← Chapters

အချင်းချင်း ရိုးသားစွာ ဆက်ဆံပါ

Vol. 10 Ch. 149

အချင်းချင်း ရိုးသားစွာ ဆက်ဆံပါ

Vol. 10 Ch. 149

အခန်း (၁၄၉) အချင်းချင်း ရိုးသားစွာ ဆက်ဆံပါ

ချင်ရွှန်းရွှန်း၏ ရုပ်အသွင်ပြင်သည် ထူးထူးခြားခြား ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်သည်။ သူမသည် ကျန်းရွန်ရှင်းထက် မနိမ့်ကျချေ။ သူမသည် သူနှင့် အလွန်အလှမ်းဝေးနေသော်လည်း ချင်ယွင်သည် ချင်ရွှန်းရွှန်း၏ ရုပ်ရည်အသွင်ပြင်နှင့် သူမ၏ရှိုက်ဖိုကြီးငယ် အသွယ်သွယ်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ပြီးပြည့်စုံလုနီးပါး ဖြစ်ကြောင်း သူ ပြောနိုင်သေးသည်။

"မကောင်းတော့ဘူး။ ချင်ရွှန်းရွှန်းရဲ့အငွေ့ အသက်‌တွေက အားနည်းလာနေပြီ။ သူမ ကြာရှည်ခံနိုင်ရည်မရှိမှာကို ငါကြောက်တယ်။" ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်စွာ အော်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် ဤလှပသောမြင်ကွင်းကို တန်ဖိုးထားရန် ဂရုမစိုက်အားတော့ဘဲ ချင်ရွှန်းရွှန်း၏ ဦးတည်ရာအရပ်ဆီသို့ လျှောက်သွားသည်။

ချင်ရွှန်းရွှန်းသည် အနက်ရောင်လျှပ်စီးကြောင်း၏ အစွန်ပိုင်းတွင်ရှိပြီး ခရမ်းရောင်လျှပ်စီး၏ အနက်ရှိုင်းဆုံးအပိုင်းလည်းဖြစ် သည်။ သူမသည် ချင်ယွင်နှင့် ဆယ်မိုင်ခန့်ဝေးသည်။ သို့ပေမယ့် သူတို့ကြားက အကွာအဝေးက အလွန် တိုတောင်းနေပုံပေါ်သော်လည်း သူမနှင့်အနီးကပ်ရောက်အောင် သွားဖို့က မလွယ်လှပါဘူး။

လျှပ်စီးပင်လယ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် လျှပ်စီးကြောင့် သူ့အရေပြားများ၏ ထုံကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

"ကြောက်စရာကောင်းတဲ့ လျှပ်စီးတွေပါလား။ ဒါက အပြာနုရောင်လျှပ်စီးတွေပဲ ရှိသေးတယ်။ ငါ ဒီထက် ပိုနက်ရှိုင်းတဲ့‌နေရာကို ရောက်လာရင် ငါ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" ချင်ယွင်သည် အံ့သြသွားသည်။

သို့သော် သူသည် လုံးဝ တုံ့ဆိုင်းမနေဘဲ နက်ရှိုင်းသောလမ်းကြောင်းဆီကို ဆက်လက် လျှောက်လှမ်းခဲ့သည်။

ချင်ရွှန်းရွှန်းကို ကယ်တင်ပေးမည်ဟု အစ်ကို ချင်ဘာတန်ကို ကတိပေးထားခဲ့သည့် အတွက် ချင်ယွင်သည် သေချာပေါက် လုပ်မှာဖြစ် သည်။ ယခု ချင်ရွှန်းရွှန်းသည် သူ၏ရှေ့တွင်ရှိနေပြီဖြစ်သော်လည်း၊ ချင်ယွင်သည် တတ်နိုင်သမျှလုပ်ပေးလျှင်ပင် ချင်ရွှန်းရွှန်းကို ကယ်တင်ရာ ရောက်မည်ဖြစ်သည်။

