← Chapters

နှင်းကဲ့သို့ အေးစက်ပြီး လှနိုင်ရက်သူ

Vol. 10 Ch. 150

နှင်းကဲ့သို့ အေးစက်ပြီး လှနိုင်ရက်သူ

Vol. 10 Ch. 150

အခန်း (၁၅၀) နှင်းကဲ့သို့ အေးစက်ပြီး လှနိုင်ရက်သူ

ဤထူးဆန်းသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းမှု ဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ပေါ့ပါးသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ခရမ်းရောင်လျှပ်စီးကြောင်းမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြာပွတ်သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုသည်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်။

"ဒီဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ဟာ အမှန်တကယ် လျှပ်စီးများ၏ကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစောပိုင်းက ဗီဇပြောင်းလဲသွားမှုကြောင့်များ ဖြစ်နိုင်သလား" ချင်ယွင်သည် အံ့သြသွားသော်လည်း ဤအရာသည် သူ့အတွက် ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်သည်။

‌ရှေးဟောင်းတာအို ပြောခဲ့သလိုပင်။ သူ၏ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် မူလကတည်းက ကောင်းကင်ဘုံအောက်မှာ ပြိုင်ဘက်ကင်း နံပါတ်တစ် ရုပ်ခန္ဓာကိုယ် ဖြစ်ခဲ့သည်။ သူသည် ဖရိုဖရဲလျှပ်စီး၏ စွမ်းအားကို စုပ်ယူပြီးနောက် ထူးဆန်းသော အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အနာဂတ်တွင်၊ ၎င်းသည် မကြုံစဖူး ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ရုပ်ခန္ဓာကိုယ်ကို မွေးဖွားပေးနိုင်ခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေတွေ့ရှိပြီးနောက် ချင်ယွင်သည် လုံးဝမတွန့်ဆုတ်ဘဲ

ခရမ်းရင့်ရောင်လျှပ်စီးဧရိယာဆီသို့ စတင်လျှောက်လှမ်းခဲ့သည်။

သေချာသည်မှာ၊၊ ချင်ယွင်သည် ခရမ်းရင့်ရောင်လျှပ်စီးဧရိယာထဲကို ဝင်ရောက်လာသည့်အချိန်၊ ခရမ်းရင့်ရောင်လျှပ်စီးကြောင်းများ၏ ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအားကို ခံစားရသေးသော်လည်း ချင်ယွင်၏ အကွာအဝေးအတွင်းမှာ ရှိနေပြီဖြစ်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်း များကို အဆက်မပြတ် စုပ်ယူနေပြီး သူ၏ခန္ဓာကိုယ်သည် ပိုမိုသန်မာလာခဲ့သည်။

နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ ချင်ယွင်သည် ချင်ရွှန်းရွှန်း၏ နံဘေးကို အမြန်လျှောက်သွားခဲ့သည်။။

သူမ၏ ခြေထောက်များသည် ဖြောင့်စင်းသွယ်လျပြီး သူမ၏ အသားအရေသည် အဖြူရောင် ကျောက်စိမ်းကဲ့သို့ သန့်စင်သည်။

သူမမျက်နှာကို ကြည့်လိုက်ပြန်တော့လည်း အေးစက်စက်ဖြင့် လှပသည်။ ယင်းက ကျန်းရွန်ရှင်း၏ ဆွဲဆောင်မှုရှိပြီး သွေးဆောင်ဖျား‌ ယောင်းမှုရှိသောအလှမျိုးနှင့် မတူပေ။ သူမ၏အလှသည် ရေခဲကဲ့သို့အေးစက်ပြီး မျက်နှာကြောတင်းမာကာ ပြိုင်ဘက်ကင်း မျက်နှာပိုင်ရှင်ဖြစ်သည်။

