← Chapters

လျှပ်စီးစွမ်းရည် ကိုယ်ပွား

Vol. 11 Ch. 155

လျှပ်စီးစွမ်းရည် ကိုယ်ပွား

Vol. 11 Ch. 155

အခန်း (၁၅၅) လျှပ်စီးစွမ်းရည် ကိုယ်ပွား

ချင်ယွင်သည် ကိုယ်ပွားဖန်တီးရန်အတွက် အလျင်စလိုပြုမူခြင်းဘဲ ခန္ဓာကိုယ်ကို ဦးစွာ ကြည့်ရှုစစ်ဆေးသည်။

ဤကိုယ်ခန္ဓာ၏ ရုပ်ခန္ဓာခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။ ၎င်းသည် သူ့မူလခန္ဓာကိုယ်၏ ရုပ်ခန္ဓာခွန်အား၏ လုံး၀ အထက်မှာ ရှိသည်။ ထိုသူသည် ဤလျှပ်စီးများဖြင့် နှစ်ခြင်းခံခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်နိုင်သည်။

ချင်ယွင်သည် ၎င်းခန္ဓာကိုယ်ကို ပို၍ကြည့်လေ ၊ ပို၍ သဘောကျလေဖြစ်သည်။ အကယ်၍ သူသည် ဤခန္ဓာကိုယ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါက၊ သူသည် အဆိုပါ သိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်းသားရဲကို တိုက်ထုတ်ရန် ဤခန္ဓာကိုယ်ကို လုံးလုံးအားကိုးရလိမ့်မည်။ တော်ဝင် တတိယအကြီးအကဲနှင့် ရင်ဆိုင်ရသောအခါ၌ပင် သူသည် အလွန်ကြောက်ရွံ့နေတော့မည်မဟုတ်ပေ။

ဤအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် အချိန်ဖြုန်းတာကို ရပ်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်တယ်။ သူသည် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ စွမ်းအားကို ဆွဲဆောင်ရန် စတင်ကြိုးစားလိုက်သည်။

ဝိညာဉ်ချီသည် မည်သည့်တုံ့ပြန်မှုမှမရှိဘဲ အစိမ်းရောင်ကြာပန်းအမှတ်သားထဲသို့ သွန်းလောင်းသွားခဲ့သည်။ ချင်ယွင်သည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း

မည်သည့်အရာမျှ မတုံ့ပြန်ခဲ့ပေ။

"ဖြစ်နိုင်တာက ငါ ဒီခန္ဓာကိုယ်ကို ကူကယ်ရာမဲ့ ကြည့်နေရုံအပြင် ငါ့ကိုယ်ပွားအဖြစ် မသန့်စင်နိုင်ဘူးလား" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူသည် အကူအညီမဲ့နေသကဲ့သို့ ဖြစ်နေသည့်အချိန်တွင် ချင်ယွင်၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် တောက်ပလာသည်။

ထို့နောက် ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသည်။ ဤနာကျင်မှုသည် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ် လာသည့် ပြင်းထန်သော ဝေဒနာတစ်မျိုးဖြစ်သည်။ နာကျင်မှုကြောင့် ချင်ယွင်သည် မြေပြင်ပေါ်တွင် တကိုယ်လုံး လူးလိမ့်နေရသည်။

ဤသည်မှာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်နေခြင်း ဖြစ်ကြောင်း ချင်ယွင် သိလိုက်သည်။

နောက်ဆုံးအကြိမ်တုန်းက၊ ချင်ယွင်သည် သတိမေ့မြောနေသဖြင့် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်သည့် အခါတွင် ပြင်းထန်သောနာကျင်မှုကို မခံစားခဲ့ရပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် မတူတော့ပေ။ ချင်ယွင်သည် သူ၏အာရုံထဲတွင် ကြီးမား သောလက်တစ်စုံဖြင့် သူ၏စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ထားကြောင်း ရှင်းရှင်း လင်းလင်း ခံစားလိုက်ရပြီး အစွမ်းကုန် ဆုတ်ဖြဲခံလိုက်ရသည်။ ဤခံစားချက်က ရိုးရိုးရှင်းရှင်း နာကျင်ရသည်။