အပြာရောင်ဖျော့ဖျော့လျှပ်စီးဧရိယာအတွင်းသို့ ချင်ယွင်သည် အလွန်လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။ ဤအပြာနုရောင်လျှပ်စီးကြောင်းများသည် အလွန်အစွမ်းထက် သော်လည်း ချင်ယွင်၏ကိုယ်ခန္ဓာနှင့် ယှဉ်ပါက သူ့ကိုအန္တရာယ်ပြုရန် မဖြစ်နိုင်ပေ။

သို့သော် ချင်ယွင်သည် အပြာရင့်ရောင်လျှပ်စီးများရှိသည့် နေရာသို့ ဝင်ရောက်လာသောအခါ ချင်ယွင်သည်ပင် မဟစ်ကြွေးဘဲ မနေနိုင်တော့ပေ။

အပြာရင့်ရောင်လျှပ်စီးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို လျှပ်စီးကြာပွတ်များကဲ့သို့ ရိုက်ခတ်ခဲ့ပြီး ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်းများစွာကို တိုက်ရိုက် ချန်ထားရစ်ခဲ့လေသည်။ ဒဏ်ရာအားလုံးသည် ပူလောင်ပြီး နာကျင်နေသည်။

"လခွမ်း ၊ ဒါက ပြာရင့်ရောင်လျှပ်စီးပဲရှိ‌သေးသယ်။ အောက်မှာ ခရမ်းရောင်လျှပ်စီးနဲ့ အနက်ရောင်လျှပ်စီးတွေ ရှိသေးတယ်။ ဒါက အသက်ကို သောက်ရမ်း ခြိမ်းခြောက်နေတာ မဟုတ်လား" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိအဝတ် အစားများသည် လျှပ်စီးအလင်း ရိုက်ခတ်မူကြောင့် ကွဲမွစုတ်ပြတ်နေပြီဖြစ်သည်။ သူ၏ အဝတ်အစားများက သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်နိုင်ခြင်းမရှိသည်ကို မြင်လိုက်ရလျှင် ချင်ယွင်သညါ ရှက်ရွံ့သွားခဲ့သည်။

ချင်ယွင်သည် ချင်ရွှန်းရွှန်းရှေ့အထိ လျှောက်လှမ်းသွားသည့်အခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် ပြာများအဖြစ် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါလား။ ထိုအချိန်တွင် သူသည်လည်း သူမနှင့်အတူတူ အဝတ်မဲ့ခန္ဓာကိုယ် ဖြစ်နေမည် မဟုတ်ပါလား။

သူနှင့် ချင်ရွှန်းရွှန်းတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံစဥ်မှာ တစ်ယောက်ကို တစ်ယောက် အလွန် ပွင့်ပွင့်လင်းလင်း ဆက်ဆံခဲ့သည်ဟု ပြောနိုင်ပါ့မလား။ ယင်းက အလွန်ကိုးရိုးကားယားနိုင်သောကိစ္စ ဖြစ်လေသည်။

ဤအကြောင်းကိုတွေးရင်း ချင်ယွင်မျက်နှာက နီရဲသွားသည်။

ကံကောင်းထောက်မစွာပင်၊ ချင်ရွှန်းရွှန်းသည် သတိလစ်နေခဲ့သည်။ ချင်ယွင်သည် သူမ၏ ကိုယ်လုံးတီးခန္ဓာကိုယ်ရှေ့တွင် အမှန်တကယ် ပေါ်လာလျှင်ပင် သူမသည် သူ့ကို မြင်နိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် ခရမ်းရောင်လျှပ်စီးဧရိယာဆီသို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။ ပြာရင့်ရောင်လျှပ်စီးကြောင်းများကပင် သူ့အတွက် အလွန်များလွန်းနေပါပြီ။ ခရမ်းရောင်လျှပ်စီးကြောင်းများသည် မည်မျှ ကြောက်စရာကောင်းမည်ကို သူမသိ။

