← Chapters

ချင်ဘာတန်

Vol. 11 Ch. 157

ချင်ဘာတန်

Vol. 11 Ch. 157

အခန်း (၁၅၇) ချင်ဘာတန်

ချင်ယွင်သည် ကျန်းရွန်ရှင်း၏ စကားကြောင့်တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ကို စိုးရိမ်သွားပြီး စကားမပြောရန် သူ၏လက်ကို အမြန်ဝှေ့ယမ်းပြလိုက်ရသည်။

ကျန်းရွန်ရှင်းသည် ချင်ယွင်၏ အထိတ်တလန့် ဖြစ်သွားသည့် အမူယာကို ကြည့်ရင်း သူမ၏ ပန်းအကိုင်းအခက်များ တုန်ခါသွားသည်အထိ ရယ်မောလိုက်သည်။

ရှေ့ကလျှောက်နေသည့် ချင်ရွှန်းရွှန်းသည် ခေါင်းကိုနောက်ပြန်လှည့်ကြည့်ပြီး ရယ်ရယ် မောမောပြောဆိုနေသည့် သူမနောက်ကလူနှစ်ယောက်ကို စိုက်ကြည့်နေ‌လေသည်။သူမသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူမ၏လှုပ်ရှားမှုနည်းပညာကို တိုက်ရိုက်အသုံးပြုကာ မိုးကြိုး၀ိညာဥ်မြို့သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား တော့သည်။

ဤမြင်ကွင်းကိုမြင်လျှင် ချင်ယွင်သည်ခေါင်းခါယမ်းပြီး ကျန်းရွန်ရှင်းကို ဆွဲခေါ်လိုက်ရလေသည်။

သူတို့သုံးယောက်သည် အရှိန်အဟုန်ဖြင့်ခရီးဆက်လာခဲ့ရင်း မိုးကြိုး၀ိညာဥ်မြို့ကို အမြန်ရောက်လာခဲ့ပြီး မြို့တော်သခင်စံအိမ်ကို ဦးတည်သွားကြသည်။

သို့သော် ချင်ယွင်နှင့် အခြားသူများသည် မြို့တော်သခင်စံအိမ်သို့ ရောက်သောအခါ၊ မြို့တော်သခင်၏စံအိမ်ကြီးတစ်ခုလုံးသည် ရှုပ်ပွနေခဲ့သည်။ ပုံမှန်အားဖြင့် ချင်ဘာတန် အလေးထားဂရုစိုက်ခဲ့သော ပန်းများ၊ အပင်များနှင့် သစ်ပင်များအားလုံးသည် ဖရိုဖရဲကျိုးတိုးကျိုးတဲ ဖြစ်နေကြသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွား ခဲ့သည်မှာ ထင်ရှားသည်။

ချင်ယွင်နှင့် အခြားသူများသည် ချင်ဘာတန်နှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

ထိုအခိုက်တွင်၊ ချင်ယွင်သည် အတွင်းခန်းအတွင်းရှိ မြေပြင်ပေါ်တွင် သေခါနီးဆဲဆဲလဲလျောင်းနေသော လူတစ်ဦးရှိကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ချင်ယွင်သည် အလျင်အမြန်ပြေးလာခဲ့ပြီး ဤလူသည် သူ၏တပည့် ဇောင်ယု ဖြစ်သည်ကို တွေ့ရှိလိုက်သည်။

ထိုအချိန်တွင် ဇောင်ယု၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးတော်တော်များများသည် ကျိုးသွားခဲ့ပြီး သူ၏ကိုယ်အတွင်း အင်္ဂါစိတ်အပိုင်းများပင် လုံးဝ ကြေမွသွားသည်။ အကယ်၍ သူသည် သူ၏အသက်ကို ဆွဲဆန့်ရန်အတွက် မသေမျိုး ရွှေကိုယ်ထည်ခန္ဓာကို အားကိုးမထားပါက၊ သူသည် အချိန်အတော်ကြာကတည်းက သေဆုံးသွားပေလိမ့်မည်။

ချင်ယွင်သည် အလွန်အံ့သြသွားသည်။ ဇောင်ယု၏ ခွန်အားသည် ဆဋ္ဌမအဆင့် ကောင်းကင် အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ခွန်အားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် အလွန်စိတ်မကောင်းစရာဖြစ်အောင်ပင် ရိုက်နှက်ခြင်း

