သည်မှာ ထင်ရှားပါသည်။ ချင်ယွင်သည် ၎င်းနေရာမှ ထွက်ပေါ်နေသောကြောက်မက်ဖွယ် ကောင်းသည့် လျှပ်စီးစွမ်းအားကိုတောင် ဖျတ်ခနဲ ခံစားလိုက်ရသည်။
" ကောင်လေး၊ မြန်မြန်လုပ်ဟ၊ အဲဒီ တတိယ အကြီးအကဲ ပြန်လာပုံရတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သည်။
ချင်ယွင်သည် အံ့အားသင့်သွားရသည်။ သူ လှည့်ကြည့်လိုက်လျှင် ခပ်လှမ်းလှမ်းမှာ ပုံရိပ်တစ်ခု တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် သူ့ဆီသို့ ပြေးလာနေသည်မှာ ထင်ရှားသည်။
"ဗြွတ်ပဲကွာ ၊ သေမှတာသေရော"
ချင်ယွင်သည် သွားများကို တင်းတင်းကြိတ်ကာ လေဟာနယ် ပြိုကျသည့်နေရာဆီသို့ ပြေးသွားခဲ့သည်။
လေဟာနယ်ပြိုကျမှုသည် ပေါ့ပေါ့ဆဆဝင်ရောက်နိုင်သည့် အရာမဟုတ်ပေ။ နောက်ဆုံးမှာတော့ လေဟာနယ်ပြိုကွဲခြင်းကပင် လေဟာနယ်ပြိုကျမူကို ဖြစ်ပေါ်စေခြင်း၏ အကြောင်းရင်းဖြစ်သည်။ လေဟာနယ်ပြိုကျမူနေရာ၏ အခြားအဆုံးတဖက်တွင် မည်သို့သော မြင်ကွင်းမျိုးရှိမည်ကို မည်သူမျှမသိနိုင်ကြပေ။
လူများကို အဆုံးမဲ့စကြဝဠာထဲမှာ ထာဝရပျောက်ဆုံးသွားစေမည့် အဆုံးမဲ့ လေဟာနယ်မုန်တိုင်းများပင် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ထိုသို့မဟုတ်လျှင် သူတို့ဝင်ရောက်လိုက်သည်နှင့်အမျှ ပြာများအဖြစ် ပြောင်းလဲသွားနိုင်သည့် အဆုံးမဲ့ ဖရိုဖရဲလျှပ်စီးပင်လယ်ကြီးလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် လူအများစုသည် လေဟာနယ်ပြိုကျသောနေရာများကို မကျူးကျော်ရဲကြပေ။
သေချာသည်မှာ၊ ချင်ယွင်သည် လေဟာနယ်ပြိုကျသော ဝင်ပေါက်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တတိယတော်၀င်အကြီးအကဲ၏ ရုပ်အသွင်သည် မိုးကြိုး၀ိညာဥ်တောင်ထိပ်တွင် ပေါ်လာသည်။ သူသည် ချင်ယွင်ဝင်ရောက်သွားသော လေဟာနယ်ပြိုကျသော နေရာ၏ ဝင်ပေါက်ကို တစ်ချက်ကြည့်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် သူ ဝင်မရဲခဲ့ပေ။
တစ်စုံတစ်ယောက်သည် အသက်ကြီးလာသည်နှင့်အမျှ သူ့အသက်ကို ပို၍ မြတ်နိုးလာကာ လူငယ်တစ်ယောက်၏ ရဲရင့်သောစိတ်ဓာတ်ကို အသုံးပြုမှု နည်းပါးလာလေဖြစ်သည်။
တတိယတော်၀င်အကြီးအကဲသည် ချင်ယွင်နောက်သို့လိုက်ရန်အတွက် သူ၏ အသက်ကို စွန့်လွှတ်ဝံ့ခြင်းမရှိခဲ့ပေ။
ချင်ယွင်သည် အထဲသို့ဝင်သွားသွားပြီးက တည်းက သေဆုံးသွားရန် အလွန်ဖြစ်နိုင်ချေ
ရှိသည်။ ကံကောင်းထောက်မပြီး သူလွတ် မြောက်ခဲ့လျှင်ပင် ယခုဝင်ပေါက်မှာ သူ စောင့်နေသမျှ ချင်ယွင် လွတ်မြောက်သွားမည်ကို သူစိုးရိမ်စရာမလိုတော့ပေ။