ချင်ယွင်၏ ပထမဆုံးခြေလှမ်းသည် ခရမ်းရောင်လျှပ်စီးဧရိယာအတွင်းသို့ ခြေလှမ်းလိုက်သောအခါ ချင်ယွင်သည် မကြုံစဖူးသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ခရမ်းရောင်လျှပ်စီးကြောင်းများသည် သူ၏ခြေဖဝါးရှိ ချွေးပေါက်များအတိုင်း စိမ့်ဝင်သွားခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်အတွင်းမှာ အင်းဆက်ငယ်လေးများ အကြောင်းမဲ့ သက်သက် ကိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ခြင်းပင် တောင့်တင်းမာကြောလာကာ ပြန်ဆွဲမခွာနိုင်တော့ပေ။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားသည်။ ခရမ်းရောင်လျှပ်စီးကြောင်းသည် သူ၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ကို အကြောင်းမဲ့ သက်သက် စတင်ဖျက်ဆီးပစ်လိုက်သည်။ သူ၏ အတွင်းအင်္ဂါများ အားလုံးသည် ချက်ချင်းပင် ပျက်စီးသွားကာ ခရမ်းရောင် လျှပ်စီးကြောင်းများ ချင်ယွင်၏ စိတ်ထဲသို့ပင် ဝင်လာတော့သည်။

"မကောင်းတော့ဘူး။!"

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို အလျင်အမြန် စတင်ဖြန့်ချီလိုက်သည်။ သူ၏ဒန်တန်ရှိ ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာ ကြီးထွားလာပြီး ချင်ယွင် ၏ ခန္ဓာကိုယ်အတွင်းရှိ ခရမ်းရောင်လျှပ်စီးကြောင်းများကို စတင်တိုက်ခိုက်လာသည်။

ချင်ယွင်သည် သူ၏ ဦးနှောက်ထဲကို ကျူးကျော်ဝင်ရောက်လာသော ခရမ်းရောင် လျှပ်စီးကြောင်းများအား တွန်းလှန်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အခိုင်အမာ အသုံးပြုခဲ့သည်။ အကယ်၍ သူသည် ခရမ်းရောင်လျှပ်စီးကြောင်းများကို သူ၏ ဦးနှောက်ထဲသို့ ကျူး ကျော်ဝင်ရောက်ခွင့်ပေးလိုက်မည်ဆိုလျှင် သူရူးသွားလိမ့်မယ်။

အချိန်အတော်ကြာအောင် မတည်မငြိမ်ဖြစ်ပြီးနောက် နောက်ဆုံးတွင် ချင်ယွင်သည် ခရမ်းရောင်လျှပ်စီးကြောင်းအား သူ၏ခန္ဓာကိုယ်အတွင်းမှ ဖယ်ထုတ်နိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်ခဲ့သည်။ သို့သော်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်လျှပ်စီးကြောင်းများသည် အရိုးဖောက်သည့်စူးချွန်ကဲ့သို့ နာကျင်နေရဆဲ ဖြစ်သည်။

ချင်ယွင်သည် ရှေ့တစ်လှမ်းတိုးလိုက်တိုင်း သူသည် သူ၏ခေါင်းကို ကောင်းကင်ပေါ် မော့ပြီး အော်ဟစ်လိုက်ရသည် ။

"ဒီခရမ်းရောင်လျှပ်စီးကြောင်းက ဘာလဲ၊ ဘာကြောင့် ဒီလောက်ထိ ကြောက်စရာ ကောင်းရတာလဲ"

ထိုအချိန်တွင် ချင်ယွင်သည် မောဟိုက်လာသည်။ သူ၏ ဝိညာဉ်စွမ်းအင်အားလုံးသည် ခရမ်းရောင်လျှပ်စီးငရဲတွင် ကျရောက်နေသကဲ့သို့ပင်။ သူ့မှာ အပိုဝိညာဉ်စွမ်းအင် သို့မဟုတ် ကုစားဖို့အတွက်လည်းမရှိတော့။

