အနက်ရောင်ဝတ် လုပ်ကြံ သတ်ဖြတ်သူများကို တိုက်ခိုက်ခြင်း
Vol. 11 Ch. 152
အခန်း (၁၅၂) အနက်ရောင်ဝတ် လုပ်ကြံ သတ်ဖြတ်သူများကို တိုက်ခိုက်ခြင်း။
"ရှီဂျီရဲ့သားအငယ်ဆုံးကိုသတ်ခဲ့တဲ့ ချင်ယွင်၊ ဟုတ်ပါသလား" အနက်ရောင်ဝတ် လူသတ်သမား၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဘာလဲ၊ မင်းငါ့ကိုသိလို့လား" အစိမ်းရောင် ၀တ်ဆင်ထားသော ချင်ယွင်က ပြုံးကာ ပြောလိုက်သည်။
""မင်းကို ငါမသိဘူးဆိုပေမယ့် မင်းကိုတွေ့ရင်သတ်ပစ်ဖို့ တစ်ယောက်ယောက်က တောင်းဆိုထားတယ်။ မင်းဟာ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်ရောက်သွားတဲ့ လင်းယွင်လို့ထင်ထားပြီး တိုက်ခိုက်ဖို့အခွင့်အရေး မရှိတော့ဘူးလို့ ငါတွေးထားပေမယ့် အခု ဒီအတိုင်း ဟုတ်ပုံမရဘူး။"
အနက်ရောင် လုပ်ကြံသတ်ဖြတ်သူသည် ချင်ယွန်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာသို့ ရောက်နေပြီဟု ပြောနိုင်သောကြောင့် ရယ်မောစရာ သရော်လှောင်ပြောင်မှုကို ဖော်ပြနေခဲ့သည်။
သူ၏ရှေ့မှာဆို ဤကဲ့သို့စွမ်းအားပိုင်ရှင် မည်သူ့ကိုမဆို ချက်ချင်း သတ်ပစ်နိုင်သည်။
ချင်ယွင်သည် ပေါ့ပေါ့ပါးပါး အသက်ရှူသွင်းလိုက်သည်။ ယခုအချိန်တွင် သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးမပြုထားသည့်အတွက် မူလရုပ်ရည် အတိုင်းပင် ရှိနေသေးသည်။
အနက်ရောင်ဝတ်အမျိုးသားသည် သူနှင့် လင်းယွင်ကို လူနှစ်ယောက်အဖြစ် ဆက်ဆံခြင်းက ပုံမှန်ပဲဖြစ်သည်။ သေချာသည်မှာ၊ ယင်းကလည်း ချင်ယွင် လိုချင်သည့် ရလာဒ်တစ်ခုလည်း ဖြစ်ပါသည်။
ဤနည်းအားဖြင့် သူ၏ကိုယ်ပွားရှိခြင်း၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ခံရနိုင်မည်
မဟုတ်တော့ပေ။
"ကျုပ်ကို သတ်မယ်၊ ဟုတ်လား၊ ခင်ဗျားက ခင်ဗျားစိတ်တိုင်းကျ လုပ်နိုင်မယ်ထင်လား" ချင်ယွင်သည် ခြံစည်းရိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်းရွန်ရှင်း၏ နံဘေးသို့ လျှောက်သွားသည်။ သူသည် သူမအား နှစ်သိမ့်သော အပြုံးတစ်ခုပေးပြီးနောက် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူကို အေးစက်သောအပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
"မျိုးမစစ်ကောင်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့လူတွေက သေရတတ်တယ်" အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူသည် ဒေါသတကြီးဖြစ်ကာ သူ၏လက်ထဲတွင် ရှိသော အနက်ရောင်ဓားတိုသည် အေးစက်သော အလင်းရောင်နှင့်အတူ တုန်ခါနေသည်။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြယ်နက်ဓားသည် မြေပြင်ပေါ်ကျနေရာမှ သူ၏လက်ထဲသို့ အမြန်ပျံသန်းလာသည် ။ ဓားကို ကိုင်ဆောင်ထားသော ချင်ယွင်၏ အရှိန်အဟုန်သည် ချက်ချင်းဆိုသလို မြင့်တက် လာခဲ့ပြီး သူသည် စကားတစ်ခွန်းမှ မပြောဘဲ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။