“အား…”

ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲကျနေပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် နှိုင်းယှဉ်လို့မရအောင် နီရဲနေပြီး သူ၏နဖူးမှာ ချွေးသီး ချွေးပေါက်များဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ခန္ဓာကိုယ်သည် တွန့်လိမ်နေပြီး ဆက်တိုက်ဆိုသလို တအိအိ တုန်ခါနေသည်။

ချင်ရွှန်းရွှန်းသည် ဤမြင်ကွင်းကိုမြင်သော အခါ သူမသည် ချက်ချင်းပြေးလာပြီး သေလုမလတ် နာကျင်စွာခံစားနေရသော ချင်ယွင်ကိုကြည့်လိုက်သည်။ သူမသည် အဖြစ်ပျက်ကို မသိ စိုးရိမ်တကြီးဖြင့် ဘေးနားတွင် ရပ်လိုက်သည်။

နာကျင်မှုသည် နာရီဝက်နီးပါးကြာခဲ့ပြီး နောက်ဆုံးတွင် ချင်ယွင်သည် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ဤအခိုက်တွင်၊ မူလက မလှုပ်မယှက်ငြိမ်သက်‌နေသော မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ ခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ အနက်ရောင် လျှပ်စီးသည် သူ၏ မျက်လုံးထဲတွင် တောက်ပလာသည်။

ဘေးအနားရှိနေသည့် ချင်ရွှန်းရွှန်းသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူမသည် လျှပ်စီးကြာပွတ်ကို အလျင်အမြန်ဆွဲလိုက်ပြီး လှုပ်ရှားတော့မည်။

"မလှုပ်နဲ့၊ ငါပဲလေ!" မိုးကြိုး၀ိညာဥ်မျိုးနွယ်စု ၏ ရုပ်အလောင်းက ပြောလိုက်သည်။ ထို့နောက် သူ၏ရုပ်အသွင်ပြင်သည် လင်းယွင်နှင့်တူအောင် ပြောင်းလဲသွားသည်။ သို့သော် ဤလင်ယွန်းသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်၀တ်ရုံသည် အနက်ရောင်လျှပ်စီးများမှ ဖွဲ့တည် ထားသည်မှာ ထင်ရှားလှသည်။

ချင်ရွှန်းရွှန်းသည် အံ့အားသင့်သွားခဲ့သည်၊ ချင်ယွင်၏ မူလခန္ဓာကိုယ်သည် ပြန်လည် ကောင်းမွန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူက မတ်တပ်ထရပ်လိုက်ပြီး ချင်ရွှန်းရွှန်း အား"စိတ်မပူပါနဲ့၊ အခုအဆင်ပြေပါတယ်။ ငါ သူ့ကို ငါ့ကိုယ်ပွားအဖြစ် ပြုပြင်ထား ပြီးသားပါ။ သူက ငါနဲ့ လုံးဝမတူဘူးလို့ ပြောလို့ရပါတယ်။"

ချင်ရွှန်းရွှန်းသည် ရုတ်တရက် ထိတ်လန့်သွားပြီး အနက်ရောင်၀တ်စုံ၀တ်ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် သူမကို တုံ့ပြန်သည့်ဟန်ဖြင့် ပြုံးပြသည်။

ချင်ရွှန်းရွှန်း၏မျက်နှာသည် တုနှိုင်းမရလောက်အောင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ချက်ချင်းပေါ်လာသည်။

