← Chapters

မိန်းမတို့၏ နှလုံးသား

Vol. 11 Ch. 156

မိန်းမတို့၏ နှလုံးသား

Vol. 11 Ch. 156

အခန်း (၁၅၆) မိန်းမတို့၏ နှလုံးသား

လျှပ်စီးပင်လယ်ပြင်မှ ထွက်ခွာပြီးနောက် ချင်ယွင်သည် တွက်ချက်ကြည့်လျှင် သုံးရက် မြောက်သောနေ့ဖြစ်နေပြီဟု သိလိုက်ရပြီး ချင်ရွှန်းရွှန်း ပြန်ခေါ်လာရန် စီစဉ်ရသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးဝိညာဉ်အဆောင်ကို လျှပ်စီးပင်လယ်ထဲတွင် ဖျက်ဆီးခံလိုက်ရကြောင်း သူတွေ့ရှိခဲ့သည်။ ယင်းက သူ၏ရင်ဘတ်ကို ရိုက်နှက်ပြီး ဖနောင့်နှင့် ထပေါက်ချင်စိတ်ကိုပင် ဖြစ်စေသည်။

ဤအဆောင်မရှိလျှင် မည်ကဲ့သို့ အပြင်ထွက်ရမည်နည်း။ ထို့ကြောင့် ချင်ယွင်သည် ချင်ရွှန်းရွှန်း ကိုခေါ်ဆောင်လာပြီး ကျန်းတိုင်ကို စတင်ရှာဖွေကြသည်။ ကျန်းတိုင်သည် သူ၏ အဆောင်ကို အသုံးပြုပြီး သူတို့ကို အပြင်ကိုခေါ်ထုတ်သွားနိုင်ရန် မျှော်လင့်ရသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းတိုင်သည်လည်း သူ၏အခွင့်ရေးများကို အစွမ်းကုန်ကြိုးစားရယူနေသောကြောင့် ထွက်မသွားခဲ့သေးပေ။ ထို့ကြောင့် သူတို့ သုံးယောက်သည် မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးမှထွက်ခွာရန် ကျန်းတိုင်၏ လျှပ်စီးဝိညာဉ်အဆောင် ငှားရမ်းအသုံးပြုခဲ့ကြရသည်။

မူလက ချင်ယွင်သည် ထိုသိုင်းမြို့စားအဆင့် မိုးကြိုးမုန်တိုင်း သားရဲကြီးကို လိုက်ရှာချင်သော်လည်း ၎င်း၏စွမ်းအားစဉ်းစားပြီးနောက် ထိုမိုးကြိုး မုန်တိုင်း သားရဲကြီးသည် အလွန်အမင်း ရုန်းရင်းဆန်ခတ်ဖြစ်စေမှာဖြစ်ပြီး ထိုတတိယ တော်၀င်အကြီးအကဲကို ဆွဲဆောင်မိမည်ကို သူကြောက်ရွံ့ခဲ့သည်။

ချင်ယွင်သည် ယခုအချိန်တွင် ထိုတတိယတော်၀င်အကြီးကို မကြောက်တော့သော် လည်း၊ ပြဿနာတစ်ခုရှိခြင်းထက် မရှိခြင်းက ပိုကောင်းပါသည် ။

တတိယတော်၀င်အကြီးအကဲသည် သူ့အားထိခိုက်နစ်နာစေသည့်အကြောင်းနှင့် ပတ်သက်၍ ချင်ယွင်သည် တစ်နေ့တွင် တတိယတော်၀င်အကြီးအကဲအား ကိုယ်တိုင် ကိုယ်ကျ ပြန်လည်ပေးဆပ်ခွင့်ပြုနိုင်မည်ဟု ယုံကြည်ထားသည်။

မိုးကြိုး၀ိညာဥ်တောင်၏ကမ္ဘာငယ်လေးမှ ထွက်ခွာပြီးနောက် ကျန်းတိုင်သည် တစ်ယောက်တည်း ပြန်သွားခဲ့သည်။

ယခုအကြိမ်တွင် သူသည် တော်တော်လေး အမြတ်ထွက်သွားပုံရသည်။ သူသည် မိုးကြိုးမုန်တိုင်းသားရဲအချို့ကို သတ်ဖြတ်ခဲ့ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အနည်းငယ် တိုးလာသည်။

