← Chapters

သူက ကျွန်တော့်အဖေ

Vol. 18 Ch. 261

သူက ကျွန်တော့်အဖေ

Vol. 18 Ch. 261

မိနစ်ဝက် ကြာပြီးနောက် ဒါရိုက်တာချန်က ရဲ့လင်းချန်ကို ရယ်ချင်ပက်ကျိဖြင့် ကြည့်နေသည်။

“မင်း တစ်ခုခု ပြောချင်တယ်ဆိုရင် ပြောလိုက်၊ မင်း ငါ့ကို ပွဲကြီးပွဲကောင်း ကြည့်ရအောင် လုပ်တာကို ငါ မြင်ချင်တယ်”

ရဲ့လင်းချန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။

အစက သူသည် ဆရာဝန်ကျန်းကို ဆက်သွယ်ချင်စိတ် မရှိပါ။ ဆေးရုံက ကျင့်ဝတ်မရှိသော ဆရာဝန်ကို ဖမ်းဆီးရာ၌ ပူးပေါင်းပေးခဲ့လျင် အားလုံး အဆင်ပြေသွားမည် ဖြစ်သည်။ သို့သော် ရလဒ်က သူ့အား အလွန်အမင်း စိတ်ပျက်စေခဲ့သည်။

ဆေးရုံများသည် လူတစ်ယောက်၏ အသက်အတွက် နောက်ဆုံး အာမခံချက် ဖြစ်သည်။ နောက်ဆုံး အာမခံချက်က တစ်နည်းနည်းဖြင့် အစွန်းအထင်း ရှိနေခဲ့လျင် လူအများက ဘာကို အားကိုးရမလဲ ရဲ့လင်းချန် မတွေးတတ်တော့ပါ။

သူ့ဖုန်းကို ထုတ်တော့မည့်အချိန်တွင် ရုတ်တရက် ကျယ်လောင်သော စကားသံများ ထွက်ပေါ်လာသည်။

“ပါမောက္ခယု၊ ပါမောက္ခယု ရောက်လာတယ်”

“အား … တကယ်ကို ပါမောက္ခယုပဲ၊ လေပူလက္ခဏာ တုပ်ကွေးတုန်းက သူ သတင်းမှာ ပါတယ်လေ၊ ပြီးတော့ နတ်ဆေးဆရာဝိုင်ရဲ့ အနားမှာ ရပ်ခဲ့တာ”

“ဒီကိစ္စက ပါမောက္ခယုကို သတိထားမိသွားစေတာပဲ”

လူအုပ်ကြီးသည် အလိုလို လမ်းဖယ်ပေးကြပြီး ပါမောက္ခယု ခပ်သွက်သွက် လျှောက်လာနေသည်ကို ကြည့်နေ ကြသည်။

ရဲ့လင်းချန်ကို မြင်လိုက်သောအခါ သူ နှလုံးခုန်နှုန်း မြန်လာပြီး သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲ သွားသည်။

*တကယ်ကို နတ်ဆေးဆရာဝိုင်ပဲ*

ရဲ့လင်းချန်က သူ မေ့ထားလိုက်နိုင်သော တစ်စုံတစ်ယောက် မဟုတ်ပါ။ တစ်ချိန်က သူတောင်မှ ရဲ့လင်းချန်၏ ဆေးပညာ စွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပြီး ထိုလူငယ်လေးအတွက် အရာအားလုံး အခက်တွေ့အောင် လုပ်ခဲ့မိသည်။ သို့သော်ငြားလည်း နောက်ဆုံး၌ သူ့မြေးကို ကယ်ခဲ့သည့်သူက ရဲ့လင်းချန်ပင်။

ထိုသဘောထားကြီးမှုကို သူ ဘယ်သောအခါမှ မမေ့နိုင်ပါ။

“ပါမောက္ခယု”

ဒါရိုက်တာချန်သည်လည်း ထိတ်လန့်သွားသည်။ ပါမောက္ခယု အဘယ်ကြောင့် အောက်သို့ ဆင်းလာသလဲ သူ မသိချေ။ သို့သော် သူ ချက်ချင်း ရှေ့ထွက်၍ ရှင်းပြလိုက်သည်။