ခံထားရသည်။

ချင်ရွှန်းရွှန်း နှင့် အခြားသူများသည် ပတ်ဝန်း ကျင်ကို ထပ်မံရှာဖွေ ခဲ့သော်လည်း ချင်ဘာတန် ၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ကြပေ။ ထို့ကြောင့် ချင်ယွင်သည် ချင်ဘာတန်ကို ဖမ်းဆီးခံရနိုင်သည်ဟု ကောက်ချက်ချခဲ့သည်။

အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် ဇောင်ယု၏ ခန္ဓာကိုယ်ထဲသို့ အသက် စွမ်းအားများစွာကို တိုက်ရိုက်ပေးပို့ခဲ့သည်။ အသက်စွမ်းအား၏ ပြန်လည် ပြုပြင်မှု အောက်တွင် ဇောင်ယု၏ ဒဏ်ရာများသည် တဖြည်းဖြည်းသက်သာလာပြီး သတိမေ့မြောရာမှ နိုးထလာသည်။

"ဆရာ…ဆရာ၊ ဆရာက ဒီမှာပါလား…" ဇောင်ယု၏ဒဏ်ရာများသည် တော်တော် သက်သာ သွားသော်လည်း သူ၏ခန္ဓာကိုယ်က တခုခု ကင်းမဲ့နေဆဲ ဖြစ်သည်။

"ဇောင်ယု၊ ဒီမှာ ဘာဖြစ်ခဲ့တာလဲ၊ တိတိကျကျ ပြောစမ်း၊ အစ်ကိုချင်က ဘယ်မှာလဲ" ချင်ယွင်က မေးလိုက်သည်။

ချင်ယွင်၏အမေးစကားကိုကြားရလျှင် ဇောင်ယုသည် ဒေါသထွက်နေသည့် အမူအရာ ကို ထုတ်ဖော်လိုက်ပြီး "မနေ့ညက တိုင်ယွန်ကုန်သည်ကြီးများ အသင်း၏တာ၀န်ခံ ရှီဂျီက လူတစ်စုကို ဦးဆောင်ပြီး စံအိမ်ထဲကို ထိုးဖောက် ဝင်လာခဲ့တယ်။ ဦးလေးချင်နဲ့ ကျွန်တော်လည်း ဒဏ်ရာရခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဦးလေးချင် ကိုတောင် အဝေးကို ခေါ်သွားခဲ့ကြတယ် ။ "

"တိုင်ယွန်ကုန်သည်ကြီးများအသင်းလား !" ချင်ရွှန်းရွှန်းသည် သူမ၏ဖခင် ဖမ်းဆီး ခံကြောင်း ကြားလိုက်ရသောအခါ သူမ၏မျက်နှာသည် ချက်ချင်းပင် ပြင်းထန်သော ဒေါသအရိပ်အယောင်များ ထွက်ပေါ်သွားခဲ့သည်။ ထို့နောက် သူမသည် အမြန်ထွက်သွားတော့မည်။ သို့သော်လည်း ချင်ယွင်သည် သူမှကို လှမ်းဆွဲထားလိုက်၏။

"နင် ဘာလုပ်နေတာလဲ၊ ငါ့အဖေကို သွားကယ်ရမယ်" ချင်ရွှန်းရွှန်းက ချင်ယွင် ဘက်လှည့်ပြီး ဒေါသတကြီးပြောသည် ။

ချင်ယွင်က သူမကို ခေါင်းညိတ်ရင်း အချက်ပြလိုက်သည်။ ခဏအကြာတွင် သူသည် ဇောင်ယုဘက်လှည့်ပြီး "ရှီဂျီက အစ်ကိုချင်ထက် နိမ့်ကျပုံရပါတယ်။ ပြောစမ်းပါဦး၊ အဲဒီတုန်းက ရှီဂျီနဲ့အတူ ဘယ်သူရှိသေးလဲ။"

"အဘိုးကြီး၊ အဘိုးကြီးတဦးက ဦးလေးချင်းလွင့်ထွက်သွားအောင် လက်ဖဝါး တစ်ချက်ပဲအသုံးပြုခဲ့တာကိုပဲ ကျွန်တော် မှတ်မိတယ်" ဇောင်ယုက ကမန်းကတန်း ပြောလိုက်သည်။