ချင်ရွှန်းရွှန်းသည် မိုးကြိုး၀ိညာဥ်မြို့သို့ ဦးစွာပြန်သွားရန် စီစဉ်ခဲ့သည်။ သူမ၏ဖခင်အား သူမ ဘေးကင်းကြောင်း သတင်းပို့ရန်ဖြစ်သည်။

ချင်ယွင်သည်လည်း မိုးကြိုး၀ိညာဥ်မြို့သို့ ခရီးထွက်ရန် စီစဉ်ခဲ့သည်။ မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးအတွင်း သူ၏အစစ်မှန်ခန္ဓာကိုယ် မေ့မြော နေချိန်မှာ တိုင်ယွန်ကုန်သည်ကြီးများအသင်းမှ ကျန်းရွန်ရှင်းကို ကိုင်တွယ်ရန် သူတို့ လူများအား စေလွှတ်ခဲ့ပြီး သူ၏ကိုယ်ပွားမှ တားဆီးခဲ့ရသည်။ ထို့အပြင် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ ပြောစကားအရ ၎င်းသည် တိုင်ယွန် ကုန်သည်ကြီးများအသင်းမှ တစ်ဦးဦး ဖြစ်သင့်သည်။

ဤလူများသည် ချင်ဘာတန်အပေါ်မှာ တိုက်ခိုက်မှာကို ချင်ယွင်သည် အနည်းငယ် စိုးရိမ်သွားခဲ့သည်။

သို့သော် မိုးကြိုး၀ိညာဥ်မြို့မသွားခင် ချင်ယွင်သည် သူတို့‌နေထိုင်ရာနေရာသို့ အရင်ပြန်သွားရမည်ဟု ခံစားခဲ့ရသည်။ ထိုအချိန်တွင် သူနှင့် ချင်ရွှန်းရွှန်းတို့ နှစ်ယောက်လုံးသည် မြက်အဝတ်အစားများကိုသာ ဝတ်ထားကြပြီး အထူးသဖြင့် ချင်ရွှန်းရွှန်း၏ကိုယ်ပေါ်တွင်ရှိသည့် မြက်စကတ်ဖြစ်သည်။ ပတ်၀န်းကျင်အနီးနားရှိ တပည့်များ၏ မျက်လုံးများသည် မြေပြင်ပေါ်သို့ ပြုတ်ထွက်ကျလုနီးပါး ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။ (ပြူးနေသည်ဟူလို)။

"ကောင်းပြီ ငါတို့နေထိုင်ရာအိမ်ကို အရင်ပြန်သွားရအောင်။ ပြီးရင် ကောင်းကင် မိုးကြိုးရင်ပြင်မှာ စုံကြမယ်။" ချင်ယွင်သည် ကိုးရိုးကားယားလေသံဖြင့် ပြောလိုက် ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြက်ဝတ်ရုံနှင့် မြက်စကတ်ကို မြင်လိုက်ရသောအခါ လေဟာနယ် ပြိုကွဲသည့်နေရာအတွင်းရှိ လျှပ်စီးပင်လယ်ထဲတွင် ရိုးသားစွာ ဆက်ဆံကြသည့် သူတို့နှစ်ဦး ၏ မြင်ကွင်းကို သူ ပြန်သတိမရဘဲ မနေနိုင်တော့ပေ။

ယခုအချိန်ပြန်တွေးကြည့်လျှင် မြင်ကွင်းတခုလုံးက တုနှိုင်းမရလောက်အောင်ပင် မွှေးပျံ့နေပါသည်။ ကံမကောင်းတာက၊ ချင်ယွင်ကိုယ် တိုင်က အခွင့်အရေးကို အမိအရ မဆုပ်ကိုင်ထားနိုင်ခဲ့၊ ယင်းက ချင်ယွင်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ ဆိုးသွမ်းသော အကြံအစည်များကို မြင်တွေ့နေပုံရသည်။ သူမက အေးစက်စွာ နှာခေါင်းရှုံ့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။

ချင်ယွင်သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး လောဘကြီးမိသည့် သူ့ကိုယ်သူပင် ကျိန်ဆဲ လိုက်မိသည်။ ကျန်းရွန်ရှင်းနှင့်အတူရှိနေချိန်မှာပင် သူသည် ချင်ရွှန်းရွှန်း ကိုလည်း အပိုင်စားရလိုက်ချင်သေးသည်။