အမှန်တော့၊ မူလခန္ဓာကိုယ်အပြင် ကိုယ်ပွား များလည်းရှိကြောင်း သူမကြားဖူးပါသည်။ သို့သော် ၎င်းသည် ဒဏ္ဍာရီဆန်ဆန် အင်မော်တယ်အဆင့် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ် သည်။ သူမရှေ့ရှိ ဤလူငယ်သည် သိုင်းဂိုဏ်း ချုပ်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ ယခုလိုအဆင့်မြင့်သည့် အင်မော်တယ်အဆင့်လျှို့ဝှက်ပညာရပ် မည်သို့ရရှိနိုင်သနည်း။

ချင်ရွှန်းရွှန်းသည် မထိန်းနိုင်ဘဲ ချင်ယွင်ကို နောက်တကြိမ် ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်ပြီး သူမရှေ့မှ ဤလူငယ်သည် အစမှအဆုံးထိ လျှို့ဝှက်ဆန်းကြယ် ကြောင်း ရုတ်တရက် သိလိုက်ရသည်။

အလွန်မင်းအစွမ်းထက်သော မိမိကိုယ်ကို ကုသနိုင်သောစွမ်းရည်၊ အပြင်မှာ ကိုယ်ပွားတစ်ခုကို ပိုင်ဆိုင်နိုင်သော အင်မော်တယ်အဆင့် အဆင့်မြင့်တန်းစား လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည်။ ၎င်းတို့ထဲမှ မည်သည့်တစ်ခုဖြစ်စေ အခြားသူများ၏ ခန္ဓာကိုယ်တွင် ပိုင်ဆိုင်ထားမည်ဆိုလျင် နှိုင်းယှဉ်လို့မရသည့် ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် တည်ရှိနေမှာဖြစ်သော်လည်း ဤလူသည် တစ်ချိန်တည်းတွင် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်။ ယင်းက လုံး၀ ပုံမှန်မဟုတ်ပေ။

အမှန်တကယ်တော့၊ ဤကိုယ်ပွားသည် ချင်ယွင်၏ ဒုတိယကိုယ်ပွား ဖြစ်နေပြီ ဆိုသည်ကို ချင်ရွှန်းရွှန်းတစ်ယောက် မည်ကဲ့သို့သိနိုင်မည်နည်း။ တစ်နည်းဆိုရသော် ချင်ယွင်တွင် သူ၏ ခန္ဓာကိုယ် အစစ်အမှန်အပါ၀င် စုစုပေါင်း သုံးခုရှိ နေပြီဖြစ်သည်။ အကယ်၍ တခြားသူများသည် သူ့ကို လုံးဝသတ်ပစ်ချင်သည်ဆိုလျှင်၊ သူ၏အစစ်မှန် ခန္ဓာကိုယ်ကို လုံးဝသတ်ပစ်ရမည်ဖြစ်သည်။

ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော မိမိကိုယ်ကို ကုသနိုင်စွမ်းနှင့်အတူ၊ ချင်ယွင်သည် ယခုသေချင်နေလျှင်ပင် တကယ်ကို အလွန်ခက်ခဲပေလိမ့်မည်။

ချင်ယွင်က ပြုံးလိုက်ပြီး ချင်ရွှန်းရွှန်း၏ အံ့သြသော အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူသည် သူ၏ဤခန္ဓာကိုယ်အသစ်ကို ခံစားရန် အာရုံစိုက်လိုက်သည်။

အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ညင်သာစွာဖြင့် လက်သီးတချက် ထိုးလိုက်ပြီး နဂါးတစ်ကောင်ဟိန်းဟောက်သကဲ့သို့ ထွက်ပေါ်လာသည်။

"သန်မာတယ်၊ တကယ့်ကို သန်မာလွန်းတယ်။ အခုအချိန်မှာ၊ ဒီခန္ဓာကိုယ်ဟာ အနည်းဆုံးတော့ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူကို တိုက်ခိုက်နိုင်တယ်။ အရေးကြီးဆုံးကတော့ ဒီခန္ဓာကိုယ်က ဒီအနက်ရောင် ဖရိုဖရဲလျှပ်စီးကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်တယ်။ ဒီနည်းနဲ့ဆိုရင် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူတစ်ဦးနဲ့တောင်မှ၊ တိုက်ခိုက်ဖို့ စွမ်းအားရှိလိမ်မယ်။ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေဆဲဖြစ်လိမ့်မယ်"