ယင်းစကားကို ချင်ယွင် ကြားပြီးနောက်၊ သူသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောသည် "အစ်ကိုချင်ရဲ့ခွန်အားနဲ့တောင်မှ လက်ဖဝါးတစ်ဖက်တည်းနဲ့ အစ်ကိုချင်ကို အနိုင်ယူနိုင်တယ်ဆိုတော့ အဲဒီပုဂ္ဂိုလ်က သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်တယ်"

ဤစကားကိုကြားရလျှင် တချိန်လုံး နှုတ်ဆိတ်နေသော ကျန်းရွန်ရှင်းသည် အံ့သြသည့် အမူအရာကို ထုတ်ပြလိုက်သည်။

"ဟမ့်။ သူ့မှာ ဘယ်လောက်ခွန်အားရှိတယ်ဆိုတာကို ငါဂရုမစိုက်ဘူး၊ ငါ့အဖေကို ငါကယ်ရမယ်။" ချင်ရွှန်းရွှန်းက အေးစက်စွာ အော်ဟစ်ပြီး ထွက်သွားသည် ။

"ငါ မင်းနဲ့လိုက်ခဲ့မယ်!" ချင်ယွင် ရုတ်တရက် ပြောလိုက်သည်။

ချင်ရွှန်းရွှန်းသည် ချက်ခြင်းရပ်လိုက်ပြီး ချင်ယွင်ကို အံ့သြစွာကြည့်လိုက်သည်။

ချင်ယွင်က ပြုံးပြီးပြောသည် "အစ်ကိုချင်က ငါ့သူငယ်ချင်းလို့ သတ်မှတ်လို့ရတယ်။ သူသေမှာကို ငါ ထိုင်ကြည့်မနေနိုင်ဘူးလေ ။ တကယ်လို့ မင်းတစ်ယောက်တည်း သွားမယ်ဆိုရင် မင်းသေသွားနိုင်တယ်"

ချင်ရွှန်းရွှန်းသည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ချင်ယွင်သည် ကျန်းရွန်ရှင်းကို ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက်၊ ချင်ရွှန်းရွှန်း နှင့်အတူ သူသည် တိုင်ယွန်ကုန်သည်ကြီးများအသင်း၏ ဌာနခွဲသို့ လိုက်ပါသွားခဲ့သည်။

အမှန်တကယ်ဆိုရင်လည်း၊ ချင်ယွင်သည် တိုင်ယွန်ကုန်သည်ကြီးများအသင်းကို မကြိုက်ချင်ခဲ့တာ ကြာခဲ့ပါပြီ။ ရှီတိုင်ယာပဲဖြစ်ဖြစ် ရှီကန်ဟိုင်ပဲဖြစ်ဖြစ်၊ သူတို့ နှစ်ယောက်စလုံးသည် သူ့ကို ထပ်ခါတလဲလဲ ရန်စခဲ့သည်။

ထို့အပြင် မနေ့ညက မိုးကြိုး၀ိညာဥ်ဂိုဏ်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သော လုပ်ကြံသတ် ဖြတ်သူအုပ်စုသည် ကျန်းရွန်ရှင်းကို အမှန်တကယ် ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ ယင်းက ချင်ယွင် သူ၏ ပြောင်းပြန်ကြေးခွံကို ထိခိုက်စေသည်ဟု ယူဆထားပြီးဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် အကယ်၍ ချင်ဘာတန်၏ ပြဿနာမရှိသော်လည်း သူသည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲနှင့် ရန်ငြိုးကိုဖြေရှင်းရန် အစပျိုးလုပ်ဆောင်ရမည်ဖြစ် သည်။

ယခုအခါတွင် အမုန်းတရား အဟောင်းနှင့် အသစ် နှစ်ခုစလုံးကို ပေါင်း၍ ထည့်တွက် ရမည့်ပုံပေါ်သည်။ ယနေ့တွင်၊ သူသည် တိုင်ယွန်ကုန်သည်ကြီးများ အသင်းဌာနခွဲကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်ဖြတ်ပစ်ရမည်ဖြစ်သည်။

တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲသည် မိုးကြိုး၀ိညာဥ်မြို့၏ အရှေ့ဘက်စွန်း တွင် တည်ရှိသည်။ ဧရိယာသည် စတုရန်းမီတာ တစ်ထောင် ကျယ်ဝန်းသော သုံးထပ် အဆောက်အဦးဖြစ်သည်။ ထွင်းထုထားသော ရင်းမာ ထုတ်တန်းများ ဆေးခြယ် ထားသော အဆောက်အဦးများဖြင့် အလွန့်လွန် တောက်ပနေပါသည်။ အလွန်မင်း ခမ်းနားထည်၀ါသည်ဟု ဆိုနိုင်သည်။

တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ တံခါးဝတွင် ၎င်းတို့၏ ခြေသည်းများနှင့် သွားများကို ခုန်ကုတ်ကာမာန်ဖီဟန်ဖြင့် ကျောက်ခြင်္သေ့ကြီး နှစ်ကောင်ရှိသည်။ ၎င်းတို့သည် အလွန်သက်၀င်ပြီး ခန့်ညားထည်ဝါသည်။

ကျောက်ခြင်္သေ့ကြီးနှစ်ကောင်၏ ဘေးတဖက်တချက်စီတွင် အစောင့်လေးယောက် ရှိပြီး အားလုံးက ခါးပေါ်တွင် ဓားရှည်များကို ချိတ်ဆွဲထားကြသည်။ ထိုအစောင့် များသည် ရက်စက်ကြမ်းကြုတ်ပြီး ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များနှင့် တူညီသော ကျင့်ကြံခြင်းအဆင့် ရှိသည်။

အစောင့်လေးယောက်သည် ဘေးတစ်ဖက်တချက်ရှိ မူလနေရာမှာပင်ရပ်ကာ စကားစမြည်ပြောပြီး ရယ်မောနေကြသည်။ ရုတ်တရက် ဓားအလင်းတစ်ခုက လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး တံခါးပေါ်ရှိ ကမ္ဗည်းပြားပေါ်သို့ ထိုးဖောက် ဝင်ရောက်သွားသည်။

"ရွှတ်!

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ သည်။

"ရှီဂျီ၊ ဒီကို ထွက်လာခဲ့စမ်း!"

ဟစ်‌အော်သံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်ပြီး လမ်းတစ်လျှောက် ပြန့်သွားခဲ့၏။ လူတိုင်း ရပ်တန့်လိုက်ကြပြီး ဟစ်အော်နေသော လူငယ်ကို ကြည့်လိုက် ကြသည်။ သူတို့ ၏နှလုံးသားထဲတွင် တုန်လှုပ်သွားကြသည်။ ဤလူငယ်သည် အတိအကျ မည်သူနည်း။

သူသည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ တာဝန်ခံ ရှီဂျီကိုပင် ပွင့်ပွင့် လင်းလင်း ရန်စရန် သတ္တိရှိခဲ့သည်။

ချင်ယွင်သည် ရယ်မောလိုက်သည်။ သူယခုလိုလုပ်ရသည့် အကြောင်းရင်းကလည်း ဤနည်းလမ်းသည် အထိရောက်မူအရှိဆုံးနှင့် တိုက်ရိုက်ကျဆုံး နည်းလမ်းဖြစ်ကြောင်း သူသိထားသည့်အတွက် ဖြစ်သည်။

" မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာပဲ!"

သူတို့ရှေ့ရှိလူငယ်သည် တိုင်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ တာဝန်ခံကိုယ်ပင် ဗြောင်ရန်စပြီး ကမ္ပည်းပြားကို ဖျက်ဆီးခဲ့သည်။ အစောင့်များသည် ယင်းကို မြင်သည့် အခါ သူတို့၏ဓားရှည်များကို ချက်ချင်းဆွဲထုတ်ပြီး ချင်ယွင်ကို ခုတ်ပိုင်းလိုက်ကြသည်။

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက် သွားသည်။ သူသည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အစောင့်တစ်ယောက်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ထိုအစောင့်၏ ရင်ဘတ်တစ်ခုလုံး ချက်ချင်း ပွင့်ထွက်သွားခဲ့ပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် သွေးများဖြင့် ပြည့်နှက်နေသည်။ သူသည် အဝေးကို တိုက်ရိုက် လွင့်ထွက် သွားခဲ့ပြီး ချက်ချင်းသေဆုံးသွားသည်။