ချင်ယွင်သည် သူ၏နေအိမ်သို့ တိုက်ရိုက်မပြန်ဘဲ ကျန်းရွန်ရှင်း၏နေအိမ်သို့ ဦးစွာသွားခဲ့သည်။

သူသည် ကျန်းရွန်ရှင်းနှင့် ရက်အနည်းငယ်ကြာ အတူရှိနေခဲ့ပြီး လေဟာနယ် ပြိုကွဲသည့် နေရာအတွင်းရှိ လျှပ်စီးပင်လယ်အတွင်းမှ ချင်ရွှန်းရွှန်းတစ်ယောက် တစ်ဖန် ပြန်ရုန်းထွက်နိုင်မူနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရန် လိုအပ်သည်ဟု ချင်ယွင် ခံစားမိသည်။

ကျန်းရွန်ရှင်းသည် ရှေးခေတ်လူရိုင်းကဲ့သို့ ၀တ်ဆင်ထားသောချင်ယွင် သူမရှေ့တွင် ပေါ်လာသည်ကို မြင်သောအခါ၊ သူမသည် အပြန်ပြန် အလှန်လှန် လှည့်ပတ် ကြည့်ရူရင်း တခစ်ခစ်ရယ်မောကာ ချစ်စရာကောင်းသော သူမ၏ မျက်နှာသည် ပျိုနီပန်းပွင့်လေးကဲ့သို့ ယိမ်းထိုး ဝှေ့ယမ်းနေလေသည်။

ချင်ယွင်သည် ရယ်မောပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် ကျန်းရွန်ရှင်းကို ကောက်မလိုက်ပြီး အတွင်းအခန်းထဲသို့ ပြေး၀င် သွားတော့လိုက်သည်။

ထို့နောက် အခန်းထဲတွင် နွေဦးနန်းတော်အတွင်း သက်၀င်လှုပ်ရှားနေသည့် မြင်ကွင်းမျိုး ထွက်ပေါ်လာလေသည်။

ကိစ္စ၀ိစ္စအားလုံးပြီးဆုံးပြီးနောက် ချင်ယွင်သည် ကျန်းရွန်ရှင်းကိုယ်တိုင်ကိုယ်ကျ ချုပ်လုပ်ထားသည့် ပိုးထည်၀တ်စုံကို ပြောင်းလဲ ၀တ်ဆင်လိုက်သည်။ ချင်ယွင်ကို လှုပ်ခတ်သွားစေသည့်အရာက ထိုပိုးထည်၀တ်စုံပေါ်တွင် ချင်ယွင်အတွက် ထူးခြားသည့် နတ်ဆိုးဆန်ဆန် အစိမ်းရောင်ကြာပန်းတစ်ပွင့်ပုံကို ပိုးချည်ဖြင့် ထိုးထားခြင်းဖြစ်သည်။

သူ၏အမေကို အဆုံးမဲ့ချောက်ထဲသို့ ပစ်ချခံခဲ့ရပြီးနောက် သူ၏အမေအပြင် သူကို ခြောက်နှစ်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် သူ၏ အစ်မသည် သူ့အတွက် အဝတ်အစားများကို ကိုယ်တိုင်ကိုယ်ကျ ချုပ်ပေးခဲ့သည့်အမျိုးသမီးများ ဖြစ်သည်။ ကျန်းရွန်ရှင်းသည်လည်း သူ့အတွက် အဝတ်အစားများကို ကိုယ်တိုင် ကိုယ်ကျ ချုပ်ပေးချင်သည့် တတိယမြောက် အမျိုးသမီး ဖြစ်လာခဲ့သည်။

ချင်ယွင်သည် အနာဂတ်တွင် မည်သို့ပင်ဖြစ်ခဲ့ပါစေ၊ သူ၏ပတ်ဝန်းကျင်တွင် အမျိုးသမီး မည်မျှပင်ရှိပါစေ ကျန်းရွန်ရှင်းအား မည်သည့်အခါမျှ စိတ်မပျက်စေရဟု သူ၏စိတ်ထဲတွင် ကျိန်ဆိုခဲ့သည်။

