← Chapters

လျှပ်စီးပင်လယ်သို့ ပြန်လည် ဝင်ရောက်ခြင်း

Vol. 11 Ch. 154

လျှပ်စီးပင်လယ်သို့ ပြန်လည် ဝင်ရောက်ခြင်း

Vol. 11 Ch. 154

အခန်း (၁၅၄) လျှပ်စီးပင်လယ်သို့ ပြန်လည် ဝင်ရောက်ခြင်း

မိုးကြိုးဝိညာဉ်မျိုးနွယ်စု၏ ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခြင်းသည် ချင်ယွင်အတွက် ကြီးမားသောအကျိုးအမြတ်တစ်ခုဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် ခေါင်းကိုက်နေလေသည်။ သူသည် မိုးကြိုး၀ိညာဥ် မျိုးနွယ်စု၏ခန္ဓာကိုယ်ရှိ လျှပ်စီးစိတ်ဝိညာဉ်ကို မည်သို့ဖျက်ဆီးနိုင်မည် နည်း။

သူ၏လက်ရှိအခြေအနေအရ ဤလျှပ်စီးစိတ်ဝိညာဉ်သည် မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီး အလွန်အစွမ်းထက်နေသည်။ ချင်ယွင်သည် သူနှင့် တိုက်ခိုက်ရာ၌ ချက်ချင်းပင် အသတ်ခံရနိုင်သည်။

အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို အားကိုးရမှာလား။

သို့သော် ချင်ယွင်သည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို မည်ကဲ့သို့ အသက်သွင်းရမည်ကို မသိခဲ့ပေ။ လျှပ်စီးပင်လယ်ထဲဝင်ပြီး အစိမ်းရောင်ကြာပန်းစည်း တံဆိပ်က မတိုက်ခိုက်လျှင် သူသေသွားမှာ မဟုတ်ဘူးလား။

"ကောင်လေး၊ ဝင်သွားလိုက်ပါ။ မင်းရဲ့ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်က အလုပ်မလုပ်ရင် ဒီလျှပ်စီးစိတ်ဝိဥာဉ်ကို ဖျက်ဆီးဖို့ ငါကူညီပေးမယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ရုန်းကန်နေချိန်မှာပငါ ‌ရှေးဟောင်းတာအိုဆရာသခင်၏ အသံကချင်ယွင် စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုအချိန်မှပင် ချင်ယွမ်သည် သူ၏ အဝတ် အစားများ ကြေမွသွားသော်လည်း သူ၏ မြူနှင်းချောက်နက်ဓားသည် မပျောက်ဆုံးခဲ့ကြောင်း သတိရလာသည်။ ချင်ယွင် ဒဏ်ရာရသွားသောအခါ မြူနှင်းချောက်နက်ဓားသည် သူ၏အနားသို့ အလိုအလျောက် ပြန်လာခဲ့သည်။

"ဆရာ ၊ ဆရာက ဒီလျှပ်စီးစိတ်ဝိဥာဉ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား၊ ဒါက ဆရာ့ကို ထိခိုက်စေမှာမဟုတ်ဘူးလား။" ချင်ယွင်က စိုးရိမ်သောအမူယာဖြင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပို့လွှတ်လိုက်သည်။

"ကောင်လေး၊ မင်းမှာ အသိစိတ်နည်းနည်းပါးပါးတော့ ရှိသေးတာပဲ။ စိတ်မပူပါနဲ့ကွာ၊ လျှပ်စီးစိတ်ဝိညာဉ်လေးတစ်ခုကို ရင်ဆိုင်ရတာက ငါ့ကို သတိမေ့ပြီး အိပ်မောကျစေဖို့ မလုံ လောက်ပါဘူး။ ဒါပေမယ့် စွမ်းအင်တွေ အများကြီး သုံးစွဲရမှာဖြစ်တဲ့အတွက် ငါ မင်းကို တစ်ကြိမ်ပဲ လှုပ်ရှားပေးနိုင်မယ်။ ဒါ့အပြင် မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ငါလိုအပ်တယ်။ ဒီဖြစ်စဉ်က အရမ်းအန္တရာယ်များနိုင်ပါတယ်။" ‌ရှေးဟောင်းတာအိုက ပြောသည်။