"မင်းက သေချင်နေတာဘဲ!" အနက်ရောင် လုပ်ကြံသတ်ဖြတ်သူသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင်ရှိသည့် အနက်ရောင်ဓားတိုသည် ချင်ယွင်၏ ဓားဖြင့်ထိပ်တိုက်ဆုံမိသွားသည်။
အနက်ရောဓားတိုနှင့် ကြယ်နက်ဓားတို့ ပွတ်တိုက်တွေ့ဆုံမူက နားထဲထိုးဖောက်လာ သည့်အသံကို ထွက်ပေါ်စေသည်။
ချင်ယွင် နှင့် အနက်ရောင်၀တ်စုံ၀တ် လုပ်ကြံသတ်ဖြတ်သူတို့သည် ဓားအချင်းချင်း ထိပ်တိုက်ဆုံမိသောအခါ နောက်သို့ တွန်းကန်ပြီး လွင့်ထွက်သွားကြသည်။ ထို့နောက် သူတို့နှစ်ယောက်သည် သူတို့၏ခြေထောက်နှစ်ဖက်ဆီသို့ စွမ်းအားအကုန်ပို့လွှတ်ကာ တချိန်တည်းမှာပင် နှစ်ယောက်သား ထိပ်တိုက်တိုက်ခိုက်ကြပြန်သည်။
ပြင်းထန်သော လှိုင်းလုံးများသည် သူတို့နှစ်ဦးကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဝိညာဉ်စွမ်းအင်၏ လှိုင်းဂယက်များပင် ဖြစ်ပေါ်လာသည်။
ချင်ယွင်၏လက်ထဲရှိ ကြယ်နက်ဓားသည် မရေမတွက်နိုင်သော ပုံရိပ်ယောင် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထူးဆန်းပြီး စဉ်းလဲကောက်ကျစ်သော ထောင့်ပေါင်းစုံမှ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူဆီသို့ ဦးတည်သွားသညါ။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ဓားတိုကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားပြီး အလွယ်တကူ ရင်ဆိုင်ဖြေရှင်းသည်။ ချင်ယွင်၏ ဓားချက်တိုင်းကို သူ၏ဓားတိုဖြင့် ပိတ်ဆို့တားဆီးထားသည်။
"ကြည့်ရတာ သူ့ရဲ့စွမ်းအားက ဒီလောက်ပဲထင်တယ်။ ဒါဆိုရင်တော့ ပြီးသွားပါပြီ။" အနက်ရောင်၀တ်စုံ၀တ် လုပ်ကြံသတ်ဖြတ်သူသည် ချင်ယွင်၏ ကြယ်နက်ဓားဖြင့် တိုက်ခိုက်မူကို ညာဘက်လက်ရှိ သူ၏ဓားတိုဖြင့် တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပဲ, တူညီသော အနက်ရောင်ဓားတိုတစ်လက်က သူ၏ဘယ်လက် ထဲမှာပေါ်လာခဲ့ပြီး ချင်ယွင်၏လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်ထွက်သွားရသည်။
သို့သော်လည်း အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ ဓားတိုထိပ်ဖျားသည် သူ၏ လည်ပင်းတွင် ခပ်တိမ်တိမ်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့ပြီး သွေးအနည်းငယ် စီးကျလာသည်။
ချင်ယွင်၏ မျက်လုံးများတွင် ဒေါသလှိုင်းလုံးများ တဟုန်ထိုးမြင့်တက်လာခဲ့သည်။ အစောပိုင်းလေးက အနက်ရောင်၀တ် လုပ်ကြံသတ် ဖြတ်သူ၏ တိုက်ခိုက်မှုသည် ထူးဆန်းပြီး လျင်မြန်လွန်းသည်။ အကယ်၍ သူသာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါလျှင် ခေါင်းဖြတ်ခံရလိမ့်မည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် သူ့လျှာကို ထုတ်ကာ သူ၏ဓားဖျားမှာ စွန်းထင်းနေသော သွေးများကို သပ်လိုက်သည်။ သူ၏အမူအရာက ရက်စက် ကြမ်းကြုတ်သည်။