ချင်ယွင်သည် မထိန်းနိုင်ဘဲ ပါးစပ်အပြည့်တံတွေးများမျိုချလိုက်ရသည်။ ဤ ချင်ရွှန်းရွှန်းသည် ကျန်းရွန်ရှင်း နှင့်အတူ မိုးကြိုး၀ိညာဥ် ဂိုဏ်း၏ တော်၀င်အလှပိုင်ရှင် နှစ်ဦးအနက်မှ တစ်ဦးအဖြစ် စာရင်းသွင်းခံရရန် ထိုက်တန်ပါသည်။ သူမ၏ပုံသဏ္ဍာန်တစ်ခုတည်းကပင် ဂိုဏ်းဝင်အမျိုးသမီးများကို ချက်ခြင်းသတ်ခဲ့

ပြီးဖြစ်သည်။ အေးစက်ပြီး ကျက်သရေရှိတဲ့ ထိပ်တန်းမျက်နှာကို မပြောနဲ့။

ချင်ရွှန်းရွှန်း၏အလှသည် ကျန်းရွန်ရှင်းနှင့်မတူပေ။ ကျန်းရွန်ရှင်းသည် ဆွဲဆောင်မူရှိပြီး ကျက်သရေရှိသည့်အလှပမျိုးဖြစ်ကာ သူ၏ရှေ့ရှိ ချင်ရွှန်းရွှန်းသည် နှင်းခဲကဲ့သို့ အေးစက်ပြီး လှပသော ရေခဲတောင်အလှမျိုးဖြစ်သည်။ သူမတို့ နှစ်ယောက်သည် သူမတို့၏ အားသာချက်များကိုယ်စီရှိသည့် တူညီသောအလှပိုင်ရှင်များ ဖြစ်ကြသည်။

ချင်ယွင်သည် ခေါင်းယမ်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ စိတ်အနှောင့်အယှက်များကို ဖယ်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ချင်ရွှန်းရွှန်း၏ မျက်ခုံးနှစ်ခုကြားမှာ တင်လိုက်သည်။

ချင်ရွှန်းရွှန်း၏ အသားအရေသည် အလွန်နူးညံ့ချောမွေ့ပြီး သူမ၏လက်များသည် အဖြူရောင် ကျောက်စိမ်းကဲ့သို့ ချောမွေ့ သန့်စင်နေပါသည်။

ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ချင်ရွှန်းရွှန်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်သည် နဂိုအတိုင်း ရှိနေကြောင်း တွေ့ရှိခဲ့သော်ရလည်း သူမ၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် အသက်သစ်ပင်၏ အသက်စွမ်းအားကို စတင်စုဆောင်းလိုက်ဍသည်။

မျှော်လင့်ထားသည့်အတိုင်း၊ အသက်သစ်ပင်၏ အသက်စွမ်းအားသည် တိုင်းတာ၍ မရနိုင်အောင်ပင်။

ချင်ရွှန်းရွှန်း၏ စိတ်ထဲသို့ အသက်စွမ်းအား အများအပြား တိုးဝင်လာသည်နှင့်အမျှ သူမ၏ စိတ်ဝိညာဉ်သည် လေထဲတွင်လောင်ကျွမ်းနေသော အကြွင်းအကျန် မီးလျှံကဲ့သို့ပင် တဖြည်းဖြည်း အားကောင်းလာသည်။

အသက်စွမ်းအားကို နှစ်နာရီကြာအောင် ဖြည်းဖြည်းချင်း ဖြည့်သွင်းပေးပြီးနောက်၊ ချင်ရွှန်းရွှန်း၏ စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် ပြန်လည်ရရှိလာခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် သူ၏လက်ကို ရုတ်သိမ်းလိုက်သည့်အခိုက် မေ့မြောနေသော ချင်ရွှန်းရွှန်းသည် ရုတ်တရက် မျက်လုံးများပွင့်လာသည်။ သူမ၏ မျက်လုံးများက ချင်ယွင်ကို ဓားသွားနှင့်ဓားရှည်များကဲ့သို့ စိုက်ကြည့်ကာ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ချက်ချင်းပင် လောင်ကျွမ်းလာသည်။

လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်မူနှင့်အတူ သူမ၏လက်ထဲတွင် ခရမ်းရောင် လျှပ်စီးကြာပွတ်တစ်ခု ပေါ်လာပြီးနောက် သူမသည် တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။