သူ့ခန္ဓာကိုယ်၏ခွန်အားကို ခံစားလိုက်ရလျှင်ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရင်ခုန်သံများ ထွက်ပေါ်လာသည်။

ဤ လျှပ်စီးကိုယ်ပွားဖြင့်၊ ချင်ယွင်တွင် နောက်ထပ် ဝှက်ဖဲတစ်ယောက်ရှိလာခဲ့ပြီး ၎င်းသည် သစ္စာအရှိဆုံးသူဖြစ်သကဲ့သို့ အပိုဝှက်ဖဲတစ်ချပ်အဖြစ် ရှိနေမည်မှာ သေချာပါသည်။

မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၊ ခန္ဓာကိုယ်၏ခွန်အားကို ခံစားပြီးနောက် ချင်ယွင်၏ နှလုံးသားသည် တချက်လှုပ်ရှားသွားပြီး အနက်ရောင်ဝတ်ရုံ ၀တ်ချင်ယွင်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်သည် ချင်ယွင်၏ ဒန်တန်ထဲရှိ ကြာပန်းရေကန်၏ ကန်ရေပြင်ပေါ်ရှိ ကြာပန်းရွက်ပေါ်တွင် ခိုင်မြဲစွာထိုင်နေပြီး သူ၏ကိုယ်ပွားများကို သူ၏ခန္ဓာကိုယ်အတွင်းမှာ တိုက်ရိုက်သိမ်းဆည်းထားနိုင်သည်။

ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ အဆုံးမရှိသော နည်းလမ်းများကြောင့် တုန်လှုပ် ခြောက်ခြားသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူမသည် ဆက်မမေးတော့ချေ။

ချင်ယွင်သည် ချင်ရွှန်းရွှန်းဆီသို့ လမ်း လျှောက်လာပြီး ပြောလိုက်သည် "ငါက ချင်ယွင်ပါ ။ ဒါပေမယ့် အခု၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းထဲမှာ လင်းယွင်ဆိုတဲ့ နာမည်ကို ပြောင်းထားတယ်။ ဒါက ငါ့ရဲ့ မူလပုံစံပဲ။"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ၏မူလရုပ်အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ချင်ယွင်သည် ချင်ရွှန်းရွှန်းအထံမှာ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ဟု ခံစားမိသည်။ သူမ၏ဖခင် ချင်ဘာတန်သည်လည်း ချင်ယွင်၏အစ်ကိုဖြစ်သည်။ ထို့အပြင်၊ ချင်ဘာတန်သည် သူ၏မူလရုပ်အသွင်အပြင်နှင့် နာမည်ကိုသိသောကြောင့် ချင်ရွှန်းရွှန်းသည် လည်း အနှေးနှင့်အမြန်ဆိုသလို သိလာလိမ့် မည်။

ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ မူလရုပ်အသွင် အပြင်ကို ကြည့်ပြီး လင်းယွင်အဖြစ် ရုပ်အသွင်ပြောင်းသွားသည့်အချိန်ထက် သူ၏မူလရုပ် ရည်အသွင်ပြင်က ပို၍ချောမော ကြောင်း တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ရုပ်ရည်အသွင်အပြင် ပြောင်းလဲခြင်းနည်းလမ်း‌ ကြောင့်လည်း သူမသည် တုန်လှုပ်သွားခဲ့ရပြန်သည်။

"စကားမစပ်၊ မင်းကို ငါအမြဲတမ်းမေးချင်နေတာက၊ မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ၊ မင်း ဒီမှာဘာလို့ သတိလစ်နေတာလဲ" ချင်ယွင်က မေးသည်။

ဤစကားများကိုကြားရလျှင် ချင်ရွှန်းရွှန်း၏ မျက်နှာသည် ချက်ချင်းပင် အေးစက် သွားခဲ့ပြီး သူမ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