ထို့နောက် ချင်ယွင်သည် ကျန်းရွန်ရှင်းအား မိုးကြိုး၀ိညာဥ်မြို့သို့ သွားချင်ကြောင်း ပြောလျှင် ကျန်းရွန်ရှင်းက သူမလည်း လိုက်ချင်သည်ဟု ဆိုသည်။

ယင်းက ချင်ယွင်ကို တခဏတာ တုံ့ဆိုင်းသွားစေသည်။ သူနှင့် ချင်ရွှန်းရွှန်းတို့သည် အဆင် ပြေသော်လည်း ကျန်းရွန်ရှင်းနှင့် ချင်ရွှန်းရွှန်း တို့ တွေ့ခဲ့လျှင် ပို၍ အရှက်ရသွားလိမ့်မည်ဟု သူ အမြဲတမ်းခံစားနေမိခဲ့သည်။

ကျန်းရွန်ရှင်းသည် ဒွါရခုနှစ်ပေါက်နှင့်ပတ်သက်၍ အထူးအာရုံခံစားမူ ကောင်းမွန်သူဟု ခေါ်ဝေါ်ခြင်းခံရသည်မှာ အမှန်ပင်ဖြစ်သည် ။ ချင်ယွင်၏စိတ်ထဲတွင် မည်သည့်အရာ များတွေးနေလဲဆိုသည်ကို သူမ ချက်ချင်း ရိပ်မိသွားသည်။ ထို့နောက် သူမက သူမသည်အနားမှာ တိတ်တိတ်ဆိတ်ဆိတ်သာ ရပ်‌နေမှာဖြစ်ပြီး သူ့အတွက် သေချာပေါက် မည်သည့်ပြဿနာမှ မဖြစ်စေဘူးဟု သူမက ပြောဆိုရှာသည်။

ကျန်းရွန်ရှင်း၏စကားကိုကြားလျှင် ချင်ယွင်သည် ခေါင်းညိတ်ပြီး သဘောတူ လိုက်ရသည်။

အမှန်တကယ်တော့ ကျန်းရွန်ရှင်းသည် တခြားလူများကို အလွယ်တကူ မနာလိုတတ်သည့် လူတစ်ယောက် မဟုတ်ခဲ့ပါဘူး။

ချင်ယွင်နှင့် ကျန်းရွန်ရှင်းတို့သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ရောက်သောအခါ ချင်ရွှန်းရွှန်းသည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။

ချင်ရွှန်းရွှန်းသည် ရှည်လျားသော အဖြူရောင် ၀တ်စုံအဖြစ်သို့ ပြောင်းလဲ ၀တ်ဆင်ထားပြီး သူမ၏သွယ်လျပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည် အသွင်အပြင်ကို ပို၍စွဲဆောင်မူရှိလာစေသည်။ သူမ၏ နဂိုက အေးစက်ပြီး လှပသော စိတ်နေစိတ်ထား သည် အလွန်နူးညံ့သိမ်မွေ့သော အင်မော်တယ်အငွေ့အသက် အရိပ်အယောင်ကို ထပ်လောင်း ထည့်လိုက်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိ တပည့်များကို သွားရည်တများများ ကျစေသည်။

ချင်ယွင်သည် ချင်ရွှန်းရွှန်းကိုမြင်သောအခါ၊ ချင်ရွှန်းရွှန်းသည်လည်း ချင်ယွင်ကို သဘာဝအတိုင်း မြင်ပေသည်။ သို့သော် ချင်ယွင်၏ နံဘေးတွင် ကျန်းရွန်ရှင်းရှိသည်ကို သူမတွေ့လိုက်ရသောအခါ၊ သူမ၏ မူလကတည်းက အေးစက်နေသော မျက်လုံးများ သည် သူမ၏ နှလုံးသားကဲ့သို့ အေးစက်သွားခဲ့လေသည်။

"နောက်တစ်ခါ နင် တစ်ယောက်ယောက်နဲ့တွေ့ဖို့ ပြောထားရင် အချိန်ကို အာရုံစိုက်ဖို့ မမေ့နဲ့" ချင်ရွှန်းရွှန်းက အေးစက်စွာပြောသည်။