ချင်ယွင်သည် အလန့်တကြားဖြစ်သွားပြီး အလျင်အမြန် နောက်ပြန်ဆုတ်လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြာပွတ်သည် လေထဲမှ ကျဆင်းလာခဲ့ပြီး ကျယ်လောင်သော မိုးခြိမ်းသံကို ထွက်ပေါ်လာ စေသည်။

ချင်ယွင်သည် ကမန်းကတန်း ရှင်းပြလိုက်ရသည် "ရပ်လိုက်ပါ၊ မင်းကိုကယ်ဖို့ ငါဒီကိုရောက်နေတာလေ"

သို့သော်လည်း ချင်ရွှန်းရွှန်းသည် ချင်ယွင် ၏ရှင်းပြချက်ကို လုံးဝနားမထောင်ခဲ့ပေ။ သူမ၏လက်ထဲမှ ရှည်လျားသောကြာပွတ်သည် ချင်ယွင်ဆီသို့ ရွေ့လျားသွားပြန်သည်။

ဤတစ်ကြိမ်တွင် ခရမ်းရောင်လျှပ်စီးကြာပွတ်သည် ဒါဇင်များစွာသော ကြာပွတ်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချင်ယွင်သည် မြန်နှုန်းမြင့်လျှပ်စီးဖြင့် လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့သော်လည်း ကြာပွတ်အရိပ်တစ်ခုက သူ၏နောက်ကျောပေါ်ကို ကျရောက်သွားခဲ့ပြီး သူ၏ နောက်ကျောကို ကွဲကြေသွားစေခဲ့သည်။

ချင်ယွင်၏မျက်နှာသည် ဒေါသအရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။ ဤ ချင်ရွှန်းရွှန်းသည် သူ၏ရှင်းပြချက်ကို လုံးဝနားမထောင်ခဲ့ပေ။ သူသည် သူမကို ကယ်တင်ရန် ဤနေရာသို့ လမ်းတလျှောက်လုံး သက်စွန့်စံဖျား လာခဲ့ရသော်လည်း အမှန်တကယ်တွင် သူမသည် သူ၏ရှင်းပြချက်ကို လုံးဝ နားမထောင်ခဲ့ပေ။

"ဟမ့်၊ ယုတ္တိမရှိဘူး!" ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ရွှန်းရွှန်းဆီသို့လျှပ်စီးလင်းလက်သကဲ့သို့ ပြေး၀င်သွားခဲ့သည်။

ချင်ရွှန်းရွှန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသောဆန္ဒသည် ပို၍ပင် ပြင်းထန်လာခဲ့ သည်။ သူမလက်ထဲရှိ ကြာပွတ်ရှည်သည် မီးခိုးရောင်မြွေတစ်ကောင်အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားကာ ချင်ယွင်ကို ကိုက်လိုက်သည်။

ချင်ယွင်၏အမူအရာသည် ပြောင်းလဲခြင်းမရှိပေ။ သူသည် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ စုပ်ယူမှုစွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့ကိုကိုက်ရန်ရောက်လာသည့် ခရမ်းရောင်လျှပ်စီးမြွေကို စုပ်ယူစေလိုက်သည်။

ခရမ်းရောင်လျှပ်စီးမြွေသည် သူ၏ခန္ဓာကိုယ်ကို ကိုက်လိုက်သည့်အခိုက်တန့်မှာ ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ပြီး ခရမ်းရောင်လျှပ်စီးမြွေကို တိုက်ရိုက်ကိုက်စားပစ်လိုက်သည်။ ထို့‌နောက် ချင်ယွင်၏ ခန္ဓာကိုယ်သည် လုံးဝမရပ်တန့်ဘဲ ချင်ရွှန်းရွှန်းဆီသို့ ပြေးသွားခဲ့သည်။

ချင်ရွှန်းရွှန်း၏မျက်နှာသည် နောက်ဆုံးတွင် ထူးဆန်းသောအမူအရာတစ်ခုကို ထုတ်ဖော်ပြသလာခဲ့ပြီး သူမလက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန် စည်းတံဆိပ်များကို အမြန်ဖန်တီးလိုက်သည်။