“ပါမောက္ခယု၊ ဒီလူတစ်စုက ကျွန်တော်တို့ မြို့တော်ဆေးရုံကို အသရေပျက်အောင်လို့ အလိမ်အညာတွေ ပြောနေတာပါ၊ ကျွန်တော် ဒီကိစ္စကို ဖြေရှင်းပြီးပါပြီ”

“မင်း ဖြေရှင်းပြီးပြီ ဟုတ်လား၊ မင်း ဘယ်လိုများ ဖြေရှင်းလိုက်တာလဲ”

ပါမောက္ခယုသည် ရဲ့လင်းချန်က သူ့အား မျက်နှာရိပ် မျက်နှာကဲ ပြနေသည်ကို မြင်ပြီး ချက်ချင်း သဘောပေါက် သွားသည်။ ရဲ့လင်းချန် ဘယ်သူလဲ သူ သိသော်လည်း လူငယ်လေး၏ နောက်ခံအကြောင်း ထုတ်ဖော် ပြောဆိုမည့်အစား ထိုသို့ မေးလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

“ဒီလူကလည်း ဆရာဝန်ပါပဲ၊ ပြီးတော့ သူက ကျွန်တော်တို့ ဆေးရုံက ဆရာဝန်တွေကို ချောက်ချချင်နေပါတယ်၊ သူ့ရဲ့ ဆရာဝန်ကျင့်ဝတ်က ပျက်ပြားနေပါပြီ၊ အဲ့ဒါကြောင့် သူ့ကို တစ်သက်တာ ဆေးကုသခွင့် ပိတ်ပင်လိုက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်”

ဒါရိုက်တာချန်က ရဲ့ကျင်းကို လက်ညှိုးထိုး၍ ဖြောင့်မတ်မှန်ကန်စွာ အဆိုပြုသည်။

“အခြားသူတွေအတွက်ကတော့ … သူတို့က အပေါင်းအပါတွေဆိုတော့ သူတို့ကို ကျွန်တော်တို့ ဆေးရုံကနေ ထွက်သွားခိုင်းထားပါတယ်”

“မဟုတ်တမ်းတရားတွေ”

တံငါသည်က စိတ်လှုပ်ရှားလာသည်။ သူသည် ပါမောက္ခယုအား နောက်ဆုံးမျှော်လင့်ချက်အဖြစ် ခံယူကာ ပြောပြလေသည်။

“ပါမောက္ခယု ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးပါ၊ ကျွန်တော် ခြေဖဝါးတွေ နာနေလို့ ဒီကိုလာပြီး ကုသမှု ခံယူထတာပါ၊ ဒါပေမဲ့ အဲ့အတုအယောင် ဆရာဝန်က ကျွန်တော့်ဒဏ်ရာကို ပျောက်ကင်း သွားအောင် မလုပ်ပေးတဲ့ ဆေးမျိုးတွေ ပေးမယ်လို့ ထင်မထားမိဘူး၊ ကျွန်တော် ဆေးခန်းလာပြတိုင်း ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ ငါးကြင်းကြီး နှစ်ကောင်ကတော့ နှမြောစရာပဲဗျာ”

ပါမောက္ခယု၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။ သူသည် တံငါသည်၏ လက်ထဲမှ ပုလင်းနက်ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာက မည်းမှောင်သွားတော့သည်။

သူက အေးတိအေးစက် မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

ဆရာဝန်သည် တစ်ကိုယ်လုံး တုန်လာပြီး ကြောက်စိတ်ကြောင့် စကားမပြောနိုင်တော့ချေ။ ဒါရိုက်တာချန်က အလျင်အမြန် ဝင်ပြောသည်။

“ဒီလိုအရာမျိုးက ကျွန်တော်တို့ ဆေးရုံက မဟုတ်ပါဘူး၊ ပါမောက္ခယု၊ ခင်ဗျား သူတို့စကားကို နားမထောင်ပါနဲ့”

“ဒီလူစုကို အဲ့မြို့ငယ်လေးက ဆရာဝန်က ခေါ်လာတာပါ”

