ချင်ယွင်၏ ဒေါသ
Vol. 11 Ch. 151
အခန်း (၁၅၁) ချင်ယွင်၏ ဒေါသ
ချင်ယွင်သည် သတိလစ် မေ့မျောနေသည့်အချိန်တွင်…….။
မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ လက်ရွေးစင်တပည့်များ တည်ရှိရာ တိမ်တိုက် လျှပ်စီးတောင် ထိပ်တွင် ကမ္ဘာမြေပြိုကျစေမည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
ညကောင်းကင်ယံသည် မှင်ညိုကဲ့သို့မဲနက်နေပြီး ကြယ်ရောင်အလင်းမှိန် ဖျော့ဖျော့နှင့် အတူ ညလေပြေ လေအေးကြောင့် အေးချမ်းသည်။
ဤအခိုက်အတန့်တွင် အနက်ရောင်ပုံရိပ်ဆယ်ခုသည် ညဉ့်အမှောင်ထုကို ဖြတ်ကျော်ကာ လျင်မြန်စွာ ဖြတ်ပြေးလာခဲ့ပြီး နောက်ဆုံးတွင် ကျန်းရွန်ရှင်းရှိသည့် ခြံဝင်းနံရံပေါ်သို့ ဆင်းသက်လာခဲ့သည်။
ခြံဝင်းထဲတွင် မူလကတွားသွားသွားနေသည့် ရှောင်ဘိုင်သည် ချက်ချင်းပင် မျက်လုံးဖွင့်ကာ ဖိတ်မခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ဆယ်ယောက်ကို နီမြန်းသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။
"သွား!"
ခေါင်းဆောင်က တိုးတိုးလေး အော်လိုက်တယ်။ သူ၏နောက်မှ အနက်ရောင်၀တ်စုံ၀တ် လူကိုးယောက်သည် သူတို့၏ အနက်ရောင် သံမဏိဓားရှည်များကို တယောက်ပြီး တယောက် ဆွဲထုတ်ကာ ခြံဝင်းအတွင်းရှိ ရှောင်ဘိုင်ဆီသို့ ပြေး၀င်သွားစဉ် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤလူများသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ တွင်ရှိကြပြီး သူတို့အားလုံးသည် ပြင်းထန်သောလေ့ကျင့်မှုကို ခံယူခဲ့ကြပုံရပြီး လုပ်ကြံသတ်ဖြတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် အထူးကျွမ်းကျင်ကြသည်။
သူတို့ကိုးယောက်သည် ဓားတစ်ချောင်းချင်စီကို ပေါင်းစပ်ဖွဲ့စည်းလိုက်ကြပြီး ခဏအကြာတွင် ရှောင်ဘိုင်ကို တင်းတင်းကြပ်ကြပ် ဝိုင်းထားကြသည်။
ရှောင်ဘိုင်သည် လောလောဆယ်တွင် သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာတွင် ရှိနေသည်။ ဤဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများသည် ရှောင်ဘိုင်ကို နှိမ်နင်းနိုင်ရန်အတွက် ပေါင်းစပ်ထားသော ဓား၀င်္ကပါတစ်ခုကို အမှန်တကယ် အသုံးပြုခဲ့သည်။ ဤပေါင်းစပ်မူဓား၀င်္ကပါသည် သာမန်ဓား၀င်္ကပါမဟုတ်သည်မှာ သေချာပါသည်။
ခြံစည်းရိုးအပေါ်မှာရပ်နေသည့် အနက်ရောင်ဝတ်လူသည် ရှောင်ဘိုင်ကို တင်းတင်းကျပ် ကျပ် ချုပ်နှောင်ထားနိုင်သည်ကို မြင်လိုက်ရလျှင် အေးစက်သည့် အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်မှာ တောက်ပလာခဲ့သည်။ ထို့နောက် သူသည် ကျန်းရွန်ရှင်း၏အိမ်ကို လှည့်ကြည့်လိုက်သည်။ သူသည် သူ၏ခြေချောင်းများကို တချက်စောင့်နင်းလိုက်ပြီး ပုံရိပ်ယောင်များအဖြစ် ဆက်တိုက်ပြောင်းလဲကာ ကျန်းရွန်ရှင်း ၏ နေအိမ်ဆီသို့ ပြေးသွားခဲ့သည်။
သို့သော် သူသည် တံခါးဝသို့ ချဉ်းကပ်ခါနီးတွင် သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လျှင်မြန်စွာ ပြန်ဆုတ်သွားရသည်။
အပြာရောင်ဓားအလင်းတန်းတစ်ခုက တံခါးကို တိုက်ရိုက်ချိုးဖျက်လိုက်ပြီး အနက်ရောင်ဝတ်လူ၏ ပါးပြင်ကို ဖြတ်တောက်သွားကာ သူ၏နောက်က ခြံဝင်းနံရံကို ထိမှန်သွားပြီး နံရံတစ်ခုလုံးကို တစ်ဝက်တစ်ပျက် ဖြတ်ပစ်လိုက်သည်။