သို့သော် ချင်ယွင်သည် သူမအား တိုက်ခိုက်ရန် နောက်ထပ်အခွင့်အရေးကို မည်သို့ ပေးနိုင်မည်နည်း။ သူသည် သူမ၏ဝမ်းဗိုက်ကို တိုက်ရိုက်ထိုးလိုက်ပြီး သူမကို လွင့်ထွက်သွားစေခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် အလှအပဖြစ်စေ သို့မဟုတ် ကျောက်စိမ်းကဲ့သို့ သန့်စင်ချောမွတ်မူဖြစ်စေ မည်သည့်အရာကိုမျှ သနားကရုဏားထားပြီး ဂရုမစိုက်နိုင်တော့ပေ။ သူ၏ရုပ်အသွင်က လျှပ်စီးလက်သလို လင်းလက်သွားခဲ့ပြီး ချင်ရွှန်းရွှန်း၏ ရှေ့မှာ တဖန်ပြန်ပေါ်လာသညိ။ သူ၏လက်ချောင်းချီဓားက ဖျန်းခနဲ ထွက်ပေါ်လာပြီး ချင်ရွှန်းရွှန်း၏ မျက်ခုံးနှစ်ခုကြား နေရာလွတ်ကို ထောက်ထားလိုက်သည်။

"ငါ့ကိုသတ်လိုက်ပါ!"

မူလက ချင်ယွင်သည် ချင်ရွှန်းရွှန်းသည် ရက်စက်စွာပြောမည်ဟုထင်ခဲ့သော်လည်း ယခုအချိန်တွင် ချင်ရွှန်းရွှန်းသည် သူမ၏မျက်လုံးများကိုမှိတ်ထားပြီး သူမသေရန် စောင့်ဆိုင်းနေပုံရသည်။

ချင်ယွင်၏ဒေါသသည် ချက်ချင်းပျောက်ကွယ်သွားသည်။ သူက ဓားလက်ချောင်းကို ရုတ်သိမ်းလိုက်ပြီး "မင်းကိုသတ်ဖို့ ငါဒီကို‌ ရောက်လာတာ မဟုတ်ဘူး၊ မင်းအဖေကို

မင်းကို ကယ်တင်ပေးမယ်လို့ ငါကတိပေးထားတဲ့အတွက် ရောက်လာရတာ..." "

သိသားပဲ" ချင်ရွှန်းရွှန်းက အေးစက်စွာပြောသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။

ချင်ရွှန်းရွှန်းသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်၏ ကြေမွစုတ်ပြတ်နေသော အဝတ်အစားများကြောင့် ဘေးသို့ကျနေသော အသက်သလင်းကျောက်သည် သူမလက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။

"ငါ့အဖေမှာ ဒီ အသက်သလင်းကျောက်တစ်ခုပဲရှိတယ်။ သူက သိပ်ယုံကြည်ရတဲ့လူ မဟုတ်ရင် တခြားဘယ်သူ့ကိုမှ ပေးမှာမဟုတ်ဘူး။" ချင်ရွှန်းရွှန်းက ဆက်လက်ပြော ပြသည်။

"ဒါတောင်မှ မင်းက ငါ့ကိုသတ်ချင်သေးတယ်ပေါ့" ချင်ယွင်က ဒေါသတကြီး ပြောသည်။

ချင်ရွှန်းရွှန်းက ချင်ယွင်ကို အေးစက်စွာကြည့်ကာ ပြောသည် "နင်က ငါ့ခန္ဓာကိုယ်ကို မြင်ပြီးသွားပြီဖြစ်တဲ့အတွက် ဒီနေ့ နင်ပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ် တစ်ယောက်ယောက် တော့ သေရမှာပဲ"

ချင်ယွင်သည် ပြောစရာစကားပင် မဲ့သွားရပြီး ဒေါသတကြီးဖြင့် စောဒကတက်ပြသည် "ဒါဆို မင်းလည်း ငါ့ခန္ဓာကိုယ်ကို မြင်ဖူးတာပဲလေ"

သေချာသည်မှာ၊ ချင်ရွှန်းရွှန်းသည် ချင်ယွင် ၏ စကားကိုကြားသည့်အခါ သူမ၏နဂိုက တည်းက အေးစက်စက်မျက်နှာသည် ဒေါသများ တရှိန်ထိုးအုံကြွတက်လာခဲ့သည်။