ထိုသို့ပြောပြီးနောက် ခေါင်းကိုလှည့်ကာ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တောင်တံခါးရှိရာ အရပ်ဆီသို့ လျှောက်သွားလိုက်သည်။

ချင်ယွင်သည် အံ့အားသင့်သွားခဲ့သည်။ ယခင်က သူနှင့် ချင်ရွှန်းရွှန်းတို့သည် တွေ့ဆုံရန် သဘောတူခဲ့ကြသော်လည်း အချိန်ကာလတစ်ခုကို သတ်မှတ်ပြီး သဘောညီမူမျိုး မရှိခဲ့ပေ။

သို့သော် သူ့မှာအပြစ်ရှိကြောင်း အသိစိတ်ဖြင့် ချင်ယွင်က မတုံ့ပြန်ခဲ့ပေ။

တစ်ဖက်တွင်၊ ကျန်းရွန်ရှင်းသည် ရွှတ်နောက် နောက် အမူယာဖြင့် လျှာတလစ်လစ်ထုတ်ပြီး လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။

လမ်းတစ်လျှောက်တွင် ချင်ရွှန်းရွှန်းသည် အလွန်မင်းဒေါသထွက်ပြီး ရှက်ရွံ့ သွားခဲ့သည်။ သူမသည် စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ လျှောက်သွားကာ သူမ၏ အရှိန်သည် အလွန်မြန်သည်။ သူမသည် သူမ၏ လှုပ်ရှားမှုနည်းပညာကို အသုံးပြုကာ မြန်မြန်ထွက်သွားတော့ သည်။

ချင်ယွင် နှင့် ကျန်းရွန်ရှင်းတို့သည်လည်း သူတို့၏အရှိန်အဟုန်ကို အရှိန်မြှင့်တင်ပြီး သူမနောက်သို့ လိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"ယောင်္ကျား၊ ဒီချင်ရွှန်းရွှန်းက ယောင်္ကျားကို စိတ်ဝင်စားပုံရတယ်။" ကျန်းရွန်ရှင်းသည် ချင်ယွင်၏ နားအနားကပ်ကာပြောရင်း ထူးထူးခြားခြား ပြုံးပြလိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ငါ့ကို အေးစစ်စစ် နှာခေါင်းရှုံ့ပြီး အေးစစ်စစ် မျက်လုံးအကြည့်တွေ ပေးနေတာ မင်းမမြင်ဘူးလား၊ ဒါက စိတ်ဝင်စားလို့ဆိုတာ ဖြစ်နိုင်ပါ့မလား။" ချင်ယွင်က ချက်ချင်းပြန်ပြောလိုက်သည်။

သူလည်း သိချင်စိတ် ပြင်းပြလာမိသည်။ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲက မထွက်ခင်မှာ ချင်ရွှန်းရွှန်း၏သဘောထားသည် မိုင်ထောင်ချီလောက်ရှည်လျားသည့် လူ‌ပေါင်းများစွာကို ငြင်းပယ်ခဲ့ဖူးသော်လည်း သူ့အပေါ်ထားသည့် သူမ၏ သဘောထားသည် ပေါ့တာ ငန်တာမျိုးမရှိသလို, ထူးခြားတာ မထူးခြားတာမျိုးလည်း မရှိခဲ့ပေ။

ယခုမူ အကြောင်းတစ်ခုခုကြောင့် သူမ၏ သူ့အပေါ်ထားရှိသော သဘောထားသည် ရန်သူတစ်ယောက်နှင့်တွေ့လိုက်ရသကဲ့သို့ပင်။ သူမ၏အေးစက်စက်နှာခေါင်းရှုပ်သံနှင့် အေးစက်စက်မျက်လုံးများက ချင်ယွင်ကို စိတ်ဓာတ်ကျသွားစေခဲ့သည်။

"နင်က လူတုံးလူအဆိုတော့ အချစ်ဆိုတာမျိုးကို သိပါ့မလား? မိန်းမတစ်ယောက်ဟာ ပိုဂရု စိုက်လာလေ၊ သူမတို့ရဲ့အပြုအမူကလည်း နည်းပါးလာလေပဲ၊ ငါ့ကို ပြောစမ်းပါဦး၊ မိုးကြိုး၀ိညာဥ်တောင်ရဲ့ကမ္ဘာငယ်လေးထဲမှာ နင် သူမကို ဘာသွားလုပ်ခဲ့တာလဲ၊ သူမ ငါ့ကိုမြင်တဲ့အခိုက်မှာပဲ သူမရဲ့ စိတ်နေသဘောထားက ဘာကြောင့် ပြောင်းလဲသွားရတာလဲ။" ကျန်းရွန်ရှင်းက ချင်ယွင်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တကယ်ရော ယခုလိုမျိုး ဖြစ်နိုင်ပါ့မလား။