"အဲဒီတုန်းက ရှီကန်ဟိုင်ဟာ ငါ့ကို ဒီ မိုးကြိုး၀ိညာဥ်တောင်ထဲကို၀င်အောင် လှည့်စား ခဲ့တယ်။ သူက ငါ့ကို သူ့မိန်းမဖြစ်အောင် အတင်းအကြပ် သိမ်းပိုက်ချင်ပေမယ့် ငါက သဘောမတူခဲ့ဘူး။ သူက တတိယတော်၀င်အကြီးအကဲကို ရှာတွေ့ပြီး သူ၏ စွမ်းအားကိုအသုံးပြုကာ ငါ့ကိုလက်အောက်ခံအဖြစ် ဖိအားပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါလည်း သူ့စကားကို နားမထောင်နိုင်ဘူးလို့ ကျိန်ဆိုပြီး ပြိုကျနေတဲ့ လေဟာနယ်ထဲခုန်ဆင်းလိုက်တယ်။ အဲဒီနောက် ဒီလျှပ်စီးပင်လယ်ထဲ ပြုတ်ကျပြီး သတိလစ်သွားခဲ့တာပဲ။" ချင်ရွှန်းရွှန်းက ရှင်းပြသည်။

ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ အရာအားလုံးက သူမှန်းထားတဲ့အတိုင်းပါပဲ။

သို့သော် ချင်ယွင်၏ နှလုံးသားထဲတွင် သူပြောမပြနိုင်သော သံသယတစ်ခု ရှိနေသေးသည်။

ယင်းက ချင်ရွှန်းရွှန်းသည် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ နတ်ဘုရားခရမ်းရောင်လျှပ်စီးဧရိယာမှာ အမှန်တကယ် နေနိုင်စွမ်းရှိခဲ့သည်။ ချင်ယွင် သည် ဤလျှပ်စီးဧရိယာသို့ ဝင်ရောက်လာသောအခါတွင် သူသည် တိုက်ရိုက် လွင့်ပျံ သွားခဲ့ရသည်။ သူမအပေါ်တွင် နည်းနည်းလေးမှ သက်ရောက်မူ မရှိပေ။ ချင်ရွှန်းရွှန်းသည် သာမန်ထက် ထူးခြားသည်ဟု မြင်နိုင်သည်။

သို့သော်လည်း ချင်ရွှန်းရွှန်းကိုယ်တိုင်ပင်လျှင် ထိုအကြောင်းကို သိပုံမရဖြစ်ဟန်တူပြီး

ချင်ယွင်သည်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို မသိနိုင်ပေ။

"ငါတို့ ဒီကိုရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ အရင်ထွက်ရအောင်!" ချင်ယွင်က ပြောသည်။

ချင်ရွှန်းရွှန်းသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား ပြိုကျနေသော လေဟာနယ်အက်ကြောင်း အပေါက်ဝဆီသို့ လျှောက်သွားကြသည်။

တူညီသောလမ်းအတိုင်း ပြန်ရောက်သောအခါ ချင်ယွင်နှင့် ချင်ရွှန်းရွှန်းသည် လျှပ်စီးပင်လယ်ပြင်မှ အမြန်ထွက်ခွာခဲ့ပြီး မိုးကြိုး၀ိညာဥ်တောင်ထိပ်တွင် ပေါ်လာသည်။

"နောက်ဆုံးတော့ ထွက်သွားပြီပေါ့ !" ချင်ယွင် အသက်ပြင်းပြင်းရှူလိုက်သည်နှင့် ချက်ချင်းပင် စိတ်အေးလက်အေး ပျော်ရွှင်သွားသည် ။

ချင်ရွှန်းရွှန်းသည် သူမ၏ မျက်နှာပေါ်တွင် ရှားပါးသော အပြုံးဖြင့် တောက်ပနေသော ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

All Chapters