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ သူကျင့်ကြံပြီးကတည်းက အန္တရာယ်ကြုံတွေ့ခဲ့ရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

သူ့အတွက် အန္တရာယ်ဆိုသည်မှာ သူ၏ ခြေနင်းကျောက်တုန်းမျှသာ ဖြစ်နိုင်သည်။ နောက်ဆုံးတော့ သူသည် နင်းဖြတ်ကျော်သွားလိမ့်မည်။

"ကောင်းပြီ၊ နောက်ပိုင်း မင်း ဒီလျှပ်စီးပင်လယ်ထဲကို ဝင်တဲ့အခါ အဲဒီလျှပ်စီး စိတ်ဝိညာဉ်ရဲ့ အာရုံကို ဖမ်းစားနိုင်အောင် အစွမ်းကုန် ကြိုးစားလိုက်ပါ။ ဒီအခွင့် အရေးကို စွမ်းအားအပြည့်အ၀နဲ့ တိုက်ခိုက်ပြီး အဲဒီ လျှပ်စီးစိတ်ဝိညာဉ်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်ရမယ်။" ‌ရှေးဟောင်းတာအိုဆရာသခင်က ညွှန်ကြားသည်။

"ကောင်းပြီ!" ချင်ယွင်က ခေါင်းညိတ်ပြပြန်သည်။

သူစကားပြောပြီးသည်နှင့် လျှပ်စီးပင်လယ်ဆီသို့ ပျံသန်းရန် ပြင်ဆင်ခဲ့သော်လည်း သူ၏ ဘေးတွင်ရပ်နေသော ချင်ရွှန်းရွှန်းက သူ့ကို လှမ်းဆွဲထားခဲ့သည်။

"နင်င်ဘာလုပ်ချင်လို့လဲ?" ချင်ရွှန်းရွှန်းသည် ချင်ယွင်ကိုကြည့်ရင်း အံ့ဩစွာမေးသည်။ ဤ‌ကောင်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေပြီဆိုသည်ကို သူမသတိပြုမိခဲ့သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာများသည်လည်း အမြဲပြောင်းလဲနေခဲ့သည်။ ထို့နောက် သူသည် အကြိမ်ကြိမ် ခေါင်းညိတ်ပြန်သည်။ ယင်းက အရမ်းထူးဆန်းလွန်းသည်။

ယခု သူသည် လျှပ်စီးပင်လယ်ထဲသို့ ပစ်၀င်ပြန်တော့မည် ၊ သူ ရူးသွားပြီး သေချင်နေတာလား ။

ချင်ယွင်သည် ပြန်လှည့်ကြည့်လိုက်ပြီး ချင်ရွှန်းရွှန်းကို ပြုံးပြလိုက်သည်။

ထို့နောက် ချင်ရွှန်းရွှန်း၏ ပဟေဠိအကြည့်များအောက်တွင် သူသည် လျှပ်စီးပင်လယ် ထဲသို့ လျင်မြန်စွာ ပြည့်ဝင်သွားခဲ့သည်။

လျှပ်စီးပင်လယ်ထဲသို့ ပြေးဝင်လိုက်သည့်အခိုက် အနက်ရောင်လျှပ်စီးလက်များ ဆန်တန့်ထွက်လာသည့် လျှပ်စီးစိတ်ဝိညာဉ်သည် ရုတ်တရက် ဦးခေါင်းကို မော့လိုက်ပြီး ချင်ယွင်ဆီသို့ ပြေးသွားကာ ဟိန်းဟောက်လိုက်သည်။

ဤမြင်ကွင်းကိုမြင်ရလျင် ချင်ယွင်၏မျက်နှာသည် လေးနက်တဲ့အမူအရာ ပေါ်လာသည်။

ချင်ယွင်သည် ဤလူသားဆန်သော သတ္တဝါကို အလွန်လျင်မြန်စွာ တွေ့လိုက်ရသည်။ သို့သော် ချင်ယွင်သည် ဤသတ္တဝါနှင့် ထိပ်တိုက်မတိုက်ဆိုင်ခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် သူ၏လှုပ်ရှားမှုနည်းပညာရပ်ကို အသုံးပြုကာ အဆက်မပြတ် ရှောင်တိမ်းနေတော့သည်။