ထိုအချိန်တုန်းက သူသည် ချင်ရွှန်းရွှန်းကို လေဟာနယ်ပြိုကြနေသည့် အက်ကြောင်းထဲသို့ ဝင်ရောက်သွားအောင် တွန်းအားပေးခဲ့ပြီး သူမသည်လည်း ပြန်ပေါ်မလာသေးချေ။
ထို့ကြောင့် ချင်ယွင်သည် အသက်ရှင်လျက် ပြန်မလာနိုင်ဟု သူယုံကြည်ခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ပြိုကြနေသည့် အက်ကြောင်းကို ဖြတ်ကျော်သွားခဲ့လျှင် သူ၏ရှေ့ရှိ မြင်ကွင်းသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
သူ၏မျက်စိရှေ့မှာ အဆုံးမဲ့လျှပ်စီးပင်လယ်ကြီးက ဆင်းသက်နေပြီး သူ၏ခြေဖဝါးအောက်မှာ လေဟာနယ်ကွပ်လပ်ကြီးတခုရှိသည် ။ လျှပ်စီးကြောင်း များသည် အဆက်မပြတ် တဖျတ်ဖျတ်လင်းလက်ကာ တရွေ့ရွေ့လှုပ်ရှားနေပြီး ယင်းက သူ၏ဦးရေပြားကို ထုံကျင်သွားစေသည်။
အဓိကအချက်မှာ ဤလျှပ်စီးပင်လယ်၏ အရောင်သည် ကွဲပြားနေဆဲဖြစ်သည်။ ဘေးပတ်လည်တွင် အပြာနုရောင်လျှပ်စီးကြောင်းများရှိသည်။ သို့သော် အချို့သော လျှပ်စီးများသည် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားပြီး အနက်ရောင်လျှပ်စီးကြောင်းများသည် လျှပ်စီးပင်လယ်၏အလယ်ဗဟိုတွင် တိုက်ရိုက် ပေါ်လာနေသည်။
"အနက်ရှိုင်းဆုံးအပိုင်းက လျှပ်စီးကြောင်းက အစစ်မှန် ဖရိုဖရဲလျှပ်စီးတွေပဲ" ရှေးဟောင်းတာအို၏အသံက ထွက်ပေါ်လာသည်။
"အဲဒါ ဖရိုဖရဲလျှပ်စီးတွေလား၊ တကယ်ကို အနက်ရောင်ပဲ" ချင်ယွင်သည် အံ့သြစွာ ပြောသည်။
ရုတ်တရက် ချင်ယွင်သည် အနက်ရောင်လျှပ်စီးကြောင်း၏ အစွန်းတွင် လွင့်မျောနေသည့် ပုံရိပ်တခုကို တွေ့ရှိခဲ့ရသည်။
"ဘာလို့ တစ်ယောက်ယောက်ရှိနေတာလဲ" ချင်ယွင် အံ့ဩသွားသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ရင်ဘတ်အတွင်းထည့်ထားသော အသက်သလင်း ကျောက်သည် ချက်ချင်းပင် လင်းလက် တောက်ပနေခဲ့သည်။
ချင်ယွင်သည် ထိုပုံရိပ်ကို ရုတ်တရက်ကြည့်လိုက်သောအခါ တုန်လှုပ်ခြောက်ခြားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထိုပုံရိပ်သည် သူရှာနေသည့် ချင်ရွှန်းရွှန်းများ ဖြစ်နေမလား။
ရုတ်တရက် ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများက တဟုန်ထိုးထိုးထွက်လာနေသည်ကို ခံစားလိုက်ရသည်။
ချင်ရွှန်းရွှန်းသည် ထိုနေရာတွင် လွင့်မျောပါနေသည်ကို သူမြင်လိုက်ရသောအခါတွင်
သူမ၏ အလွန်ချောမောလှပသော ခန္ဓာကိုယ်သည် ချင်ယွင်၏ရှေ့ ပြသထားသကဲ့သို့ ဖြစ်နေသည်မှာ သေချာပါသည်။