ချင်ယွင်သည် အဝေးမှ ခရမ်းရောင်လျှပ်စီးကြောင်းများအား လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အယောင်ကို မထိန်းနိုင်ဘဲ ထုတ်ဖော် ပြသလာသည်။ အလယ်ဗဟိုရှိ အနက်ရောင်လျှပ်စီးကြောင်းများကို ကြည့်လိုက်လျှင် ချင်ယွင်၏နှလုံးသားသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည် ။

ဤအခိုက်အတန့်တွင်၊ မိုးကြိုး၀ိညာဥ်တောင်၏တောင်ထိပ်ကို တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသည့် လျှပ်စီးများစွာသည် အဘယ်ကြောင့် အလွန် ကြောက်စရာကောင်းသည်ကို သူနားလည်လာခဲ့သည်။ ထိုလျှပ်စီးကြောင်းများတွင် ဤအနက်ရောင်လျှပ်စီးအမျိုးအစားပါ၀င်နေသည်မှာ ဖြစ်နိုင်သည်။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကိုပင် ရှင်းလင်းသုတ်သင်ပစ်ရန် လုံလောက်သည့် အရိပ်အရောင်ရှိနေ၏။

ဤခရမ်းရောင်လျှပ်စီးကြောင်းများသည်သာမန် သိုင်းမြို့စားကျွမ်းကျင်သူများ ခုခံနိုင်သောအရာမဟုတ်ပေ။ ချင်ယွင်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျင့်ကြံခြင်းအဆင့်ဖြင့် ဤခရမ်းရောင် လျှပ်စီးဧရိယာသို့ ရောက်ရှိနိုင်ရခြင်း၏အကြောင်းရင်းမှာ သူ့တွင် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာ ပန်းပညာရပ်ကဲ့သို့ ကောင်းကင်ကိုစိန်ခေါ်နိုင်သော ကျင့်ကြံခြင်းပညာရပ်ရှိနေသော ကြောင့်ဖြစ်သည်။

ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိရန် တောင့်ခံပြီး နောက်ဆုံးတွင် ခရမ်းရောင်လျှပ်စီးကြောင်း ဧရိယာကို ဖြတ်လျှောက်သွားခဲ့သည်။ နောက်တစ် ဆင့်ကတော့ ခရမ်းရင့်ရောင် လျှပ်စီးကြောင်းထဲကို လျှောက်လှမ်းရန်ဖြစ်သည်။

ချင်ယွင်သည် အသက်ပြင်းပြင်းတချက်ရှူလိုက်ရင်း သူ၏နှာခေါင်းပေါက်များမှ အစိမ်းရောင်အခိုးငွေ့တန်းနှစ်ခု ထွက်လာပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်သည် အမြင့်ဆုံးအထိ တိုက်ရိုက်ပျံ့နှံ့သွားသည်။

ချင်ယွင်သည် သူ၏ညာလက်ကိုဆန့်ထုတ်ကာ ခရမ်းရင့်ရောင်လျှပ်စီးကြောင်းရှိရာသို့ စူးစမ်းကြည့်လိုက်သည်။

"ဖျစ်!"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်လာခဲ့သည်။

ချင်ယွင်၏လက်ဖဝါးသည် ခရမ်းရင့်ရောင်လျှပ်စီးကြောင်းကိုထိလိုက်သည့်အခိုက်တွင်၊ အနှိုင်းမဲ့ကြောက်စရာကောင်းသောစွမ်းအားတစ်ခုသည် ချင်ယွင်၏လက်ဖဝါးပေါ်သို့ ချက်ချင်းကျရောက်လာသည်။ ကျိုးပဲ့ကြေမွနေသော ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ် အစားများသည် ချက်ခြင်းကွဲကြေသွားကာ ချင်ယွင်၏တစ်ကိုယ်လုံးသည် အညှာတာကင်းမဲ့စွာ ရိုက်နှက်ခံလိုက်ရပြီး သွေးများ သူ၏ ပါးစပ်ထဲမှ ထွက်ကျသွားသည်။