ဤလူသားဆန်သော သတ္တဝါသည် ချင်ယွင်ကို တိုက်ခိုက်နေရင်း ရူးသွပ်သွားပုံရသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး လျှပ်စီးအနည်းငယ်လေးကပင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤသတ္တဝါ၏ လက်သီးကို ရှောင်တိမ်းရန် အာရုံ စိုက်နေခဲ့ရသည်။

လျှပ်စီးပင်လယ်အပြင်ဘက်ရှိ ချင်ရွှန်းရွှန်းသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤကောင်သည် ထိုလူသားဆန်သည့်သတ္တဝါကို ရန်စရန်အတွက် အဘယ့်ကြောင့် အစပြုခဲ့ရသည်ကို သူမ နားမလည်ပေ။ ထို့အပြင် ဤကောင်သည် ထိပ်တိုက်ရင်ဆိုင်မှုလည်း မပြုခဲ့ပေ။ ယင်းအစား ဤကောင်သည် မျက်စိစုံမှိတ် ပြီး ရှောင်တိမ်းနေခဲ့သည်။ ဤကောင်က ဘာလုပ်ချင်နေတာလဲ။

တခဏအတွင်း အမွှေးတိုင်တစ်ချောင်းကုန်ချိန်အထိ အချိန်ကုန်ဆုံးသွားခဲ့ပြီ။ ချင်ယွင်သည် ထိုသတ္တဝါ၏ ကြောက်စရာကောင်းသော လက်သီးများကို အဆက်မပြတ် ရှောင်တိမ်းနိုင်ရန်အတွက် မြန်နှုန်းမြင့်လျှပ်စီးအရှိန်ဟုန်ကိုပင် ချေးငှားယူလိုက်ရသည်။ သို့သော် သူ့ကို စိတ်ပျက်စေသည်က သူ၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း အမှတ်အသားသည် လုံး၀ လှုပ်ရှားမှုမရှိခြင်း ဖြစ်နေသည်။

"ဆရာ ၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က ဘာတုံ့ပြန်မှုမှ မရှိဘူး။ တပည့် ဆရာကိုပဲ အားကိုးရတော့မယ်။" ချင်ယွင်က ကူကယ်ရာမဲ့ပြောသည်။

"ကောင်းပြီလေ၊ မင်း နောက်ထပ် အသက်သုံးရှိုက်စာအချိန်လောက် ထိန်းထား လိုက်ပါ။ အချိန်ရောက်ရင် မြူနှင်းချောက်နက်ဓားကို အဲဒီသတ္တ၀ါဆီကို ပစ်ချလိုက်။ ပြီးရင် ငါက တိုက်ခိုက်ဖို့ အခွင့်အရေးယူလိုက်မယ်။" ‌ ‌ရှေးဟောင်းတာအိုဆရာသခင် ၏ အသံက ထွက်ပေါ်လာသည်။

ချင်ယွင်က ဆောလျင်စွာ ခေါင်းညိတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့ သည်။

ထိုသတ္တဝါ၏လက်သီးချက်က သူ၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသောလျှပ်စီးကြောင်းသည် ချင်ယွင်၏ရင်ဘတ်ကိုထိသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ခုကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများပစ်ဖျန်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ကြိုးပြတ်နေသော စွန်ကဲ့သို့ နောက်ပြန် လွင့်ထွက်သွားခဲ့သည်။

ထိုသတ္တဝါသည် ချင်ယွင်ကို ချိတ်ကောက်ဖြင့် ဆွဲချိတ်ထားသကဲ့သို့ အလွှတ်မပေးဘဲ လျှပ်စီးလက်သကဲ့သို့ ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်သည်။

လျှပ်စီးပင်လယ်ပြင်အပြင်ဘက်တွင် ချင်ရွှန်းရွှန်း၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမသည် အလျင်စလို အပြေးအလွှား ပြေးသွားချင်သည်။