“သွေးကောင်းလေးပဲ ၊ ဒီသွေးမှာ တကယ်ကို အစွမ်းထက်တဲ့ အသက်စွမ်းအား ပါ၀င်နေတယ်။ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် အလိုလောဘ လောင်ကျွမ်းနေသော အကြည့်ဖြင့် ပြောလိုက်သည်။ ချင်ယွင်ကို ကြည့်သော သူ၏ အကြည့်သည် ၎င်း၏ သားကောင်ကို ရှာဖွေတွေ့ရှိခဲ့သည့် ကျားသစ် တစ်ကောင်နှင့်တူသည်။ အလိုလောဘကြီးပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
ချင်ယွင်၏အမူအရာသည် ရေခဲတမျှအေးစက်နေပြီးဖြစ်ကာ သူ၏လက်ထဲတွင်ရှိသော ကြယ်နက်ဓားသည် အလင်းရောင်ဖျော့ဖျော့နှင့် တောက်လောင်နေသည်။
ချက်ခြင်းပင်၊ ချင်ယွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်ထားသည့် လုပ်ကြံသတ်ဖြတ်သူဆီသို့ ပြေးသွားပြန်သည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် သူ၏ ဓားတိုများကို လက်နှစ်ဘက်လုံးတွင် လှည့်ပတ်နေစဉ် သွေးဆာရက်စက်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။ ထို့နောက် ချင်ယွင် ၏တိုက်ခိုက်မှုကို ဆီးကြိုရန် အပြေးအလွှား ထွက်သွားတော့မည်။
သို့သော် ဤအခိုက်အတန့်တွင် အစိမ်းရောင်နွယ်ပင်တစ်ပင်သည် မြေပြင်ကို လျင်မြန်စွာ ထိုးဖောက်လာကာ ထိုလူ၏ခြေကျင်းဝတ်ကို ရစ်ပတ်ထားသည်။ ထို့နောက် နွယ်ပင်အချို့သည်လည်း လျင်မြန်စွာ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူကို တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားလိုက်သည်။
အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူသည် သိသာထင်ရှားစွာ ထိတ်လန့်သွားသော်လည်း ယခုအချိန်တွင် ချင်ယွင်သည် သူ့ကို ရစ်ပတ်ထားပြီး ဖြစ်ကာ မလှုပ်ရှားနိုင်တော့ပေ။
"ငါ့ဓားကို မြည်းလိုက်စမ်း!"
ချင်ယွင်၏ဓားအလင်းသည် ထူထပ်သိပ်သည်နေပြီး ငရဲဘုံကိုးထပ်မှာ လင်းလက်နေသော သေမင်း၏အလင်းရောင်ကဲ့သို့ အနက်ရောင်ဝတ် လုပ်ကြံ သတ်ဖြတ်သူ၏လည်ပင်းဆီသို့ တိုက်ရိုက်ဖြတ်သန်းသွားသည်။
ဤအရာအားလုံးသည် တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။ အနက်ရောင် မီးတောက်အလွှာသည် သူ၏ဦးခေါင်းမှ ခြေဖျားအထိ ပျံ့နှံ့သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အနှံ့ ပတ်ရစ်နေသောနွယ်ပင်များ မီးလျှံနှင့်အတူ လျင်မြန်စွာ လောင်ကျွမ်းလိုက်သည်။ ထို့နောက် သူသည် ချင်ယွင်ကို သူ၏လက်ထဲရှိ ဓားတိုဖြင့် တိုက်ခိုက်သည်။
သို့သော်လည်း အခြားသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ၏ ဓားတိုသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အမှန်တကယ် ထိုးဖောက်သွားသော်လည်း သူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသော ဓားအရိပ်ယောင်ကိုမျှ မတွေ့ခဲ့ရပေ။
"မကောင်းတော့ဘူး၊ အဲဒါက ပုံရိပ်ယောင်တစ်
ခုပဲ။"
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ရုတ်တရက် ထိတ်လန့်သွားသည်။
"အား!"
ထိုအချိန်တွင် အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူ၏ နောက်ကွယ်မှ ဝမ်းနည်းဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ဓားမှ ကြယ်များသည် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ ကိုးဦးထဲမှ တစ်ဦး၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။
ထိုလုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးသူငယ်အိမ်များသည် ချက်ချင်းပင် ပြူးကျယ်လာပြီး သူ၏ဦးခေါင်းသည် တစ်ဖက်သို့ လိမ့်ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တစ်ချိန်လုံး ရုန်းကန်နေရသော ရှောင်ဘိုင်သည်လည်း ပျက်စီးသွားသော ၀င်္ကပါ၏ အက်ကွဲကြောင်းကို ဖမ်းဆုပ်လိုက်သည် ။ ဧရာမ စပါးအုံးမြွေအမြီးကြီးသည် အနက်ရောင်ဝတ် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်ပြီး ချက်ချင်းပင် လွင့်ပျံသွားခဲ့သည်။
ထိုအနက်ရောင်ဝတ် အမျိုးသား၏ အရိုးများ ချက်ချင်း ကျိုးသွားကာ သူ၏ အတွင်းအင်္ဂါများ ကွဲအက်သွားသည်။ အကယ်၍ ထိုလူသည် ယခုမသေလျှင်ပင် ဘယ်တော့မှသေနိုင်တော့မည်မဟုတ်ပေ။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်လုံးများတွင်ဘဒေါသမီးလျှံများ တောက်လောင်လာသည်။
ဤမကောင်းဆိုးဝါး ချင်ယွင်သည် အမှန်တကယ်ပင် သူကို လှည့်စားသွားခဲ့သည်။
သူသည် ဒေါသထွက်ပြီး သူ၏ခန္ဓာကိုယ်သည် အနက်ရောင်မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြန်သည်။ သူ၏တစ်ကိုယ်လုံးသည် အနက်ရောင် မီးလုံးတစ်ခုကဲ့သို့ လျင်မြန်စွာ ဖြတ်ကျော်သွားပြီး ချင်ယွမ်ဆီသို့ ပြေးသွားသည် ။
"ငရဲကိုသွားလိုက်!" အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ၏ ဓားတိုသည် အနက်ရောင်မီးတောက်များဖြင့် ပျံ့နှံ့သွားခဲ့ပြီး ကြောက် မက်ဖွယ်ကောင်းသော လောင်ကျွမ်းသည့် အငွေ့အသက်သည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
သူ၏လက်ထဲရှိဓားသည် တ၏၀ှီး၀ှီးမြည်ဟီးလာခဲ့သော်လည်း ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားခြင်းမရှိပေ။ ဓားဆန္ဒသည် ချက်ချင်း အသက်ဝင်လာခဲ့ပြီး အဆုံးမဲ့ဓားဆန္ဒသည် ကောင်းကင်ယံကို ပျံတက်သွားခဲ့သည်။
တခဏချင်းအတွင်းမှာပင် အနက်ရောင်တိမ်မည်းများသည် ကောင်းကင်ယံမှာ လေပြင်းနှင့်အတူ တရိပ်ရိပ်လွင့်ထွက်သွားပြီး ကြီးမားသည့် ဝဲဂယက်များ ဖြစ်ပေါ်လာသည်။
ချင်ယွင်၏ဓားသည် ခုတ်ပိုင်းလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွား ပုံရသည်။ အဆုံးမရှိသောဓားချီသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် များနှင့် ရောယှက်ကာ အနက်ရောင်ဝတ်ထားသော လုပ်ကြံသတ်ဖြတ်သူဆီသို့ ခုတ်ပိုင်းသွားခဲ့သည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ အမူအရာသည် ပြောင်းသွားသည်။ သူ၏
လက်ထဲရှိ ဓားတိုလေးများဖြင့် တိုက်ရိုက် ဟက်တက်ခွဲလိုက်သည်။ အနက်ရောင်
မီးတောက်များသည် ချက်ခြင်းပင် တဟုန်ထိုးလှိမ့်တက်လာခဲ့ပြီး ကောင်းကင်ယံမှ ကျယ်လောင်သောအသံကို ထုတ်လွှတ်သော ပုံမှန်မဟုတ်သော ပြင်းထန်သည့် မီးတောက်သားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ဓားနှင့် ထိပ်တိုက်ဆုံမိ သွားသည်။
ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့်အတူ တိမ်တိုက်လျှပ်စီးတောင်ထိပ်ရှိ တပည့်များအားလုံး ထိတ်လန့်သွားကြသည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာက ပိုလို့တောင် ပြာနှမ်းသွားသည်။ သူသည် ချင်ယွမ်ကို သတ်ဖြတ်လိုသော ဆန္ဒဖြင့် စိုက်ကြည့်ပြီးနောက် "သွားစို့!" ဟု တိုးတိုးလေး အော်လိုက်သည်။
ထိုသို့ပြောပြီးနောက် ခြံဝင်းထဲမှ အမြန်ပြေးသွားခဲ့သော်လည်း ချင်ယွင်သည် သူ့ကို မတားခဲ့ပေ။
ခေါင်းဆောင် ထွက်ပြေးသွားသည်ကိုမြင်လျှင် လက်အောက်ငယ်သားများသည် အလျင်စလို နောက်ကလိုက်ကြသွားသည်။
မမျှော်လင့်ဘဲ၊ ချင်ယွင်၏အေးစက်စက်အသံက ထွက်ပေါ်လာသည် "ငါ သူထွက်သွား တာကို ငါမတားနိုင်ပေမယ့် မင်းတို့ကတော့ ဒီမှာနေခဲ့နိုင်တယ်!"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နောက်မှာကျန်ရစ်ခဲ့သည့် အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူများကို ဖြတ်ကျော် သွားခဲ့သည်။ သူ၏လက်ထဲရှိ ကြယ်နက်ဓားသည် သေမင်းတမန်၏ ကောက်ရိတ်ဓား အဖြစ် ပြောင်းလဲသွားခဲ့သည်။
အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ် သူများမတုံ့ပြန်နိုင်ခင်မှာပင် ချင်ယွင်၏လက်ထဲမှ ဓားဖြင့် ဦးခေါင်းများ ပြတ်တောက် သွားကြသည်။
အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ ဒေါသသံသည် ကောင်းကင်ယံ၌ ပျံ့လွင့်လာကာ "ချင်ယွင်၊ ဒီနေ့ရန်ငြိုးကို အနာဂတ်မှာ ပြန်လည်ပေးဆပ်ရမယ်"
သူ၏အသံက ချင်ယွင်၏ နားထဲမှာ မိုးခြိမ်းသံလို ပေါက်ကွဲသွားခဲ့သော်လည်း ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သည့် အပြုံးတစ်ခုကဲ့သို့ တွန့်ကွေး သွားလေသည်။
နောက်နေ့လား? ဘယ်သူက ဘယ်သူ့ကို သတ်မယ်ဆိုတာ မသေချာသေးပါဘူး။
ဤနေရာသည် မိုးကြိုး၀ိညာဥ်ဂိုဏ်းဆိုသည့်အချက်ကြောင့်သာ ချင်ယွင်သည် မယုံကြည်မူ အချို့ ရှိနေသေးတာပါ။ ထိုသို့မဟုတ်ပါက၊ အကယ်၍ သူသည် အသက်သစ်ပင်အဖြစ်သို့ တိုက်ရိုက်အသွင်ပြောင်းပြီးခဲ့လျှင် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် လွတ်မြောက်ရန် လမ်းစရှိမည်မဟုတ်ပေ။ သူသည် ၎င်းအနက်ရောင်၀တ်လုပ်ကြံသတ်ဖြတ်သူကို သူ၏အာဟာရအဖြစ်သို့ ပြောင်းလဲ ပေးနိုင်ရန်သာ ဖြစ်နိုင်ပေမည်။
အရာအားလုံး ပြေလည်သွားသည်ကို မြင်လိုက်ရသဖြင့် ဘေးမှ ထိတ်လန့်တကြား ကြည့်နေသော ကျန်းရွန်ရှင်းသည် ချင်ယွင်ဘက်သို့ အလျင်အမြန်ပြေးလာပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
ချင်ယွင်သည် ဤကောင်မလေး၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးရင်း ပြောလိုက်သည် " စိတ်မပူပါနဲ့ အဆင်ပြေသွားပါပြီ။ အရာအားလုံးအတွက် ငါ ဒီမှာ ရှိနေတယ်"။
ကျန်းရွန်ရှင်းသည် ကလေးတစ်ယောက်လို နာခံမှုရှိကာ ချင်ယွင်၏ ရင်ခွင်ကို မှီလိုက်သည်။