ချင်ယွင်သည် ခရမ်းရင့်ရောင် လျှပ်စီးကြောင်းများကို စိုက်ကြည့်ကာ စကားမပြောနိုင်လောက်အောင်ပင် ထိတ်လန့်သွားရသည်။

ဤခရမ်းရင့်ရောင်လျှပ်စီးသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ချင်ယွင်သည် နက်ခရမ်းရင့်ရောင်လျှပ်စီးကြောင်းကို ထိလိုက်သည့်အခိုက်တွင် သူ၏ စိတ်ဝိညာဉ်သည် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ လက်ဖဝါးတစ်ခုလုံးကို ရှေးဟောင်းနတ်သားရဲတစ်ကောင်က ထိလိုက်သလိုပင်။ သူသည် နောက်ပြန်လွင့်စင်သွားကာ သူ၏ကိုယ်တွင်းအင်္ဂါများ ချက်ခြင်း ဒဏ်ရာရသွားခဲ့သည်။

"ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်လဲ"

ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။ သူသည် ခရမ်းရင့်ရောင် လျှပ်စီးကြောင်းအတွင်း နက်ရှိုင်းစွာ တည်ရှိနေသော ချင်ရွှန်းရွှန်းကို လှည့်ကြည့်လို က်သည်။ ချင်ယွင်၏ မျက်လုံးများသည် သံသယစိတ်များ ပေါ်လာသည်။

"ဒီကြောက်စရာကောင်းတဲ့ လျှပ်စီးများကြောင့် သူမသတိလစ်သွားခဲ့တာလား။ ဒါပေမယ့် သူမဟာ ဒီခရမ်းရင့်ရောင်လျှပ်စီးကြောင်းရဲ့ နက်ရှိုင်းဆုံးအပိုင်းမှာ ဘာနာကျင်မှုမှ မခံစားရဘဲ ဘာ့ကြောင့် နေနိုင်ရတာလဲ။ သူမရဲ့ အားနည်းနေတဲ့ စိတ်ဝိညာဉ်အငွေ့အသက်ကလွဲရင် သူမရဲ့ ခန္ဓာကိုယ်ဟာ လုံးဝကို ထိခိုက်မှုမရှိဘူးလို့ ထင်ရတယ်"

ချင်ယွင်သည် အံ့သြသွားသော်လည်း ယခုအချိန်သည် ဤအကြောင်းကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။ ယခုအချိန်တွင်၊ ချင်ယွင်သည် ချင်ရွှန်းရွှန်းကို ဤလျှပ်စီးဧရိယာထဲမှ အမြန်ကယ်ထုတ်ရမည်၊ သို့မဟုတ်ပါက သူမ၏ စိတ်ဝိညာဉ်သည် ချုပ်ငြိမ်းသွားပြီး သူမသည်လည်း အလွန်လျင်မြန်စွာ သေဆုံးသွားလိမ့်မည် ။

ယခုအချိန်တွင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် လေထဲတွင်ရှိနေသော ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ပင် အချိန်မရွေး ငြိမ်းသွားနိုင်သည်။

"ဒါပေမယ့် ဒီခရမ်းရောင်လျှပ်စီးကြောင်းက အရမ်းကြောက်စရာကောင်းတယ်။ ငါ ဘယ်လိုဝင်နိုင်မှာလဲ"

ချင်ယွင်သည် စိုးရိမ်နေစဥ်မှာပင် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ ကြာပန်း အမှတ်အသားသည် ရုတ်တရက် တောက်ပလာသည်။

ထို့နောက် သူ၏ရင်ဘတ်ပေါ်ရှိ ကြာပန်းပုံစံသည် ခရမ်းရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရူးသွပ်သော စုပ်ယူခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ခရမ်းရောင်လျှပ်စီးကြောင်းများကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာအားကောင်းစေမည့် အာဟာရများအဖြစ် ပြောင်းလဲ သွားခဲ့သည်။

All Chapters