ကျန်းရွန်ရှင်းသည် သူမ၏ဓားကိုကိုင်ထားရင်း အခန်းပြင်ဘက်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူမ၏ အနီရောင်ဝတ်စုံသည် အလွန်လှပပြီး ဆွဲဆောင်မှုရှိသည်။
"နင်တို့ကဘယ်သူတွေလဲ၊ နင်တို့က ဘာပြုလို့ မိုးကြိုး၀ိညာဥ်ဂိုဏ်းထဲကို ဝင်လာတာလဲ။" ကျန်းရွန်ရှင်းသည် အေးစက်စွာပြောသည်။ အနက်ရောင် ဝတ်ထားသော အမျိုးသားကိုကြည့်သည့် သူမ၏ အကြည့်များက သတ်ဖြတ်ချင် စိတ်များဖြင့် ပြည့်နှက်နေသည်။
အနက်ရောင်ဝတ်လူသည် လှောင်ပြောင် ရယ်မောလိုသည့်အမူအရာဖြင့် ရွှန်းရွှန်းရှင်း ကို ကြည့်နေလေသည်။ ငါ့သခင်က မင်းကို ဧည့်သည်အဖြစ်လာရောက်ဖို့ ဖိတ်ကြာချင်နေတယ်။ ဒီအလှလေးက ချီးမြှင့်တက်ရောက်ပေးနိုင်မလား ငါသိပါရစေ ။
ကျန်းရွန်ရှင်း၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ် လာပြီးနောက်သူမသည် အေးစက်စွာ အော်ပြောလိုက်သည် "ငါ့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ဖို့လား၊ ဖိတ်တဲ့နည်းလမ်းက ဘယ်လောက်တောင်ကောင်းလိုက်လဲ ။ မင်းရဲ့သခင်ကို လူကိုယ်တိုင်လာရောက်ခွင့်ပြုတယ်ဆိုရင်ရော ဘယ်လိုလဲ။"
အနက်ရောင်ဝတ်သူသည် အထင်သေးဟန်ပြုလျက် ပြောလိုက်သည် “အလှလေးက ကိုယ်တိုင်လိုက်ဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ငါကိုယ်တိုင် ပြန်ပေးစွဲရတော့မှာပေါ့။
ထိုသို့ပြောပြီးနောက်တွင် အနက်ရောင်ဝတ်ထားသူသည် သူ၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတဦး၏ ဖိအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ကျန်းရွန်ရှင်း၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ တကယ်တော့ ဤလူသည် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အပေါင်း အဖော် ကိုးယောက်နှင့် အလုပ်ရှုပ်နေသော ရှောင်ဘိုင်သည် သူ၏နီမြန်းသော မျက်လုံးများထဲတွင် လင်းလက်တောက်ပသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူတစ်ခု ပေးပို့ လိုက်သည် “သခင်၊ မြန်မြန်လာခဲ့တော့ ၊ သခင်မအန္တရာယ်ရှိနေပြီ” ဟု စိတ်ထဲတွင် ကမန်းကတန်း ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲတွင်ရှိသော အစိမ်းရောင်ဝတ်ရုံနှင့် ချင်ယွင်သည် သူ၏မျက်လုံးများ ချက်ချင်းပွင့်လာပြီး ရန်လိုသော အရိပ်အယောင်များ သူ၏မျက်လုံးထဲတွင် တိုးဝင်လာခဲ့သည်။
တခဏအတွင်းမှာပင်၊ အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် ကောင်းကင်ဘုံ ကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲမှ တိုက်ရိုက်ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးသည် အစိမ်းရောင်အလင်တန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကျန်းရွန်ရှင်းရှိရာ ခြံဝင်းဆီသို့ ပြေးသွားခဲ့သည် ။
ယခုအချိန်တွင် ကျန်းရွန်ရှင်းသည် အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်နေပြီဖြစ်သော် လည်း ကျန်းရွန်ရှင်းဘက်က အားနည်းနေသည်မှာ ထင်ရှားသည်။
သိုင်းဂိုဏ်းချုပ်နယ်ပယ် အဋ္ဌမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာရှိ သူမ၏ ကျင့်ကြံမှုအဆင့်သည် မဆိုးလှသော်လည်း န၀မအဆင့်အထွတ်အထိပ် ကောင်းကင် အလွှာ သိုင်းဂိုဏ်း ချုပ်အဆင့်မှာရှိသည့် လုပ်ကြံသူတဦးနှင့် သူမတို့ကြားတွင် ကွာဟချက်တစ်ခု ရှိနေပုံရသည်။
ဝှီး!