ဒါရိုက်တာချန်က ရဲ့ကျင်းကို လက်ညှိုးထိုးပြသည်။

ပါမောက္ခယုက ရဲ့ကျင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် နောက်ပိုင်းတွင် ရဲ့လင်းချန်မှ စကားသံကို ကြားလိုက်ရသည်။

“သူက ကျွန်တော့်အဖေ”

ထိုစကားသည် ပါမောက္ခယု၏ နားထဲ၌ မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်လာ၏။ သူ့မျက်လုံးအိမ် ကျဉ်းမြောင်းလာပြီး ထိတ်လန့်ကာ တစ်ကိုယ်လုံး ကြက်သေ သေသွားသည်။

*သေစမ်း*

*ဒါ နတ်ဆေးဆရာဝိုင်ရဲ့ အဖေလား*

ပါမောက္ခယုသည် နတ်ဆေးဆရာဝိုင်၏ အဖေကလည်း ဆရာဝန် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။ ထိတ်လန့်စရာ ကောင်းသည်က သူသည် ဤသို့ ရောက်လာသည်နှင့် ဆေးရုံမှ ဆရာဝန်များ၏ ဆိုးယုတ်သော ကြိုဆိုခြင်းဖြင့် ကြုံတွေ့ရခြင်းပင်။

ပြောရမည်ဆိုလျင် … ယင်းက လူတစ်ယောက်၏ စိတ်ကို ယုံကြည်မှု ကုန်ခန်းသွားစေသည်။

*ငါ့ဆေးရုံက လူတွေ ဘာလုပ်နေကြတာလဲ၊ ဘယ်လိုလုပ် ငါတို့ ဆေးရုံထဲမှာ ဒီလို တိရစ္ဆာန်ကောင်တွေ ရှိနေတာလဲ*

ပါမောက္ခယု ငိုချင်လုနီးပါး ဖြစ်သွားရသည်။ ဆေးရုံဝန်ထမ်းများကို စီမံခန့်ခွဲရာ၌ ပေါ့ဆခဲ့မိသည့်အတွက် သူ့ကိုယ်သူ မုန်းတီးမိသည်။

ပါမောက္ခယုက ငြိမ်နေသည်ကို မြင်သောအခါ ပါမောက္ခယုက သူ့စကားကို လက်ခံသွားပြီဟု ထင်သွားပြီး ချက်ချင်း ပြောလိုက်သည်။

“ပါမောက္ခယု၊ ဒီလိုကိစ္စလေးတွေနဲ့ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့၊ ကျွန်တော် ဒါကို ရှင်းပြီးပါပြီ”

“မင်းပါးစပ်ကို ပိတ်ထား”

ပါမောက္ခယုက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ သူ၏ အေးစက်စက် အကြည့်က ဒါရိုက်တာချန်အား တစ်ခွန်းပင် ပြန်မပြောရဲအောင် ကြောက်ရွံ့သွားစေသည်။

“သူတို့က မှားပြီး စွပ်စွဲနေပါတယ်လို့ မင်း ဘာအထောက်အထားနဲ့ ပြောနေတာလဲ၊ ဒီလိုပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ မင်း အဲ့လောက်တောင် အလျင်စလို လုပ်တာလား”

ထို့နောက် သူက တံငါသည်ကို ကြည့်၍ ပြောလိုက်သည်။

“မစိုးရိမ်နဲ့၊ ဆရာဝန်က ဒီဆေးကို မင်းအတွက် ဘယ်ကနေ ထုတ်ပေးတာလဲ”

တံငါသည်က ဆရာဝန်၏ စားပွဲအောက်မှာ အံဆွဲကို လက်ညှိုးထိုးပြသည်။

“အခု ဖွင့်လိုက်စမ်း”

ပါမောက္ခယုက အော်ငေါက်လိုက်သည်။ ဆရာဝန်၏ မျက်လုံးထဲမှ သွေးပျက်မှုကို မြင်လိုက်ကတည်းက သူ အခြေအနေကို ခန့်မှန်းမိလိုက်လေသည်။