"မလာနဲ့!" ချင်ယွင်က အော်ဟစ်ပြီး တားလိုက်သည်။

ချင်ရွှန်းရွှန်းသည် အံ့အားသင့်သွားပြီး ရပ်လိုက်သည်။ သို့သော်လည်း ချင်ယွင်ကို ကြည့်သည့် သူမအကြည့်များက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ၏မျက်လုံးအမြင်တွင် ထိုသတ္တဝါ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာသည်ကို မြင်လိုက်ရလျှင် သူ၏ပါးစပ်ထောင့်မှ သနားစရာကောင်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

" မြေနိုးကွာ ၊ အသက်သုံးရှိုက်စာအချိန် မပြောနဲ့၊ အသက်တစ်ရှိုက်စာအချိန်တောင်မှ ရှင်သန်နိုင်ပါ့မလား။" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။

သို့သော်လည်း သူသည် ရှောင်တိမ်းရန်ရွေးချယ်ဆဲဖြစ်ပြီး ပြင်းထန်သော နာကျင်မှုကို ကြံ့ကြံ့ခံကာ လေထဲတွင် လမ်းကြောင်းများကို အတင်း အကြပ် ပြောင်းလဲခဲ့သည်။

မြန်နှုန်းမြင့်လျှပ်စီးနှင့် လေ၏အမြန်နှုန်းတို့ကို တစ်ချိန်တည်းတွင် အသက်သွင်း လိုက်ပြီး သူ၏အရှိန်ဟုန်သည် တစ်ဖန် သိသိသာသာ တိုးလာခဲ့သည်။

ချင်ယွင်သည် ထိုသတ္တဝါနှင့် အတူတူပုန်းတမ်း ကစားနေခဲ့သည်။ ချင်ယွင်ပျောက် ကွယ်သွားတိုင်း၊ ထိုသတ္တဝါ၏လက်သီးများသည် ချင်ယွင်ပျောက်ကွယ်သွားသည့် နေရာသို့ ချက်ခြင်းထိုးဖောက်ဝင်ရောက်သွားသည်။

အသက်တစ်ရှိုက်စာ ၊ အသက်နှစ်ရှိုက်စာ၊ အသက်သုံးရှိုက်စာ။

နောက်ဆုံးတွင် ချင်ယွင်သည် အသက်သုံးရှိုက်စာအထိ ခံနိုင်ရည်ရှိခဲ့သည်။ သူဆီသို့ ဆက်လက်၍ တဟုန်ထိုးပြေး၀င်လာသည့် လူသားဆန်သော ထိုသတ္တဝါကို ကြည့်ရင်း၊ ချင်ယွင်၏ မျက်လုံးများသည် ရန်လိုမှုဖြင့် တောက်ပလာသည်။

"ငရဲကိုသွားလိုက်စမ်း!"

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ တိုက်ရိုက်ဆွဲထုတ်ပြီး လူသားဆန်သော ထိုသတ္တဝါဆီသို့ ပစ်ချရန် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။ ဤအရာအားလုံးကို လုပ်ပြီးသည့်နောက် ချင်ယွင်သည်လည်း ပင်ပန်းနွမ်းနယ်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။

မြူနှင်းချောက်နက်ဓားသည် အဖြူရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

ချွင်!

သို့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှမရှိဘဲ လူသားဆန်သော ထိုသတ္တဝါသည် ၎င်း၏လက်ဖဝါးကိုဆန့်ထုတ်ကာ မြူနှင်းချောက်နက်ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"ဒီအချိန်ပဲ!" ချင်ယွင်က ရယ်မောလိုက်သည်။

မြူနှင်းချောက်နက်ဓားသည် မျက်စိကျိန်းမတတ် ထွန်းလင်းတောက်ပသော အလင်း ရောင်ကို ထုတ်လွှတ်သည်။ ခရမ်းရောင်အလင်းတန်းသည် မြူနှင်းချောက်နက်ဓားမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး လူသားဆန်သော ထိုသတ္တဝါ၏ မျက်ခုံးကြားနေရာကို တိုက်ရိုက် ဝင်ရောက်သွားသည်။