ဤအတိုင်းဆိုလျှင် အမျိုးသမီးများ၏ နှလုံးသားသည် အမှန်တကယ်ပင် မှန်းဆရ ခက်ပါလိမ့်မည်။

ထို့နောက် ချင်ယွင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။ မိုးကြိုး၀ိညာဥ် တောင်၏ ကမ္ဘာငယ်လေးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျန်းရွန်ရှင်းအား ပြောပြလိုက်သည်။ ချင်ယွင်၏စကားကိုကြားပြီးနောက် သူမ အံ့ဩသွားသည်။ အထူးသဖြင့် ချင်ယွင်သည် တတိယတော်၀င်အကြီးအကဲ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရကြောင်း သူမကြားသော အခါတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များက သူမ၏ မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။

လျှပ်စီးပင်လယ်ထဲတွင် ချင်ယွင်နှင့် ချင်ရွှန်းရွှန်းတို့၏ အဖြစ်အပျက်ကို သူမကြားလိုက် သောအခါတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် ဤစိတ်ပျက်မှုကို သူမသည် လျင်မြန်စွာ ဖုံးကွယ်ထားခဲ့သည်။

ချင်ယွင်နှင့်အတူရှိစဉ်ကတည်းက သူမသည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပါပြီ။ ချင်ယွင်သည် အနာဂတ်တွင် သူမတစ်ဦးတည်းဖြင့်အတူနေမည်မဟုတ်ကြောင်း သူမသိထားပြီး၊ ဤချင်ရွှန်းရွှန်းသည်လည်း သူမ၏ခင်ပွန်း ချင်ယွင်နှင့် မတူညီသော ဆက်ဆံရေးရှိရန် ရည်မှန်းထားပုံရသည်။ သူမသည် သူ့ကို မတားနိုင်မှတော့ အေးအေး ဆေးဆေး လက်ခံရုံသာ တတ်နိုင်သည် ။

ချင်ယွင်သည် စကားဆုံးသွားပြီးနောက် သူ၏စိတ်က အနည်းငယ် အပြစ်ရှိ နေသေး သကဲ့သို့ ခံစားရဆဲဖြစ်သည်။ ကျန်းရွန်ရှင်းသည် အမှန်တကယ် မနာလိုဖြစ်သွားမှာကို သူကြောက်နေသော်လည်း ကျန်းရွန်ရှင်း၏မျက်နှာတွင် ထူးထူးခြားခြားဘာမှ မဖြစ်သည်ကို တွေ့လိုက်ရမှ ချင်ယွင်သည် စိတ်သက်သာရာရပြီး သက်ပြင်းအမောကြီး မချဘဲမ‌နေနိုင်လောက်အောင်ဖြစ်ရသည်။

သို့သော်လည်း ထိုအချိန်တွင် ကျန်းရွန်ရှင်း သည် ချင်ယွင်၏နားအနားကပ်ကာ ထူးထူးခြားခြား ပြုံးရင်း ရုတ်တရက် ပြောလိုက်သည် "ယောင်္ကျား၊ ယောင်္ကျား ဒီချင်ရွှန်းရွှန်းကို ရအောင်ယူဖို့အတွက် မိန်မကို ကူညီပေးစေချင်လား။ (အဖြောင့်ဆိုရင် - မိန်းမအကူညီလိုသေးလားဟူ။)

ဤစကားများပြောပြီးအချိန်တွင် ချင်ယွင်သည် အလွန်ထိတ်လန့်သွားပြီး သူ၏ ခြေဖဝါးများပင် တုန်တုန်ယင်ယင်ဖြစ်ကာ မြေပြင်ပေါ်လဲကျပြီး မစင်ပင် ဟပ် စားရမတတ် ဖြစ်သွားခဲ့ရ၏။

All Chapters