ထို့ကြောင့်ပင် သူ စိတ်ဓာတ်ကျမိသည်။

ဆရာဝန်က အံဆွဲကို ဖွင့်လိုက်သည်နှင့် လူတိုင်း ကိုယ်ကိုကိုင်း၍ ကြည့်ကြပြီးနောက် မြင်လိုက်ရသည့် အရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အံဆွဲထဲ၌ ပုလင်းပေါင်းများစွာကို တွေ့လိုက်ရပြီး အမျိုးအစားကလည်း များလှသည်။ ပုံမှန်မဟုတ်သော ဆေးတစ်ချို့ကိုပင် တွေ့ရသေးသည်။

“ဖြန်း”

ပါမောက္ခယု၏ မျက်နှာက ချက်ချင်း နီတက်လာသည်။ သူသည် ဒေါသဖြင့် လက်ကိုမြှောက်ကာ အရှေ့မှ စားပွဲကို ရိုက်ချလေသည်။

သူက ဆရာဝန်ကို တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီဆေးတွေက ဆေးရုံက ဆေးတွေ မဟုတ်ဘူး၊ မင်း ဘာအတွက် သုံးနေတာလဲ၊ ဒါ လူနာတွေကို ထိခိုက် စေအောင်လား”

ဆရာဝန်၏ နဖူးတွင် ချွေးတို့ဖြင့် ရွှဲစိုနေကာ စကားပြောရမည်ကိုပင် ကြောက်နေ၏။

“တစ်ယောက်ယောက် ဒါကို လာသိမ်းပြီး ရဲလက်အပ်လိုက်စမ်း၊ ဒါကို တရားစွဲပြီး ရုံးတင်လိုက်”

ပါမောက္ခယုက သက်ပြင်းချ၍ ပြောလိုက်သည်။

“မလုပ်ပါနဲ့”

ဆရာဝန်၏ အမူအရာက ချက်ချင်း‌ ပြောင်းလဲသွားပြီး ဖြူရော်လာသည်။ သူ တောင်းပန်လေသည်။

“ပါမောက္ခယု ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့၊ ကျွန်တော် မှားမှန်း သိပါပြီ၊ နောက်ဆို ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပါ့မယ်၊ လူနာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်”

ဆရာဝန်တစ်ဦး ဖြစ်သောသူသည် ကိုယ်ပိုင် အကျိုးအမြတ်အတွက် ဆေးဝါးများကို တမင်အသုံးပြုခဲ့သည်။ ယင်းက ပြစ်မှု မြောက်ပေသည်။ ထောင်ကျခြင်းမှ ရှောင်လွှဲ၍ မရနိုင်ပါ။ သူ ပြန်လွတ်လာလျင်တောင်မှ သူ့နာမည်က ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ သူ ထပ်၍ ဆေးလောက၌ ကျင်လည်၍ မရနိုင်တော့ဘဲ တစ်သက်လုံး နာမည်တွင် အမည်းစက် ထင်နေပေတော့မည်။

သို့သော် ပါမောက္ခယုက ပြာနှမ်းနေသော မျက်နှာနှင့်သာ ကြည့်နေပြီး ကရုဏာသက်စိတ် မရှိချေ။ သူက ပျက်ရယ်ပြု၍ ပြောလိုက်လေသည်။

“မင်း ဒီလိုကိစ္စမျိုး လုပ်တုန်းက လူနာတွေအတွက် တွေးခဲ့ဖူးလား၊ လူနာတွေက ငါတို့ အကူအညီကို အလိုအပ်ဆုံး လူတွေပဲ၊ ဒါပေမဲ့ မင်းက ဒီလိုကိစ္စမျိုး လုပ်ခဲ့တယ်လေ၊ မင်းမှာ အသိစိတ် မရှိဘူးလား၊ မင်းက ဆရာဝန်တွေအတွက် ရှက်စရာပဲ၊ ငါ့ဆေးရုံမှာ မင်း ရှိနေတာက ငါ့ကို လူတိုင်းကို မျက်နှာပြဖို့ အရှက်ရစေတယ်ကွ”

“ရဲခေါ်လိုက်”