သူမ၏လက်ထဲတွင် ခရမ်းရောင်ကြာပွတ်နောက်တစ်ခုပေါ်လာပြီး သူမသည် ချင်ယွင်ကို ထပ်မံရိုက်နှက်တော့မည်ဖြစ်သည်။

ဤမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည် သူ့ကိုယ်သူ ပါးပိတ်ရိုက်ပစ်ချင်စိတ်များပင် အမှန်တကယ် ဖြစ်လာရသည်။

သို့သော် ထိုအချိန်တွင် ချင်ရွှန်းရွှန်း၏ နောက်ကွယ်ရှိ အနက်ရောင်လျှပ်စီးများထဲမှ

ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည်။ အနက်ရောင်ပုံရိပ်တစ်ခုသည် အနက်ရောင်လျှပ်စီးများကြားမှ ပြေးထွက်လာခဲ့ပြီး အနက်ရောင်လျှပ်စီးများ လွှမ်းခြုံနေသောလက်ချက်က ချင်ရွှန်းရွှန်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက် လာခဲ့သည်။

ချင်ရွှန်းရွှန်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး လက်သီးချက်ကိုတားဆီးရန် သူမ၏ ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။

"မဟုတ်ဘူး!"

ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူသာ် ချက်ချင်းပင် ကျယ်လောင်စွာအော် လိုက်သည်။ သူ၏ပုံရိပ်က လျှပ်စီးလက်သလို လင်းလက်သွားခဲ့ပြီး ချင်ရွှန်းရွှန်း၏ လမ်းကြောင်း‌ ရှေ့မှာ ပိတ်ဆို့ရပ်လိုက်သည်။

ချင်ယွင်၏ ရင်ဘတ်တစ်ခုလုံး ချက်ချင်း ချိုင့်ဝင်သွားခဲ့သည်။ သူသည် အထိန်းကွက်မယ့်ဖြစ်ကာ သွေးများကို ထပ်ထပ်ခါခါ အန်လိုက်ရပြီး သူ၏ ကိုယ်အတွင်းအင်္ဂါအစိတ်ပိုင်းများ ချက်ခြင်း ကွဲအက်သွားကာ သူ၏အငွေ့ အသက်သည် အလွန်ညှိုးနွမ်းသွားခဲ့သည်။

ချင်ရွှန်းရွှန်းသည် ထိုလက်သီးချက်က ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ကို ထိုးနှက်သွားခဲ့သည့် အတွက် တိုက်ရိုက်မခံရသော်လည်း သူမသည် ဤကြောက်စရာ ကောင်းသော ခွန်အား၏ ရိုက်ခတ်မူကြောင့် သွေးများကို အန်ထုတ်လိုက်ရပြီး ချင်ယွင်၏ ခန္ဓာကိုယ်နှင့်တိုက်မိကာ နောက်ပြန်လွင့်စင်သွားခဲ့သည်။

ချင်ရွှန်းရွှန်း၏ အမူအရာသည် အလွန်စိတ်ရှုပ်ထွေးနေသည်။ သူမသည် သေအံ့မူးမူး ဖြစ်နေသော ချင်ယွင်ကိုကြည့်ကာ "ဘာလို့လဲ" ဟု မေးသည်။

ချင်ယွင်သည် စိတ်မချမ်းမြေဖွယ် အမူအယာဖြင့် ပြုံးပြပြီး "ငါ မင်းအဖေကို ကတိပေးထားခဲ့တယ်..."

ဤစကားတခွန်းပြောပြီးနောက် ချင်ယွင်သည် သတိမေ့သွားခဲ့၏။

ချင်ရွှန်းရွှန်း၏ မျက်လုံးများသည် တုန်လှုပ်သွားပြီး သူမ၏အမူအရာသည်လည်း ရှုပ်ထွေးသွားသည်။

သူမသည် ချင်ယွင်ကို ကောက်ကိုင်လိုက်ပြီး လျှပ်စီးပင်လယ်ထဲမှ အမြန်ပြေးထွက်လာရင်း သူမ၏မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။

စာစဉ် (၁၀)ပြီးပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters