မိုးကြိုးဝိညာဉ် မျိုးနွယ်စု၏ ခန္ဓာကိုယ်
Vol. 11 Ch. 153
အခန်း (၁၅၃) မိုးကြိုးဝိညာဉ် မျိုးနွယ်စု၏ ခန္ဓာကိုယ်
အနက်ရောင်လျှပ်စီးပင်လယ်နက်အပြင်ဘက်တွင် ချင်ရွှန်းရွှန်းသည် ဘေးတွင် လဲလျောင်းနေသော ချင်ယွင်အား ကြည့်လိုက်သည်၊ သူမ၏ ရေခဲလိုအေးစက်ပြီး လှုပ်ရှားနေသည့်၊ မျက်နှာသည် အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေသည်။
ချင်ယွင်သည် နံရိုးများကျိုးသွားကာ သူ၏ နှလုံးထဲသို့ပင် ထိုးဖောက်သွားခဲ့သည်။ သူ၏ အတွင်းအင်္ဂါအစိတ်ပိုင်းများအားလုံး ကွဲကြေသွားသည်။ အကယ်၍ ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုး ဖြစ်ခဲ့လျှင် သူသည် လွန်ခဲ့သော ကာလအတန်ကြာကပင် သေဆုံးသွားရပေလိမ့်မည်။ သို့သော် သူမရှေ့ကလူသည် မသေရုံသာမက သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပျောက်ကင်းသွားခဲ့သည်။
နံရိုးဖြင့်ထိုးဖောက်ခံထားရသော နှလုံးသည်ပင် ဘာမှမဖြစ်သကဲ့သို့ လုံးဝပျောက်ကင်း သွားခဲ့သည်။
ဤအရာကို ရိုးရိုးရှင်းရှင်း တွေးကြည့်လို့မရပေ။ သူမကိုယ်တိုင်သာ မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ဘူးဆိုလျှင် ချင်ရွှန်းရွှန်းသည် ယုံကြည်မှာမဟုတ်ပေ။
“သူက အတိအကျ ဘယ်သူလဲ၊ သူ့မှာ ဒီလို ပြင်းထန်တဲ့ ကုသနိုင်စွမ်း ဘယ်လိုလုပ် ရှိနိုင်ရတာလဲ၊ သူ့ခန္ဓာ ကိုယ်ထဲမှာ အစွမ်းထက်တဲ့ အသက်စွမ်းအင်တွေက တဟုန်ထိုး ခုန်ထွက်နေပုံပေါ်တယ်။ သူ အသက်တစ်ချက်ရှူလိုက်တိုင်း သူဟာ သေခြင်းတရားမှ ပြန်လည်ထမြောက်နိုင်ပေလိမ့်မည်။ ."
ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ နံဘေးမှာ ထိုင်ပြီး သူ၏ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူမမျက်နှာမှာ အံ့သြတကြီးဖြင့် ပဟေဠိဆန်သော အမူအရာများ ပေါ်လာနေသည်။
ထို့နောက် ချင်ရွှန်းရွှန်းသည် လျှပ်စီးများ၏ အလယ်ဗဟိုကို လှည့်ကြည့် လိုက်သည်။ ထိုနေရာတွင် ရပ်နေသော ပုံရိပ်တစ်ခုသည် သူမ ဦးတည်ရာကို စိုက်ကြည့်နေသည်။
ဤသတ္တဝါသည် အလွန်အစွမ်းထက်သည်ဟု သူမခံစားနိုင်ပြီး သိုင်းမြို့စား အဆင့်တစ်ဦး၏ ခွန်အားကိုပင် မပိုင်ဆိုင်နိုင်သေးပေ။ သူမနှင့် ချင်ယွင်တို့သည် ဤသတ္တဝါအတွက်ပြိုင်ဘက် မဟုတ်ပေး။ ကံကောင်းထောက်မစွာ၊ ဤသတ္တဝါသည် ဤအနက်ရောင်လျှပ်စီးပင်လယ်၏အပြင်သို့ ထွက်ခွာနိုင်ပုံမပေါ်ပေ။
ချင်ရွှန်းရွှန်းသည် ဤလျှပ်စီးပင်လယ်ပြင်မှ ချင်ယွင်နှင့်အတူ လွတ်မြောက်လာသော အခါ ဤသတ္တဝါသည် သူမတို့နောက်မှ လျှပ်စီးပင်လယ်၏ အစွန်းဘက်သို့ လိုက်လာပြီး ပြန်ဆုတ်သွားခဲ့သည်။ ထင်ရှားသည်မှာ၊ သူသည် ဤလျှပ်စီးပင်လယ် ပြင်၏ အပြင်ဘက်သို့ မထွက်ခွာနိုင်ခဲ့သည်မှာ ထင်ရှားသည်။
ယင်းကြောင့် ချင်ရွှန်းရွှန်း နှင့် ချင်ယွင်တို့သည် သူတို့၏ အသက်ကို ကယ်တင် နိုင်ခဲ့ခြင်း အတိအကျပင် ဖြစ်သည်။
ချင်ရွှန်းရွှန်းသည် အနက်ရောင်လျှပ်စီပင်လယ်ထဲတွင် ပျံ့လွင့်နေသော လူသားဆန်သည့် ထိုသတ္တဝါကို ကြည့်လိုက်သည်။ သူ၏အသွင်အပြင်ကို ရှင်းရှင်း လင်းလင်းမမြင်ရကြောင်း သူမတွေ့ရှိခဲ့ရသည်။
ချင်ရွှန်းရွှန်း၏ခန္ဓာကိုယ်သည် အနက်ရောင်လျှပ်စီးအလွှာများဖြင့် ဖုံးလွှမ်းနေပြီး မှင်ကဲ့သို့ မည်းနက်နေသည်။ ချင်ရွှန်းရွှန်း၏ စွမ်းအားဖြင့် သူမသည် အနက်ရောင် လျှပ်စီးများကို ထိုးဖောက်၍ မမြင်နိုင်ပေ။
သို့သော်၊ ချင်ရွှန်းရွှန်းသည် သူမရှေ့ရှိ ထိုသတ္တဝါသည် ဉာဏ်ရည်မြင့်မားပုံ မပေါ်ကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။ သူသည် အရူးတစ်ကောင်လို အဆက်မပြတ် အော်ဟစ်နေမှန်း သူမ သိသည်။
"ဒါက ဘယ်လိုသတ္တဝါမျိုးလဲ။ ဒီလျှပ်စီးပင်လယ်ထဲမှာ ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ရတာလဲ" ချင်ရွှန်းရွှန်းသည် သူမကိုယ်သူမ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
"သူက သတ္တဝါတစ်ကောင်တော့ မဟုတ်ဘူး။ သူလည်း လူသားဖြစ်သင့်တယ်။ ဒါပေမယ့် သူသေပြီးတဲ့ နောက်မှာတော့ မိုးကြိုးစိတ်ဝိညာဉ်ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရတယ်။"
ချင်ရွှန်းရွှန်းသည် ပဟေဠိဖြစ်နေစဉ်မှာပင် သူမ၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ရွှန်းရွှန်းသည် ရုတ်တရက် ခေါင်းကို လှည့်လိုက်ရာ သတိလစ်သွားသော ချင်ယွင်သည် မသိသည့်အချိန်တွင် နိုးထလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမကို ကြည့်နေသည်။
"နင့် ခေါင်းကို ဟိုဘက်ပြန်လှည့်စမ်း။" ချင်ရွှန်းရွှန်းသည် ရုတ်တရက် အေးစက်စွာ အော်လိုက်သည်။
သူမနှင့် ချင်ယွင်တို့၏ သိုလှောင်အိတ်နှစ်ခုစလုံးသည် ဤလျှပ်စီးပင်လယ်ကြောင့် ပျက်စီးသွားခဲ့ရပြီး သူတို့တွင် အပိုအဝတ်အစား လုံးဝမရှိခဲ့ချေ။
မူလက ချင်ယွင် သတိလစ်သွားသောအခါ သူမဂရုမစိုက်နိုင်သော်လည်း ယခု ချင်ယွင် နိုးလာသောအခါတွင် အမျိုးသမီးတစ်ဦး၏ သီးသန့်ပြုမူပုံအမူအကျင့်သည် သူမ၏နှလုံးသားထဲသို့ ချက်ခြင်းဝင်လာခဲ့သည်။
ချင်ယွင်သည်လည်း ကူကယ်ရာမဲ့ဖြစ်နေပြီး သူ့ကိုယ်သူပင် ရှက်ရွံ့စေသည်။
"ဒီအတိုင်း ရှေ့ဆက်မဖြစ်နိုင်ဘူး။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးသားသား
ဆက်ဆံလို့မရဘူး။" ချင်ယွင်သည် သူ၏ နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။
"ငါတို့ဘာလုပ်ရမလဲ၊ ငါတို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် လွန်ဆွဲနေသလို ခံစားရသည်။
"ဟုတ်ပြီ!" ရုတ်တရက် ချင်ယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး ချက်ချင်း အဖြေတစ်ခု ထွက်လာခဲ့သည်။
သူ၏မူလခန္ဓာကိုယ်သည် သူ့ကိုယ်ပွား၏ စွမ်းအားများကို စုစည်းနိုင်သောကြောင့်၊ သစ်သားဖြင့်ပြုလုပ်ထားသော နွယ်ပင်များမှ အဝတ်အထည်တစ်ခုပြုလုပ်ရန်အတွက် သူ၏သစ်သားစွမ်းရည်ကိုယ်ပွား၏စွမ်းအားများကို အသုံးပြုနိုင်သည်။
သေချာသည်မှာ၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် နွယ်ပင်များဖြင့် အဝတ် တစ်ထည်ဖန်တီးရန်အတွက် သူ၏သစ်သားစွမ်းရည်ကိုယ်ပွား၏ စွမ်းအားများကို တိုက်ရိုက် အသုံးပြုခဲ့သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
နွယ်ပင်များနှင့်ရက်လုပ်ထားသည့်အဝတ် အစားများသည် နည်းနည်းကြည့်ရဆိုးသော် လည်း တစ်ယောက်နဲ့တစ်ယောက် ရှက်ရွှံ့စရာမလိုတော့ဘဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်သည်။
ထို့နောက် ချင်ယွင်သည် ချင်ရွှန်းရွှန်းအတွက် မြက်စကတ်တစ်ခုပြုလုပ်ရန်ကတွက် နွယ်ပင်များကိုအသုံးပြုလိုက်ပြီး သူမထံသို့ ပစ်ပေး လိုက်သည်။
ချင်ရွှန်းရွှန်းသည် အနည်းငယ် မျက်မှောင် ကြုတ်သွားသော်လည်း သူမသည် မြက်စကတ်ကို အမြန်ဝတ်လိုက်သည်။
ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိနေတာက ပိုကောင်းသည်လေ။
ချင်ရွှန်းရွှန်းသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင်ဟု ဆိုရပေမည်။ သူမသည် မည်သည့်အဝတ် အစားမျိုးဝတ်ထားပါစေ သူမ၏ ပြီးပြည့်စုံလုနီးပါး ခန္ဓာကိုယ်က အဆုံးမရှိ သွေးဆောင်မှုတစ်ခုဖြစ်နေဆဲပင်။
ထို့အပြင် မြက်စကတ်သည် အနည်းငယ် ထင်ရှား ပေါ်လွင်နေပြီဖြစ်သည်။ ယခု ၎င်းကို ချင်ရွှန်းရွှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသောကြောင့် သူမ၏ သွယ်လျ ဝန်း၀ိုင်းသော ပေါင်တံနှင့် နူးညံ့သိမ်မွေ့သော ခါး၏ လွန်ကဲသော အလှအပကို တိုက်ရိုက်လှစ်ဟဖော်ပြနေသည်။
ချင်ယွင်သည် တံတွေးမထွေးနိုင်ဘဲ ပါးစပ်အပြည့် တိုက်ရိုက်မျိုချလိုက်ရပြီး "အဝတ်စားမဝတ်တာထက် အဝတ်အစားဝတ်တာက ဘာလို့ ပိုဆွဲဆောင်မှု ရှိနေရတာလဲ၊ ဒါက ပြစ်မှုကျူးလွန်ဖို့ သွေးဆောင်နေတာမဟုတ်ဘူးလား။"
ထို့နောက် ချင်ယွင်သည် မထိန်းနိုင်တော့ဘဲ သူမကို နှစ်ခါပြန်ပင်ကြည့်လိုက်မိပြီး ပိုကြည့်လေလေ ပိုစိတ်လှုပ်ရှားလေလေဖြစ်ရသည်။
ချင်ရွှန်းရွှန်းသည် ချင်ယွင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း "မကြည့်စမ်းနဲ့၊ မဟုတ်ရင် မင်းကိုသတ်ပစ်မယ်" ဟု ဒေါသတကြီးအော်ရင်း သူမ၏ အမူအရာက အေးစက်သွားသည်။
ချင်ယွင်သည် ချက်ချင်းပင် သူ၏အကြည့်ကို ပြန်ရုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မကြည့်ဝံ့တော့ပေ။
ချင်ယွင်က နာခံမူရှိစွာ ပြန်လှည့်သွားသည်ကို မြင်လျင် ချင်ရွှန်းရွှန်း၏ အမူအရာသည် တော်တော်လေး စိတ်သက်သာသွားသည်။
သူမကိုယ်ပေါ်ရှိ မြက်စကတ်ကို ကြည့်လိုက်တော့ စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု သူမမျက်လုံးထဲတွင် ပေါ်လာသည်။
အဆုံးတွင် ချင်ရွှန်းရွှန်းသည် ထိုကဲ့သို့သော ထင်ရှားပေါ်လွင်သည့် မြက်ဝတ်စုံကို ၀တ်ဆင်ခဲ့သည်။ သူမသည် ဆန့်ကျင်ဘက်လိင်နှင့် တကြိမ်တခါမှ မဆက်ဆံဖူးတဲ့ အတွက် ယင်းက သတ်ဖြတ်ခြင်းထက်ပင် ပိုဆိုးလေသည်။
တစ်နေ့တွင် ယောက်ျားတစ်ဦးသည် သူမ၏ ခန္ဓာကိုယ်အားလုံးကို မြင်ခဲ့ဖူးလျှင် ထိုယောက်ျားကို သတ်ပစ်မည် သို့မဟုတ် ထိုယောက်ျား၏မိန်းမ ဖြစ်မည်ဟုပင် သူမသည် တစ်ချိန်တုန်းက ကျိန်ဆိုခဲ့ဖူးသည်။
မူလက ချင်ရွှန်းရွှန်းသည် ချင်ယွင်ကို သတ်ပစ်ချင်သော်လည်း ချင်ယွင်သည် သူမကို အဖန်ဖန် ကယ်တင်ခဲ့ပြီးနောက် သူမလည်းဘာမှမတတ်နိုင်ခဲ့တော့ပေ။
သူမချင်ရွှန်းရွှန်းသည် ကျေးဇူးကန်းသူ တစ်ယောက်မဟုတ်ပေ။
သို့သော် ချင်ရွှန်းရွှန်းသည် သူ၏မိန်းမဖြစ်ရန်အတွက်တော့ လက်မခံနိုင်ပေ။
သူမနှင့်သူမ၏ရှေ့တွင်ရှိသည့် ဤလူသည် တစ်ဦးနှင့်တစ်ဦးသိကြသည်မှာ, နာရီအနည်းငယ်သာရှိသေးပြီး၊ သူမသည် သူ၏အမည်ကိုပင်မသိသေးပေ။ ထို့ကြောင့် သူမသည် သူ့အပေါ် မည်ကဲ့သို့ ခံစားလို့ရနိုင်မည်နည်း။
သူမချင်ရွှန်းရွှန်းက သူမလုံး၀ခံစားလို့မရသည့် ယောက်ျားတစ်ယောက်နှင့် လက်ထပ်ရမှာလား။
ချင်ရွှန်းရွှန်းသည် ဤကိစ္စကြောင့် သူမ၏စိတ်ထဲတွင် ဤမျှလောက် သဘောထား ကွဲလွဲမှုဖြစ်နေရသည်ကို ချင်ယွင်က မည်ကဲ့သို့သိနိုင်မည်နည်း။ ဤအခိုက်အတန့်တွင်၊ သူ၏အကြည့်များအားလုံးသည် အနက်ရောင်လျှပ်စီးဧရိယာရှိ လူသားဆန်သော သတ္တဝါကို အာရုံစိုက်နေခဲ့သည်။
"လျှပ်စီးစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလား။ ဒီလျှပ်စီးပင်လယ်က တကယ်ကို ထူးဆန်းတယ်။ လျှပ်စီးစိတ်ဝိညာဉ်ကို တကယ်ကြီးကို မွေးထုတ်ပေးနိုင်ခဲ့ တယ်။"
ချင်ယွင်သည် အံ့သြသွားသည်။
လျှပ်စီးစိတ်ဝိညာဉ်သည် မိုးကြိုးနှင့်လျှပ်စီးကြောင်းတို့မှ ပေါက်ဖွားလာသော အထူးဉာဏ်ရည်ဉာဏ်သွေးရှိသည့် သတ္တဝါတမျိုးဖြစ် သည်။ ဤသတ္တဝါသည် အလွန်ထူးခြားသည်။ သာမာန်အားဖြင့်၊ ၎င်းသည် အသက်ရှင်နေထိုင်ရန်အတွက် အခြားခန္ဓာကိုယ်များနှင့်အတူ ချည်တွဲထားရန် လိုအပ်သည်။ သေချာသည်မှာ၊ သူ၏ရှေ့ရှိ ဤလူသားဆန်သော သတ္တဝါသည် လျှပ်စီးစိတ်ဝိညာဉ်၏ သိမ်းပိုက်ခံရ ထားသော ခန္ဓာကိုယ်ဖြစ်သည်။
လျှပ်စီးစိတ်ဝိညာဉ်တစ်ခု မွေးခြင်းသည် ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ လျှပ်စီးစိတ်၀ိညာဥ်တစ်ခု ဦးစွာဖွဲ့စည်းရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး အမှန်တကယ် ပြီးပြည့်စုံပြီးသည့် ဉာဏ်ရည်ထက်မြက်သော လျှပ်စီး၀ိညာဥ်တစ်ခု ဖြစ်လာရန် နှစ်သန်းပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။
သူစရှေ့ရှိ ဒီလျှပ်စီးစိတ်ဝိဥာဉ်သည် နှစ်ပေါင်း နှစ်သိန်း မဟုတ်ရင်တောင်မှ နှစ်ပေါင်းတစ်သိန်း ရှိလိမ့်မည်ဟု ချင်ယွင်က ဆုံးဖြတ်လိုက်သည်။
သိမ်းပိုက်ခံထားရသော ခန္ဓာကိုယ်အတွက်၊ သူခန့်မှန်းတာမမှားပါက၊ ၎င်းသည် သူရှာဖွေနေသည့် မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ ခန္ဓာကိုယ်ဖြစ်နိုင်သည်။
သို့သော်၊ မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ ခန္ဓာကိုယ်အား လျှပ်စီးစိတ်ဝိညာဉ်က သိမ်းပိုက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ဤခန္ဓာကိုယ်ပိုင်ရှင်သည် အလွန် အစွမ်းထက်သောသူဖြစ်ရမည်။ မဟုတ်ရင် နှစ်ပေါင်းတစ်သိန်းကြာပြီးနောက် မည်ကဲ့သို့ မပြိုကွဲမပျက်စီးဘဲနေနိုင်မည်နည်း။
အစောပိုင်းလေးက လျှပ်စီးစိတ်ဝိညာဉ်သည် သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်မှာ ထင်ရှားပါသည်။ ဤကောင်၏ ခန္ဓာကိုယ်သည် အလွန်ကြောက်စရာ ကောင်းလိမ့်မည်။