အနက်ရောင် ဓားအလင်းတန်းတစ်ခု ဖြတ်သွားသည် ။
ကျန်းရွန်ရှင်းသည် ရှုံးနိမ့်နေခဲ့ပြီး သူမ၏ ဘယ်ဘက်လက်ကို အနက်ရောင် လုပ်ကြံသတ်ဖြတ်သူ၏ သံမဏိဓားက လှီးဖြတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် လုပ်ကြံသတ်ဖြတ်သူသည် ကျန်းရွန်ရှင်း၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ရာ ကျန်းရွန်ရှင်းသည် လွင့်ထွက်သွားခဲ့ပြီး ခြံဝင်းနံရံပေါ်သို့ ပြုတ်ကျသွားသည်။
ကျန်းရွန်ရှင်း၏ လှပသော မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာသည်။ အနက်ရောင်ဝတ် လူသတ်သမားကိုကြည့်သည့် သူမ၏အကြည့်များက သတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။
ဒါပေမယ့် သူမရှေ့ရှိဤလူသည် တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။ သူသည် သာမာန် န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတဦး ထက်ပင် ပိုကြောက်စရာကောင်းပြီး ကျိုးယု ထက်ပင် ပို၍ပင် အားကောင်းသည်။
ကျန်းရွန်ရှင်းသည် အဘယ်ကြောင့် ဤမျှအစွမ်းထက်သော အပေါင်းအဖော် တစ်စုသည် ရုတ်ချည်းပေါ်လာသည်ကို နားမလည်နိုင်ပေ။ တိုင်ယွန် ကုန်သည်ကြီး များအသင်းကလူများ မဟုတ်နိုင်ဘူးလား။
အနက်ရောင်ဝတ်ထားသော လုပ်ကြံသတ်ဖြတ်သူများ ပေါ်လာသည်နှင့် ကျန်းရွန်ရှင်း သည် ဤအဖွဲ့သားများသည် တိုင်ယွန်ကုန်သည်ကြီးများ အသင်းမှလူများ ဖြစ်ကြောင်း ခန့်မှန်းထားမိသည်။
ယခုမူ ကျန်းရွန်ရှင်းသည် သူ၏ရှေ့တွင်ရှိသည့် အနက်ရောင်ဝတ်လူ၏ စွမ်းအားကို မြင်လိုက်ရသဖြင့် သူမသည် သူ့ကိုပင် သံသယမ၀င်ဘဲ မနေနိုင်တော့ပေ။
ဤလူသည် သခင်၏ဖိတ်ကြားမှုဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ မိုးကြိုး၀ိညာဥ်မြို့ တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ တာဝန်ခံ ရှီဂျီသည်လည်း န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူတဦးဖြစ်သော်လည်း သူ၏အစွမ်းမှာ သူမရှေ့တွင်ရှိနေသည့် ထိုလူကဲ့သို့ ကြောက်မက်ဖွယ် မရှိပေ။ ရှီဂျီသည် သူ၏သခင် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ထို့ကြောင့် ကျန်းရွန်ရှင်းသည် သူမအား ယခုတစ်ကြိမ် တိုက်ခိုက်ခဲ့သူမှာ အခြားသူ တစ်ဦးဖြစ်ပုံရသည်ဟု သံသယရှိခဲ့သည်။
"မင်းက ရှီဂျီရဲ့ လက်အောက်ခံ မဟုတ်ဘူးလား?" ကျန်းရွန်ရှင်းသည် အေးစက်သော အကြည့်ဖြင့် အစမ်းသဘော မေးလိုက်သည်။
အနက်ရောင်ဝတ် အမျိုးသားက အထင်သေးဟန်ဖြင့် ပြုံးပြီး "ရှီဂျီ မဟုတ်ပါဘူး၊ သူက ငါ့သခင်ရဲ့ လက်ပါးစေလေးတစ်ယောက်ပါပဲ" ဟု ပြောသည်။
ကျန်းရွန်ရှင်းသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
ရှီဂျီတောင်မှ သူ့သခင်ရဲ့လက်ပါးစေလား။
သူ၏သခင်သည် တိုင်ယွန်ကုန်သည်ကြီးများအသင်းမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဟု ဆိုလိုရာရောက်သည်မဟုတ်ပါလော။ သို့သော် တိုင်ယွန်ကုန်သည်ကြီးများအသင်းမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးသည် ဤသေးငယ်သော မိုးကြိုး၀ိညာဥ်မြို့သို့ အဘယ်ကြောင့် လာရောက်ကြသနည်း။ ပြီးတော့ သူမလို တပည့်သေးသေးလေးကို ကိုင်တွယ်ဖို့အတွက် မိုးကြိုး၀ိညာဥ်ဂိုဏ်းကို အဘယ့်ကြောင့် လာခဲ့ကြသနည်း။
"မင်း ဘာမှခန့်မှန်းနေစရာ မလိုဘူး။ ငါ့နောက်ကို လိုက်ခဲ့လိုက်ပါ။ မင်း ငါ့သခင်ကို မင်းတွေ့တာနဲ့ အရာအားလုံးကို နားလည်သွားမှာပဲ မဟုတ်လား" အနက်ရောင်ဝတ်လူသည် ရယ်မောကာ ကျန်းရွန်ရှင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူ၏လက်ထဲရှိ ဓားတိုလေးသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။