ထိုနောက် ချင်ယွင်သည် အခြားအစောင့်သုံးယောက်ကြားထဲ တိုက်ရိုက် ပစ်၀င် လိုက်ပြန်သည်။ နောက်တစက္ကန့်အတွင်းမှာပင် သူ၏ လက်ချောင်းများက တစ်ဖက်အစောင့်သုံးယောက်၏ မျက်ခုံးကြားရှိ‌နေရာကို ထိုးဖောက်သွားခဲ့သည်။

အစောင့်သုံးယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့၏ မသေဆုံးခင် မျက်နှာများ သည်လည်း ထိတ်လန့်‌ ကြောက်ရွံ့မူများဖြင့် ပြည့်နှက်နေသေးသည်။

ချင်ယွင်သည် ဗုဒ္ဓသတ်ဖြတ်သူကဲ့သို့ လမ်းပေါ်တွင် ရပ်နေသည်။ ဤသိုင်းသခင်အဆင့် အစောင့်များကိုသတ်ခြင်းသည် သူ့အတွက် ကြက်တစ်ကောင်ကို သတ်ခြင်းကဲ့သို့ ရိုးရှင်းလှသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ကြည့်ရှုသူများအားလုံးသည် ထိတ်လန့်သောအမူအရာများကို ထုတ်ဖော်ပြသကြပြီး ချင်ယွင်ကိုကြည့်သည့် အကြည့်များက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

သို့သော် ထိုကဲ့သို့ ကြီးမားသော ရုန်းရင်း ဆန်ခတ်ဖြစ်မူမျိုး ဖြစ်နေသော်လည်း ရှီဂျီ၏

ပုံရိပ်သည် ပေါ်မလာသေးပေ။

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဒေါသမီးလျှံများလောင်ကျွမ်းနေကာ တံခါးအနားရှိ ကျောက်ခြင်္သေ့တစ်ကောင်ကို ဖမ်းဆွဲလိုက်သည်။

ဂျင်တစ်သောင်းအလေးချိန်ရှိသော ကျောက်ခြင်္သေ့ကြီးသည် ချင်ယွင်၏ ဦးခေါင်းထက်သို့ ချက်ခြင်း ကြွတက်လာခဲ့သည်။ ထို့နောက် ကြောက်မက် ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး ချင်ယွင်သည် ကျောက်ခြင်္သေ့ကို ကန်ပစ်လိုက်သည်။

ချင်ယွင်သည် ကျောက်ခြင်္သေ့ကြီးကို ချူဂျီကဲ့သို့ ကန်ထုတ်လိုက်ပြီးနောက် ကျောက်ခြင်္သေ့ကြီးသည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ စင်မြင့်ထဲသို့ ဝင်သွားကာ တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲ၏ စင့်မြင့်တွင် အပေါက်ကြီး တစ်ခု ကျန်ရစ်ခဲ့သည်။

ကြည့်ရှုနေသူများအားလုံးသည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ဤအခိုက် အတန့်တွင်၊ ချင်ယွင်၏ရုပ်အသွင်ပြင်သည် သူတို့၏ မျက်လုံးများထဲတွင် တုနှိုင်းမရ နိုင်သော အင်မော်တယ်စွမ်းအားရှင်တဦး၏ ရုပ်ရည်အသွင်မျိုးဖြစ်နေသည်။ သူတို့ မျက်လုံးများတွင် ကြောက်ရွံ့မူနှင့်အတူ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ဤကိစ္စအားလုံးကို ဘေးကနေ တိတ်တဆိတ်ကြည့်နေသည့် ချင်ရွှန်းရွှန်းသည်ပင် အလွန်အံ့သြသည့်အမူအရာကို ထုတ်ပြနေသည်။ ကန်ချက်တချက်ဖြင့် သူသည် ဂျင်တစ်သောင်းအလေးချိန်ရှိသော ကျောက်ခြင်္သေ့ကို အဝေးရောက်အောင် ကန်ထုတ်ပစ်လိုက်သည်။ ဤရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မူခွန်အားက မည်မျှအထိ ကြောက်စရာ ကောင်းလိုက်သနည်း။

All Chapters