ထို့နောက် လူသားဆန်သော သတ္တဝါသည် နာကျင်စွာဖြင့် ရုန်းကန်စပြုပြီး ကောင်းကင်ယံသို့မော့ကာ အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တည်ရှိနေသည့် ကြောက်မက်ဖွယ်လျှပ်စီးများသည် အမှန်တကယ်ပင် အရပ်မျက်နှာအားလုံးကို ထိန်းမနိုင်သိမ်းမရ တဟုန်ထိုး ပျံ့နှံ့နေလေတော့သည်။

ချင်ယွင်သည် အလွန်ထိတ်လန့်သွားပြီး သူ၏လှုပ်ရှားမှုပညာရပ်ကို အလျင်အမြန် အသုံးပြုကာ နောက်သို့ အရူးအမူးပြန်ဆုတ်သွားခဲ့ရသည်။

လူသားဆန်သော သတ္တဝါသည် တစ်မိနစ်ခန့် ရုန်းကန်ကာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာပြီး နောက်ဆုံး လုံးဝ ငြိမ်သွားသည်။

လျှပ်စီးပင်လယ်အပြင်ဘက်ရှိ ချင်ရွှန်းရွှန်းသည် ထိတ်လန့် တုန်လှုပ်သွားသည်။ အစမှအဆုံးထိ သူမသည် မီဒီယာကိုမျှ နားမလည်တော့ပေ။ ချင်ယွင်သည် မျက်စိမှိတ် ရှောင်တိမ်းနေရမှန်း သူမသာ သိသည်။ အဆုံးသတ်တွင် ချင်ယွင်သည် သူ၏ဓားကို

ဆွဲထုတ်ပစ်လိုက်ပြီး ထိုသတ္တဝါသည် အော်ဟစ်လိုက်ရသည်။

"ဆရာ သူသေပြီလား?" ချင်ယွင်က လမ်း လျှောက်လာပြီး အစမ်းသဘော မေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက်၊ ‌ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏နားထဲတွင် ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ် သူသေသွားပြီ။ ဒီအဘိုးကြီးကိုယ်တိုင် လှုပ်ရှားမှတော့ သူလို လျှပ်စီးစိတ်ဝိညာဉ် သေးသေးလေးက ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်မှာလဲ" ‌‌ရှေးဟောင်း တာအိုဆရာသခင်သည် ၀င့်ကြွားစွာ အော်ပြောနေသော်လည်း သူ၏အသံက သိသိသာသာ အားနည်းသွားသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။ သူသည် လမ်းလျှောက်ပြီး မလှုပ်မယှက်လဲကျနေသည့် လူသားဆန်သောသတ္တဝါကို လှမ်းကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ် တုံ့ပြန်ခြင်းမရှိသည်ကိုတွေ့ရတော့မှ စိတ်သက်သာရာရသွားသည်။

"ဒါဆို နောက်ပိုင်းကိစ္စကိုတော့ ငါ မင်းနဲ့ ထားခဲ့လိုက်မယ်။ ဒီတစ်ခါ စွမ်းအား ကုန်ဆုံးမှုက အရမ်းများသွားတယ်။ ငါ တခဏကြာ အိပ်ပျော်သွားမှာတောင် စိုးရိမ်မိတယ်။" ‌‌ရှေးဟောင်းတာအိုဆရာသခင် က ပြောလိုက်သည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် ကျေးဇူးတင်စကားဖြင့် ပြည့်နေသည်။

‌ရှေးဟောင်းတာအိုသည် ဒေါသကြီးသော် လည်း၊ အရေးကြီးသောအခိုက်အတန့်ကို အမှန်တကယ်ရောက်လာခဲ့လျှင် တုံ့ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားမူပြုပေလိမ့်မည်။

အဆုံးသတ်တွင် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ ခန္ဓာကိုယ်ဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင်၊ ထိုသူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်း များသည် ပျောက်ကွယ်သွားပြီး သူ၏မူလရုပ်ရည်အသွင်အပြင်ကို ထင်ရှား စေသည်။ သူသည် ပြတ်သားသူဖြစ်ပြီး ဒေါသ ကြီးပုံမရသော်လည်း ခွန်အားကြီးမားသူဖြစ်သည်။

"နောက်ထပ်ခြေလှမ်းက လျှပ်စီးကိုယ်ပွားကို ဖန်တီးဖို့၊ဖြစ်တယ်"။

All Chapters