ပါမောက္ခယုက လက်ဝှေ့ယမ်း၍ ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။

“ဒီဆရာဝန်က အဲ့လိုလူမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ ကျွန်တော်လည်း သူ လှည့်စားတာ ခံခဲ့ရတာပါ၊ ကျွန်တော် တကယ် စိတ်မကောင်းပါဘူး”

ဒါရိုက်တာချန်က ချက်ချင်း ဘက်ပြောင်း၍ စကားကို ပြောင်းပြောသည်။ သူ့မျက်နှာတွင် ဝမ်းနည်းနေဟန်ပင် ပေါ်နေသည်။ မသိလျင် သူက မခံမရပ်နိုင် ဖြစ်နေသလိုပင်။

“ဪ … တကယ်လား”

ရဲ့လင်းချန်က ဒါရိုက်တာချန်ကို ကြည့်၍ ခနဲ့လိုက်သည်။

“ခုနလေးတင် ဒါရိုက်တာချန်က အသာလေး ထားလိုက်တာလေ၊ သူက ပေါ်လာတာနဲ့ ကျုပ်တို့ကို ပစ်မှတ်ထားပြီး ကျုပ်တို့ ရှင်းပြတာကို လုံးဝ နားမထောင်ဘူး၊ ခင်ဗျားတို့ ဆေးရုံက အငြင်းပွားမှုတိုင်းကို ဒီနည်းနဲ့ပဲ ရှင်းတာလားလို့ ကျုပ် သိချင်မိသား”

ပါမောက္ခယုက ဒါရိုက်တာချန်အား ခက်ထန်သော အကြည့်ဖြင့် ကြည့်လေသည်။

“ငါ အမြဲ လူနာတွေအတွက် စဉ်းစားပေးတယ်၊ ငါ ဘယ်တော့မှ သူတို့ကို မဖိနှိပ်ဘူး”

ဒါရိုက်တာချန်က ချက်ချင်း ခွန်းတုံ့ပြန်၏။ သို့သော် လူတိုင်း ချီတုံချတုံ ဖြစ်နေချိန်တွင် လူတစ်ယောက်က ရှေ့တက်လာသည်။

“ပါမောက္ခယု ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော့်ကလေး ရောဂါမှားပြီး စမ်းသပ်ခံခဲ့ရပါတယ်၊ အသေးစား ဖျားနာမှုလေး ဖြစ်ပင်မယ့် သူက ကျွန်တော်တို့ကို ဆေးရုံတက်ခိုင်းပါတယ်၊ ကျွန်တော်တို့ ဘာမှမဟုတ်တာအတွက် ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ပင်မယ့် ဒါရိုက်တာချန်က ကျွန်တော်တို့ကို “တောင်းပန်တယ်” လို့ တစ်ခွန်းတည်း ပြောပြီး ဥပေက္ခာပြုခဲ့ပါတယ်”

“ပါမောက္ခယု ကျွန်မအမျိုးသားက အစာအိမ်အောင့်ရုံလေး ဖြစ်တာကို ဆေးရုံက ကင်ဆာလို့ ပြောခဲ့ပါတယ်၊ အဲ့ဒါက ကျွန်မတို့ တစ်မိသားစုလုံးကို ထိတ်လန့်စေခဲ့လို့ အားလုံး မေ့လဲတဲ့အထိ ဖြစ်ခဲ့ပြီးတော့ သူဆို ခွဲစိတ်ခန်းထဲ ဝင်ရလုနီးပါး ဖြစ်ခဲ့တာပါ၊ နောက်ဆုံးကျတော့ ဒါရိုက်တာချန်က အမှားအတွက် တောင်းပန်စကားတောင် မပြောပါဘူး”

“ပါမောက္ခယု အရင်တစ်ခေါက်က ကျွန်တော် သက်တမ်းကုန်နေတဲ့ ဆေးကို ဝယ်ခဲ့ရပါတယ်၊ ဒါရိုက်တာချန် ကလည်း ကျွန်တော့်ကို ဆေးရုံကို အသရေဖျက်တယ်လို့ စွပ်စွဲပါတယ်၊ သူက ချက်ချင်း လူခေါ်ပြီး ကျွန်တော့်ကို ကန်ထုတ်ဖို့ အမိန့်ပေးခဲ့တာပါ …”

All Chapters