သူမ၏လက်ထဲတွင် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ကျန်းရွန်ရှင်း၏ အမူအရာက အေးစက်သွားသည်။ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်က သူမမျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။
ထိုအချိန်တုန်းက ၊ ချင်ယွင်သည် သူမအား ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည့် ကောင်းကင်ရေကျမ်းစာကို သင်ကြားပေးခဲ့ပြီး အခြားရွေးချယ်စရာရှိလျှင် ၎င်းကို အလွယ်တကူအသုံးမပြုရန် သတိပေးခဲ့သည်။ ထို့ကြောင့် သူမသည် ယခုအချိန်အထိ ၎င်းပညာရပ်ကိုအသုံးမပြုခဲ့ပေ။
ထိုအချိန်တွင် သူမသည် အရာအားလုံးကို လျစ်လျူရှုလိုက်ပြီး သူမရှေ့တွင်ရှိသည့် အနက်ရောင်ဝတ်လူကို အသေသတ်ပစ်ရန် ဤရေစွမ်းရည်ပညာရပ်ကို အသုံးပြုရန် ပြင်ဆင်နေခဲ့သည်။
ကျန်းရွန်ရှင်း၏ စိတ်ပျက်လက်ပျက် အနေ အထားကို မြင်လိုက်ရလျှင် အနက်ရောင်၀တ်လူသည် ကဲ့ရဲ့ လှောင်ပြောင်သော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ “မင်းလက်မြှောက်အရှုံးပေးသင့်တယ်၊ ဒါမှမဟုတ်ရင် ငါမင်းကို နာကျင်အောင်လုပ်ရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် သခင်က မင်းကို ဂရုမ စိုက်ဘူးဆိုပြီး ငါ့ကို အပြစ်တင်လိမ့်မယ်။"
ထိုစကားကို ပြောပြီးနောက် အနက်ရောင်ဝတ်လူ၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားကာ သူ့မျက်လုံးများတွင် ကောက်ကျစ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ကျန်းရွန်ရှင်းဆီသို့ ပြေး၀င်သွားသည်။
သေခြင်းသည်အထိ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားသော ကျန်းရွန်ရှင်း၏ မျက်နှာသည် ကောင်းကင်ရေကျမ်းစာကို အလျင်အမြန် လှည့်ပတ်လိုက်စဉ် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် အနက်ရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကိုဖြတ်၍ အနက်ရောင်ဝတ် လူသတ်သမားဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ သူ၏ပုံရိပ်သည် ဖျက်ခနဲ လင်းလက်သွားခဲ့သည် အနက်ရောင်အလင်းတန်းကို ရှောင်တိမ်းရန် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
အနက်ရောင် ဓားရှည်တစ်ချောင်းသည် အနက်ရောင်ဝတ် လူသတ်သမား၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ဖိရိုက်ထားသည်။
တစ်ချိန်တည်းမှာပင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"မင်း သူမကို ဘယ်လို နာကျင်အောင်လုပ်မလဲ ငါကြည့်ချင်တယ်"
သူ၏အသံက အကျယ်ကြီးမဟုတ်သော်လည်း ကြားရသူလူတိုင်း၏နားထဲမှာတော့ မိုးခြိမ်းသံအလားပင်။
အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူသည် ရုတ်တရက် ခေါင်းကို မော့ကာ ခြံစည်းရိုးတွင် ပေါ်လာသည့် အမည်မသိ လူငယ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသအရိပ် ယောင်များ ပေါ်လာသည်။
ကျန်းရွန်ရှင်းသည် တစ်ချိန်တည်းမှာပင်ခေါင်းကို မော့လိုက်သည်။ ထိုလူငယ်ကို မြင်သောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး သူမ၏ မျက်နှာတွင် တုနှိုင်းမရသည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ ကိုးဦး၏ ချုပ်နှောင်ခံထားရသော ရှောင်ဘိုင် သည် ထိုလူငယ်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။